အပိုင်း ၅၉
Viewers 13k

Chapter 59


Mori Sue:

Daddy's little ( 59)


နောက်တစ်နေ့မနက်၍ ဒရိတ်ခ်က ချယ်လ်စီလေးအားကျောင်းပို့၍ အစည်းအဝေးရှိသည့်မတွက် အလုပ်သို့မဖြစ်မနေသွားရလေ၏ ။ သို့သော် ထူးဆန်းစွာပင် မူမမှန်ကြောင်းသူခံစားနေရသည် ။


ယနေ့နံနက်၌ သူ့အမျိုးသားလေးပြင်ဆင်ပေးသောမနက်စာအားစားသောက်ခဲ့ပြီး အလုပ်မသွားခင်အချိန်အတော်ကြာနမ်းရူံ့နေခဲ့ကြသေးသော်လည်း အဘယ့်ကြောင့် ထူးထူးဆန်းဆန်း ခံစားနေရလဲမတွေးတတ်ချေ ။


ရုံးသို့ရောက်သောအချိန်၌ စတေစီက ခွက်တစ်ခွက်နှင့််အတူ Aqurious ရာသီခွင် မွေးနေ့ကဒ်တစ်ခုအားခုံပေါ်သို့တင်ကာပြောလိုက်လေသည် ။


( TN / အကွာတဲ့ မချစ်တော့ပါ: (   )


" Happy Birthday ပါသူဌေး " 


ဒရိတ်ခ် အူကြောင်ကြောင်ဖြစ်နေပုံအားကြည့်၍ စတေစီ ပြုံးလိုက်လေသည် ။ သူမမှာတာဝန်အရသူဌေး၏မွေးနေ့အား မှတ်မိကာ အသိပေးခြင်းသဘောမျှသာ ။ 


ဒရိတ်ခ် ကကော်ဖီမော့သောက်ရင်း ပါကာ့ကို သူ့မွေးနေ့အားအသိမပေးခဲ့မိသည်ကို နောင်တရသွားသည် ။ 


အလုပ်ရူပ်လွန်းတဲ့သူ့ရဲ့ အမှားတွေပါဘဲလေ...


အစည်းအဝေးပြီးနောက် ချယ်လ်စီလေးအားသွားကြို၍ မီးဖိုထဲသို့တန်းဝင်လာသည် ။ ဤအချိန်၌ သူ၏အမျိုးသားလေးမှာညစာချက်ပြုတ်ပြင်ဆင်နေလောက်သည် ။ 


" Happy 39 Birthday ပါ ဒရိတ်ခ် "


ဒရိတ်ခ်မှာ အရမ်းအံ့သြသွားရလေသည် ။ တချို့သောဆွေမျိုးမိသားစုဝင်များအပါအဝင် သူငယ်ချင်းမိတ်ဆွေအချို့ပါရောက်ရှိနေကြသည် ။ လူများအားအူကြောင်ကြောင်ကြည့်နေသော ဒရိတ်ခ်အား ပါကာကနမ်းလိုက်ပြီးနောက် ပါးလေးကိုခပ်ဖွဖွပုတ်ကာပြောလိုက်လေသည် ။


" ဒီမှာ ကလေးကြီးအတွက်လက်ဆောင် "


ဒရိတ်ခ်က အူးမြူးကာပြုံး၍ ပါကာအားသူ၏အနားသို့ပိုမိုနီးကပ်သွားအောင်ဆွဲခေါ်လိုက်သည် ။


" ကိုယ်က ပြင်သစ်အနမ်းလိုမျိုး..."


" ခင်...ခင်ဗျား "


ပါကာ၏ မျက်နှာမှာနီရဲလာသောကြောင့် ဒရိတ်ခ်မှာစနောက်နေခြင်းအားရပ်တန့်၍ ရီမောလိုက်သည် ။


" Happy Birthday ဖေဖေ"


ဒရိတ်ခ်က ချယ်လ်စီလေး ကိုချီလိုက်၍ သူမ၏ပါးလေးကို နမ်းလိုက်ပြီးနောက် မွေးနေ့ပွဲကိုပျော်ရွှင်စွာစတင်ခဲ့လေသည် ။


တေလာက အမျိုးအစားအလွန်စုံလင်သော အချိုပွဲများနှင့်ကိတ်မုန့်များကို သွားရေတမြားမြားဖြင့်ကြည့်ရူနေသည် ။


" ဝါး...ပါကာ မင်းဒါတွေအကုန်လုံးကိုဘယ်လိုများပြင်ဆင်ခဲ့တာလဲ "


ပါကာက ပြုံးပြီးပြောပြလိုက်သည် ။


" ငါ့ကိုကူညီမယ့်လူရှိတယ်လေ...မင်းနဲ့ရေးရော အဆင်ပြေကြရဲ့လား "


" အဆင်ပြေတယ် သူငါပြောသမျှကိုသေချာပေါက်နာခံနေရတယ် "


ထို့နောက် ကလေးများကရေကူးကန်ထဲတွင်ဆော့ကစားနေသည့်အချိန်၌ လူကြီးများက ဘာဘီကျုကင်နေကြသည် ။ လူးဝစ်ကဘေဘီချာလီလေးနှင့်အတူ ထိုင်ခံပေါ်၌မျက်မှန်တပ်ကာထိုင်နေပြီး လူကြီးလေးနှင့်အသေးလေးတို့မှာ အပျင်းကျနေကြသည် ။


ဝီလီယမ်က အဆာပြေမုန့်များပြင်ဆင်လာသည့်အချိန်၌ ပါကာကဝိုင်ပုလင်းများကိုသယ်လာသည် ။ 


အိုလီဗာလေးက ရေကူးကန်ထဲသို့ ဒိုင်ဗင်ထိုးချလိုက်လေသည် ။


" ချယ်လ်ဆီလေး ငါ့ကိုကြည့်ပါဦး..."


