အပိုင်း ၈၆
Viewers 13k

Chapter 86


Daddy's little ( 86)


ပါကာက တုန်ရီနေသည့်ချယ်လ်စီလေးအား ဖက်ထားလေသည် ။ 


ဘယ်လိုအိပ်မက်မျိုးက သူမကိုဒီလောက်ကြောက်လန့်စေတာလဲ?


နှစ်ယောက်စလုံးက သူမလေးအတွက်နည်းလမ်းပေါင်းစုံနှင့်အစွမ်းကုန်ချော့မော့နေကြကာ အချိန်အတော်ကြာမှ မောပန်း၍အိပ်ပျော်သွားလေသည် ။


" ထပ်ပြီးအိပ်မက်ဆိုးတွေမက်လောက်ဦးမယ်လို့ထင်လား... "


" ကိုယ်တော့မမက်တော့ဖို့မျှော်လင့်တာဘဲ... အရမ်းကြောက်နေရှာမှာ "


×××


ဂျိမ်းစ်က အလွန်လျှင်မြန်သောအမြန်နူန်းနှင့်မောင်းနှင်နေပြီး မီးနီတွေမီးဝါတွေဂရုမစိုက်နိုင်တော့သည့်အပြင် ယာဥ်တိုက်မူဖြစ်ရန်ပါ လက်မအနည်းသာလိုတော့သည် ။


လမ်းစည်းကမ်းချိုးဖောက်မူကြောင့် ယာဥ်ထိန်းရဲက အချက်ပေးသံဖြင့်နောက်မှလိုက်လာလေသည် ။


" သေစမ်း...ဒီနေ့မှဘာလို့ ပြဿနာတွေချည်းဘဲလဲကွာ "


" ဆရာ....ခင်ဗျားရဲ့ ကားကိုအခုရပ်လိုက်ပါ ".


ဂျိမ်းစ်က သွေးများဖြင့်စိုရွဲနေပြီဖြစ်သည့် နောက်ထိုင်ခုံအားကြည့်ကာ ဆဲရေးမိသော်လည်း အရှိန်တော့မလျှော့လိုက်ပါချေ ။ ဆေးရုံသို့ရောက်သောအခါ သူမအားကားထဲမှခေါ်ထုတ်နေစဥ်၌ ယာဥ်ထိန်းရဲရောက်လာလေသည် ။


" ကူညီပါဦး "


ယာဥ်ထိန်းရဲက သွေးအိုင်ကြိီးကြောင့် လန့်ဖြပ်သွားကာအမြန်ပင်ကူညီလေသည် ။ အရေးပေါ်ခန်းထဲသို့ပို့ပေးပြီးနောက်တွင် ဂျိမ်းစ်က ယာဥ်ထိန်းရဲနှင့်သာအပြင်တွင်ကျန်ခဲ့သည် ။


×××


နောက်တစ်နေ့မနက်၌ ရှာရွန်နှင့်လူးဝစ်မှာ ဖုန်းသံကြောင့်နိုးလာရလေသည် ။


" ဟယ်လို "


"........"


တစ်ဖက်မှ အကြောင်းအရာအားကြားသောအခါ ရှာရွန်၏မျက်လုံးများပြုးကျယ်သွားရသည် ။


" ဘာကြီး "


ရှာရွန်၏ ထိတ်လန့်နေသောအပြုအမူကြောင့် လူးဝစ်လည်းစိတ်ပူသွားရသည် ။ ရှာရွန်က အလောတကြီးအဝတ်လဲနေသောကြောင့် လူးဝစ်ကမေးလိုက်သည် ။


" ဘယ်သွားမလို့လဲ...ဘာဖြစ်လို့လဲ "

.


" လူးဝစ် မြန်မြန်ပါကာ့ကို ဖုန်းဆက်လိုက် ကာလိုဒ် ကိုမာဝင်သွားလို့တဲ့ "


" ဟမ်...."


" ငါလည်းမသိဘူး...သူ့ကို xxx ဆေးရုံကိုသာအခုလာဖို့ပြောလိုက် "


ရှာရွန်က အမြန်ထွက်သွားသည့်အတွက် လူးဝစ်မှာဖုန်းခေါ်ရင်းတန်းလန်း အနောက်မှပြေးလိုက်ရင်း နာနီအားလည်းအော်ပြောခဲ့ရသေးသည် ။


" တန်ညာ....ကလေးတွေကိုဂရုစိုက်ပေးပါဦး "


×××


ပါကာက မနက်စာစားနေပြီး ဒရိတ်ခ်က ချယ်လ်စီလေးအားထမင်းခွံ့ကျွေးနေစဥ်တွင် လူးဝစ်ထံမှဖုန်းဝင်လာလေသည် ။


