အပိုင်း ၈၂
Viewers 13k

Chapter 82


Mori Sue:

Daddy's little ( 82)


" မင်းကျတော့ဖောက်ပြန်ပြီး ငါ့ကိုကျဖောက်ပြန်လို့မရဘူးတဲ့လား... မင်း ငါ့ဘဝကိုဘယ်လောက်တောင်ဖျက်ဆီးခဲ့လဲပြန်တွေးကြည့်မိရဲ့လား "


" ရှင်က ကျွန်မကိုစိတ်ဆင်းရဲအောင်လုပ်နေတာပဲ...ကျွန်မကရှင့်ကလေးကိုလွယ်ထားရတာနော် ပြီးတော့လဲကလေးကယောက်ျားလေးပဲ ဖြစ်မှာ... ရှင့်ရဲ့ လုပ်ပုံမျိုးနဲ့ ကျွန်မစိတ်ဆင်းရဲပြီးသေတော့မှာ...အသက်နှစ်သက်နော် ဂျိမ်းစ် ရှင့်လက်ထဲမှာအသက်နှစ်ချောင်းရှိနေတာ "


ဂျိမ်းစ် တွေဝေနေသည်အားမြင်၍ သူမကမျက်ရည်များဖြင့်ရှေ့တို့လာကာ ဂျိမ်းစ် ၏လက်ကိုတွဲလိုက်သည် ။


" ကျွန်မတို့အရင်လို အရမ်းချစ်ချစ်ခင်ခင်ရှိတဲ့ မိသားစုလေးလိုဘဲပြန်နေကြရအောင်နော် "


ဂျိမ်းစ်က သူမ၏လက်အားရွံရှာစွာဖြုတ်ချရင်းပြောလိုက်သည် ။


" ငါတို့အိမ်ထောင်ရေးမှာ အချစ်ဆိုတာမရှိခဲ့တာကြာပါပြီ... ကလေးတစ်ယောက်မွေးလိုက်ရုံနဲ့ငါ့ကိုထိန်းချုပ်ထားလို့ရနိုင်ပြီလို့ မင်းတစ်ကယ်ပဲထင်နေတာလား...မင်းက ကလေးကိုအသုံးချဖို့သက်သက်မွေးချင်လေ ငါကပိုပြီးထွက်သွားချင်လေဘဲ...ငါ့သွေးသား ဟုတ်ဟုတ် မဟုတ်ဟုတ် ငါကလေးကိုစိတ်သန့်သန့်နဲ့ချီနိုင်လိမ့်မယ်လို့မင်းထင်လား မင်းရောသူ့ကိုမြင်ရင် အပြစ်ကင်းတယ်လို့ခံစားရပါ့မလား "


" ဒါ..ဒါပေမဲ့ ရှင်ကအမြဲတမ်း အဖေတစ်ယောက်ဖြစ်ချင်ခဲ့တာလေ "


ဂျိမ်းစ်က ဖြည်းညှင်းစွာပြောလိုက်သည် ။


" မင်းကအဲ့ဒီ အချက်ကိုအသုံးချဖို့ကြိုးစားနေတာ "


အချိန်အတော်ကြာတိတ်ဆိတ်သွားပြီးနောက် ဂျိမ်းစ်က ဝိုင်ပုလင်းတစ်ပုလင်းဆွဲကာသူ၏ အခန်းထဲဝင်သွားလေတော့သည် ။


×××


ချယ်လ်စီလေးက ကျောင်းသွားနေသလို စိန့်နှင့်ဖလော်ရန်တို့လည်းမရှိ၍ ပါကာအထီးကျန်နေသလိုခံစားရသည် ။သူ၏လုံးဝန်းသောဗိုက်ကလေးအားပွတ်သပ်ရင်း အပြင်ပြေဘာလုပ်ရမည်နည်းစဥ်းစားနေခဲ့သည် ။


