အပိုင်း ၁၀၅
Viewers 13k

Chapter 105


Daddy's little 


Side story ( 10)


ပါကာက ဟီးဗန်းလေး ဆော့ကစားနေသည်အားကြည့်နေရင်းဖြင့်ပင် သူ၏ငယ်ဘဝမှတ်ဥာဏ်များကိုပြန်လည်စဥ်းစားမိသွားသည် ။


" တောင်းပန်ပါတယ်... ရှောင်လင်း မင်းအဖေနဲ့အမေမလာနိုင်တော့ဘူး "


" ဒါ...ဒါပေမဲ့ သူတို့က ပိုကောင်းအောင်ကြိုးစားပြီး သားကိုပြန်လာခေါ်မယ်လို့ပြောထားတယ်လေ "


ငယ်ရွယ်သောသူကိုယ်တိုင်၏ အသံအပြင် လူတိုင်၏ ပြောဆိုခဲ့သောစကားသံများကိုပါပြန်လည်ကြားယောက်လာခဲ့သည် ။


" သနားစရာကလေးလေး...သူ့မိဘတွေကအလိမ်အညာတွေပြောပြီးလှည့်စားခဲ့တာကိုခံရတာပဲ.... "


" ငါသည်းမခံနိုင်တော့ဘူး... အဲ့ဒီကလေးကအမြဲတမ်းငိုနေတာဘဲ ကျတ်သရေမရှိတဲ့ကလေးကိုထပ်ပြီးကျွေးမွေးမထားချင်တော့ဘူး "


" သုံးလအတွင်းမှာ မွေးစားတဲ့မိဘတွေ သုံးယောက်ပြောင်းသွားပြီ...ဘယ်သူကသူ့ကိုထပ်လိုချင်မှာလဲ "


" လန်လင်း...ဒီကိုလာ အန်တီတို့ကဂရုစိုက်ပေးပါ့မယ် "


ကောင်ငယ်လေးက သူ၏လက်ကိုညင်သာစွာဆုပ်ကိုင်ထားသည့်အမျိုးသမီးအားမော့ကြည့်နေခဲ့သည် ။


" လန်လင်း...မင်းကအရမ်းတော်တဲ့ကလေးလေးပဲ "


" ပါးပါးနဲ့မားမား ဂုဏ်ယူရအောင်သားကြိုးစားပါ့မယ် "


မွေးစားမိဘနှစ်ယောက်မှာ ပျော်ရွှင်စွာဖြင့် သူ၏ပါးအားနမ်းရူံ့လိုက်ကြသည် ။


" လန်လင်း သားအစ်ကိုကြီးတစ်ယောက်ဖြစ်တော့မယ် "


" ရေး.. သားသူနဲ့အတူတူဆော့လို့ရလားဟင် "


" အင်း သားကသူ့ကိုအစ်ကိုကြီးတစ်ယောက်အနေနဲ့စောင့်ရှောက်ရမယ်နော် "


...


" လန်လင်း မင်းကိုအာရုံစိုက်ဖို့မအားသေးဘူး "


" စာသွားလုပ်နေစမ်းပါ "


" လန်လင်း တိတ်တိတ်နေ ညီလေးကိုသိပ်နေတယ် "


" လန်လင်း တစ်ခုခုနဲ့သွားဆော့နေစမ်းပါ အလုပ်ရူပ်နေတယ် "


ငယ်ရွယ်သောကောင်လေးမှာ အသံသေးသေးလေးနှင့်ပြန်ပြောရှာ ၏ ။


" ဒါပေမဲ့ သူတို့တွေကသားကိုမကြိုက်ကြဘူးလေ "


...


" လန်လင်း...မင်းငါ့ကလေးကိုဘာလုပ်နေတာလဲ "


" မား...မား သားသူ့ကိုချော့နေတာပါ "


ကြောက်လန့်သွားသောကြောင့် လက်ထဲမှပလုတ်တုပ်အားလွှတ်ချမိသွား၍ ကလေးအားမတော်တဆနာကျင်မိသွားစေသည် ။


ဖြန်း!


" နင် ဘာလို့သူ့ကိုနာအောင်လုပ်ရတာလဲ "


" လန်လင်း မင်းရဲ့အဆင်တွေ ဘာလို့ကျလာရတာလဲ "


...


ကလေးငယ်လေးမှာ လန်လင်းဆီ လက်ဆန့်တန်းရင်း ဝူးဝူးဝါးဝါးပြောဆိုနေလေသည် ။


" မင်းနဲ့ဆော့ရင် မားမားကငါ့ကိုဆူလိမ့်မယ် "


" ဝူးဝူး...ဝင်းဝင်း "


" ဟားဟား...ဝင်းဝင်းမဟုတ်ဘူး လင်းလင်း မားမားငါ့ကိုချစ်စနိုးနဲ့ခေါ်တဲ့နာမည်လေ ကောင်းတယ်မလား... မင်းအသက်ကြီးလာရင်လဲ မားမားကမင်းအတွက်နာမည်ပြောင်ရွေးပေးလိမ့်မယ်...လာ ကိုကိုနဲ့အတူတူသူရဲကောင်းလုပ်တိုင်းဆော့ရအောင် "


ကလေးမှာ ရုတ်တရတ်ထငိုလေသည် ။


ဖြန်း!


" လန်လင်း ကလေးကိုဘာလုပ်လိုက်ပြန်ပြီလဲ "


" သားက သူနဲ့ကစား..."


