အပိုင်း ၁၀၈
Viewers 13k

Chapter 108


Daddy's little 


Side story ( 13)


ဒရိတ်ခ်နှင့် ပါကာတို့မှာ ချယ်လ်စီလေး ၏ကျောင်းမှစီစဥ်ကျင်းပသော မိဘဆရာတွေ့ဆုံပွဲနောက်ကျနေပြီဖြစ်၍ အပြေးလာနေကြရသည် ။ ထိုအချိန်၌ ချယ်လ်စီလေး နှင့်အိုလီဗာတို့မှာအတူတူထိုင်ကာပုံဆွဲနေကြသည် ။


ကလေးတိုင်း၏ မိဘများအားလုံးနီးနီးရောက်ရှိနေကြပြီဖြစ်ပြီး အိုလီဗာ၏ မိဘများဖြစ်ကြသော ဖရန်ကယ်လ်နှင့် ဟဲရစ်တို့ပင်ရောက်ရှိနေကြသည် ။


မိဘများမှာ တစ်ခါမှမမြင်ဖူးသော ဟဲရစ်အားကြည့်ကာ အချင်းချင်းတီးတိုးပြောဆိုနေကြသည် ။ မည်သူမှဟဲရစ်၏ သရုပ်မှန်အားမသိကြပါချေ ။


သို့သော်လည်း မြို့လေးထဲရှိအဆက်အသွယ်များမှာ ကျယ်ပြန့်သည်ဖြစ်၍ တစ်ယောက်ယောက်မှာဟဲရစ်အားမှတ်မိသွားလေသည် ။ ဟဲရစ်နှင့်လာဗီနာတို့ကွာရှင်းကြသည့်အကြောင်းအရင်းမှန်အား လျို့ဝှက်ထားသည်ဖြစ်၍ အပြင်လူများမှာကွာရှင်းသည့်အကြောင်းအား အမျိုးမျိုးထင်ကြေးပေးနေကြသည် ။ 


အချို့မှာ အချင်းချင်း တီးတိုးပြောဆိုနေရာမှ စကားသံများကျယ်ကျယ်လောင်လောင်ဖြစ်လာသည်အထိပင် ။ အိုလီဗာ ၏ဇာစ်မြစ်ကိုပင်ဝေဖန်မေးခွန်းထုတ်လာကြသည် ။ 


ဤသည်မှာ ပထမဆုံးအကြိမ်သူ၏မိဘများအား ကျောင်းတွေ့ဆုံပွဲသို့ဖိတ်ခေါ်ခဲ့ခြင်းဖြစ်သောကြောင့် ပြည့်စုံကောင်းမွန်သောပုံရိပ်ကိုသာပြသချင်ပြီး သူ၏မိဘများအား စိတ်အနှောင့်အယှက်မဖြစ်စေချင်ပါပေ ။ 


မခေါ်ခဲ့တာကမှကောင်းဦးမယ်...


အခုတော့ သူ့ကြောင့်နဲ့ပါးပါးထပ်ပြီးဝေဖန်ခံရပြန်ပြီ....


အိုလီဗာလေးက ပုံဆွဲနေသည်အားရပ်တန့်ကာ လက်သီးတင်းတင်းဆုပ်ထားလေသည် ။ အိုလီဗာ၏ ဝမ်းနည်းနေသာမျက်နှာလေးအားကြည့်ကာ ဖရန်ကလ်ယ်နှင့်ဟဲရစ်တို့မှာ ထိုလူများအားပြောဆိုပစ်လိုက်ချင်ပါသော်လည်း ကလေးများရှိနေသောကြောင့် အခြေအနေများပိုဆိုးသည့်ဘက်သို့ဦးတည်သွားမည်အားစိုးရိမ်နေရသည် ။


အခြားကလေးများလည်းရှိနေသောကြောင့် အိုလီဗာအားပိုဆိုးအောင်မလုပ်ချင်ပါပေ ။ အိုလီဗာလေးမှာ လက်သီးတင်းတင်းဆုပ်ထားကာအံကြိတ်ရင်းငိုနေလေသည် ။


သူ့တွင် ဖခင်မရှိခဲ့ပါချေ ။ သူတစ်ခါမှမွေးဖွားမလာသည်ကပင်ပို၍ကောင်းဦးမည် ။ ထိုအချိန်၌ ချယ်လ်စီလေး ကအိုလီဗာ၏ကျောအားပွတ်သပ်ကာနှစ်သိမ့်ပေးလာသည် ။


" ဝမ်းမနည်းပါနဲ့... သူတို့ကအဲ့လိုရိုင်းရိုင်းစိုင်းစိုင်းတွေပြောကြမှာဘဲ...နင်ငိုနေရင် နင့်ရဲ့ပါးပါးနဲ့ဖေဖေလည်းစိတ်ကောင်းမှာမဟုတ်ဘူး... နင့်ပါးပါးနဲ့ဖေဖေကသူတို့အတွက်လာတာမှမဟုတ်တာ နင့်အတွက်လာကြတာလေ... မငိုနဲ့တော့နော် "


အိုလီဗာကမျက်လုံးပြူးကာထိုလူများအားကြည့်လိုက်သည် ။


ဟုတ်တယ်... အဲ့ဒီလူတွေကိုဘာလို့ဂရုစိုက်ရမှာလဲ...