သူတစ်ခုခုလုပ်ရန်ကြိုစားတိုင်း လူတိုင်းကကွဲအက်သွားနိုင်သည့်ဖန်ထည်ပစ္စည်းတစ်ခုကဲ့သို့ သူ့အားအလွန်အမင်းဂရုတစိုက်ကြည့်ရူနေကြသည်က စိတ်မသက်မသာဖြစ်စေသည် ။


ထို့ကြောင့် ရှာရွန်အတွက် အကန့်အသတ်ထုတ်သီးသန့်အဝတ်များစီမံနေသည့် လူးဝစ်ထံသွားလည်ရန်ဆုံးဖြတ်လိုက်လေသည် ။


" ပါကာ...အခုကမင်းရဲ့ "


" တိတ်တိတ်နေစမ်းပါ မင်းကအရမ်းအသံကျယ်လွန်းတယ် "


လူးဝစ်က ပါကာပေါက်ကွဲလာလျှင်မထိန်းနိုင်၍ ပါးစပ်ပိတ်ကာ ချားလ်စ်ကို ပုခက်ထဲသို့ထည့်လိုက်လေသည် ။


" မင်း ချားလ်စ်ရဲ့ နာမည်အပြည့်အစုံကိုဘယ်လိုစဥ်းစားထားလဲ " 


" သူနာမည်အရင်းက ရှာဗန် ဒါပေမဲ့ နိုင်ငံခြားကငါ့အစ်မကအသံထွက်ရတာရူပ်ထွေးနေလို့ အလယ်နာမည်ကို ချားလ်စ် လို့ဘဲထားမယ် စဥ်းစားထားတယ် "


" ငါကမင်းကိုတစ်ဦးတည်းသောကလေးလို့ထင်ထားတာ "


လူးဝစ်ကပြုံးလိုက်သည် ။


" ဟုတ်တယ် ငါကိုငါ့မိဘတွေကအသက်ကြီးမှရခဲ့တာလေ ဒါ့ကြောင့်ငါ့အစ်မကစောင့်ရှောက်ပေးခဲ့တာ "


" တကယ်လား "


" ဟုတ်တယ် သူမကအိမ်ထောင်မပြုချင်တော့ အလုပ်ဖိလုပ်ပြီး နေနေတာ ဒါပေမဲ့ သူမကအရမ်းကောင်းတဲ့အစ်မတစ်ယောက်ပါ ပြီးတော့အရမ်းလန်းတဲ့အဒေါ်ဆိုလည်းဟုတ်တယ် "


" မင်းအရမ်း အလိုလိုက်ခံခဲ့ရမှန်းမျက်နှာပေါ်က ကလေးအဆီတွေကိုကြည့်ရုံနဲ့တင်သိနိုင်တယ် "


" ဘာကြီး "


" မင်းမျက်နှာက ကလေးလေးတစ်ယောက်လိုချစ်ဖို့ကောင်းနေတာလေ"


" ဘယ်ကသာ ငါကအရမ်းမိုက်ပြီး ဆက်ဆီကျတာပါနော် "


" မဟုတ်ပါဘူး မင်းက မျောက်ပေါက်လေးတစ်ကောင်လိုအရမ်းချစ်ဖို့ကောင်းတာ "


" အခုငါက မျောက်ဖြစ်သွားရပြန်ပြီလား " 


ပါကာက ကျယ်လောင်စွာရီမောလိုက်လေသည် ။


ဒရိတ်ခ် ချယ်လ်စီလေး အားကျောင်းသွားကြိုသည့်အချိန်တွင် အိုလီဗာ၏ သွေးရင်းအဖေဟဲရစ်က ပြုံးရင်း အိုလီဗာအား တစ်ခုခုပြောနေပုံပေါ်သည် ။


အိုလီဗာက ဒရိတ်ခ်ကိုတွေ့သည်နှင့် ဝမ်းသာအားရအော်ခေါ်လိုက်သည် ။


" ဖေဖေ"


