အပိုင်း ၁၀၃
Viewers 13k

Chapter 103


Mori Sue:

Daddy's little 


Side stoty ( 8)


ဟီးဗန်းအားနို့တိုက်ပြီးသည့်နောက်တွက် ပုခန်ထဲသို့အသာထည့်ကာ သူ့အတွက်အထူးပြုလုပ်ထားသောမီးအိမ်လေးကိုဖွင့်ပေးထားလိုက်သည် ။ ထိုမီးအိမ်လေးတွေ သံစဥ်ဘူးတစ်ပါရှိပြီး မီးဖွင့်လိုက်သည်နှင့်သားချော့တေးတီးလုံးထွက်လာမည်ဖြစ်သည် ။


ေဖျာ့တော့သောဝါကျင်ကျင်အလင်းရောင်မှာ ပတ်ဝန်းကျင်အားမြင်နိုင်ရုံသာရှိပြီး အလင်းမစူး၍ဟီးဗန်းလေးအလွန်နှစ်သက်လေသည် ။ ဗိုက်ဝအောင်ကျွေးပြီးမီးအိမ်ဖွင့်ထားပေးလိုက်ရုံနှင့် တစ်ခါတစ်ရံ ချော့သိပ်စရာပင်မလိုဘဲအိပ်ပျော်သွားတတ်လေသည် ။


ဟီးဗန်းအိပ်ပျော်နေသည် သေချာမှ ပါကာက ပုခတ်လွှဲပေးထားခဲ့လေသည် ။ ဒရိတ်ခ်မှာမူန်ကုပ်ကုပ်နှင့်တစ်စုံတစ်ရာအားမကျေမနပ်ဖြစ်နေပုံရသောကြောင့် ပါကာက အနမ်းပေးကာမေးလိုက်သည် ။


" ခင်ဗျားဘာတွေတွေးနေတာလဲ "


" ကိုယ်ကူးပြောင်းတာနဲ့ပက်သက်ပြီးတော့ တစ်ခါမှမင်းကိုအတင်းအကျပ်မမေးဖူးဘူးနော်.... မင်းရဲ့ဆံပင်က ဒီအရောင်ပဲလား ဒါမှမဟုတ်ဆေးဆိုးထားတာလားဆိုတာတွေရောပေါ့ "


ပါကာမှာ လူစားလဲထားခြင်းမဟုတ်ဘဲ ဝိညာဥ်ကူးပြောင်းသွားခြင်းဟု မည်သို့ရှင်းပြရမည်နည်းမသိပါတော့ချေ ။


" ပြီးတော့ မင်းပါကာမဖြစ်ခင်က မင်းရဲ့မိသားစု ၊ အလုပ်နဲ့ မင်းဘယ်လိုနေထိုင်ခဲ့လဲကိုယ်သိချင်တယ် "


ပါကာက သူ၏အောက်နူတ်ခမ်းအားခပ်တင်းတက်းကိုက်ထားမိသည် ။


" ကျွန်တော်ကမိဘမဲ့တစ်ယောက်ပါ  ဒီတိုင်းသာမန်ရုံးတစ်ရုံးမှာအလုပ်လုပ်တယ် ဘာမှထူးထူးခြားခြားပြောပြစရာမရှိဘူး "


ဒရိတ်ခ်က ပါကာအားကြည့်လိုက်သည် ။ ပုံမှန်အားဖြင့် မိဘမဲ့များ၌ သူတို့၏အတွေအကြုံများအကြောင်းပြောပြစရာများသော်လည်း ပြောစရာမရှိဟုဆိုသဖြင့် ပါကာအတိတ်အကြောင်းမပြောချင်မှာထင်ရှားလေသည် ။


ပါကာမှာ အလွန်အံ့သြဖွယ်ကောင်းသော ဇနီးကောင်းတစ်ယောက်ဖြစ်၍ သူလုံးဝလက်လွှတ်မခံနိုင်ပါချေ ။


" ဒါဆိုရင်လဲ မင်းစိတ်ပါတဲ့အချိန်ကျရင် ကိုယ့်ကိုပြောပြနော်... ကိုယ်မင်းအကြောင်းကို တကယ်သိချင်တယ် "


ဒရိတ်ခ်က ပါကာအား သူ၏ပေါင်ပေါ်သို့ဆွဲတင်ကာ နမ်းရိူက်လိုက်သည် ။ ပါကာမှာ ယခုအခြေအနေတွင် အသားကျနေပြီဖြစ်၍ အတိတ်အကြောင်းများအားပြန်အစမဖော်ချင်ပါပေ ။


သူတို့ကအခုမိသားစုတွေဖြစ်နေပြီလေ အတိတ်ကဘာအရေးကြီးသေးလို့လဲ!


