အပိုင်း ၈၇
Viewers 13k

Chapter 87


Mori Sue:

Daddy's little ( 87 )


ကလိုဒ်က ဂျိမ်းစ်အားထိုးနှက်နေသည်မှာညှာတာမူအနည်းငယ်မျှပင်မရှိဘဲ ရှိသမျှဒေါသအားလုံးပုံချထားလေသည် ။ ဆရာဝန်နှင့်သူနာပြုများ လာရောက်တားဆီးသည့်အချိန်မှ ရပ်တန့်သွားခဲ့သော်လည်း ဂျိမ်းစ်၏မျက်နှာမှာရစရာမရှိအောင် သွေးများထွက်နေကာညိုမဲစုတ်ပြတ်နေပြီဖြစ်သည် ။


ရှာရွန်က ကလိုဒ်အားဆွဲထားရင်းပြောလိုက်သည် ။


" အဖေစိတ်ထိန်းပါဦး..."


ရှာရွန်က သူ၏အဖေလူအိုကြီးမှာအရမ်းသန်မာကြောင်း သိထားပြီး အလွန်ဒေါသထွက်နေသောအချိန်ကိုမဆိုထားနှင့် ပုံမှန်အချိန်တွင်ပင် ဂျိမ်းစ် ထိုလူအိုကြီးအားမနိုင်နိုင်ပေ ။


" အဲ့ဒီခွေးသားက မင်းရဲ့ညီမအရင်းကိုဘယ်လိုဆက်ဆံလဲဆိုတာကိုကြည့်ဦးလေ မင်းကငါ့ကိုဘာကိစ္စလာတားနေရတာလဲ "


ဂျိမ်းစ်က နာနာကျင်ကျင်ရီမောကာပြောလိုက်သည် ။


" ခင်ဗျားရဲ့ သမီးအကြောင်းကို ခင်ဗျားမသိဘူးလား....သူထလာမှအကြောင်းစုံမေးကြည့်ပါဦး...ခင်ဗျားရဲ့သမီးလေးက ခင်ဗျားထင်သလိုဖြူစင်မနေဘူး... "


သူနာပြုတစ်ယောက်က သွေးများဆက်တိုက်စီးကျနေသော ဂျိမ်းစ်၏ဒဏ်ရာများကိုကြည့်ကာပြောလိုက်သည် ။


" ရှင့်ရဲ့ ဒဏ်ရာကိုအမြန်ကုသမှဖြစ်မယ် "


" ငါ့သမီးကို သတ်သေဖို့အထိစိတ်ဆင်းရဲစေခဲ့တဲ့ကောင်ကို ဘာမှကုသပေးစရာမလိုဘူး "


" ခင်ဗျားသမီးက သူ့ဘာသာ..."


ကလိုဒ်က ဂျိမ်းစ်၏ ဒူးဆစ်အားကန်လိုက်ရာ ဒူးထောက်ကျသွားပြီး နံရံနှင့်ခေါင်းအားပြင်းထန်စွာရိုက်ခတ်သွားစေခဲ့သည် ။ 


ရန်ပွဲအားဖြန်ဖြေရန်အတော်ပင် ကြိုစားလိုက်ရပြီး အချိန်အတော်အတန်ကြာသည့်အခါမှ လူစုခွဲနိုင်သွားလေသည် ။


ရှာရွန်က စိုးရိမ်တကြီးလက်သည်းကိုက်နေသော အိန်ဂျလာအားကြည့်ကာ ပြောလိုက်သည် ။


" အမေ.. ကာလိုဒ်ဘာတွေလုပ်ခဲ့လဲဆိုတာ အဖေ့ကိုပြောမပြထားဘူးလား "


" မင်း အဖေအကြောင်းကိုမင်းလဲသိတာဘဲ... ဖောက်ပြန်တာကိုသူအမုန်းဆုံးလေ အခုလေးတင်ဂျိမ်းစ်ကို ဘယ်လိုလုပ်လိုက်လဲတွေ့တယ်မဟုတ်လား "


အိန်ဂျလာက သူမ၏သမီးဘက်မှကာကွယ်ကာပြောဆိုလိုက်သည် ။


" မင်းရဲ့ ညီမလေးကို ဘယ်လိုမျိုး ဒုက္ခတွေခံစားခိုင်းစေချင်သေးလို့လဲ "


ရှာရွန်က အေးစက်စွာပြောလိုက်သည် ။


" ဒါဆိုရင် အမှားလုပ်တဲ့လူက ဂျိမ်းစ်လို့ဘဲ အမှန်တရားကိုဖုံးကွယ်ထားတော့မလို့လား "


" ဘာဖြစ်လဲ ဖောက်ပြန်တာတော့မှန်နေတာဘဲလေ... ကာလိုဒ်က သူရဲ့နာမည်ကိုတောင်ပြောပြပါသေးတယ် တယ်... လန်...လန်လင်းဆိုလားဘဲ "


လူးဝစ်နှင့်ရှာရွန်တို့က တစ်ယောက်မျက်နှာတစ်ယောက်အံ့သြစွာကြည့်မိကြလေသည် ။ 


ဘာတွေဖြစ်ကုန်တာလဲ?


