Chapter 104
Mori Sue:
Daddy's little
Side story ( 9)
လန်လင်းမှာ ရင်းနှီးနေကာမေ့မရသော အမည်ပိုင်ရှင်မှပေးပို့လိုက်သည့် အီးမေးလ်ကိုဖတ်ရင်း နှလုံးသားတစ်ခုလုံးခုန်ထွက်လာတော့မတတ်ခံစားနေရကာ လက်များပင်တုန်ရီနေလေသည် ။
အချိန်အတော်ကြာ စိတ်ငြိမ်စေရန်ကြိုးစားပြီးသည့်အခါမှ အီးမေးလ်ကိုဖွင့်ဖတ်ရင်း လက်ပ်တော့တစ်လုံးအားကိုင်ကာ တိုက်ခန်းတစ်ပတ် ပတ်လျှောက်နေမိလေသည် ။
ချစ်ရပါသော လန်လင်း,
မင်းဆီအဆက်အသွယ်မလုပ်လို့ ကိုယ့်ကို ဒေါသထွက်နေလောက်မယ်မှန်းကိုယ်ခန့်မှန်းမိပါတယ် ။ ကိုယ့်အတွက် စိတ်ဒဏ်ရာကိုကုစားဖို့အချိန်အများကြီးလိုအပ်တယ်လေ ။ ဒါပေမဲ့ မင်းစိတ်မပူပါနဲ့ ကိုယ် ကိုယ့်ကိုယ်ကိုဂရုစိုက်ပါတယ် ။
ကိုယ်အခုတောင်ပေါ်မြို့လေးတစ်ခုမှာ အဆက်အသွယ်တော်ရုံလုပ်မရပေမဲ့ အရမ်းအေးချမ်းတာဘဲသိလား... ကိုယ်မင်းကိုယ် မြင်စေချင်လိုက်တာ ။
ဒါပေမဲ့ လေ ကိုယ့်ရဲ့စိတ်ကိုထိန်းချုပ်နိုင်ဖို့ဆိုတာတကယ်ကိုမလွယ်ကူးဘူး ...တစ်ခါတစ်လေကိုယ့်ကိုယ်ကိုတောင်ပြန်ကြောက်မိတယ် အချိန်တိုင်းအသက်ရှင်ရတာလုံလောက်ပါပြီလို့ပြောနေမိတယ်...
ကိုယ်မရှိလည်း ကမ္ဘာကြီးက ဘာမှပြောင်းလဲသွားမှာမှမဟုတ်တာ... ကိုယ်မင်းအကြောင်းတွေးမိတဲ့အချိန်တိုင်း ပိုပြီးသန်မာလာအောင်လုပ်ရမယ်လို့တွေးမိတယ် ။
မင်းကို ဖွင့်ပြောနိုင်တဲ့အထိကိုယ်သန်မာချင်တယ်... ကိုယ့်ရဲ့အခုအခြေအနေနဲ့တော့ ယိုင်နဲ့နေတဲ့ဘဝထဲမင်းကိုဆွဲခေါ်မထည့်ချင်ဘူး...
ကိုယ့်အတွက်စိုးရိမ်နေရတာထက် မင်းကိုယ့်ကြောင့်ပြုံးရယ်နေတာကိုဘဲကိုယ်မြင်ချင်မိတယ် ။ ကိုယ့်ရှေ့မှာ အရင်လိုမင်းနှစ်သက်တဲ့စာအုပ်လေးတွေအကြောင်းပျော်ပျော်ရွှင်ရွှင်ပြောပြတာကိုကိုယ်ကြားချင်တယ်...အရင်လိုမင်းရဲ့ကဖေးကမုန့်လေးတွေစားပြီး မင်းအလုပ်လုပ်နေတာကို စာအုပ်လေးဖတ်ရင်း ထောင့်တစ်နေရာကငေးကြည့်ချင်တယ်...
