အပိုင်း ၈၈
Viewers 13k

Chapter 88


Mori Sue:

Daddy's little ( 88)


ဆေးရုံတွင် အကြိတ်အနယ်ရန်ပွဲဆင်နွဲခဲ့ကြသည်မှာ သုံးရက်ကြာခဲ့ပြီဖြစ်ကာ ဂျိမ်းစ်နှင့် လန်လင်းကြားတွင်လည်း သဘောတူညီမူရယူပြီးဖြစ်၍ အတူတူနေထိုင်နေကြပြီဖြစ်သည် ။


ဂျိမ်းစ်က နူးညံ့ညင်သာစွာပြောလိုက်သည် ။


" ဒီရက်တွေအတွင်း ကိုယ့်ဘေးမှာရှိနေပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်ကွာ "


" သူငယ်ချင်းတွေတိုင်း ဒီလိုလုပ်ပေးကြမှာပါဘဲ "


ဂျိမ်းစ်က ကော်ဖီလာချပေးနေသော ပါကာအားပြုံးပြုံးနှင့်သာကြည့်နေလေ၏ ။


" ဆရာဝန်က ပြောထားတယ်ကိုယ့်ရဲ့ ဒဏ်ရာတွေကြောင့် ပူတာတွေစားလို့မရဘူးတဲ့ "


" အိုကေ... ဒါဆိုကျွန်တော် အေးတာတစ်ခုခုစီစဥ်ပေးမယ် "


လန်လင်းက ဂျိမ်းစ်၏မျက်နှာမှဒဏ်ရာများအားကြည့်ကာ သက်ပြင်းချ၍ တွေးလိုက်သည် ။ သူ့အဖေ၏လက်သီးချက်များမှာ အလွန်ပင်ပြင်းထန်လှလေသည် ။ 


ကွဲပြဲနေသောနူတ်ခမ်းကြောင့် လန်လင်းအား မနမ်းရူံ့နိုင်သည့်အပြင် အနည်းငယ်ပွတ်တိုက်မိရုံမျှဖြင့် ပြန်လည်ကွဲပြဲသွားနိုင်သောကြောင့် သူ၏စိတ်ဆန္ဒအားချုပ်တီးနေရပါသော်လည်း  လန်လင်း၏နှလုံးထားရှိခံစားချက်များအားသိချင်နေဆဲပါပင် ။


ဂျိမ်းစ်က လန်လင်းဖျော်လာပေးသော လိမ္မော်ရည်ကိုသောက်ပြီးနောက် မဝံ့မရဲဖြစ်နေဟန်ဖြင့်မေးလိုက်သည် ။


" ကိုယ်မင်းကို လျှောက်လည်ဖို့ခေါ်ရင် မင်းလက်ခံမှာလားဟင် "


လန်လင်းမှာ ကြောင်အသွားကာ သူ့အားစိုက်ကြည့်နေသည့် ဂျိမ်းစ်၏ ရွှေအိုရောင်မျက်ဝန်းတစ်စုံထဲတွင်နစ်မျောသွားရလေသည် ။


သို့သော်လည်း သူ၏အသိစိတ်အားအမြန်ချုပ်ထိန်း၍ ပြုံးကာပြောလိုက်သည် ။


" ကျွန်တော် အိမ်ထောင်ရှိအမျိုးသားတစ်ယောက်နဲ့ ဒိတ်မှာမဟုတ်ဘူး "


ဂျိမ်းစ်က စိတ်အေးလက်အေးပုံစံနှင့်ပြောလိုက်လေသည် ။


" တကယ်လို့ အဲ့ဒီအမျိုးသားကအိမ်ထောင်သည်မဟုတ်တော့ဘူးဆိုရင်ရော "


လန်လင်းက အဝေးသို့သာငေးကြည့်နေလေ၏ ။ ဂျိမ်းစ်က လန်လင်းအား မျက်တောင်မခတ်စိုက်ကြည့်နေရင်း သူ၏အကြည့်များမှာလွန်စွာမှနွေးထွေးလှလေသည် ။