×××


လူးဝစ်က သူ၏သားအငယ်ဆုံးလေး ချားလ်စ်နှင့်အတူ ပျော်ပျော်ရွှင်ရွှင်စားသောက်နေသည့်အချိန်တွင် အမျိုးသမီးတစ်ဦးက သူ့အားလာရောက်နူတ်ဆက်ခဲ့သည် ။


" ခင်ဗျားကဘယ်သူလဲ "


" ကျွန်မက ဗီရာပါ သူကတော့ကျွန်မရဲ့သူငယ်ချင်း ဂျန်နီးစ် ပါ ...ရှင်ကရှာရွန်ရဲ့ အမျိုးသားမဟုတ်လား ကျွန်မတို့ကနူတ်ဆက်ချင်လို့ပါ "


ရှာရွန်က ချားလ်စ်၏ နူတ်ခမ်းတွင်ပေနေသော ဖရုံသီးအနှစ်များအား လက်ကိုင်ပဝါဖြင့်သုတ်ပေးရင်းပြန်လည်နူတ်ဆက်လိုက်သည် ။


" အို... တွေ့ရတာဝမ်းသာပါတယ် "


" သူက ရှာရွန်ရဲ့ သားအငယ်ဆုံးလေးဖြစ်ရမယ် သူတို့ရဲ့ဆံပင်ပုံစံကတစ်ပုံစံတည်းနော်... ကျွန်မထိကြည့်လို့ရမလား "


လူးဝစ်က ထိုအမျိုးသမီး၏ပြောပုံဆိုပုံအားသဘောမကျပါချေ ။


ထိကြည့်လို့ရမလားတဲ့....


ငါ့သားကို ခွေးလေးကြောင်လေးများမှတ်နေလားမသိဘူး...


လူးဝစ် ကပြုံးပြကာငြင်းဆိုလိုက်သည် ။


" တောင်းပန်ပါတယ် သူကသူစိမ်းတွေကိုအထိမခံတတ်လို့ပါ "


ဗီရာက စနောက်လိုက်သည် ။


" ရပါတယ်... သူကအရမ်းချောတဲ့ကောင်လေးဘဲ... ကြီးလာရင် အသည်းခွဲသမားကြီးဖြစ်လာမှာသေချာတယ် "


လူးဝစ် ကမေးလိုက်သည် ။


" မင်းက ပြင်သစ်သူလား "


လူးဝစ်က သက်ပြင်းချလိုက်သည် ။ သူသည် အဂ်လိပ်စကားသာပြောသောသူနှင့်လက်ထပ်ထားပြီး နေ့စဥ်သုံးစကားမှာလည်း အဂ်လိပ်ဘာသာစကားသာဖြစ်သော်လည်း လေယူလေသိမ်းမှာပြင်သစ်လေယူလေသိမ်းနှင့်သာဖြစ်သည် ။.


ကလေးများမှာပြင်သစ်ကားအားပြောဆိုနိုင်ပြီး ဘာသာစကားနှစ်မျိုး၏အသံထွက်၌ လွန်စွာပြေပြစ်သည် ။ ဆွေမျိုးများနှင့်တွေ့ဆုံသည့်အချိန်တိုင်းတွင် ကောင်လေးများမှာဘာသာစကားမျိုးစုံအားလွယ်လွယ်ကူကူပြောင်းလဲပြောဆိုနေကြသော်လည်း သူတစ်ယောက်သာဟိုလိုလိုဒီလိုလိုရောနှောနေတတ်သည် ။


" ဟုတ်ပါတယ် ဘာဖြစ်လို့လဲ "


" ဘာမှမဟုတ်ပါဘူး... ကျွန်တော်တို့ တိုက်ဆိုင်ရင်ပြန်တွေ့ကြတာပေါ့ "


" အမ် "


လူးဝစ်က အစားအသောက်ကိုသာပြန်လည်အာရုံစိုက်သွားသောကြောင့် အမျိုးသမီးနှစ်ယောက်မှာ ရှက်ကိုးရှက်ကန်းနှင့်ပြန်ထွက်သွားရလေသည် ။ လူးဝစ်က ထိုအမျိုးသမီးနှစ်ယောက်အားဓာတ်ပုံရိုက်ယူထားရန်မမေ့ပါချေ ။


×××


လန်လင်းမှာ မနက်စောစောစီးစီးတွင် မအီမသာဖြစ်နေသည့်အပြင်ခေါင်းမူကာအားနည်းနေသလိုခံစားနေရသည် ။ သူ၏ပုံစံမှာဖြူဖျော့နေပြီး ဘေးမှရပ်ကြည့်နေသည့်သူပင်နေမကောင်းကြောင်းသတိထားမိနေသည်အထိပင် ။


အလုပ်သမားလေးမှာ ကြည့်မနေနိုင်တော့၍ ထိုင်ခုံချပေးကာထိုင်စေပြီးပြောလိုက်သည် ။


" သူဌေးနေမကောင်းဘူးလား "


" ဟင့်အင်း ငါအဆင်ပြေပါတယ် "


" ကျွန်တော်ကတော့ အနားယူသင့်တယ်ထင်တာ် သူဌေး ကြည့်ရတာဖြူဖျော့နေပြီး မူးလဲတော့မဲ့အတိုင်းဖြစ်နေတယ်လေ "


နေမကောင်းတာလား?