ဒရိတ်ခ်က အိုလီဗာအားပြန်လည်ပြုံးပြရင်း ပြေးလာသည့်ကောင်လေးအား ပွေ့ဖက်လိုက်သည် ။


ဟဲရစ်မှာ စိတ်မကောင်းဖြစ်စွာနှင့် ဒရိတ်ခ်တို့ထံ ဖြည်းဖြည်းလေးလျှောက်လာသည် ။


အိုလီဗာက သူ၏ကျောပိုးလွယ်အိတ်လေးထဲမှ ကိုယ်တိုင်ရေးသားထားသည့်ဖိတ်စာကဒ်လေးအားထုတ်ကာ စိတ်အားထက်သန်စွာကမ်းပေးရင်းပြောလိုက်သည် ။


" မကြာခင်မှာ သားရဲ့ပထမဆုံးမွေးနေ့ပါတီပွဲရှိတယ် ဖေဖေနဲ့ချာယ်လ်စီလေးတို့လာနိုင်မလားဟင် "


ဒရိတ်ခ်က ပြုံးကာချက်ချင်းပြန်ဖြေလိုက်သည် ။


" လာမှာပေါ့ "


အိုလီဗာက ဒရိတ်ခ်အားပွေ့ဖက်လိုက်သေးကာ ဟဲရစ်၏ကားထံခုန်ပေါက်ပြေးသွားသည်ကို ကြည့်ကာ ဟဲရစ်က အားနာနာနှင့်ပြောလိုက်သည် ။


" ကျေးဇူးတင်ပါတယ် "


" ရပါတယ်...ခင်ဗျားမှာခက်ခဲတဲ့အချိန်တွေရှိနေတာဘဲ "


" လာဗီနာနဲ့ငါက ကွာရှင်းလိုက်ကြပေမဲ့ သူငယ်ချင်းတွေအဖြစ်ဆက်ရှိနေကြတုန်း "


သူကသက်ပြင်းချကာတက်ပြောလိုက်သည် ။


" ငါတို့အရင်ကတည်းက ကွာရှင်းခဲ့သင့်တာထင်ပါတယ်... အခုတော့ကလေးတွေကိုပါထိခိုက်စေမိပြီ "


ဒရိတ်ခ်က ဘာမျှပြန်မပြောပေ ။ တစ်ခါတစ်ရံ၌ လင်မယားဆက်ဆံရေးထက် သူငယ်ချင်းဆက်ဆံရေးနှင့်မှအဆင်ပြေသည့်သူများစွာရှိတတ်ကြသည် ။ အထူးသဖြင့် ဘရောင်း မိသားစုဝင်များပင် ။


တစ်ဦးတည်းသောအိမ်ထောင်ရေးကံကောင်းသူမှာ ရှာရွန် သာဖြစ်ပြီး လူးဝစ်နှင့်ပွင့်ပွင့်လင်းလင်းဆွေးနွေးတိုင်ပင်ကာညှိနိူင်းနေထိုင်ခဲ့သောကြောင့်ပင် ။


ဒရိတ်ခ်ကပြောလိုက်သည် ။


" ကလေးကိုသာဂရုစိုက်ပါ "


" သူကငါ့ရဲ့အဓိကဦးတည်ရာဘဲ "


ထိုအချိန်တွင်အိုလီဗာက လှမ်းအော်ခေါ်လိုက်သည် ။


" ဦးဦး "


ဟဲရစ်က ဒရိတ်ခ်အားပြုံးပြကာနူတ်ဆက်လိုက်သည် ။


" ငါသွားရတော့မယ် "


သူတို့ကနူတ်ဆက်လိုက်ပြီးနောက်တွက် ဟဲရစ်၏ကျောပြင်ကိုကြည့်ရင်း ဒရိတ်ခ်တွေးနေမိသည် ။


သူတို့နှစ်ဦး၏ လက်တွဲဖော်ဟောင်းအားကျောခိုင်းနူတ်ဆက်ခဲ့သည့်အချက်မှာတူညီလေသည် ။


Xxxxxx