အပိုင်း ၈၅
Viewers 14k

Chapter 85


Mori Sue:

Daddy's little ( 85) 


ပါကာက ပျင်းရိစွာဖြင့်အိပ်ရာထဲတံင်လူးလှိမ့်နေသည့်အချိန်၌ ဒရိတ်ခ်ကရေချိုးပြီးကာစဖြစ်လေသည် ။ သူ့ယောက်ျား၏ ရေချိုးပြီးခါစဆွဲဆောင်မူရှိသော အသွင်အပြင်မှာ ဘယ်အချိန်ကြည့်ကြည့်ရိုးမသွားပါချေ ။


ပါကာက သူ၏ဖြူဖျော့သေးသွယ်သည့်လက်မောင်းကလေးနှင့် ဒရိတ်ခ်၏ကြွက်သားအဖူအထစ်များနှင့်သန်မာသည့် လက်မောင်းအားနိူင်းယှဥ်မိကာ စိတ်ဓာတ်ကျသွားရလေသည် ။


" ဒရိတ်ခ် "


ဒရိတ်ခ်လှည့်ကြည့်လိုက်သည်နှင့် ပါကာက သူ၏ခန္ဓာကိုယ်အားပေါက်ထွက်မတတ်စိုက်ကြည့်နေကြောင်းတွေ့လိုက်ရသည် ။


" အင်း "


" ဒီကိုလာပါဦး "


ဒရိတ်ခ်က ပါကာ့ထဲလျှောက်လာပြီး စနောက်သည့်အနေနှင့်အောက်နူတ်ခမ်းလေးအားကိုက်ခဲလိုက်သည် ။


" အာ့... ခင်ဗျား.... မတရားလိုက်တာ " 


" အမ်... "


" ခင်ဗျားကျတော့ဘာလို့အဲ့လိုဖြစ်ပြီး ကျွန်တော့ကျတော့ဒီလိုဖြစ်နေရတာလဲ "


ပါကာက ဒရိတ်ခ်၏ ကြွက်သွားများအားလက်ညိုးနှင့်ထိုးကာပြောလိုက်သည် ။


" ကြည့်ပါ့လား....ကြည့်ပါ့လား...နေရာတကာမှာကြွက်သားတွေချည်းဘဲ "


သူက ဒရိတ်ခ်၏ပုခုံးပေါ်မှတဘက်ကိုပင်ဆွဲယူကာ နေရာအနှံ့လိုက်ရိုက်နေသေးသည် ။ 


" ခင်ဗျားရဲ့ခြေထောက်မှာတောင်ကြွက်သားအပြည့်ဘဲလေ... ဟိုနေရာကိုထည့်မပြောနဲ့ဦး...မတရားလိုက်တာ...ခင်ဗျားကျတော့ဘာလို့အဲ့လိုဖြစ်နေရတာလဲလို့ "


ဒရိတ်ခ်က ပါကာသူ၏ခန္ဓာကိုယ်အား စိတ်ကြိုက်ရိုက်နှက်နေသည်အား ခွင့်ပြုပေးထားပြီး သူအမျိုးသားလေး၏ဒေါသထွက်နေပုံမှာ အလွန်ချစ်ဖို့ကောင်းသည်ဟုထင်နေလေသည် ။


ဒရိတ်ခ်ပြုံးနေသည်အားတွေ့ကာ ပါကာပိုသောင်းကျန်းလာလေသည် ။


" ခင်ဗျားက ရီစရာလို့ထင်နေတာလား.... ဘယ်နေရာမှာရီစရာပါလို့လဲ!  "


" ဟုတ်ပါပြီ...ဟုတ်ပါပြီ.  ..ဒေါသမထွက်ပါနဲ့တော့ ကလေးမွေးပြီးတဲ့အခါကျရင် ကိုယ်တို့အတူတူလေ့ကျင့်ခန်းလုပ်ကြမယ်လေ "


ပါကာက ဒရိတ်ခ်အား စူးစူးဝါးဝါးစိုက်ကြည့်နေ၏ ။ ဒရိတ်ခ်က သူ၏အမျိုးသားလေး စိတ်ကျေနပ်စေရန်အတွက်  ပါကာ၏လက်အား ဝမ်းဗိုက်ကြွက်သားများပေါ်တင်ပေးလိုက်ကာ နှစ်သိမ့်လိုက်သည် ။


" ကလေးမွေးပြီးသွားရင် မင်းလေ့ကျင့်ခန်းလုပ်လို့ရပြီလေ... အခုတော့ ကိုယ့်ရဲ့ကြွက်သားတွေကိုဘဲခဏငှားသုံးနော် "


ဒရိတ်ခ်က နူတ်ခမ်းစူနေဆဲဖြစ်သည့်သူ၏ဇနီးလေးအား နေရာအနှံ့လိုက်နမ်းရူံ့နေသည် ။ ပါကာ စိတ်မရှည်သည့်ပုံစံဖြစ်လာသောအခါမှ လွှတ်ပေးလိုက်ကာ ညအိပ်ဝတ်စုံဝတ်၍ ဇနီးလေးအားဖက်အိပ်ရန်ပြင်လိုက်သည် ။


" ဒရိတ်ခ်... "


" အင်း "


" ခင်ဗျားကို ကျွန်တော် အများကြီးအများကြီးချစ်တာသိလား "


ဒရိတ်ခ်က ပါကာ၏ဗိုက်ကလေးကိုပွတ်သပ်ရင်းပြောလိုက်သည် ။


" ကိုယ်က မင်းထင်ထားတာထက်တောင်မင်းကိုပိုချစ်သေးတယ် "


