အပိုင်း ၈၁
Viewers 13k

Chapter 81


Mori Sue:

Daddy's little ( 81) 


စိန့်နှင့် ဖလော်ရန်မှာ လက်တွဲကာလမ်းလျှောက်နေကြရင်းစိန့်ကမေးလိုက်သည် ။


" သားအရုပ်အသစ်တွေလိုချင်လား...ဒါမှမဟုတ် သားသွားချင်တဲ့နေရာရှိလား "


ဖလော်ရန်က ရှက်ရွံ့စွာနှင့်အမွှေးပွအရုပ်လေးတွေရောင်းသည့်ဆိုင်အားလက်ညိုးထိုးပြလိုက်သည် ။ စိန့်က ပြုံးပြကာလက်တွဲထားရင်းနှင့်ပင် ထိုအရုပ်ဆိုင်သို့လျှောက်သွားလေသည် ။


" စိန့် "


" အင်း "


" ဦးထွက်မသွားခင်သားတို့ သီချင်းသေတ္တာလေးလုပ်ကြမလားဟင်... ပြီးတော့သားတို့စာအုပ်ထဲမှာပုံတွေအများကြီးလည်းဆွဲရအောင်လေ "


စိန့်မှာ ဖလော်ရန်၏စကားကြောင့်မျက်ရည်ဝဲလာရသည် ။


" စိန့် "


" အင်း "


ဖလော်ရန်က စိန့်၏လက်အားတင်းကျပ်စွာဆုပ်ကိုင်ရင်း အသံတိုးတိုးလေးနှင့်ပြောလေ၏ ။


" သား..ထွက်မသွားချင်ဘူး ...သားပြန်သွားရင် မစ္စတာဝေးက ဦးနဲ့တွေ့ခွင့်ပေးတော့မှာမဟုတ်ဘူး...သားဦးနဲ့ဘဲနေချင်တယ် "


စိန့်က ဖလော်ရန်၏ရှေ့၌ဒူးထောက်ရင်းပြောလိုက်သည် ။


" ဒါဆို ဦးလာရှာရင်ရောဘယ်လိုလဲ...သားနဲ့အတူတူလာဆော့ပေးမယ်လေ "


ဖလော်ရန် ကစိန့်၏ လည်ပင်းအားဖက်တွယ်ရင်းပြောလိုက်သည် ။


" သား...ဦးကိုချစ်တယ် "


စိန့်၏ နှလုံးသားလေးမှာနာကျင်သွားရပြီး မငိုမိအောင်မျက်တောင်ခတ်ရင်းညင်သာစွာပြောလိုက်သည် ။


" ဦးလဲ သားကိုချစ်ပါတယ် "


စိန့်ကဖလော်ရန်အား အရုပ်ဝယ်ပေးပြီးနောက်ဆိုင်ထဲမှ ထွက်မည်အပြုတွင် ပိုက်ဆံအိတ်ပြုတ်ကျကျန်ခဲ့လေသည် ။


" ဟေး...ဟေး "


စိန့်လှည့်ကြည့်လိုက်သည့်အခါ လူတစ်ယောက်သူထံလျှောက်လာသည်အားတွေ့လိုက်ရသည် ။ ထိုသူ၏ဆံပင်အရောင်မှာ အညိုနှင့်အနက်ရောထားသကဲ့သို့ရှိပြီးမီးခိုးရောက်မျက်လုံးများနှင့် မျက်လုံးထောင့်စွန်း၌မွေးရာပါအမှတ်တစ်ခုရှိလေသည် ။


သူကပိုက်ဆံအိတ်အားညင်သာစွာကမ်းပေးလိုက်သည် ။


" မင်းပိုက်ဆံအိတ်ကျကျန်ခဲ့တယ် "


" ကျေးဇူးတင်ပါတယ် "


စိန့်က ပိုက်ဆံအိတ်အတွင်းအားစစ်ဆေးပြီးနောက် ပိုက်ဆံတချို့ထုတ်ကာပေးလိုက်သည် ။


" ခင်ဗျားတို့ရဲ့ဒိတ်မှာကောင်းကောင်းပျော်ခဲ့ပါ "


ထိုလူက လက်ပြကာထွက်သွားလေသည် ။ 


" ကျေးဇူးပါ... မင်းလဲပျော်ပါစေ "


အသီးသီးလမ်းခွဲသွားသည့်အခါတွင် ထိုလူ၏လက်အားအမျိုးသမီးတစ်ယောက်ကတွဲ၍ လျှောက်သွားလေသည် ။ စိန့်နှင့်ဖလော်ရန်တို့က ရထားဘူတာသို့ဦးတည်မောင်းသွားကြသည် ။


×××


ပါကာက ကုတင်ပေါ်တွင်ထိုင်နေကာ ဒရိတ်ခ်မှာရေချိုးခန်းထဲမှထွက်လာခဲ့သည်။ သူ၏ဆံပင်များမှာရေစိုနေဆဲပင် ။ ပါကာက ဒရိတ်ခ်၏နက်မှောင်သောဆံသားများနှင့် အချိုးအစားကျစ်လစ်ကျနသည့်ခန္ဓာကိုယ်အားကြည့်ရင်းတွေးနေလေသည် ။ 