ဒါပေမဲ့ ပင်ပင်ပန်းပန်းအလုပ်ဆို ဘာမှမလုပ်ထားဘူးလေ?


နေ့တိုင်း အေးအေးဆေးဆေးသက်တောင့်သက်သာနေနေတာကို ဘာလို့နေမကောင်းဖြစ်ရမှာလဲ?


မိုးလဲမမိထားပါဘူး ?


သို့သော်လည်း ခေါင်းမူးကာအနည်းငယ်အားမရှိသလိုဖြစ်နေသည်ကိုတော့ ဝန်ခံရမည်ပင် ။ တစ်နေကုန်အလုပ်ဆက်လုပ်ရန်မဖြစ်နိုင်တော့၍ အိမ်ကိုသာပြန်လာကာ တစ်ခုခုစားသောက်ပြီးအိပ်ရန်ကြံလိုက်သည် ။ 


ရေခဲ့သေတ္တာအားဖွင့်ကြည့်လိုက်သောအခါ အသားများသာရှိပြီး ညှီနံ့ကြောင့်စားချင်စိတ်မရှိပါချေ ။ ထို့ကြောင့်ဘသစ်သီးခြင်းတောင်းသို့အကြည့်ရောက်သွားကာ လိမ္မော်သီးတစ်လုံးခွာစားလိုက်သည့်အချိန်တွင် အချဥ်အရာသာမှာသူလိုချင်နေသောအရယအတိအကျဖြစ်၍ မရပ်တန့်နိုင်ဘဲ ဆက်စားနေမိတော့သည် ။


×××


" ဖြန်း! "


" မင်းကောင်းကောင်းမွန်မွန်မနေနိုင်ဘူးလား ငါတို့မင်းကိုနေရာတကာလိုက်ကြည့်မနေနိုင်ဘူး "


" ဘာလို့ မင်းကိုမွေးစားခဲ့မိပါလိမ့် ...အသုံးမကျတဲ့ကောင် "


ပါကာက သူ၏ဝမ်းဗိုက်အတွင်းမှနာကျင်မူကြောင့်မျက်မှောင်ကျုံ့လိုက်မိသည် ။ နောက်ထပ်မြင်ကွင်းတစ်ခုမှာ အများသုံးမီးရထားဘူတာတွင် ဒူးပိုက်ကာငိုကြွေးနေသည့်ပုံဖြစ်သည် ။


မျှော်လင့်ချက်အိပ်မက်များရိုက်ချိုးခံလိုက်ရသည့် လူငယ်လေးတစ်ဦးမှာ ဝမ်းနည်းတကြီးရိူက်ငိုနေခဲ့သည် ။ ထိုကောင်လေး၏မျက်ဝန်းထဲတွင် စိတ်ပျက်အားငယ်မူနှင့်ဝမ်းနည်းမူတို့သာကြီးစိုးထားလေသည် ။


ဟီးဗန်းလေး၏ ငိုသံကြောင့် ပါကာလန့်နိုးလာသည့်အချိန်တွင် ချယ်လ်စီလေးကတံခါးဝသို့ပင်ရောက်နေပြီဖြစ်သည် ။


" ပါးပါး မောင်လေး အီးအီးပါထားတာလား "


ပါကာက ကလေး၏ဒိုက်ဘာအားတစ်ချက်စစ်ဆေးပြီးနောက်ပြောလိုက်သည် ။


" ဟုတ်တယ် "


" ဒါဆိုရင် မီးမီး ပါးပါးနဲ့အတူတူမောင်လေးကို ဒိုက်ဘာလဲပေးမယ်နော် "


ချယ်လ်စီလေးက ညတိုင်းနီးပါး သူမ၏မောင်လေးအဆင်ပြေမပြေလာရောက်စစ်ဆေးလေ့ရှိပြီး တစ်ခါတစ်ရံ ကလေးပုခတ်ထဲတွင် ဟီးဗန်းလေးအားဖက်ကာဝင်အိပ်နေတတ်သေးသည် ။ 


မနက်မိုးလင်း၍ သူမလေးအားတွေ့သည့်အခါ ဒရိတ်ခ်နှင့်ပါကာမှာ အံ့သြခဲ့ရသော်လည်း ကြာလာသည်နှင့်နေသားကျသွားတော့သည် ။ ဒရိတ်ခ်မှာ ပုခတ်အားကြီးကြီးမားမားဝယ်ယူထား၍သာတော်တော့သည် ။ မဟုတ်လျှင် မောင်လေးနှင့်အတူမအိပ်ရသည့် အတွက်ကြမ်းပြင်ပေါ်မှာသာလာအိပ်နေလောက်သည် ။


ပါကာက သူ့သမီးလေး၏ အာရုံစိုက်နေသောပုံရိပ်လေးအားကြည့်ကာလေးလေးနက်နက်ပြောလိုက်သည် ။


" ချယ်လ်ချယ်လ် ပါးပါးကသမီးကိုအရမ်းချစ်တာသိရဲ့လား "


" အွန်း...မီးမီးကလဲ... ပါးပါးကို အများကြီး... အများကြီးချစ်တာ "


Xxxxx