×××


ကာလိုဒ် ဖုန်းအားကြည့်လိုက်သည့်အချိန်တွင် ဆယ်နာရီလေးဆယ့်ငါးမိနစ်ပင်ရှိပြီဖြစ်သည် ။ ဂျိမ်းစ်က အိမ်ပြန်ရောက်သည်နှင့် ညစာအကြောင်းမမေးသည့်အပြင် သူမအားလည်းလာမရှာခဲ့ဘဲ အခန်းထဲသို့သာတန်းဝင်သွားလေသည် ။


သူမရှေ့ရှိ ဝိုင်ပုလင်းကိုသာစိုက်ကြည့်နေမိပြီး တီဗီမှအလင်းရောက်က သူမမျက်နှာပေါ်တွင်ရောင်ပြန်ဟပ်နေသည် ။


သူမဘက်ကအကောင်းဆုံးကြိုးစားနေတာတောင်... သူကဘယ်အချိန်ထိ ဒီလိုဆက်ဆံနေမှာလဲ?


" ဂျိမ်းစ် ဒီအိမ်ထောင်ရေးကြောင့် ရှင်တစ်ယောက်တည်းပင်ပန်းနေရတာမဟုတ်ဘူး "


သူမက စိတ်ငြိမ်ဆေးတစ်လုံးကိုခွက်ထဲထည့်ကာပြောလိုက်သည် ။


" ကျွန်မလည်းဝေခွဲမရဖြစ်ခဲ့တာဘဲ "


သူမကတစ်ယောက်တည်းဆက်လက်ရေရွတ်နေလေသည် ။


" ကျွန်မကအကောင်းဆုံးဥပမာဘဲ "


" ရှင်ခေါင်းကိုမော့ထားရမယ် အချစ် "


" ဟမ့်...လူတိုင်းကသူ့လိုဆိုရင် အကုန်ပြီးပြည့်စုံနေမှာဘဲ "


" ကာလိုဒ် သူ့ရဲ့ဖောက်ပြန်မူအတွက်စိတ်ထဲမထားစမ်းပါနဲ့ အဖော်တွေအများကြီးရှိနိုင်ပေမဲ့ တရားဝင်ကတော့တစ်ယောက်တည်းဘဲ "


ကာလိုဒ်က ခွက်ထဲသို့ဝိုင်များထပ်လောင်းထည့်လိုက်ကာ သူမ၏ပါးပြင်နှစ်ဖက်မှမျက်ရည်များစီးကျလာသည် ။ ဤကဲ့သို့နေထိုင်ရခြင်းထက်သေခြင်းတရားက ပင်ပိုမိုလွယ်ကူဦးမည် ။


တစ်ချိန်တစ်ခါကချစ်ခဲ့ဖူးသောအချစ်တို့မှာကွယ်ပျောက်သွားရလေပြီ ။ ယခုအခြေအနေအား ဖြေရှင်းနိုင်သည့်နည်းလမ်းမရှိတော့သည်အား သူမသိလေသည် ။ 


ဘဝကြီးကခက်ခဲလွန်းတယ်...


သူမ၏ အပြစ်များအား သူဘယ်တော့မှခွင့်လွှတ်ပေးမည်မဟုတ်ပါချေ ။ ထို့နောက် သူမက ဆေးထည့်ထားသည့်ဝိုင်ခွက်အား အားရပါးရမော့ချလိုက်သည် ။


ခဏကြာသောအခါ၌ သူ၏ဗိုက်အောက်ပိုင်းမှနာကျင်လာ၍ အော်ဟစ်လိုက်သည် ။


" အား...အား "


အလွန်အမင်းနာကျင်နေသောကြောင့် ဆိုဖာပေါ်တွင်လူးလှိမ့်နေရလေသည် ။


" နာလိုက်တာ.... "


အော်သံကြားလိုက်၍ ဂျိမ်းစ်အခန်းထဲမှ ထွက်ကြည့်အချိန်တွင် ကာလိုဒ်မှာကြမ်းပြင်ပေါ်တွင် လဲကျနေပြီး သူမ၏အောက်ပိုင်းတွင် သွေးများအိုင်ထွန်းနေကြောင်းတွေ့လိုက်ရသည် ။


" သေစမ်း...ကာလိုဒ်...ကာလိုဒ်....ဘာဖြစ်တာလဲ "


သူက အမြန်ပွေ့ဆီလိုက်ကာ ကားထဲထည့်၍ ဆေးရုံသွားရန်အလောတကြီးဖြစ်နေသည့်အချိန်တွင် ခြံတံခါးဖွင့်မထားကြောင်းတွေ့လိုက်ရသည် ။


" ဘန်...သောက်တံခါးကိုမြန်မြန်လာဖွင့်စမ်း "


အစောင့်က တံခါးကိုအလျှင်အမြန်ဖွင့်ပေးလာသည့်အခါတွင် ဂျိမ်းစ်က လီဗာကိုအသားကုန်နင်း၍အရှိန်တင်လိုက်သည် ။


×××


" ဟစ်...ဟစ်.... ပါး


ပါး..ပါးပါး "


ချယ်လ်စီလေးက တံခါးဝတွက်ရပ်ရင်းငိုရိူက်နေလေသည် ။


ဒရိတ်ခ်က တံခါးဖွင့်လိုက်သည့်အချိန်အထိ သူမဘာကြောင့်ငိုနေရသလဲမသိ၍ ပါကာပင်ရူပ်ထွေးနေခဲ့သည် ။


" ဖေဖေ...မီးမီး...အိပ်မက်ဆိုးကြီးကိုထပ်မက်ပြန်ပြီ "


ပါကာက ဒရိတ်ခ်ကိုကြည့်ကာမေးလိုက်သည် ။


" ဘာအိပ်မက်လဲ...."


Xxxxxxx