" ကိုယ်စောင့်နေပါ့မယ် "


××××


ဘရောင်း မိသားစုရှိလူတိုင်းအပြင်းအထန်ငြင်းခုန်နေကြကာ ပြဿနာနှင့်မသက်ဆိုင်သည့် ရှာရွှန်သည်ပင် ထိုအရုပ်တော်ပုံထဲဝင်ပါလာရ၍ လူးဝစ် ဒေါကန်နေရသည် ။


မိသားစုထဲမှ သက်ကြီးပိုင်းတစ်ယောက်ကပြောလိုက်သည် ။


" သူတို့တွေ လုပ်ရဲတယ်လား "


" အိန်ဂျလာ မင်းရဲ့သမီးကိုဘာလို့အရှက်မရှိတဲ့လုပ်ရပ်တွေလုပ်ခွင့်ပေးခဲ့ရတာလဲ...ပြီးတော့ ကူပြီးတောင်ဖုံးကွယ်ပေးလိုက်သေးတယ် "


" စိတ်အေးအေးထားကြပါဦး...ကျွန်မတို့..."


အိန်ဂျလာက ဖြောင်းဖျနေသည့်အချိန်တွင် ဝမ်းကွဲတစ်ယောက်ကအော်လိုက်သည် ။


" ရှာရွန်...မင်းရဲ့ညီမက အိပ်ရာထဲလဲနေတာတောင် တရားစွဲခံရတော့မလိုဖြစ်နေတဲ့အချိန်မှာ မင်းဂရုစိုက်မပေးနိုင်ဘူးလား...မင်းညီမထက်ဘယ်အရာတွေကအရေးကြီးနေလို့လဲ "


လူးဝစ်က သည်းမခံနိုင်တော့၍ အသားများပင်တဆတ်တဆတ်တုန်ရီနေကာ ထအော်တော့သည် ။


" ရှာရွန်ကို လာမအော်ကြစမ်းပါနဲ့! သူထိခိုက်သွားတာတောင်မလုံလောက်သေးဘူးလား... သူ့ဘာသာသူသတ်သေတာ ရှာရွန်နဲ့ ဘာဆိုင်လို့လဲ...ဂျိမ်းစ်က ကွာရှင်းချင်တာလဲ ရှာရွန်နဲ့ဘာဆိုင်လို့လဲ...ကျေးဇူးပြုပြီး သူ့အပေါ်ကိုဖိအားတွေထပ်မပေးနဲ့တော့...သူ့အပေါ်ဖိအားပေးနိုင်တဲ့သူဆိုတာ ကျွန်တော်နဲ့ကလေးတွေဘဲဖြစ်ရမယ်...သူတို့အဖေ ထိခိုက်သွားတာမြင်တော့ကလေးတွေဘယ်လောက်တောင်လန့်ပြီး စိတ်ပူသွားရလဲသိလား "


လူးဝစ်က မိသားစုဆက်ဆံရေးအကြောင်း ဂရုမစိုက်သော်လည်း ရှာရွန်ကတော့ဂရုစိုက်လေသည် ။ သူ့အနေနှင့် ရှာရွန်အားမိသားစုနှင့်သဘောထားကွဲလွဲအောင် မပြောဆိုချင်ပါသော်လည်း ယခုမူ လူကြမ်းလုပ်ရတော့မည်ပင် ။


