Chapter 84
Daddy's little ( 84)
" သူဌေး...သူဌေး..."
အမျိုးသမီးတစ်ယောက် ဂျိမ်းစ်၏ ပုခုံးအားလူပ်ကိုင်ကာနိူးလာခဲ့သည် ။ ဂျိမ်းစ်က ထိုင်ခံပေါ်မှအလန့်တကြားထရပ်ကာ သူ၏ခေါင်းမှာမူးဝေနေသောကြောင့် နားထင်ကိုဖိကာမေးလိုက်သည် ။
" အာ...ဘယ်အချိန်ရှိနေပြီလဲ "
" ရှစ်နာရီခွဲနေပါပြီ သူဌေး...ကျွန်မထင်တာ ရှင်အိမ်ပြန်သင့်တယ်... ဒီရက်တွေမှာအလုပ်ဘဲဖိလုပ်နေခဲ့တာမလား အိမ်ပြန်ပြီးအနားယူလိုက်ပါ "
ဂျိမ်းစ်က သူ၏နာရီကိုငုံ့ကြည့်နေသည့်အချိန်တွင် ။ လက်ထောက်မှာ သူမ၏သူဌေးအိပ်ချိန်မလုံလောက်သည့်အတွက် ကျန်းမာရေးထိခိုက်သွားမည်လော စိုးရိမ်နေသည် ။
" မင်းရဲ့ ဂျူတီချိန်ကပြီးသွားပြီ အိမ်ပြန်လို့ရပြီ "
" ဒါပေမဲ့...သူ "
ဂျိမ်းစ်က အလွန်ဒေါသထွက်နေသည့်အမူအရာနှင့် သူမအားအော်လိုက်သည် ။
" အိမ်သာပြန်စမ်းပါ "
လက်ထောက်က ဂျိမ်းစ်အား ကြောင်အစွာကြည့်နေလေသည် ။ သူမသူဌေး၏မျက်နှာထားမှာ အမြဲအေးစက်နေသော်ငြားတစ်ခါမျှမအော်ဟစ်ခဲ့ဖူး၍ ကြောက်လန့်စွာပြောလိုက်သည် ။
" ဟုတ်...ဟုတ်ကဲ့ပါ "
သူမက အမြန်ပင်ပစ္စည်းများသိမ်းကာ ထွက်သွားလေတော့သည် ။ ဂျိမ်းစ်က ထိုင်ခံပေါ်သို့ပြန်ထိုင်ချကာ သက်ပြင်းရှည်ကြီးမူတ်ထုတ်လိုက်လေသည် ။ သူ၏နှလုံးသားတစ်ခုလုံးတင်းကြပ်လေးလံနေပြီး ခေါင်းမှာလည်းကွဲထွက်မတတ်ကိုက်ခဲနေလေသည် ။
သူ့မိဘများမှာ စိတ်ပူနေသော်ငြားခံစားအချက်အကုန် ရင်ဖွင့်ပြ၍မရပေ ။ စားပွဲထဲမှ ဆေးနှစ်ဘူးအားထုတ်ယူလိုက်သည် ။ တစ်ဘူးမှာခေါင်းကိုက်ပျောက်ဆေးဖြစ်ပြီး ကျန်တစ်ဘူးမှာစိတ်ငြိမ်ဆေးပင် ။
ဆေးတစ်ပြားဆီယူကာသောက်လိုက်ပြီးနောက် ပင်ပန်းစွာထိုင်ခံနောက်မှီသို့လှဲချလိုက်လေသည် ။ ဤရူထောင့်မှနေ၍ ကာလအတန်ကြာချောင်ထိုးထားခဲ့သည့် ဓာတ်ပုံဘောင်စွန်းအားတွေ့လိုက်ရလေသည် ။
ထိုပုံမှာ သူနှင့်ကာလိုဒ်အပြင် ဂျော်နီလေးပါပါဝင်သည့်ပုံဖြစ်သည် ။ ရုတ်တရက်ပင် သူ၏နားထဲ၌ ထိုကလေးငယ်လေး၏ အသံကိုပြန်ကြားယောင်လာသလိုပင် ။
" ဒယ်ဒယ် ...တားတို့ လေယာဥ်ပျံလုပ်တမ်းကစားကြရအောင်နော်...ဝူး...ဝူး "
သူက ထိုကလေး၏သွေးရင်းအဖေမဟုတ်သော်ငြား ထိုကလေးမှာ သူကိုယ်တိုင်ယုယပြုစုခဲ့ရသည့်သူ့ကလေးပါပင် ။ ကာလိုဒ်အား တွေ့သည်နှင့်စက်ဆုပ်ရွံရှာပြီးမုန်းတီးခြင်းတို့သာခံစားရတော့သည် ။
သူမဘာလို့ဒီလိုလုပ်ရက်ရတာလဲ...
သူမဘဲအရမ်းတော်လွန်းတာလား... ဒါမဟုတ်...သူကဘဲ သူမကိုအရမ်းချစ်လွန်းလို့ ဖောက်ပြန်နေတာကိုမသိတဲ့အထိကန်းနေမိတာလား ..
