အပိုင်း ၁၀၇
Viewers 15k

Part 107


Daddy's little 


Sifde story ( 12)


လန်လင်းမှာ ရေး၏သွေးများရွဲနစ်နေသောပုံစံအားကြည့်ရင်း အသိစိတ်ကင်းမဲ့သွားသလိုပင် ။


သူသေများ​သေသွားပြီလား...


အရာအားလုံးအနှေးပြကွက်တစ်ခုသို့ သေနတ်ပစ်ခံလိုက်ရသည့်မြင်ကွင်းမှာ သူ၏မျက်လုံးထဲတွင်ထပ်ခါထပ်ခါပေါ်လာနေသည် ။


" ရေး...ရေမွန် "


အမျိုးသမီးကြီးမှာ ကြောက်အားလန့်အားနှင့်မြေပြင်ပေါ်သို့ဒူးထောက်ချထိုင်ထားသည် ။


" အရေးပေါ်...တစ်ယောက်ယောက်အရေးပေါ်ကားခေါ်ပေးကြပါ "


သူမကတုန်တုန်ရီရီနှင့်ပင် သူမ၏ဖုန်းအားလိုက်ရှာပြီး လန်လင်းဆီသို့ကမ်းပေးလိုက်သည် ။


" ကျေးဇူးပြုပြီး ရဲကိုအမြန်အကြောင်းကြားပေးပါ "


အမျိုးသမီးကြီးမှာ အမြန်ပင်ဖုန်းခေါ်ဆိုနေပြီး လန်လင်းမှာလည်းခြေမကိုင်မိလက်မကိုင်မိဖြစ်နေသည် ။ ထိုအချိန်တွင် လူသာရောက်လာကာ လန်လင်း၏ခေါင်းအားနံရံနှင့်ရိုက်ဆောင့်လိုက်ပြီး ကြမ်းပြင်ပေါ်သို့ပစ်ချလိုက်သည် ။ 


ကံကောင်းစွာနှင့် အချိန်မှီရဲများရောက်လာပြီး ဖမ်းဆီးသည့်အချိန်တွင်ပင် လူသာမှာအရူးတစ်ယောက်ကဲ့သို့အော်ဟစ်ဆဲဆိုနေသည် ။ အသက်ကယ်အဖွဲ့မှ ရေး၏ရင်ဘတ်မှကျဥ်ဆန်အားဂရုတစိုက်ဆွဲထုတ်ပြီးဖြစ်ပါသော်လည်း သူ၏အသက်ရူသံနှင့်နှလုံးခုန်သံမှာအားနည်းသထက်အားနည်းလာလေသည် ။


ရေးက အမျိုးသမီးတစ်ဦး၏လက်ထဲသို့ သွေးစွန်းနေသည့် ဂီတသေတ္တာဘူးလေးအားထည့်ပေးပြီးနောက် အားနည်းစွာပြုံးပြရင်းသူ၏နှလုံးခုန်သံမှရပ်တန့်သွားလေသည် ။


" ရေး...ရေး...ရေမွန် နင်သေလို့မရသေးဘူးလေ အိမ်မှာနင်ရဲ့အမျိုးသားနဲ့ ကလေးတွေစောင့်နေတယ်လေ... "


သူမက ဝမ်းနည်းတကြီးငိုကြွေးနေပြီး အချိန်အတော်ကြာသည်အထိ CPR လုပ်နေပါသော်လည်းနှလုံးခုန်နူန်းပြန်လည်စတင်လာခြင်းမရှိပေ ။


×××


တေလာက ရိုင်လီလေးအား ခက်ခက်ခဲခဲထမင်းကျွေးပြီးနောက် သူမပုံဆွဲနေသည်အားထိုင်ကြည့်နေလေသည် ။ အချိန်တိုတိုလေးအတွင်းမှာပင် ကလေးမလေးမှာအသက်သုံးနှစ်ပင်ပြည့်သွားခဲ့ပြီဖြစ်သည် ။


" ပါးပါး...ဖေဖေ..."


" အဲ့တာ ပါးပါးရဲ့ပုံလား "


" ပါးပါးနဲ့ဖေဖေ "


သူမက အချီခံချင်သည့်ပုံစံနှင့်လက်မြှောက်လာ၍ တေလာကသူမလေးအားပွေ့ချီလိုက်သည့်အချိန်တွင် ဖုန်းဝင်လာခဲ့သည် ။


" ဟယ်လို "


တစ်ဖက်မှပြောစကားအားကြားရပြီးနောက် တေလာ၏လက်မှာ ဖုန်းကိုင်ဖို့ပင်အားမရှိတော့ဘဲ လွှတ်ချမိသွားသည် ။ ချက်ချင်းပင် ရိုင်လီလေးအားခေါ်ကာဆေးရုံသို့သွားနေရင်း မနေ့ညကပြောခဲ့သည့်စကားများအားတွေးမိသွားကာ မျက်ရည်များတလှိမ့်လှိမ့်ကျလာခဲ့သည် ။


ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ ....