အိုလီဗာ အလွန်ပျော်ရွှင်နေပုံအားကြည့်ကာ ဖရန်ကယ်လ်မှာ စိတ်ချမ်းသာစွာပြုံးနေ၏ ။ ပါကာက ဖရန်ကယ်လ်ထံသို့ ဝိုင်ခွက်ကမ်းပေးရင်းပြောလိုက်သည် ။


" အိုလီဗာလေးကို ဒီကိုခေါ်လာပေးတာကျွန်တော်အရမ်းဝမ်းသာတာဘဲ "


" အဲ့ဒီအမျိုးသားက ကလေးအတွက်ထောက်ပံ့ကြေးပေးတယ်လေ အစားအသောက်စရိတ်အပြင် အိမ်လခကုန်ကျစရိတ်တွေနဲ့ကလေးအတွက်ပါသူထောက်ပံ့ပေးမယ်တဲ့ ငါစုဆောင်းခဲ့တဲ့ငွေလေးတွေနဲ့ ဘွဲ့တစ်ခုလောက်ရအောင်ထပ်ယူမလားလို့ "


" အဲ့တာအကြံကောင်းဘဲ မင်းသေချာပေါက်လုပ်သင့်တယ် ".


" ကျေးဇူးတင်ပါတယ် ပါကာ "


ပါကာက ခဏမျှစကားပြောကြီးနောက် သူငယ်ချင်းများနှင့်စကားပြောနေသည့် ဒရိတ်ခ်ထံလျှောက်သွားလိုက်သည် ။


" ငါတို့အားလုံးအတူတူကျောင်းတက်ခဲ့တဲ့နေ့က မနေ့ကလိုဘဲ "


" အဲ့တုန်းက ဒရိတ်ခ်ကစာချည်းဖိလုပ်နေခဲ့တာလေ "


ဒရိတ်ခ်က သူ၏ဘေးတွင်လာရပ်သော သူ၏အမျိုးသားလေးအား ချစ်ခင်ကြင်နာမူအပြည့်ရှိသော အကြည့်များနှင့်ကြည့်လိုက်သည် ။ ပါကာက လူတိုင်း၏အာရုံစိုက်မူကိုရရှိစေရန်အတွက် ဝိုင်ခွက်အားတီးခေါက်လိုက်သည် ။


" ကျွန်တော် လူအိုကြီးဒရိတ်ခ်ရဲ့မွေးနေ့အတွက် ဂုဏ်ပြုစကားပြောချင်ပါတယ် "


ပါကာ၏ရွှတ်နောက်နောက်စကားကြောင့် လူတိုင်းရီမောနေကြသည့်အချိန်တွင် နှင်းဆီနီများဖြင့်အလှဆင်ထားသည့် ချောကလတ်မွေးနေ့ကိတ်မှာရောက်ရှိလာသည် ။ ကိတ်ပေါ်၌ ဒရိတ်ခ်၏မွေးနေ့အားဂုဏ်ပြုကြောင်း ရွှေရောင်စာတန်းနှင့်ရေးသားထားသေးသည် ။.


လူတိုင်းက မွေးနေ့ဆုတောင်းသီချင်းအားစတင်သီဆိုလာကြပါသော်လည်း ချယ်လ်စီ လေးက ဒရိတ်ခ်၏ ဘောင်းဘီစအားဆွဲ၍တိုးတိုးလေးတောင်းဆိုလိုက်သည် ။


" ဖေဖေ....ကိတ်မုန့်လှီးရင် မီးမီးပါလှီးလို့ရမလားဟင် "


ဒရိတ်ခ်က အားရစွာရီလိုက်ရင်း ချယ်လ်စီလေးကိုချီလိုက်ကာ သူမလေးအားကိတ်မုန့်လှီးခွင့်ပြုလိုက်သည် ။ 


" ဖေဖေကအခု အသက်ငါးဆယ့်တစ်နှစ်ဖြစ်သွားပြီ ရေး... "


လူးဝစ်က အသည်းအသန်ရီမောနေသည့်အချိန်တွင် ပါကာက အမှန်ပြန်ပြင်ပေးလိုက်သည် ။


" မဟုတ်ဘူး သမီးလေးရဲ့ သမီးရဲ့ဖေဖေကအသက်ငါးဆယ်မပြည့်သေးဘူး "


" ဒါ...ဒါပေမဲ့ ပါးပါးကဖေ့ဖေ့ကိုလူအိုကြီးလို့ခေါ်တယ်လေ ပြီးတော့မမဒီဗိုရာက ကလည်းပြောတယ်ဖေဖေကအသက်ငါးဆယ်ကျော်တဲ့အဖိုးကြီးနဲ့တူတယ်တဲ့ "


ဒီဗိုရာက သူမပြောခဲ့သောစကားများအကြောင်းအဖော်ခံလိုက်ရ၍ စကားလမ်းကြောင်းလွှဲရန်ကြိုးစားလိုက်သည် ။


" အမ်...ဘာလို့ ကျွန်မတို့အတူတူတစ်တော့မရိုက်ရတာလဲ "


Xxxxxx