ကျန်းမာသောအသားအရေနှင့် ပင်လယ်ပြာမျက်လုံးများမှာအလွန်ပင်ဆွဲဆောင်မူရှိ၏ ။ ချယ်လ်စီလေးမှာ ပါကာနှင့်တူသည်ဖြစ်၍အညိုရောင်မျက်လုံးများနှင့်ဖြစ်ပြီး သားလေးသာမွေးလာပါက ဒရိတ်ခ်ကဲ့သို့ပင်လယ်ပြာရောင်မျက်လုံးများပိုင်ဆိုင်လိမ့်မလားအလွန်သိချင်နေသည် ။


ဒရိတ်ခ်က ပါကာ့ကိုကြည့်ကာမေးလိုက်သည် ။


" မအိပ်သေးဘဲ ဘာတွေများလေးလေးနက်နက်စဥ်းစားနေရတာလဲ "


" ခင်ဗျား အရမ်းအရမ်း...အရမ်းချောကြောင်းကိုလေ "


ပါကာကပြောပြီးမှ သူ၏ပါးစပ်အားအလန့်တကြားလက်ဖြင့်ပိတ်လိုက်လေသည် ။ ပါကာ့၏အူကြောင်ကြောင်ပုံစံလေးအားကြည့်ကာ ဒရိတ်ခ် ပြုံးမိလေသည် ။


" မင်းက... အရမ်းအရမ်း...အရမ်းလှတယ် "


ပါကာက တွန့်ဆုတ်စွာနှင့်ပြောလိုက်သည် ။


" ခင်ဗျားကျွန်တော့်ကို စိတ်မပျက်သွားတာအရမ်းဝမ်းသာတာဘဲ "


" တကယ်တော့လဲ win-win ဖြစ်နေပြီးသားဘဲလေ... ပြီးတော့ကိုယ်ကလည်း မင်းကိုအရမ်းချစ်မိနေပြီဘဲဟာ "


ဒရိတ်ခ်က ပါကာ၏နဖူးအားနမ်းလိုက်သည် ။ ယခုတွင် ပါကာ့၌စိုးရိမ်စရာမရှိတော့ပေ သူ၏ခင်ပွန်းသမီးလေးနှင့်သာမက မွေးလာတော့မည့်ကလေးလေးနှင့်ပါအတူတူပျော်ပျော်ရွှင်ရွှင်နေနိုင်ပြီဖြစ်သည် ။


" ကျွန်တော် သူ့နာမည်ကိုစဥ်းစားထားတယ်... ခင်ဗျားနာမည်နဲ့ဆင်တူ ဒရက်ကို လို့ခေါ်ကြရအောင် "


" မရဘူး "


" ဘာလို့ လဲ... ကောင်းတာဘဲကို "


ဒရိတ်ခ်က ရီမောကာပြောလိုက်သည် ။


" မင်းအတွက်မဟုတ်ဘူး.. ကလေးအတွက်...အဲ့နာမည်က ဟယ်ရီပေါ်တာကားထဲက ဗီလိန်ရဲ့နာမည်လေ "


ပါကာက စူပုပ်ပုပ်နှင့်အိပ်ရာထဲတိုးဝင်ကာပြောလိုက်သည် ။


" ဟမ့်... စိတ်ကူးယဥ်မဆန်လိုက်တာ "


ဒရိတ်ခ်က ရီရင်းမီးပိတ်လိုက်ကာ သူ၏အမျိုးသားလေးကိုပွေ့ဖက်၍အိပ်စက်လေတော့သည် ။


×××


ဂျိမ်းစ်မှာ နောက်ထပ်သုံးရက်ကြာပြီးနောက်ပြန်ရောက်လာပါသော်လည်း ကာလိုဒ်ကစားပွဲပေါ်မှစာချုပ်များကိုကြည့်ရင်း ဆွံ့အနေရသည် ။


" ဂျိမ်းစ်... သူ့ကိုသွားတွေ့တာကိုရပ်လိုက်ပါ "


ဂျိမ်းစ်က အေးစက်စွာပြန်ပြောလိုက်သည် ။


" မင်းမှာ ငါ့ကိုဘယ်လိုလုပ်ပါလို့ လာအမိန့်ပေးနိုင်တဲ့ လုပ်ပိုင်ခွင့်မရှိတော့တာကြာပေါ့ "


" လန်လင်း နှစ်ဆယ့်ရှစ်နှစ်ရှိနေပြီ...ငယ်ငယ်လေးကတည်းက မိဘတွေရဲ့နှိပ်စက်စွန့်ပစ်ခြင်းကိုခံရပြီး မိသားစုသုံးခုကမွေးစားခဲ့ပေမဲ့ ဂေဟာကိုပြန်ပို့ခံခဲ့ရတယ်.. ထိပ်တန်းအမှတ်နဲ့ကောလိပ်ပြီးခဲ့ပေမဲ့ အဲ့ဒီနှစ်တွေထဲမှာသူဘယ်လိုရှင်သန်ခဲ့လဲ ဘယ်သူသိနိုင်မှာလဲ "


" မင်းက သူများရဲ့ကိုယ်ရေးကိုယ်တာကိုဝင်စွက်ဖက်နေတာဘဲ! "


" ကျွန်မရဲ့မိသားစုကိုလာထိပါးတဲ့ ဘယ်သူ့ကိုမဆိုကျွန်မသင်ခန်းစာပေးမှာဘဲ... ရှင်သူနဲ့တွေ့တာကိုမရပ်ရင် ကျွန်မသူ့ကိုဖျက်ဆီးပစ်မှာ... ရှင် ကျွန်မအပေါ်ဖောက်ပြန်လို့မရဘူး... "


Xxxxxx