" ဟမ်...သူဘာတွေများလုပ်ဖို့ခေါ်တာလဲမသိဘူး "


ပါကာက ဖုန်းကိုင်လိုက်လေသည် ။


" ဟယ်လို "


" ကာလိုဒ် ကိုမာဝင်သွားလို့တဲ့ "


" ဟမ်...ဘာကြီး "


ပါကာမှာ နားမလည်နိုင်ပါချေ ။


" ငါလဲအကြောင်းစုံမသိဘူး... xxxဆေးရုံကိုသာမြန်မြန်လာခဲ့စမ်းပါ...ငါတို့လဲအခုအဲ့ဒီကိုသွားနေတာ "


" နေ.."


ပါကာ ဘာမျှမမေးရသေးခင်မှာတင်ဖုန်းကျသွားပြီး ဒရိတ်ခ်က သိချင်နေသည့်မျက်နှာပေးဖြင့်ကြည့်နေလေသည် ။


" ဘာဖြစ်လို့လဲ "


" ကာလိုဒ် ကိုမာဝင်သွားလို့တဲ့ "


ဒါရိတ်ခ်က ခုံမှထလိုက်သည် ။


" ဘယ်ဆေးရုံမှာတဲ့လဲ... "


ထို့နောက် ဒရိတ်ခ်က ချယ်လ်စီလေးအားကြည့်ကာပြောလိုက်သည် ။


" ချယ်လ်ချယ်လ်... ဖေဖေနဲ့ပါးပါးက အသိတစ်ယောက်ဆီသွားမလို့ သမီးလိမ်လိမ်မာမာနေခဲ့နော် "


သူမလေးက မေးလိုက်လေသည် ။


" မီးမီးရောလိုက်လို့ရလားဟင် "


ဒရိတ်ခ်က ပါကာ့အားကြည့်လိုက်သောအခါ ခေါင်းညိမ့်ပြသည်ကိုမြင်၍ လက်ခံလိုက်သည် ။


" အင်း "


×××


" ခွေးမသား "


လူးဝစ်က အရှိန်ဖြင့်ပြုတ်ကျလာသည့် ဂျိမ်းစ်အား ထိန်းကိုင်ထားရပြီး ရှာရွန်က အလွန်ဒေါသထွက်နေသည့် ကလိုဒ်အား ဖမ်းထားရလေသည် ။


" ငါ့ကိုလွှတ်စမ်းရှာရွန်... ကွာရှင်းတာကတောင်တော်တော်တရားလွန်နေပြီ... "


ကလိုဒ်က ရုန်းကန်ရင်းအော်ဟစ်နေလေသည် ။


" မင်းဘယ်လိုလုပ်ပြီးဖောက်ပြန်နိုင်ရတာလဲ?  ငါ့သမီးသတ်သေရတဲ့အထိ မင်းဘယ်လောက်တောင်နှိပ်စက်ခဲ့တာလဲ "


" မင်းရဲ့ကလေးကိုတောင် ဂရုမစိုက်ဘူးလား ခွေးကောင်ရဲ့! "


ဂျိမ်းစ်က လူးဝစ်အားထိန်းကိုင်ပေးထားသည့်အတွက် ကျေးဇူးတင်သည့်အနေနှင့် ပြုံးပြလိုက်သည် ။ 


" ကျေးဇူးတင်ပါတယ်... လူးဝစ် "


ဂျိမ်းစ်က သွေးထွက်နေသည့် သူ၏နူတ်ခမ်းအားလက်ဖြင့်သပ်လိုက်ရင်း သွေးများကိုကြည့်ကာပြောလိုက်သည် ။


" အဲ့ဒီမျိုးမစစ်ကလေးက တကယ်ကျွန်တော့သွေးသားဖြစ်နိုင်ပါ့မလား "


ကလိုဒ်က ဂျိမ်းစ်အား ဆက်တိုက်ထိုးနှက်နေခဲ့ပြီး ဂျိမ်းမှာနံရံတွင်ကာကပ်မှီနေရုံသာတတ်နိုင်လေသည် ။ 


ရှာရွန်က တရားလွန်နေသည့်လုပ်ရပ်ကြောင့်အော်ဆဲလိုက်လေသည် ။


" *ီးဘဲ "


လူးဝစ်က ရှာရွန်သောင်းကျန်းမည်ဆိုး၍ အနားသို့ပြေးသွားလိုက်ရလေသည် ။ ကလိုဒ်မှာ အကြိမ်အရေအတော်များများထိုးနှက်ပြီးမှ မောသွားဟန်ရကာခဏရပ်တန့်သွားလေသည် ။


Xxxxxx