Chapter 109
Daddy's little
Side story ( 14)
သုံးနှစ်ကြာပြီးနောက်...
ရှာရွန်က အစည်းအဝေးခန်းထဲ၌ အရူးတစ်ယောက်ကဲ့သို့အော်ဟစ်နေသည့်အမျိုးသားတစ်ဦးအား မျက်နှာသေဖြင့်စိုက်ကြည့်နေလေသည် ။
" မင်းရဲ့ ကလေးကိုသေသေချာချာဆုံးမထားရဲ့လား...ဘယ်လိုကလေးမျိုးက တခြားကလေးရဲ့မျက်လုံးကိုထိခိုက်သွားအောင်လုပ်မှာလဲ "
" ကျွန်တော့်ရဲ့သားက ဘယ်တော့မှအကြောင်းအရင်းမရှိဘဲနဲ့ လူကိုထိခိုက်အောင်လုပ်မှာမဟုတ်ဘူး "
" အကြောင်းအရင်းလိုနေသေးလို့လား... ငါ့သားမျက်လုံးတောင်ကန်းတော့မလို့လေ "
ရှာရွန်က ထိုကောင်လေးအားကြည့်လိုက်သောအခါငိုချတော့မလိုရူံ့မဲ့မဲ့လုပ်နေသည်အားတွေ့လိုက်ရသည် ။ လိုရီတိုမှာ အစအနောက်သန်သောကလေးဖြစ်သော်ငြား တစ်စုံတစ်ယောက်အား အကြောင်းမဲ့သပ်သပ်ထိခိုက်အောင်လုပ်မည်မဟုတ်ချေ ။
သူ့သားအကြောင်းကောင်းကောင်းသိသည့် ရှာရွန်မှာ ထိုကောင်းလေးသည် လိုရီတို၏သူငယ်ချင်းမဟုတ်ကြောင်းမှန်းဆမိသွားလေသည် ။
" အရင်ဆုံး လိုရီတိုပြောတာကိုနားထောင်ကြည့်ရအောင်ပါ "
" အဲ့တာသားအပြစ်မဟုတ်ဘူး... သူကချယ်လ်ချယ်လ်ရဲ့ ဒိုင်ယာရီစာအုပ်ကိုဆွဲဖြဲတဲ့အပြင် အကျယ်ကြီးအော်ဖတ်ပြီးအရှက်ခွဲခဲ့တာ... ပြီးတော့ချယ်လ်ချယ်သားကိုလုပ်ပေးတဲ့ မွေးနေ့ဆုတောင်းကတ်လေးကိုလဲဖျက်ဆီးပစ်သေးတယ် "
ရှာရွန်က ထိုကောင်လေးမှာ လိုရီတို၏ဒေါသနေရာအားသွားဆွလိုက်သည်ဖြစ်ကြောင်း သေချာသွားပြီဖြစ်သည် ။ ကိုယ်ရေးကိုယ်တာလျို့ဝှက်ချက်များအပြင် တန်ဖိုးထားသောအရာများအားဖျက်ဆီးခံလိုက်ရသောကြောင့် ဒေါသထွက်သည်မှာဖြစ်သင့်သည်ပင် ။
ထိုလူက ထပ်မံအော်ဟစ်ပြန်သည် ။
" စာအုပ်တစ်အုပ်အတွက်နဲ့ ငါ့သားကိုမျက်လုံးကန်းလောက်တဲ့အထိလုပ်တာလား "
" အဲ့ဒီ့စာအုပ်ကသူ့အတွက်အရမ်းအရေးကြီး..."
" နောက်တစ်အုပ်ထပ်ဝယ်လိုက်လေ... စျေးဆိုင်တွေမှာရောင်းနေတာဘဲမဟုတ်ဘူးလား... "
" ခင်ဗျားရဲ့ကလေးက အနိုင်ကျင့်တတ်တဲ့စရိုက်ရှိတာဘဲ "
" ကလေးအချင်းချင်းကစားတာလေ... မင်းရဲ့သားကသာအရင်လက်ပါပြီးငါ့ကလေးကို..."
ထိုလူ့ထံမှနောက်ထပ်စကားလုံးများမထွက်နိုင်ခင်မှာပင် ရှာရွန်ကလက်သီးတစ်ချက်ပစ်ကျွေးလိုက်သောကြောင့် သွားနှစ်ချောင်းကျွတ်ကာ ယိုင်နဲ့နဲ့ဖြင့်နာကျင်စွာအော်ဟစ်နေရတော့သည် ။
" ဝါး...ဖေဖေ မိုက်လိုက်တာ သားကိုအဲ့အကွက်သင်ပေးပါလား "
ရှာရွှန်မှာ သက်ပြင်းချလိုက်မိသည် ။ သေချာပေါက် သူ့သား၏ဒေါသကြီးပုံမှာ သူနှင့်တစ်ခြေရာတည်းပါပင် ။
ဘယ်သူ့ကိုသွားပြီးအပြစ်တင်လို့ရပါ့မလဲလေ...