သူ့ရဲ့ပါးပါး စိတ်ချမ်းသာဖို့လောက်ဘယ်အရာမှအရေးမကြီးဘူး...


ထိုလူများ၏အကြည့်များမှာ ချယ်လ်စီလေး အပေါ်သို့ကျရောက်လာကြပြန်သည် ။ မူလပါကာ၏ဂုဏ်သတင်းမှာအလွန်ဆိုးဝါးနေသောကြောင့် ဒရိတ်ခ်အဘယ့်ကြောင့် မကွာရှင်းသည်အားနားမလည်နိုင်ကြပေ ။


ပါကာမှာကျော်ကြားသောလူရမ်းကားဖြစ်သောကြောင့် ဘရောင်းမိသားစုနှင့်ကောင်းမွန်သည့်ဆက်ဆံရေးကိုထိန်းသိမ်းရန်အတွက်သာ ဆက်လက်ပေါင်းသင်းမေရသည်ဟု ပြောဆိုမည်ဆိုလျှင်လည်း မိသားစုဆက်ဆံရေးအားဖြတ်တောက်ထားခဲ့ကြသည် ။


ဘာလိုလဲ?


ထိုလူများ၏ဝေဖန်ပြောဆိုသံများမှာအလွန်ကျယ်လောင်သောကြောင့် စကားလုံးတိုင်းအားအတိုင်းသားကြားနေရလေသည် ။ အိုလီဗာမှာ ပါကာသည်ထိုကဲ့သို့လူမျိုးမဟုတ်ကြောင်းတွေးမိနေသည် ။


သူ၏ခေါင်းကိုင်ပါးပါးမှာ အလွန်သဘောကောင်းကြင်နာတတ်သောသူမျိုးဖြစ်ပြီး ထိုလူများ၏ပြောစကားနှင့်တစ်စက်ကလေးမျှမကိုက်ညီပါချေ ။ အိုလီဗာက ချယ်လ်စီလေး အားစိုးရိမ်စွာကြည့်လိုက်ပါသော်လည်း သူမလေးမှာပြောဆိုသံများကိုဂရုစိုက်ပုံပင်မပေါ်ပါချေ ။


သူမရဲ့မိဘတွေကဘာလို့မလာတာလဲ?


သူတို့ကွာရှင်းလိုက်ကြပြီလား!


ထိုအချိန်တွက်ပင် ပါကာကအမောဆို့မတတ်ပြေးလာကာ ချယ်လ်စီလေးအားအော်ခေါ်လိုက်သည် ။


" ချယ်လ် ချယ်လ် "


" ပါးပါး "


ချယ်လ်စီလေးက ပါကာ့ထံပြေးသွားပြီးပွေ့ဖက်လိုက်သည် ။ ပါကာအားတွေ့လိုက်ရသည်နှင့်တစ်ပြိုင်နက်ဝေဖန်ပြောဆိုနေသည့်လူများ၏ပါးစပ်ပေါက်များပိတ်သွားရသည် ။


ပါကာ၏အသွင်အပြင်မှာ နုဖတ်နေပြီးကလေးနှစ်ယောက်၏ပါးပါးဟုပင်ထင်ရက်စရာမရှိပါချေ ။ ပါကာ့၏လှပမူအားကြောင်အကြည့်နေကြသည့်အချိန်တွင် အနက်ရောင်ဆံပင် ပင်လယ်ပြာရောင်မျက်လုံးများနှင့် သန်မာချောမောသောအမျိုးသားတစ်ဦးမှာကလေးလေးတစ်ယောက်ကိုချီရင်းဝင်လာလေသည် ။


ထိုအမျိုးသား၏ပုံစံမှာ ခက်ထန်နေသောကြောင့်ချည်းကပ်ရခက်ခဲမည့်ပုံပေါက်နေသော်လည်း ကလေးချီထားသည့်ပုံရိပ်မှာ အလွန်မိမိုက်လွန်းလှသည် ။ ကလေးငယ်လေးမှာ ခရမ်းရောင်ဆံပင်နှင့် သူ၏အဖေကဲ့သို့ပင်လယ်ပြာရောင်မျက်ဝန်းတစ်စုံအားပိုင်ဆိုင်ထားပြီး ဝဝကစ်ကစ်လေးနှင့်အလွန်ချစ်စဖွယ်ပီကာချူးအကျီလေးကိုဝတ်ဆင်ထားသည် ။


ကလေးအားတွေ့လိုက်သောအခါ သူတို့၏ဝေဖန်ခဲ့သည့်စကားများကြောင့်အရှက်ရသွားခဲ့ကြသည် ။ ပါကာမှာကလေးမွေးထားသောကြောင့် လူမြင်ကွင်းမှပျောက်ကွယ်နေခဲ့သည်အား ကောလဟာလများကိုယုံစားကာဝေဖန်မိခဲ့ကြသည်ပင် ။


×××


လန်လင်းမှာ သူ၏အဖေထံမှကိုယ်ခံပညာသင်ယူခဲ့သည်ကိုပင်ကျေးဇူးတင်မိနေသည် ။ မဟုတ်ပါက ထိုနေ့ကအဖြစ်အပျက်အတွင်း သူကိုယ်တိုင်နစ်နာသူဖြစ်သွားနိုင်၍ ထိုအရူးကောင်၏လက်အတွင်း၌မည်သို့မည်ပုံဖြစ်နေခဲ့မည်အားမတွေးရဲပါချေ ။


Xxxxxx