အပိုင်း ၁၀၆
Viewers 13k

Chapter 106


Daddy's little 


Side story ( 11)


ပါကာက ဟီးဗန်းလေး၏ဒိုက်ဘာကိုလဲပေးနေသည့် ဒရိတ်ခ်ကိုနောက်မှသိုင်းဖက်ရင်း သန်မာသောကျောပြင်ထံတွင်မျက်နှာအပ်ထားလိုက်သည် ။ ဒရိတ်ခ်ကိုယ်တိုင်သည်လည်း ရုတ်တရတ်အဖက်ခံလိုက်ရသောကြောင့် မေးလိုက်သည် ။


" တစ်ခုခုဖြစ်လို့လား "


ပါကာက သူ၏မျက်နှာအား ကျောပြင်နှင့်ပွတ်သပ်ရင်းဖြေလိုက်သည် ။


" ဟင့်အင်း... ခင်ဗျားကို အရမ်းဖက်ထားချင်နေလို့ "


ပါကာမှာ ယခုတလောအတွင်း သူ၏မိဘများအကြောင်းအချိန်အတော်များများတွေးတောနေမိသည် ။ ဒရိတ်ခ်က ပါကာအားပြန်လှည့်ဖက်ကာ နမ်းလိုက်ပြီး ဆံပင်လေးများအားပွတ်သပ်ပေးရင်းနှစ်သိမ့်ပေးနေသည် ။ 


ပါကာဘက်မှလိုလိုလားလားဖွင့်ပြောပြသည့်အချိန်အထိ သူစောင့်ဆိုင်းနိုင်ပါသည် ။ ချယ်လ်စီဘေးက သူ၏ဖေဖေနှင့်ပါးပါးပွေ့ဖက်ထားသည့်ပုံအား ပုံတူဆွဲရန်တွေးမိသွားသည် ။ 


သူမ၏ပုံဆွဲစာအုပ်လေးထဲတွင် ပါကာနှင့်ဒရိတ်ခ်၏ပုံများအပြင် ဟီးဗန်းပိစိလေးမှကြီးလာသည်အထိသူမရေးဆွဲထားသည့်ပုံများအမြားအပြားပင် ။


ချယ်လ်စီလေး ကဟီးဗန်းလေးဘေးတွင်ဝင်လှဲကာပြောလိုက်သည် ။


" မီးမီးမောင်လေးနဲ့အတူတူအိပ်ချင်တယ် "


ဟီးဗန်းလေး က သွားမပေါက်သေးသည့် သွားဖုံးလေးများပေါ်သည်အထိသူ၏အစ်မဖြစ်သူအား အားရပါးရရီပြနေလေသည် ။


" နည်းနည်းလေးထပ်စောင့်လိုက်ပါဦး မောင်လေးကအရမ်းငယ်သေးတယ် သူအသက်နည်းနည်းကြီးလာရင် သမီးနဲ့တစ်ခန်းတည်းအတူတူအိပ်ခိုင်းမယ်လေနော် "


" ဟုတ်... ဒါဆိုတူတူဆော့လို့ရောရလားဟင် "


" ဒါပေါ့ "


ချယ်လ်စီလေးက ပျော်ရွှင်စွာဖြင့် ပါကာနှင့်ဒရိတ်ခ်တို့ထံဖက်ရန်ပြေးလာခဲ့သည် ။


×××


လူသာက လန်လင်းအားနံရံတွင်ဖိကပ်ထားကာအော်ဟစ်နေသည် ။


" ငါတို့ရဲ့ကလေးကို မင်းဘယ်လိုလုပ်...လုပ်ရက်တာလဲ "


လန်လင်က လူသာ့ကိုပြန်တွန်းလိုက်သည် ။


" ငါ့ခန္ဓာကိုယ် ငါလုပ်ချင်တာလုပ်မှာပေါ့...မင်းရဲ့ကလေးကိုမွေးပေးဖို့ဆိုရင် တခြားတစ်ယောက်ကိုသာရှာလိုက် "


