အပိုင်း ၈၃
Viewers 13k

Chapter 83


Daddy's little ( 83)


တေလာက ပုံဆွဲနေသည့်ဂျော်ဒန်နှင့် ဂျော်ဒန်၏ဆံပင်များအားဆော့ကစားနေသည့်ရိုင်လီလေးတို့အားကြည့်နေလေသည် ။


" ဖယ်စမ်းပါ ရိုင်လီ! ကိုယ့်အရုပ်တွေနဲ့ကိုယ်သွားကစားနေပါလား "


တေလာက သူတို့နှစ်ဦးကိုကြည့်ကာပြုံးမိသည် ။ 


သူတို့လေးတွေကအကြီးမြန်လိုက်တာ....


ထိူ့နောက်သူ၏ဗိုက်ကိုထိကာတွေးလေ၏ ။


' ငါသာ ကျန်းမာရေးကောင်းနေရင် ဒီလိုတွေးမိမှာမဟုတ်ဘူး '


အဝတ်လျှော်ရန်သွားသည့်အခါတွင် အဝတ်များမှာလျှော်ဖွယ်ပြီးနေလှန်းပြီးသားဖြစ်နေသည် ။


သေချာပေါက် ရေး လုပ်သွားတာဖြစ်ရမယ်... 


သူက ကိုယ်ဝန်ထပ်မဆောင်နိုင်တော့သည့်အတွက် ရေးက နှစ်သိမ့်သောအားဖြင့်အရင်ကထက်ပိုမိုကြင်နာပြနေလေသည် ။


ထိုနေ့၌ ရေး ပြန်လာသည့်အခါ တေလာမှာစိတ်နှင့်လူနှင့်မကပ်ဖြစ်နေလေသည် ။


" တေလာ...တေလာ...တေလာ..."


" ဟမ်..."


ရေးက သူ၏ပခုံးကိုကိုင်ထားရင်း စိုက်ကြည့်နေသည့်အတွက်တေလာ ကြောင်အသွားရသည် ။


" အင်း....ဘာဖြစ်လို့လဲ "


" မင်း ဘာတွေနက်နက်နဲနဲစဥ်းစားနေတာလဲ "


တေလာက မေးလိုက်သည် ။


" မင်းအိမ်ပြောင်းဖို့စီစဥ်နေတာလား "


" မဟုတ်ပါဘူး...မင်းကအိမ်ပြောင်းချင်လို့လား "


" မဟုတ်ဘူးလေ...မင်းရဲ့အလုပ်က..."


ရေးက ညင်သာစွာပြောလိုက်သည် ။


" အိမ်မပြောင်းပါဘူး...ငါဘဲ..သွားလိုက်ပြန်လိုက်လုပ်ပြီး ပင်ပန်းခံပါ့မယ် "


တေလာက ပျော်ရွှင်သွားကာပြောလေ၏ ။


" ဒါ...ဒါဆိုဝမ်းသာစရာပေါ့...ဒီညအပြင်မှာထွက်စားရအောင်...ငါ..နေရာစီစဥ်လိုက်မယ် "


" နေပါဦး...နောက်တစ်ပတ်ထဲမှာ ငါမင်းအတွက် အံ့သြစရာအကြီးကြီးစီစဥ်ထားတယ် "


သူက တေလာ၏နူတ်ခမ်းအားနမ်းလိုက်သည် ။


" အော့ အော့..ရွံစရာကြီး "


ဂျော်ဒန်က ထအော်လိုက်သောကြောင့် တေလာမှာ သူ၏နူတ်ခမ်းကိုအုပ်ကာရင်း ရေး၏ရင်ခွင်ထဲသို့တိုးဝင်ကာရီမောလေတော့၏ ။ ရေးက ဂျော်ဒန်၏နဖူးအားတစ်ချက်နမ်းကာပြောလိုက်သည် ။


" အရူပ်ထုပ်လေး "


×××


" ပါးပါး မီးမီး အိုင်ဒေါတစ်ယောက်ဖြစ်ချင်တယ် "


ပါကာက ရုတ်တရက်ကမ္ဘာကြီးပြိုကွဲသွားသလိုခံစားလိုက်ရပြီး မျက်ရည်ဝဲလာလေတော့သည် ။ဒရိတ်ခ်အားကြည့်လိုက်သည့်အခါ၌လည်း ဒရိတ်ခ်မှာ သက်ပြင်းချရုံသာတတ်နိုင်၍ပါကာ့ စိတ်ကြိုက်ပြုမူခွင့်ပေးထားရလေ၏ ။


ပါကာက နှပ်ချေးညှစ်ကာပြောလိုက်သည် ။


" ကျွန်တော်သိတယ် ဒရိတ်ခ်...ကျွန်တော်တို့ရဲ့ ကလေးလေးကမြန်မြန်အရွယ်ရောက်လာပြီး လက်ထပ်ကလေးမွေးတော့မှာ... ပြီးတော့ အလုပ်ကြိုးကြိုးစားလုပ်နေတုန်းမှာ ကျွန်တော်တို့ကို မကောင်းဆိုးဝါးအိမ်ဖော်တွေနဲ့ပစ်ထားတော့မှာ "