×××
ပါကာမှာ ရေချိုးခန်းထဲ၌ သူ၏ပါးစပ်ကိုအုပ်ထားရင် အသံမထွက်အောင်ကြိုးစားနေရလေသည် ။ ရေချိုးခန်းမှန်မှတစ်ဆင့် သူ၏ခန္ဓာကိုယ်အနေအထားအားရှင်းလင်းပြတ်သားစွာမြင်နေရပြီး ဒရိတ်ခ်မှာ အားနှင့်မာန်နှင့်ဆောင့်သွင်းနေလေ ၏ ။
ပြီးခဲ့သည့် သုံးနှစ်တာအတွင်း၌သူတို့၏စိတ်လူပ်ရှားစရာပူစပ်ပူစပ်လုပ်ချိန်များမှာ အလွန်နည်းပါးလှလေသည် ။ ဟီးဗန်းလေးအားမွေးပြီးပထမတစ်နှစ်တာမှာ အချင်းချင်းဖြေလျော့ပေးရုံနှင့် ပါးစပ်အားအသုံးပြုခြင်းသာတတ်နိုင်ခဲ့ပြီး ကလေးအားစောင့်ကြည့်နေရ၍ အပြည့်အစကျေနပ်မူမရခဲ့ပါချေ ။
ဒုတိယတစ်နှစ်တာမှာပို၍ပင်ဆိုးဝါးပြီး ကလေးနှစ်ယောက်နှင့်လုံးလည်ချာလည်လိုက်နေသောကြောင့် ထိတွေ့ရန်ပင်မစွမ်းသာနိုင်ခဲ့ကြပေ ။ ယခုတတိယမြောက်နှစ်တွင်တော့ သူတို့၏ပူစပ်ပူလောင်လေးများပြုချိန်အတွင်း၌ ကလေးနှစ်ယောက်မှာအချိန်ကိုက်ရောက်လာလေ့ရှိသည် ။
ချယ်လ်စီလေးက လမ်းလျှောက်တတ်ခါစ ဟီးဗန်းလေးအားခေါ်ကာ အခန်းထဲသို့တိတ်တိတ်လေးခိုးဝင်လာလေသည် ။
" မောင်လေး တိတ်တိတ်လေးနေရမယ်နော် "
ချယ်လ်စီးလေးက ကုတင်ပေါ်၌ သူမ၏ပါးပါးအားမတွေ့ရသောကြောင့် ရေချိုးတွင်ရှာရန်လျှောက်လာလေသည် ။
ကလေးများ၏ခြေသံကြားသည်နှင့် ပါကာမှာအလျှင်အမြန်ဆေးကြောကာ တံခါးဖွင့်၍ချယ်လ်စီလေးအား ပွေ့ဖက်လိုက်လေသည် ။ ဟီဗန်းလေးကလည်း သူ့အားပွေ့ချီရန်မပီကလာပီကလာနှင့်ပြောလေသည် ။
ဒရိတ်ခ်က ရီမောရင်း ဟီးဗန်းလေးအား ပွေ့ချီလိုက်ကာနမ်းလိုက်သည့်အချိန်တွင် တခစ်ခစ်ရီမောလာလေသည် ။
×××
" ဒီမှာ လူကြီးမင်းရဲ့စာရွက်စာတမ်းတွေပါ..သာယာတဲ့နေ့လေးတစ်နေ့ဖြစ်ပါစေ..."
ဂျိမ်းစ်က ပြုံးလိုက်ရင်းအဆောက်အဦထဲမှထွက်လာလေ၏ ။ ဖြတ်သွားဖြတ်လာလူများစွာနှင်လြပတ်ဝန်းကျင်မှာအလွန်သက်ဝင်လွန်းလှသည် ။ ရွှေရောင်ဆံပင်နှင့် ရွှေညိုရောင်မျက်ဝန်းများနှင့် လူတစ်ယောက်မှာ လုအုပ်ကြီးထဲတွင် အလွန်ထင်ရှားနေလေသည် ။
ထိုသူမှာ လက်ထဲတွင်စာတစ်စောင်အား အလွန်တန်ဖိုးထားကိုင်ထားရင်း တက္ကစီစီးရန်စောင့်ဆိုင်းနေလေသည် ။
×××
The End...
Story လေးပြီးဆုံးသွားပါပြီရှင် ...
Story လေးရဲ့နောက်မှာ Buy me coffee ဆိုတဲ့ chapters (အလွတ်)လေးတွေထည့်ထားပါတယ် ...
စာရေးသူရဲ့ ဘာသာပြန်ဆိုမှုကို စိတ်ကျေနပ်မှုရှိတယ်ဆိုရင် buy me coffee chapters လေးကိုဝယ်ပြီး support ပေးလို့ရပါတယ်ရှင် 💜
အားပေးဖတ်ရှုပေးကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင် ...
See U AGAIN 😘