" ငါ့ကိုပြန်မပြောနဲ့စမ်း... ဘာလို့နင့်ကိုမွေးစားခဲ့မိတာပါလိမ့် "


" ဝင်း...ဝင်း "


" သွားစမ်း "


" ဝင်း ဝင်း "


" ငါ့ဘာသာငါနေပါရစေ "


" လင်းလင်း "


" ငါနဲ့ဝေးဝေးနေစမ်း "


" နင်ဘာလို့ နင့်ညီလေးကိုအဖတ်မလုပ်ရတာလဲ... နင်အစ်ကိုကောင်းတစ်ယောက်ဖြစ်မယ်လို့ ဂတိမပေးခဲ့ဘူးလား.. စိတ်ပျက်ဖို့ကောင်းလိုက်တာ "


ပါကာက ဟီးဗန်းလေးဆော့ကစားနေသည်အားငေးကြည့်နေဆဲပင် ။ တစ်နည်းအားဖြင့် ချယ်လ်စီလေး မှာသူ၏မွေးစားကလေးကဲ့ပင်ဖြစ်နေသည် ။ သူမအား သူကိုယ်တိုင်ကိုယ်ဝန်ဆောင်၍မွေးခဲ့ရခြင့းမဟုတ်သော်လည်း ဟီးဗန်းလေးနှင့်ထပ်တူထပ်မျှချစ်မြတ်နိုးသည် ။


ဟီးဗန်းလေးအား ဂရုစိုက်နေ၍ချယ်လ်စီလေးအား လျှစ်လျူရူလိုက်မိခြင်းမျိုးမဖြစ်ချင်ပါချေ ။ သူမလေးက တောက်ပစွာပြုံးရီရင်း ဟီးဗန်းလေးအတွက် သီချင်းသီဆိုပေးနေသည်အား အလွန်သဘောကျသည် ။


သူ၏ငယ်စဥ်ကခံစားခဲ့ရသော ဒဏ်ရာများကဲ့သို့ ချယ်လ်စီလေးနှင့်ဟီးဗန်းလေးအားမခံစားစေချင်ပေ ။ ပါကာက ဟီးဗန်းအား အဝတ်အစားလဲပေးနေသည့်အချိန်တွင် ကလေးငယ်လေးမှာ တခစ်ခစ်ရီမောရင်းစကားပြောနေလေသည် ။


" ဘူးဝူး ဝူး "


" အင်း...ဘူး ဝူးဝူးလေး သားရဲ့ ဖေဖေနဲ့မမကခဏနေသားနဲ့ လာဆော့တော့မယ် "


×××


လန်လင်း စောင့်ဆိုင်းနေရပြီး မကြာခင်မှာပင်ဆရာဝန်က ရလဒ်နှင့်အတူပြန်ရောက်လာလေသည် ။


" ခင်ဗျားမှာ ကိုယ်ဝန်ခုနှစ်ပတ်ရှိနေပြီ "


လန်လင်းက ခဏမျှတိတ်ဆိတ်နေပြီးနောက်ပြောလိုက်သည် ။


" ဖျက်ချချင်တယ် "


သူအမှန်တကယ်ကိုပင် ကိုယ်ဝန်မရချင်ပါပေ ။ ကိုယ်ဝန်ဆောင်ပြီးကလေးမွေးသည်ထက် ငရဲပြည်သွားရခြင်ကိုပင် ရွေးချယ်မိလိမ့်မည် ။


" ပြီးတော့ ကျွန်တော့သားအိမ်ဖယ်ထုတ်ချင်တယ် "


လူသာ၏ လုပ်ရပ်မှာသူ့အားအသိဝင်သွားစေပြီး သားအိမ်ထုတ်လိုက်သည်ကပင်အလွန်ပြတ်သားသောဆုံးဖြတ်ချက်ပါပင် ။


" အဲ့တာဆိုရင်တော့ ရက်ချိန်းအတွက်စောင့်ဆိုင်းဖို့လိုအပ်ပါတယ် "


" ဟုတ်ကဲ့ "


လူသာမှာ သူ၏နောက်ဆုံးစည်းအားလာရောက်ထိပါးခဲ့ခြင်းပင် ။ ကလေးများမှာကျွေးမွေးရန်ခက်ခဲသည့်အပြင် ပြုစုစောင့်ရှောက်ရန်လည်း အလွန်ခက်ခဲသည် ။


ကိုးလလုံးလုံးနေရထိုင်ရခက်ခဲ၍ အမြဲတမ်းနီးပါးဖျားနာနေသည့်ခံစားချက်အားမကြိုက်သည့်အပြင် ပူဖောင်းပြီးအကြောပြတ်ရာများအပြည့်ဖြစ်နေမည့်ခန္ဓာကိုယ်အားလည်းမနှစ်မြို့ပါချေ ။ 


ကိုယ်ဝန်ဆောင်ချိန်၏ခက်ခဲမူနှင့် ကလေးမွေးဖွားချိန်တွင်ဖြစ်ပေါ်ခဲ့သည့် သေလုနီးပါးခံစားချက်တို့က သူ့အားအိပ်မက်ဆိုးတစ်ခုအဖြစ်ခြောက်လှန့်နေခဲ့သည် ။


သူ့ရဲ့ဆုံးဖြတ်ချက်ကိုမလေးစားတဲ့လူနဲ့အတူတူမနေနိုင်ဘူး...


Xxxxx