အပိုင်း ၁၀၂
Viewers 13k

Chapter 102


Mori Sue:

Daddy's little 


Side story ( 7)


မိသားစုအပန်းဖြေချိန်အတွင်း၌ ဝီလီယမ်ကအစားအသောက်များပြင်ဆင်နေပြီး ပါကာက ဟီးဗန်းလေးနှင့်အတူ ရေကူးကန်၏ရေတိမ်ပိုင်းတွင်ဆော့ကစားနေလေသည် ။


ကလေးငယ်လေးမှာ အလွန်ပျော်ရွှင်နေပြီး ရေပြင်ကိုလက်ဝါးသေးသေးနှင့်ပုတ်ကာပျော်ရွှင်နေလေသည် ။ ပါကာက ကလေးဘေးကင်းစေရန်အတွက် တောက်လျှောက်စောင့်ကြည့်နေပြီး ဒရိတ်ခ်က ချယ်လီလေးကိုကျောပေါ်တင်ရင်းရေကူးနေလေသည် ။


အိုလီဗာက ဒရိတ်ခ်နှင့်အတူရေကူးချင်၍အော်​ပြောလိုက်သည် ။


" ဖေဖေ သားလဲအဲ့လိုလုပ်ချင်တယ် "


ဒရိတ်ခ်က ရီမောလိုက်ကာ ချယ်လ်စီလေးကိုချပေးပြီးနောက် အိုလီဗာကိုသယ်ဆောင်၍ထပ်မံကူးခတ်လေသည် ။ အိုလီဗာက စိတ်လူပ်ရှားလွန်းသောကြောင့်အော်ဟစ်နေပြီး ချယ်လ်စီလေး ကဒရိတ်ခ်၏ဘေးမှယှဥ်၍ရေကူးလာသည် ။


သူမရေကူးတတ်ပါသော်လည်း အန္ဒရာယ်တစ်စုံတစ်ရာမဖြစ်စေရန် သတိထားကြည့်နေရသည် ။


" ငါလဲ ဖေ့ဖေ့လိုရေကူးတတ်ချင်တယ် "


ချယ်လ်စီလေးက အိုလီဗာ၏ ခေါင်းကိုပုတ်ပေးကာ ယုံကြည်မူအပြည့်နှင့်ပြောလိုက်သည် ။


" လာ... ငါသင်ပေးမယ် "


အိုလီဗာ အားတက်သရောရေကူးသင်နေသည့်အချိန်၌ ဒရိတ်ခ်က ခုံပေါ်တွင်ထိုင်ကာအအေးသောက်ရင်းအနားယူနေလေသည် ။ 


ဖရန်ကယ်လ်က အစားအသောက်များယူလာပေးသော ဝီလီယမ်အားကျေးဇူးတင်လိုက်သည် ။


" ကျေးဇူးတင်ပါတယ် "


ဖရန်ကယ်လ်က အောက်နူတ်ခမ်းကိုကိုက်ကာ ဝီလီယမ်ကိုကြည့်၍ပြောလိုက်သည် ။


" မင်းက တခြားလူတစ်ယောက်လို ပြောင်းလဲသွားတယ်နော် "


ဝီလီယမ်က မျက်လုံးတစ်ဖက်မှိတ်ပြကာပြောလိုက်သည် ။


" မင်းလည်းအတူတူဘဲ မဟုတ်ဘူးလား... ဒါကို ငါတို့နှစ်ယောက်ပဲသိတဲ့ လျို့ဝှက်ချက်လေးအဖြစ်ထားလိုက်ရအောင် "


ဖရန်ကယ်လ်က ခေါင်းညိမ့်ကာသဘောတူလိုက်သည် ။ ထိုအချိန်တွင် ပါကာက ကလေးချီကာရေကူးကန်ထဲမှတက်လာပြီဖြစ်ပြီး ရေစိုနေသောအကျီကသူ၏လှပသောခန္ဒာကိုယ်အချိုးအစားကို မဖုံးကွယ်ထားနိုင်ပါချေ ။


ဖြူဖွေးသောခြေတံသွယ်သွယ်လေးများမှာ အလွန်ညို့ယူနိုင်သည်ဖြစ်၍ ခရီးသွားကမ်းခြေသို့ရောက်နေကြခြင်းမဟုတ်သည်ကိုပင် ဒရိတ်ခ် ဝမ်းသာမိသွားသည် ။


သူ၏အမျိုးသားလေးမှာ အလွန်လှပသောကြောင့် မည်သူကိုမှပေးမကြည့်ချင်ပါပေ ။


သဝန်တိုလွန်းလို့ လူတောင်သတ်မိနိုင်တယ်!


