အပိုင်း ၈၉
Viewers 13k

Chapter 89


Mori Sue:

Daddy's little ( 89)


ကာလိုဒ်က သူမ၏လက်ထဲမှစာရွက်စာတမ်းများအား ဗလာဖြစ်နေသောမျက်လုံးများဖြင့်ကြည့်နေပြီး မည်သို့သောခံစားချက်မျိုးမျှရှိမနေပေ ။


" ဘောပင် ဘယ်မှာလဲ "


ကလိုဒ်က အံကြိတ်ကာ​ပြောလိုက်သည် ။


" ကိုယ့်ပေါင်ကိုတောင်ကိုယ်သေသေချာချာစိမထားနိုင်ဘူးလား... နင်က ငါတို့တစ်မိသားစုလုံးရဲ့မျက်နှာကိုအိုးမည်းသုတ်လိုက်တာဘဲ "


ကလိုဒ်၏ ပြောဆိုသံကအလွန်ကျယ်လောင်ပါသော်လည်း ကာလိုဒ်မှာစိတ်မဝင်စားသည့်အမူအယာနှင့်ပင် ။


" ပြောလို့ပြီးပြီလား "


ကလိုဒ်က သူမ၏ပါးအားပြင်းပြင်းထန်ထန်ရိုက်နှက်လိုက်သောကြောင့် လက်ငါးချောင်းရာမှာပါးပေါ်၌ထင်ရှားစွာထင်ကျန်သွားရလေသည် ။


သူမပထမဆုံးအကြိမ်အရိုက်ခံလိုက်ရသော်ငြား ၊ ပထမဆုံးအကြိမ် ကလိုဒ်၏ဒေါသဒဏ်ကိုခံစားခဲ့ရသော်ငြား ၊ မိသားစုအားအရှက်ရစေခဲ့သော်ငြား သူမ၏အမူအယာမှာအေးစက်စက်ဖြစ်နေဆဲပါပင် ။


သူမသည် အလွန်တင်းကျပ်သောစည်းမျဥ်းများနှင့်မိသားစုတွင်းမွေးဖွားခဲ့ရသည့်အပြင် မိသားစု၏စံသတ်မှတ်ချက်နှင့်မကိုက်ညီသောအမျိုးသားတစ်ဦးနှင့် ချစ်ကျွမ်းဝင်ခဲ့သည် ။ 


ထိုသူမှာရုပ်ရည်မချောမောပါသော်လည်း ၊ ကြွယ်ဝချမ်းသာခြင်းမရှိပါသော်လည်း သူမ၏ဘဝအားမျှော်လင့်ချက်ရောင်ချည်များထွန်းလင်းစေခဲ့သည် ။ သို့သော်မိသားစု၏ ပြင်းထန်သည့်ကန့်ကွက်ချက်များကြောင့် ထိုနွေးထွေးသောနေရောင်ခြည်မှာ ဆောင်းတွင်း၏အေးစက်သောနှင်းမိုးအောက်တွင်နစ်မြုပ်သွားခဲ့ရသည် ။


သူတို့ပြောကြသည်မှာထိုသူသည် သူမနှင့်မထိုက်တန်ဟူ၍....


စေ့စပ်ပွဲ....


သူမတွင် ချစ်ရသူရှိပါရက်နှင့်စေ့စပ်ခဲ့ရလေသည် ။


ဘာလို့စေ့စပ်ဖို့လိုခဲ့တာလဲ....


မိသားစု၏ ထုံးစံအရ မိသားစုဝင်တစ်ယောက်ဖြစ်နေသရွေ့ ပြီးပြည့်စုံသောသမီးတစ်ယောက် လက်ထပ်ပြီးချိန်တွင်ပြီးပြည့်စုံသောဇနီးမယားတစ်ယောက် ၊ မိခင်ကောင်းတစ်ယောက်ဖြစ်ရမည်ဟု ဦးနှောက်ထဲရိုက်သွင်းထားကြသည် ။


ထို့ကြောင့်ပင် သူမ၏ချစ်သူနှင့်အတင်းအကြပ်လမ်းခွဲခိုင်းခဲ့ကြပြီး လက်ထပ်စေခဲ့ကြသည် ။ သူမ၏အမျိုးသားဖြစ်သူမှာတုံးအပြီး သူမအားဂရုစိုက်ချင်ခင်သည့်အပြင် စီးပွားရေးဆန်သောလက်ထပ်မူအား လျှစ်လျူရူကာ သူမအားချစ်မြတ်နိုးပေးခဲ့လေသည် ။


သို့သော်လည်း ထိုအချိန်၌သူမခံစားရသမျှမှာ နာကျင်ဝမ်းနည်းမူနှင့်ခံပြင်းမူတို့သာဖြစ်သည် ။ ဂျိမ်းစ်ဘက်မှမည်မျှပင် အလိုလိုက်အကြိုက်ဆောင်ခဲ့စေကာမူ သူမ၏ရင်ထဲ၌အချစ်ဟောင်းကသာနေရာယူထားဆဲပါပင် ။


အများအမြင်၌ ခင်ပွန်းသည်ထံမှသည်းသည်းလူပ်အချစ်ခံရသော ဇနီးတစ်ယောက်ဖြစ်ပါသော်လည်း သူမအတွက်မူအကျဥ်းကျနေသလိုခံစားခဲ့ရသည် ။