ဒရိတ်ခ်နှင့် ပါကာတို့ဆေးရုံသို့ရောက်သည့်အချိန်တွင် ကာလိုဒ်မှာဆေးရုံကုတင်ပေါ်တွင်လဲလျောင်းရင်း သူမ၏လမစေ့ဘဲမွေးလာသည့် ကလေးလေးမှာအထူးကြပ်မတ်ခန်းထဲ၌ အားနည်းဖျော့တော့စွာအိပ်နေလေ၏ ။


ချယ်လ်စီလေး ကအောက်ဆီဂျင်ပိုက်တပ်ကာ အိုင်ဗီချိတ်ထားရသည့် ကာလိုဒ်အားကြည့်၍မေးလိုက်သည် ။


" ပါးပါး အန်တီကအိပ်ပျော်နေတာလားဟင် "


ထို့နောက် သူမလည်းထိုကဲ့သို့ဆေးပိုက်များတပ်ကာအိပ်နေရဖူးကြောင်း အမှတ်ရမိသွား၍ ဒရိတ်ခ်အားဖက်ကာပြောလိုက်သည် ။


" ဖေဖေ...အန်တီကဖျားနေတာလားဟင်... မီးမီးအရင်တုန်းကဖျားသလိုမျိုး အန်တီဖြစ်နေတာလား "


ပါကာလည်း သူမလေး၏နာမကျန်းဖြစ်မူအကြောင်းသတိရသွားကာ စိတ်မကောင်းဖြစ်စွာနှင့် သက်ပြင်းချလိုက်သည် ။


သူမလေးကြုံတွေ့ခဲ့ရသမျှမှာ အသက်အရွယ်နှင့်ပင်မမျှခဲ့ပေ ။ လေးနှစ်အရွယ်ကလေးလေးများ ဆေးပိုက်ပေါင်းစုံတပ်၍ဆေးရုံကုတင်ပေါ်၌ လအတန်ကြာလှဲလျောင်စနေခဲ့ရသည့်အပြင် သူမလိုအပ်ခဲ့သည်မှာ သူမပါးပါး၏ဂရုစိုက်ကြင်နာမူတစ်ခုတည်းသည်သာ ။


ထိုအချိန်၌ ရှာရွန် ၊ လူးဝစ်၏ နှင့်အန်ဂျလာတို့ဝင်လာကြပြီး ရှာရွန်၏ ခေါင်းမှပတ်တီးအားတွေ့သွားလေသည် ။


" ဘာဖြစ်ထားတာလဲ "


ပါကာ စိုးရိမ်တကြီးဖြင့် လက်လှမ်းလာသောကြောင့် ရှာရွန်ကသူ၏လက်ကိုဆွဲကာ ညင်သာစွာပြုံးရင်းပြောလိုက်သည် ။


" ရန်ပွဲမှာ ဝင်ဆွဲရင်းဖြစ်သွားတာ အရမ်းမပြင်းထန်ဘူး သိပ်စိတ်မပူနဲ့ "


လူးဝစ်က သူ၏အမျိုးသားထိခိုက်သွားရ၍ မကျေနပ်သောကြောင့်ရွဲ့ပြောလိုက်သည် ။


" အဲ့ဒီလူအိုကြီးက ဘယ်ကနေဘယ်လိုအားတွေထွက်လာလဲမသိပါဘူး...သူ့သမီးရဲ့လုပ်ရပ်ကိုသိရင်လည်း အဲ့ဒီလိုဘဲ အားရှိနေနိုင်ပါစေဆုတောင်းတယ်...သောက်ဝက်ဝံကြီးတစ်ကောင်လို သူ့သမီးကိုလဲ ဂျိမ်းစ်ကိုရိုက်နှက်သလို ရိုက်နှက်မယ်ဆိုရင့ ငါကတော့အကျယ်ကြီးကို အော်ပြီးအားပေးဦးမှာ "


အိန်ဂျလာက ဒေါသတကြီးအော်လိုက်သည် ။


" လူးဝစ် "


လူးဝစ်က ကလေး၏ရှေ့တွင်ဆဲဆိုမိသွား၍ အမြန်တောင်းပန်လိုက်သည် ။


" တောင်းပန်ပါတယ်...ချယ်လ်စီလေးရှိတာငါမသိလိုက်ဘူး "