ပါကာက ဟီးဗန်းလေးအား ရေသုတ်ပေးကာ ဒရိတ်ခ်၏ဝမ်းဗိုက်ကြွက်သားများအပေါ်တင်ပေးထားလိုက်သည် ။ ကလေးငယ်လေးမှာ သူ့ဖေဖေ၏ကြွက်သားများကိုသဘောတကျထိတွေ့ကိုင်တွယ်နေပြီး တခစ်ခစ်ရီမောနေလေသည် ။


ပါကာက သူ၏အကျီမှရေများကိုညှစ်ချနေသည့်အချိန်တွင် ဒရိတ်ခ် ကသူ၏အမျိုးသားလေးအားကြည့်ကာ ဝမ်းသာမိနေသည် ။ ယခင်နှစ်များအတွင်းတွင် သူ၏ဘဝမှာရည်ရွယ်ချက်ပျောက်ဆုံးနေခဲ့ပြီး ချယ်လ်စီလေးတစ်ယောက်သာ သူ့အနားတွင်ရှိခဲ့သည် ။


အိမ်နှင့်အလုပ်တွင်သာအချိန်ကုန်နေခဲ့ပြီး တစ်ခုတည်းသောဂရုစိုက်မြတ်နိုးစရာမှာ သူ၏သမီးလေးသာပင် ။ သို့သော် ဝိညာဥ်ကူးပြောင်းပြီးနောက်တွင် ပါကာမှာသူ၏ဘဝအတွင်းသို့အလင်းရောင်များဆောင်ကျဥ်းလာပေးသူဖြစ်ခဲ့သည် ။


တစ်ခါမျှမခံစားဘူးသော ဂရုစိုက်နွေးထွေးမူတို့အပြင် သာယာသောမိသားစုလေးကိုပါဖန်တီးပေးခဲ့သည် ။ အရသာရှိသောအစားမသောက်များနှင့် နွေးထွေးကြင်နာတတ်သောဇနီးလေးအပြင် အလွန်ချစ်စဖွယ်သားနှင့်သမီးတို့ကြောင့် သူ၏ဘဝမှာအလွန်ပြီးပြည့်စုံနေပြီပင် ။


လန်လင်း နှင့်ပါကာတို့ ဝိညာဥ်ကူးပြောင်းခဲ့ကြသည်ကိုပင် အလွန်ကျေးဇူးတင်မိသွားလေသည် ။ ပါကာနှင့်အတူနေထိုင်ခဲ့သည်မှာ နှစ်နှစ်ပြည့်တော့မည်ဖြစ်ပြီး မကြာခင်တွင်ပင်နှစ်ပတ်လည်နေ့သို့ရောက်ရှိလာတော့မည် ။


သူ၏အမျိုးသားလေးအား ပန်းစည်းနှင့်ရိုမနိ့တစ်ဆန်သောညစာအပြင် အခြားသောအမှတ်ရဖွယ်များအားဖန်တီးပေးချင်သည် ။ ဒရိတ်ခ်က သူအားစိုက်ကြည့်နေသည့်အတွက် ပါကာမှာအူကြောင်ကြောင်းလေးဖြစ်ကာ မေးလိုက်လေသည် ။


" ဘာလို့ ကျွန်တော်ကိုကြည့်နေတာလဲ "


" မင်းကအရမ်းကြည့်ကောင်းတာကိုး "


ဒရိတ်ခ်မှာပါကာကြီးပြင်းခဲ့ရသော ငယ်ဘဝအားသိချင်ပါသော်လည်း မေးလိုက်သည့်အချိန်တိုင်းတွင် အကြောင်းအမျိုးမျိုးပြကာရှောင်ဖယ်သွားတတ်သည် ။ သို့သော်လည်း အလျှင်မလိုပါချေ ။