နောက်ဆုံး၌ ထိုမေးခွန်းများကိုမမေးခဲ့မိသလို အဖြေအားမသိခြင်းကပင်အကောင်းဆုံးဟုယူဆကာ အစမဖော်ဖြစ်တော့ပေ ။ အချိန်ခဏကြာတွေးတောနေပြီးနောက် နာရီကြည့်လိုက်သည့်အခါ ကိုးနာရီငါးမိနစ်ရှိနေပြီဖြစ်သည် ။ ထို့ကြောင့် ရုံးခန်းထဲမှထွက်၍ လုံခြုံးရေးဝန်ထမ်းအားနူတ်ဆက်ကာ ရထားဘူတာသို့လျှောက်လာခဲ့သည် ။
ပြီးခဲ့သည့်ရက်က ကားတိုက်မူဖြစ်မလိုပင်ဖြစ်ခဲ့ခြင်းကြောင့် ဂျိမ်းစ်က ကားမောင်းရမည့်အစား ရထားဖြင့်သာအသွားအလာလုပ်တော့သည် ။ ညနက်နေပြီဖြစ်၍ ခရီးသည်အများကြီးမရှိတော့ကာ မှန်အပြင်ကိုကြည့်၍တစ်ယောက်တည်းရေရွတ်ပြောဆိုလိုက်သည် ။
" ရထားရှေ့ခုန်ချလိုက်ရင် ငါသေချာပေါက်လွတ်လပ်သွားမှာဘဲ "
ထိုအချိန်တွင် ခရီးသည်များနှင့်အတူ သူချစ်မြတ်နိုးရသည့် အညိုဖျော့ရောင်မျက်ဝန်းပိုင်ရှင်လေးပါလာလေသည် ။
" အရမ်းနာကျင်ရတယ်မလား "
လန်လင်းက ဘေးတွင်ဝင်ထိုင်ရင်းပြောလိုက်သည် ။
" ခင်ဗျားသတ်သေဖို့ကြိုးစားမယ်ဆိုရင်တောင်...မနာကျင်ရမဲ့နည်းလမ်းကိုရွေးသင့်တယ် "
" ကိုယ့်အတွက် သေခြင်းကမှလွတ်လပ်ပါဦးမယ် "
" ခင်ဗျားသေချင်သပဆိုလည်းသေပေါ့ ကျွန်တော်မတားပါဘူး "
" မင်းရဲ့ သတ်သေခါနီးလူကိုအားပေးတဲ့ပုံကြီးကလည်း မဟုတ်သေးပါဘူး "
" ခင်ဗျား ဘာတွေကြုံတွေ့နေရလဲဆိုတာမသိဘဲနဲ့ မသတ်သေဖို့တားတာကမှ အသုံးမဝင်တာလေ..သေဆုံးခြင်းက နောက်ဆုံးနည်လမ်းမဟုတ်ဘူးဆိုတာခင်ဗျား သိသင့်တယ် ...တစ်ခါတစ်လေမှာ သေတာထက်ဆိုးဝါးတာတွေရှိနေနိုင်တယ်လေ "
ဂျိမ်းစ်က လန်လင်း၏မျက်ဝန်းများကိုကြည့်ကာပြုံးလိုက်သည် ။
" အဲ့တာကဘာများလဲ "
" ဘဝ "
" အဲ့တာက အရမ်းခက်ခဲမှောင်မိုက်လွန်းတယ်မဟုတ်ဘူးလား "
" ဒါပေမဲ့လည်း ခင်ဗျားနေထိုင်တဲ့နည်းလမ်းနဲ့ရွေးချယ်တဲ့ဘဝအပေါ်မူတည်နေတာလေ... ဒါကြောင့်သေမယ်ဆိုရင်တောင် နာကျင်ရမဲ့နည်းလမ်းကြီးတွေကိုမရွေးပါနဲ့ "
ဂျိမ်းစ်မှာ အနည်းနှင့်အများစိတ်သက်သာရရသွား၍ လန်လင်းအားပြောလိုက်သည် ။
" ကိုယ်မင်းကိုဖက်ထားလို့ရမလား "
လန်လင်းက အနည်းငယ်နားမလည်နိုင်ဖြစ်သွားပါသော်လည်း ခွင့်ပြုပေးလိုက်သည် ။ ဂျိမ်းစ်က သူ၏မေးစေ့အား လန်လင်း၏ပုခုံးပေါ်တွင်တင်ထားရင်း ကိုယ်သင်စရနံ့လေးအား ရူရိုက်နေလေသည် ။
ရှောက်သံပရာနံ့ သင်းသင်းလေးမှာ စိတ်ငြိမ်ဆေးထက်ပင် စိတ်တည်ငြိမ်မူကိုပေးစွမ်းနိုင်လေသည် ။ ဂျိမ်းစ်မှာ ထိန်းချုပ်ထားနိုင်ခြင်းမရှိတော့ဘဲ လန်လင်းအား နမ်းရိူက်လိုက်သည် ။ လန်လင်းမှာရုန်ကန်ခြင်းမရှိဘဲ ရထားရပ်သည့်အချိန်အထိပင် အနမ်းထဲတွင် နစ်မြောနေဆဲဖြစ်သည် ။
လန်လင်းမှာ ရှက်ရွံ့မူကြောင့်မျက်နှာပင်နီရဲနေလေသည် ။
" ကျွန်... ကျွန်တော်တို့ဆင်းရမဲ့နေရာကိုရောက်ပြီထင်တယ် "
" အင်း "
ထွက်ပေါက်မှထွက်သည့်အချိန်၌ နှစ်ယောက်စလုံး၏မျက်နှာများမှာ ခရမ်းချဥ်သီးတစ်လုံးလိုနီရဲနေခဲ့သည် ။
Xxxxx