အိန်ဂျလာက ကာလိုဒ်၏ကုတင်ဘေးသို့သွားက သူမ၏အေးစက်နေသောလက်ကိုကိုင်၍ငွေကြွေးလေတော့သည် ။


" ငါ့သမီးလေး အရမ်းခက်ခဲခဲ့မှာဘဲ "


ပါကာက လူးဝစ်ကို ကြည့်ကာ ပါးစပ်လူပ်ရုံမျှအသံတိုးတိုးလေးနှင့်မေးလေ၏ ။


" ကလေးဘယ်မှာလဲ "


" ကလေးက လမစေ့ဘဲမွေးလာတာလေ... အသက်ရှင်ဖို့တောင်အရမ်းရုန်းကန်ရမဲ့ပုံဘဲ... တကယ်လို့ သူရှင်သန်နိုင်မယ်ဆိုရင်တောင်မှ ကျန်းမာရေးပြဿနာတွေအများကြီးတော့သေချာပေါက်ကျန်ခဲ့မယ်ထင်တယ် "


ရှာရွန်ကရှင်းပြလိုက်သည်နှင့် ပါကာ၏ခြေထောက်များပျော့ခွေလာကာ လဲကျမလိုဖြစ်သွား၍အမြန်လှမ်းဖမ်းလိုက်ရသည် ။ ဒရိတ်ခ်က ချယ်လ်စီလေးကို ချထားပြီးနောက် ပါကာ့နားသို့လာကာ ထိုင်ချနိုင်ရန်ကူညီပေးလိုက်သည် ။


ပါကာက သူ၏ဗိုက်ကလေးအားလက်ဖြင့်ထိ

ကိုင်ထားကာ အရမ်းစိတ်ပူနေမိသည် ။ ကာလိုဒ်ကဲ့သို့သောလုပ်ရပ်မျိုးသူဘယ်သောအခါမျှလုပ်မည်မဟုတ်သော်လည်း သူ၏ကလေးလေးအားကျန်းမာရေးပြဿနာတစ်စုံတစ်ရာဖြင့်မမွေးဖွားလာစေချင်ပါပေ ။


လအနည်းငယ်အတွင်းမွေးရက်ရောက်တော့မည်ဖြစ်သည့်အတွက် ပို၍ပင်စိုးရိမ်ပူပန်နေရသည် ။


သူရဲ့ကလေးလေးက သေချာပေါက်ကျန်းကျန်းမာမာမွေးဖွားလာရမယ်!


အချိန်ခဏမျှကြာသော်အခါ အခန်းအပြင်တွင်နောက်ထပ်ဆွေးမျိုးများရောက်ရှိလာဟန်ရ၍ထွက်ကြည့်သောအခါ၌ ပါးရိုက်သံအကျယ်ကြီးအားကြားလိုက်ရသည် ။


" ဖြန်း!"


ဂျန်က ဒေါသတကြီးဖြင့်ပြောလေ၏ ။


" ရှင်က ကျွန်မရဲ့အဖိုးတန်သားလေးကို ရိုက်နှက်ရဲတယ်ပေါ့ "


ဟူစတန်က ကလိုဒ်ကအေးစက်စွာစိုက်ကြည့်နေ၍ဂျန်က စာရွက်စာတမ်းအထပ်လိုက်ကြီးဖြင့် ကလိုဒ်မျက်နှာတည့်တည့်အားပစ်ပေါက်ကာပြောလိုက်သည် ။


" ရှင့်သမီးရဲ့ လုပ်ရပ်တွေကိုတစ်ခုမကျန်ဖော်ထုတ်ပြမယ်..."


ဟူစတန်က နပန်းထလုံးတော့မည့်ပုံပေါ်နေသော သူ၏အမျိုးသမီးအားဆွဲထားရင်းပြောလိုက်ကာ သူ၏လေသံထဲတွင်ခြိမ်းခြောက်လိုမူတို့အားလည်း ဖုံးကွယ်မထားပေ ။


" ခင်ဗျားတို့ တရားခွင်ရင်ဆိုင်ဖို့ရှေ့နေကြိုပြင်ထားသင့်တယ် "


×××


လန်လင်း ဆိုင်ပိတ်တော့မည့်ဆဲဆဲအချိန်တွင် လူတစ်ယောက်ရောက်လာကာ သူ၏ခါးအနောက်မှပွေ့ဖက်ထားလေ၏ ။ ထိုလူက လန်လင်း၏ပုခုံးပေါ်၌ ခေါင်းတင်ထားကာ စိတ်သက်သာရာရသွားဟန်ဖြင့်သက်ပြင်းချ၍ ပြုံးကာ တောင်းဆိုလိုက်လေသည် ။


" လန်... အချစ်ကလေး ကိုယ့်ကိုလက်ထပ်မလားဟင် "


လန်လင်း "......"


Xxxxx