ပါကာ့ဘက်မှစိတ်လိုလက်ရဖွင့်ပြောပြလာမည့်အချိန်အထိ သူစောင့်နိုင်သည် ။ ဒရိတ်ခ်က ဟီးဗန်းလေး၏ လက်သေးသေးလေးကိုကိုင်လိုက်သည့်အချိန်တွင် ပါကာက ခေါင်းလေးကိုပွတ်ပေးကာပြောလိုက်သည် ။


" သားအသက်ကြီးလာရင် သားဖေဖေလိုမျိုး ကိုယ့်ရဲ့ဇနီးကိုသေသေချာချာဂရုစိုက်ရမယ်နော် "


ဟီးဗန်းလေးက အူကြောင်ကြောင်ဖြင့် ဒရိတ်နှင့်ပါကာအားကြည့်နေသည် ။


" သူက ခင်ဗျားနဲ့တူလို့သေချာပေါက် အရမ်းချောလာမှာ "


ဒရိတ်က ပါကာအားကြည့်ကာ ရီမောလိုက်လေသည် ။


×××


ကာလိုဒ် ၏ သတ်သေမူအကြောင်းကြားသည့်အခါ ဘရောင်းတစ်မိသားစုလုံးတုန်လူပ်ခြောက်ခြားသွားရသည် ။ ပန်းများပို့သူမှာ ကာလိုဒ်ဟုထင်ခဲ့သော်လည်း သူမသေဆုံးသွားပြီဖြစ်၍မိသားစုအတွင်းရှိလူတစ်ဦးဦးမှကြံစည်လုပ်ဆောင်ကြောင်းထင်ကြေးပေးလာကြသည် ။


အချို့မှာ လူးဝစ်၏လူံ့ဆော်မူကြောင့်ရှာရွန်လုပ်ခဲ့သည်ဟုပင်ဆိုနေကြသည် ။ ထိုအချိန်၌ ရှာရွန်မှာ အလုပ်ပင်မသွားနိုင်ဘဲ ဝရန်တာ၌ရပ်ကာအလွန်ပူဆွေးနေလေသည် ။


လူးဝစ်က အမြွှာနှစ်ယောက်အားသူတို့၏ဖခင်လစိတ်အခြေအနေမကောင်း၍ သွားမနှောင့်ယှက်ရန်သတိပေးထားပြီး ရှာရွန်အား စိတ်ပူစွာကြည့်နေလေသည် ။


ဤအချိန်သူ၏ခေါင်းထဲတွင်တွေးနေသောအရာအား ဘုရားသာသိလိမ့်မည် ။


×××


ကလိုဒ် ကအခန်းတစ်ခန်းအတွင်းတွင် စိတ်ဝိညာဥ်မရှိတော့သည့်သူတစ်ယောက်လို နီရဲနေသောမျက်လုံးများဖြင့်ထိုင်နေလေသည် ။


သူရဲ့သမီးကသေသွားပြီ ...


ကိုယ့်ကိုယ်ကိုယ်သတ်သေသွားပြီ!


ဘာလို့လဲ !


သူရဲ့တစ်ဦးတည်းသောသမီး သေဆုံးသွားရသည့်အချိန်တွင် ဂျိမ်းစ်၏မိသားစုဝင်များ ကောင်းကောင်းမွန်မွန်နေထိုင်နေကြသည်ကိုသာတွေးကာ ကလိုဒ်၏မျက်လုံးထဲတွင် ဒေါသမီးများတောက်လောင်လာနေသည် ။


အဆင်ပြေနေသည့်အိမ်ထောင်ရေးမှာ ဂျိမ်းစ်၏စိတ်အပြောင်းအလဲကြောင့် ပျက်စီးသွားရသည်ဟုပင်တထစ်ချမှတ်ယူထားပြီး ကာလိုဒ်လုပ်ခဲ့သမျှအရာများအားမေ့ပျောက်သွားလေတော့သည် ။


အကုန်လုံးက ဂျိမ်းစ်ရဲ့အမှားတွေ!


Xxxxx