မနေ့ကလေးတင်သူနဲ့အိပ်ရာတစ်ခုတည်းအတူတူအိပ်ခဲ့တဲ့လူကသေသွားတာဘယ်လိုလုပ်ဖြစ်နိုင်ပါ့မလဲ...


" ရေး...ရေး...ရေး "


" အင်း...ဘာဖြစ်လို့လဲ "


မနေ့ညကက တေလာအိပ်မက်ဆိုးမက်၍ ရေးပါလန့်နိုးခဲ့ရသည် ။ တေလာက ငိုထား၍နီရဲနေသာမျက်လုံးများနှင့်ရေးကိုမော့ကြည့်ကာပြောလိုက်သည် ။


" မနက်ဖြန် အပြင်မသွားလို့မရဘူးလားဟင် "


" ဟမ် " 


ရေးက တုန်လူပ်နေသောတေလာအား ရင်ခွင်ထဲထည့်၍ထွေးဖက်ထားကာမေးလိုက်သည် ။


" ဘာဖြစ်လို့လဲ ကိုယ့်ကိုပြောပြပါဦး "


" အရမ်းမကောင်းတဲ့အိပ်မက်ကြီး... မင်းမီးလောင်တဲ့နေရာမှာပိတ်မိပြီးသေသွားတယ်လို့ ငါအိပ်မက်မက်တယ် မနက်ဖြန်အပြင်မထွက်ပါနဲ့လား "


" ဒါပေမဲ့ ငါမနက်ဖြန်...ငါသွားကြိုစရာ "


တေလာက ရေးအား တင်တင်းကြပ်ကြပ်ဖက်တွယ်ထားလိုက်သည် ။


" ဒါဆိုလဲ ဒီကိုလာခိုင်းလိုက်လေ မင်းတော့အပြင်မထွက်ပါနဲ့နော် "


ရေးက သူ၏ညီမဖြစ်သူအားသွားကြိုစရာရှိသောကြောင့် တေလာစိတ်အေးသွားမှာ ဆက်ပြောမည်ဟုတွေးလိုက်သည် ။ ထိုအချိန်တွင် ဂျော်ဒန် မှာသူ၏ညီမလေးကိုချီအခန်းထဲသို့ ခိုးဝင်လာရင်း ပါးစပ်မှလည်းရိုင်လီလေးအား ခြိမ်းခြောက်နေသေးသည် ။


" သတိထားနော်အသံမထွက်နဲ့ မဟုတ်ရင်ပစ်ချပြီးထွက်ပြေးမှာ "


ရိုင်လိီလေးမှာ သူမ၏ခြေထောက်သေးသေးလေးများဖြင့်တွားသွားကား စကားပေါင်းစုံပြောရင်းတေလာ့ပေါ်သို့ကုတ်တက်သွားလေသည် ။


" ပါပါ..ပါပါ "


ဂျော်ဒန်အား ရေးကဖက်ထားကာဆုံးမစကားပြောနေလေ၏ ။


" သားရဲ့ညီမလေးကို သားကကာကွယ်ပေးရမယ်နော် "


" အင်း...သားကညီမလေးကိုကာကွယ်ပေးမယ် ဖေဖေကပါးပါးကိုသေသေချာချာကာကွယ်ပေးရမယ်နော် "


ရေးမှာစကားအလွန်တတ်သောသူ၏သားကြောင့် ရီမိကာနမ်းရူံ့လိုက်လေသည် ။


ပြတ်တောင်းပြတ်တောင်းဖြစ်နေသောမှတ်ဥာဏ်များက တစ်စစီထွက်ပေါ်လာနေပြီး မျက်လုံးဖွင့်ကြည့်လိုက်သောအခါ သူ၏ကုတင်ဘေးတွင်နီရဲသောမျက်လုံးများနှင့်ထိုင်နေသည့်တေလာအားတွေ့လိုက်ရသည် ။


ရေးသတိရလာသည်အားသိသည်နှင့် တေလာကဆရာဝန်ကိုအမြန်ပြေးခေါ်ကာ စတင်ငိုယိုရင်းဆူပူတော့သည် ။


" ငါမင်းကိုအပြင်မသွားပါနဲ့လို့မပြောခဲ့ဘူးလား သောက်ရူးကောင်ရဲ့...ငါ့မှာမုဆိုးဖိုတစ်ခုလပ်ဖြစ်လို့ ခြေတစ်လှမ်းဘဲလိုတော့တာကွသိရဲ့လား ကလေးတွေလည်းအဖေမရှိပဲနေတော့မလို့... "


ရေးမှာ ငိုယိုနေသည့်သူ၏ဇနီးလေးအား ပြုံးပြကာအဆင်ပြေကြောင်းပြောရုံမှလွဲလို့မတတ်နိုင်တော့ချေ ။


နောက်တစ်ခါ တေလာက ထိုင်ဆိုရင်ထိုင်ထဆိုရင်ထရမယ်... သူ့မိန်းမလေးကအကြားအမြင်ရနေလိမ့်မယ်လို့ ဘယ်သူကထင်မိမှာလဲ...


Xxxxx