" အခုကိစ္စက ဘာမှရှာရွန် ဝင်ပါစရာမလိုဘူး... ကာလိုဒ်ရဲ့အရူပ်ထုပ် တွေလေသူမကိုယ်တိုင်ဖြေရှင်းပါစေပေါ့... ခင်ဗျားတို့ မျက်လုံးတွေကိုသေသေချာချာဖွင့်ပြီး ဦးနှောက်ရှိရှိစဥ်းစားကြစမ်းပါ...ခင်ဗျားတို့ရဲ့ဆုံးဖြတ်ချက် က လူတွေကိုသေတွင်းထဲတွန်းပို့နေသလိုဘဲ...ဂျက်ဆီ ၊ လာဗီနာနဲ့ ပါကာတို့ရဲ့အိမ်ထောင်ရေးတွေကိုဘဲကြည့်ဦးလေ... ခင်ဗျားတို့က ကူညီတာထက်ပိုပြီးဖိအားပေးနေကြတာလေ ...အခု အဲ့ဒီလိုပုံစံမျိုးနဲ့ ကျွန်တော့်ကို လာဖိအားမပေးနဲ့ "


ထို့နောက် လူးဝစ်က သူ၏ယောကျ်ားအား လက်မောင်းမှဆွဲကာ ပြောဆိုနေသံများကိုလျှစ်လျူရူရင်းထွက်သွားလေတော့သည် ။


×××


ပါကာက ချယ်လ်စီလေးအား အိပ်ရာဝင်ပုံပြင်ဖတ်ပြကာ သူမလေးအားချော့သိပ်နေ၍ သူမလေးအိပ်ပျော်တော့မည့်အချိန်တွင် သူမလေး၏နဖူးအားနမ်းလိုက်သည် ။


သူမလေးက အိပ်ပျော်ခါနီးအချိန်မှာပင် ပါကာ၏ဗိုက်အားပွတ်သပ်၍မောင်ငယ်လေးအား နူတ်ဆက်ရန်ပေးရန်မမေ့ပေ ။


" ဂွတ်နိုက် ဖေဖေ...ဂွတ်နိုက် ပါးပါး...ဂွတ်နိုက် ဟီးဗန်း "


ဒရိတ်ခ်နှင့် ပါကာမှာတပြိုင်တည်းပင် ပြောလိုက်ကြလေသည် ။


" ဂွတ်နိုက် သမီးလေး..."


ချယ်လ်စီလေးက တခစ်ခစ်ရီမောရင်း သူမ၏အရုပ်ကလေးဘန်ဘန်ကိုပိုက်ကာ အိပ်ရန်ပြင်တော့သည် ။


×××


တစ်ပတ်ကြာမြင့်ခဲ့ပြီးနောက်တွင် ကာလိုဒ် မျက်လုံးဖွင့်လာခဲ့လေ၏ ။ စစ်ဆေးရန်လာသောသူနာပြုမှာ ဆရာဝန်အားအမြန်ပြေးခေါ်လေတော့သည် ။ ကာလိုဒ်၏ လည်ချောင်းမှာအလွန်ချောက်သွေ့နေ၍ စကားတစ်လုံးထွက်လာရန်ပင် မနည်းကြိုးစားနေရလေသည် ။


သူမကအက်ကွဲနေသည့်အသံဖြင့် ဆရာဝန်အားကြည့်ကာမေးလိုက်သည် ။


" က...ကလေး...ရော "


ဆရာဝန်က သူမအားအလွန်စိတ်မကောင်းဖြစ်နေသည့်အမူအယာနှင့်ပြောလိုက်သည် ။


" ကျွန်တော်တို့ အကောင်းဆုံးကြိုးစားခဲ့ပါတယ်... ဒါပေမဲ့ သူမလုပ်နိုင်ခဲ့ဘူး "


ကာလိုဒ်၏ မျက်ဝန်းထဲမှ မျက်ရည်များတဟုန်ထိုးစီးကျလာခဲ့ပြီး အခန်းအတွင်း၌အလွန်ကြေကွဲဖွယ်အော်ဟစ်ငိုသံဖြင့်ပြည့်နှက်သွားခဲ့လေသည် ။ ထိုအသံထဲမှ စစ်မှန်သောဝမ်းနည်းကြေကွဲနေရမူနှင့် နာကျင်မူတို့မှာ အထင်အရှားပင်ပေါ်လွင်နေလေ၏ ။


Xxxxxx