တစ်နေ့တွင် သူမ၏အချစ်ဟောင်းအား အမျိုးသမီးတစ်ယောက်နှင့်အတူတွဲတွေ့လိုက်ရချိန်တွင် မယုံကြည်နိုင်မူများနှင့်မနာလိုမူများကြောင့် ရူးသွပ်တော့မလိုပင်ခံစားလိုက်ရလေသည် ။ 


သူမက အချစ်ဟောင်းနှင့်ပြန်လည်ဆက်သွယ်ခဲ့ပြီး လူသိမခံဝံ့သောပက်သက်ဆက်နွယ်မူအချို့ကိုစတင်ခဲ့လေသည် ။ သူမ၏ရိုးအသောခင်ပွန်းသည်အားလှည့်စား၍ အချစ်ဟောင်းနှင့်နွေဦးနေ့ရက်များကိုပျော်ရွှင်စွာခံစားနေခဲ့ပြီး စိတ်ကျေနပ်စွာနေထိုင်ခဲ့သည် ။


ရိုးအသောခင်ပွန်းသည်၏ပြုစုယုယမူအပြင် အချစ်ဟောင်းနှင့်သာယာသောဆက်ဆံရေးကြောင့် မကြာမှီတွင်ပင် ကိုယ်ဝန်ရလာခဲ့သည် ။ ကလေးအဖေမှာမည်သူဖြစ်နိုင်သည်ကိုပင် သူမဂရုမစိုက်ခဲ့ပါချေ ။


အချိန်များကြာမြင်လာသည်နှင့် လူတို့၏စိတ်မှာလည်း​ပြောင်းလဲလာလေသည် ။ ထိုသူက အမှောင်ထဲတွင်ဆက်လက်မနေထိုင်တော့လိုသည့်အတွက် သူမအားတောက်ပခွင့်ပေးကာ လက်လွှတ်တော့မည်ဟုဆို၏ ။


သူမအနေနှင့်ထိုသူအားလက်မလွှတ်နိုင်ခဲ့ပါချေ ။ သို့သော်လည်း ထိုသူမှာပိုက်ဆံများယူကာထွက်ပြေးသွားခဲ့ပြီး နှစ်အတန်ကြာတွင်သေဆုံးသွားခဲ့လေသည် ။


သူမအတွက် ခင်ပွန်းသည်သားလေးနှင့်အတူသာယာသောမိသားစုဘဝလေးအားပိုင်ဆိုင်၍ ပြည့်စုံပြီထင်ခဲ့သော်လည်း ကလေးမှာဂျိမ်းစ်၏သွေးသားမဟုတ်ခဲ့ပါချေ ။ 


သူမလက်မလွှတ်နိုင်ခဲ့သော ပျော်ရွှင်မူနှစ်ခုစလုံးပျောက်ကွယ်သွားရလေသည် ။ အတိတ်ကိုသာပြန်သွား၍ ရမည်ဆိုလျှင် သူမဂျိမ်းစ်အား လက်ထပ်ခဲ့မည်မဟုတ်ပေ ။


သူမတို့နှစ်ဦးမှာ မဆုံစည်းသင့်ခဲ့သောသူများဖြစ်ကြမှန်း ဂျိမ်းစ်ပါနားလည်လေ၏ ။သူမအတိတ်အားမပြင်ဆင်နိုင်ပါသော်လည်း အနာဂတ်ကိုမူပြောင်းလဲနိုင်ပေသည် ။ 


အမှားတွေကိုပြင်ဆင်ပြီး သူ့ကိုပျော်ရွှင်ခွင့်ပေးလိုက်ရအောင်...


သူမသာမက သူမ၏မိသားစုဝင်များအားလုံးသည် သူ့အားထိန်းချုပ်ထားရန်အခွင့်မရှိပါချေ ။


" အခုတော့ဆေးရုံကဆင်းတာနဲ့ ချက်ချင်းတရားရုံးရောက်တော့မယ် နင်သာ လူတကာနဲ့မဖောက်ပြန်ခဲ့ရင် ဒီလိုမျိုးတွေဖြစ်လာခဲ့စရာအကြောင်းမရှိဘူး....တော်သေးတာပေါ့ ကလေးကဂျိမ်းစ်ရဲ့ကလေးဖြစ်နေလို့... ဒါပေမဲ့ ပထမကလေးက...နင့်ရဲ့သွေးသားကိုတောင်အသက်ရှင်အောင်မထားနိုင်ဘူးလား.... "


အမှန်ပင် ဒုတိယမြောက်ကလေးမှာ ဂျိမ်းစ်၏ သွေးသားပင်ဖြစ်သည် ။ ထိုသူမှလွဲ၍ သူမချစ်သောအမျိုးသားမှာဂျိမ်းစ်ပါပင် ။ သူမဖောက်ပြန်ခဲ့ရခြင်းမှာ လက်မလွှတ်နိုင်သောစိတ်ကြောင့်နှင့်အတိတ်ကိုမေ့ပျောက်ကာ ရှေ့မဆက်နိုင်သောကြောင့်ဖြစ်သည် ။


" ပြောလို့ပြီးပြီဆိုရင် ထွက်သွားပေးပါလား အရမ်းပင်ပန်းနေပြီ "


သူမလှဲလိုက်ကာ စောင်ကိုမျက်နှာဖုံးသည်အထိဆွဲတင်လိုက်သည် ။ အခန်းထဲမှ ထွက်သွားသည့်ခြေသံများကြားရပြီးနောက်တွင် မထိန်းနိုင်မသိမ်းနိုင် ထပ်မံငိုကြွေးမိလေသည်။


Xxxxxx