မင်းအကြောင်းတွေးမိတဲ့အချိန်မှာမှကိုယ်ဆက်လက်အသက်ရှင်ဖို့တွန်းအားဆိုတာကိုရှာတွေ့ခဲ့တာ ...ကိုယ်မင်းကိုအရမ်းလွမ်းတယ်ကွာ ...
ကိုယ်အတိုင်ပင်ခံဆရာဝန်နဲ့ အပတ်တိုင်းနီးပါးစကားပြောဖြစ်တယ်...ဒါပေမဲ့လည်းတစ်ခါတစ်လေကျ အမြဲတမ်းအိပ်ပျော်သွားပြီးနိုးမလာတော့ရင်ကောင်းမယ်လို့တွေးမိတယ်
ကိုယ်အိပ်ဖို့ကြိုးစားပြန်တော့လဲ အဲ့ဒီနေ့ညကသွေးတွေနဲ့ရွဲနေတဲ့ ကာလိုဒ်ကိုမြင်နေမိတယ်...ပြီးတော့ ကုတင်ပေါ်မှာအသက်မရှိတော့တဲ့ကိုယ့်ရဲ့ကလေးနဲ့ ချီတောင်မချီလိုက်ရတဲ့ သားလေး ကိုယ်သူတို့ရဲ့မျက်နှာတွေကိုအချိန်တိုင်းမြင်နေမိတယ်...
ပြန်တွေးမိတဲ့အချိန်တိုင်း ကိုယ့်ကိုယ်ကိုအပြစ်တင်မိတယ် ကိုယ်သာအတင်းအကျပ်ကွာရှင်းဖို့ဖိအားမပေးခဲ့ရင် သူမလဲသတ်သေဖို့ကြိုးစားမှာမဟုတ်သလို ကိုယ့်ရဲ့ကလေးလေးလည်းအသက်ရှင်နေလောက်ဦးမှာ...
ကိုယ်သာကွာရှင်းဖို့ နည်းနည်းလေးစိတ်ရှည်ခဲ့မယ်ဆိုရင် ကိုယ့်ရဲ့ကလေးကိုဆုံးရူံးရမှာမဟုတ်ဘူး သူကတကယ်ကိုအပြစ်ကင်းပါတယ်..
ဘယ်သူကများကလေးမလိုချင်ဘဲနေမှာလဲ... မင်းတစ်ယောက်တည်းပဲမလိုချင်ဘူးလို့ပြောလိမ့်မယ်...ကိုယ်မင်းရဲ့သတ္တိကိုတကယ်လေးစားတယ် မင်းလုပ်ချင်တာဆိုရင်ဘာကိုမှမကြောက်ဘူး ဝေဖန်ခံရလည်းမင်းလုပ်ရဲတယ်...
ကိုယ်အခု နားလည်သွားပြီ မင်းစိတ်မပျက်ရအောင်ကိုယ်ကြိုစားပါ့မယ်...ကိုယ် စာအုပ်တစ်အုပ်ရေးဖို့ကြိုစားနေတယ် " ခြောက်သွေ့တဲ့ဆောင်း " တဲ့ ကိုယ်ထုတ်ဝေဖြစ်မလားမသေချာသေးပေမဲ့ မူကြမ်းပြီးတဲ့အခါမင်းဆီသေချာပေါက်ပို့ပေးပါ့မယ်...
ကိုယ်တစ်ခုမေးချင်တာက မင်းရဲ့အချစ်ကိုတောင်းဆိုဖို့ ကိုယ့်မှာအခွင့်ရှိသေးရဲ့လား...