လူသာက လန်လင်း၏လည်ပင်းကိုညှစ်ကာနံရံတွင်ထပ်မံဖိကပ်ထားလိုက်သည် ။


" မင်း ဘာလို့ငါအပေါ်ဒီလိုလုပ်ရက်ရတာလဲ...ကလေးအပေါ်လုပ်ရက်ရတာလဲ...ငါကမင်းကိုအများကြီးချစ်တာကို "


လန်လင်းက အသက်ရူကြပ်လာ၍ရှ်သမျှအားကုန်သုံးကာ လူသာအားကန်ထည့်လိုက်ပြီး အခွင့်အရေးရှာထွက်ပြေးကာတဝကြီးအသက်ရူသွင်းလိုက်သည် ။


လူသာမှာစိတ္တဇကောင်တစ်ယောက်ဖြစ်မည်မှန်း အမှန်ပင်သူမတွေးခဲ့မိပါချေ ။ လန်လင်းမှာအိမ်တွင်းအကြမ်းဖက်တတ်သည့် အရူးကောင်များအားအလွန်ပင်မုန်းတီးလေသည် ။ 


ဓာတ်လှေကားဆီသို့အမြန်ပြေးကာ မြေညီထပ်ခလုတ်အားအသည်းအသန်နှိပ်လိုက်လေသည် ။ ထိုအချိန်တွင် အတူဝင်လာအမျိုးသမီးကြီးကညီးတွားပြောဆိုတေသေးသည် ။


" အခုခေတ်လူငယ်တွေများ အရမ်းအလောတကြီးလုပ်ကြတာပဲနော် "


ဘုန်း! ဘုန်း!


ထိုအချိန်တွင် လူသာက ဓာတ်လှေကားမပိတ်မှီလက်ခံတားကာဝင်ရောက်လာလေသည် ။ သူ၏လက်ထဲတွင် သေနတ်တစ်လက်ကိုင်ထားပြီး ပြောင်းဝမှာ လန်လင်းထံသို့ချိန်ရွယ်ထားသည် ။


" မင်းဘာလို့ဒီလိုလုပ်ရက်ရတာလဲ "


" စိတ်ထိန်းဦးလူသာ ကလေးကအဆင်ပြေပါတယ် ...သေနတ်ကြီးကိုဖယ်လိုက် "


" ဆေးရုံသွားရအောင် "


" အင်း...အင်း "


အရူးကောင်ထံမှလွှတ်မြောက်ရန်အကောင်းဆုံးနည်းလမ်းမှာ အချိုသတ်ကာထွက်ပြေးခြင်းပင် ။ လူသာက ပြုံးလိုက်က လန်လင်း၏ခါးအားသေနတ်နှင့်ထောက်ထားပြီး ကြောက်လန့်နေသောအမျိုးသမီးကြီးအားလျှစ်လျူရူထားလေသည် ။


" ကလေးကိုထိခိုက်အောင်မလုပ်ခင် မင်းသေသေချာချာစဥ်းစားသင့်တယ် "


မကြာခင်မှာပင် ဓာတ်လှေကားမှာမြေညီထပ်သို့ရောက်ရှိသွားပြီး လန်လင်းက လူသာအားတွန်းကာထွက်ပြေးလေသည် ။ လူသာက မထင်မှတ်ထားစွာပင်နေရာတကာသေနတ်နှင့်လျှောက်ပစ်နေပြီး လူအချို့ကိုထိခိုက်စေခဲ့သည် ။


လန်လင်းမှာ ထွက်ပေါက်အနားတွင်ထိခိုက်သွားသောသူအားကြည့်ရင်း သွေးများပြောင်းပြန်စီးသွားသလိုပင်ခံစားလိုက်ရသည် ။

ထိုလူ၏ရင်ဘတ်တွင်သေနတ်ဒဏ်ရာကြောင့် သွေးချင်းချင်းနီနေလေ၏ ။


" ရေး..."


Xxxxx