ချယ်လ်စီလေးက ပါကာပြောသည်အား နားမလည်၍ သူမ၏ပါးပါးအဘယ့်ကြောင့်ငိုနေရသည်အားမသိသော်လည်း အနားကပ်လာကာပြောလိုက်သည် ။


" ပါးပါး မငိုနဲ့နော် မီးမီး ဘယ်မှမသွားတော့ဘူး...မီးမီး အဆိုတော်ဖြစ်ချင်တာက ပါးပါးနဲ့ဖေ့ဖေ့ကို သီချင်းတွေအများကြီးဆိုပြချင်လို့ပါ "


ပါကာက မျက်ရည်များကိုသုတ်ရင်းပြောလိုက်သည် ။


" သမီးက တစ်​ယောက်ယောက်နဲ့လက်ထပ်ဖို့ ထွက်ပြေးတော့မှာ... "


" ဟင့်အင်း... ချယ်လ်ချယ်လ်က ပါးပါးနဲ့ဘဲနေပြီး ပါးပါးကိုသီချင်းတွေအများကြီးဆိုပြမှာ "


ပါကာက သူမလေးအားပွေ့ဖက်ရင်းမေးလိုက်သည် ။


" ချယ်လ်ချယ်လ် သမီးမောင်လေးကိုနာမည်ပေးချင်လား "


ချယ်လ်စီလေးက ပါကာ့ကိုတစ်လှည့် ဒရိတ်ခ်ကိုတစ်လှည့်ကြည့်ကာ ထို့နောက် ဗိုက်ပူပူလေးကိုထိလိုက်ပြီးအသေအချာစဥ်းစားနေလေ၏ ။


" ပါးပါး... ဟီးဗန်းဆိုရင်ရော "


( means ' Heavan ' )


နှစ်ယောက်စလုံးကြောင်အသွားရသည် ။


" မီးမီးက အိန်ဂျယ်လ်ဆိုရင် မောင်လေးက ဟီးဗန်းပေါ့ "


ပါကာက ထိုနာမည်အားသဘောကျသော်လည်း ဒရိတ်ခ်ကစဥ်းစားနေဆဲပင် ။


" လာစမ်းပါ...ခင်ဗျားကလည်း...နာမည်လေးကချစ်ဖို့ကောင်းသားဘဲကို "


" ဒါပေမဲ့...ဟီးဗန်း ဆိုတာက..."


" ကျွန်တော်လဲကြိုက်တယ်... ချယ်လ်စီလေးလဲ ကြိုက်တယ်လေ ခင်ဗျားကဘာကိုအတွန့်တက်ချင်နေသေးတာလဲ "


ဒရိတ်ခ်က သက်ပြင်းချကာအရူံးပေးလိုက်ရလေသည် ။


" အင်းပါ...မင်းတို့သဘောဘဲ "


ပါကာက ဒရိတ်ခ်အား ဖက်နမ်းရင်းရီမောလိုက်လေသည် ။


×××


ရှာရွန်မှာ အလုပ်မှပြန်လာသည်ဖြစ်၍ ပင်ပန်းနေပြီး သူ၏ဆံပင်များမှာလည်း ရူပ်ပွနေလေသည် ။


လူးဝစ်က ဘာလို့ထွက်မကြိုရတာလဲ...


ရှာရွန်က လူးဝစ်ကလေးထိန်းနေသည်ဟု တွေးမိလိုက်သော်လည်း ထိုအချက်အားအမြန်ပင်ပယ်ချလိုက်ရလေသည် ။


ကလေးတွေက သူ့ကိုပြန်မထိန်းနေရရင်ဘဲကံကောင်းလှပါပြီ!


ကလေးသုံးယောက်မှာ ဧည့်ခန်းအတွင်၌ ပြဇာတ်အသေးလေးတစ်ပုဒ်ဖန်တီးကပြနေပြီး လိုရီတိုနှင့်သီအိုဒေါတို့မှာ သရုပ်ဆောင်လိုက်သီချင်းဆိုလိုက်လုပ်နေကြသည် ။


အငယ်ဆုံးလေး ချားလ်စ်မှာ သူ၏အစ်ကိုများ၏အသံကိုတု၍ မပီကလာပီကလာ ဝူးဝူးဝါးဝါးလိုက်ပြောနေပြီး သူ၏လက်သေးသေးများနှင့်ပင်ချစ်စဖွယ်အမူအရာများလုပ်ပြနေးသေး၏ ။


ရှာရွန် ၏ရီသံက ကလေးသုံးယောက်၏အာရုံကိုဖမ်းစားသွား၍ သီအိုဒေါနှင့်လိုရီတိုတို့မှာ အမြန်ပြေးလာကာရှာရွန်အားဖက်လိုက်သည် ။ ချားလ်စ်မှာ သူ၏ခြေတံတိုတိုလေးများနှင့်အမြန်ပြေးလာပါသော်လည်း အစ်ကိုများကိုမမှီနိုင်ခဲ့ပါချေ ။


" ဖေဖေ...."


" ဒယ်..ဒယ် "


ရှာရွန်က အမြွှာနှစ်ယောက်အား နမ်းပြီးနောက် ချားလ်စ်လေးအားချီကာနမ်းရူံ့လိုက်သည်နှင့် ကောင်ငယ်လေးမှာတခစ်ခစ်ရီမောလာလေသည် ။


Xxxxx