လန်လင်းမှာ ပြုံးလိုက်ပါသော်လည်း ခံစားချက်များကသစ္စာဖောက်နေကာ မျက်ရည်ကျလာခဲ့လေသည် ။ သူမည်မျှပင်ဂျိမ်းစ်အား ငြင်းဆန်ကာလက်လွှတ်ခဲ့ပါစေ နှလုံးသားမှာတော့ ဂျိမ်းစ်တစ်ယောက်တည်းကိုသာပိုင်ရှင်အဖြစ်သတ်မှတ်ထားပုံပင် ။
လန်လင်းမှာ သူ့ကိုယ်သူအလွန်သစ္စာမရှိသောကောင်တစ်ယောက်ဖြစ်သည်ဟုခံစားလိုက်ရသည် ။ ထိုအချိန်၌ ရေချိုးခန်းထဲမှအသံတချို့ကြားလိုက်ရ၍ လန်လင်းစပ်စုစွာသွားကြည့်လိုက်သည် ။
တံခါးဖွင့်လိုက်သည့်အချိန်တွင် လူသာက တစ်ပုံစံတည်းဆင်တူသည့်တားဆေးဘူးနှစ်ဘူးကိုလက်ထဲတွင် ကိုင်ထားရင်းကြောင်အနေသည်ကိုတွေ့လိုက်ရသည် ။ သေချာသည်မှာ ထိုနှစ်ဘူးထဲမှတစ်ဘူးမှာ တားဆေးများမဟုတ်ပေ ။
" မင်းဘာလုပ်နေတာလဲ "
လူသာလည်း လက်ပူးလက်ကြပ်အမိခံရ၍လိမ်ညာမရတော့သောကြောင့် ဝန်ခံလိုက်သည် ။
" မင်းရဲ့ တားဆေးတွေကိုလဲနေတာ "
လန်လင်း အမှန်ပင်ဆွံ့အသွားရပြီး အချိန်အနည်းငယ်ကြာသောအခါမှသတိဝင်ကာအော်လိုက်သည် ။
" မင်းဘာလို့ဒီလိုလုပ်ရတာလဲ "
" သိသာနေတာဘဲလေ...ငါမင်းနဲ့ကလေးလိုချင်တယ်... ကလေးမမွေးခင် ငါတို့လက်ထပ်လို့ရတယ်...အဲ့ဒါပြီးရင်ငါတို့ကအရမ်းပျော်ဖို့ကောင်းတဲ့ မိ..."
" ဘာကလေးလဲ...ငါက မင်းရဲ့ကလေးမွေးစက်မဟုတ်ဘူး... ငါကိုယ်ဝန်ဆောင်ရတာကိုမုန်းတယ် "
လူသာက ထလာပြီး လန်လင်း၏လက်အားဆုပ်ကိုင်ရန်ကြိုးစားလိုက်သည် ။
" စိတ်လျှော့ပါဦး မင်းငါတို့ရဲ့ကလေးလေးကိုထိခိုက်သွားစေဦးမယ် "
လန်လင်းက လူသာ၏လက်အားပုတ်ထုတ်လိုက်သည် ။
" ဒါကပုဂ္ဂိုလ်ရေးဆိုင်ရာချိုးဖောက်မူနော် လူသာ မင်းထောင်ထဲဝင်သွားရနိုင်တယ် "
လူသာက လန်လင်း၏ ပုခုံးအားကိုင်ကာပြောလေ၏ ။
" ငါလုပ်ခဲ့တယ်...ဘာဖြစ်လို့လဲဆိုတော့ ငါမင်းကိုချစ်လို့... ငါတို့နှစ်ယောက်ရဲ့မိသားစုကမ္ဘာလေးကိုဖန်တီးချင်လို့ "
လန်လင်းက
လူသား၏ဗိုက်အား အားပြင်းပြင်းနှင့်တစ်ချက်ဆောင့်ကန်ပြီး တိုက်ခန်းထဲမှနှင်ထုတ်လိုက်သည် ။
" ငါ့အိမ်ကနေအခုထွက်သွားစမ်း "
လန်လင်းက တိုက်ခန်းတံခါးကို အားနှင့်ဆောင့်ပိတ်ချလိုက်သည် ။
" ကိုယ်ဝန်ရဖို့အားဆေးတွေလား...ငါဒီသောက်ရေးမပါတဲ့ဟာတွေကို ဘယ်လောက်ကြာအောင်သောက်နေခဲ့မိတာပါလိမ့် "
Xxxxx