အပိုင်း ၁၀၁
Viewers 13k

Chapter 101


Mori Sue:

Daddy's little


Side story (  6)


ပါကာ သမ်းဝေလိုက်သောအခါ ပါးစပ်ထောင့်မှနာကျင်သွား၍ ညည်းညူလိုက်မိသည် ။


" ပါးပါးရဲ့ ပါးစပ်ထောင့်ကဘာဖြစ်တာလဲဟင် "


ပါကာက သူမသတိထားမိသွားသောကြောင့်လိမ်ပြောလိုက်သည် ။


" ပါးပါး မတော်တဆကိုက်မိတာပါ "


" How you gonna whisper about the things that you seen, and how you don't know how to keep your business clean.  Daughter don't know mommy's gettin hot ... အာ့ သီချင်းလေးဆိုရုံပဲလေ "


ပါကာက ရေဘူးနှင့်ကောက်ပေါက်လိုက်သောကြောင့် ဝီလီယမ်က ခုခံပြောဆိုလာ၍  ပါကာက ဟီးဗန်းလေးကိုချလိုက်ကာ ဝီလီယမ်ကိုအော်ပြောလိုက်သည် ။ 


" ကလေးရှေ့မှာပေါက်ကရတွေလာမဆိုစမ်းနဲ့ "


ဝီလီယမ်က ပါကာ့အားထပ်မစတော့ပဲ ဟီးဗန်းလေး၏ရှေ့တွင် ပလုပ်တုပ်လေးကိုအသံမြည်အောင်ကစားပြကာချော့မြူလိုက်သည် ။ ကလေးငယ်၏ လှပသောအပြာရောင်မျက်လုံးများမှာကစားစရာကိုသာစိုက်ကြည့်နေပြီး လက်သေးသေးလေးများဖြင့်ဖမ်းယူရန်ကြိုးစားနေသည် ။


ဝီလီယမ်က သူ၏လက်ထဲထည့်ပေးလိုက်သောအခါ ဟီဗန်းလေးကဆွဲယူရင်း ရီမောကာဆော့ကစားနေလေ၏ ။


" ပါးပါး မောင်လေးကအရုပ်ကိုကြိုက်တယ် "


" အင်း "


ပလုပ်တုပ်မှ တတောက်တောက်မည်သံက ပါကာ့အားစိတ်ရူပ်စေပါသော်လည်း ကလေးငယ်များအတွက်မူ အလွန်စိတ်ဝင်စားဖွယ်ဖြစ်နေလေ၏ ။ ဖွိ့ဖြိုးဆဲဖြစသောကလေးငယ်များ၏ အမြင်တွင် အရာရာမှာစူးစမ်းချင်စရာပင် ။


ပါကာက ချယ်လ်စီလေး၏ ပါးဖောင်းဖောင်းလေးအားနမ်းရသည်ကိုနှစ်သက်သကဲ့သို့ သူမလေးကလည်း ဟီးဗန်းလေး၏ပါးကိုနမ်းရူံ့ရသည်အားသဘေယကျလေသည် ။ သူမက ဟီးဗန်း၏နူးညံ့သောပါးလေးအားလက်ညိုးနှင့်ထိုးကာပြောလိုက်သည် ။


" ပါးပါး မောင်လေးရဲ့အသားကအရမ်းနူးညံ့တာပဲနော်..."


" အင်း...ချယ်လ်ချယ်လ်လေး ငယ်ငယ်တုန်းကလည်း အဲ့လို သေးသေးနူးနူးညံ့ညံလေး "


ပါကာက ဟီးဗန်းလေးအား ပုခက်ပေါ်မှချပေးကာ မောင်နှမနှစ်ယောက်အတူတူဆော့ကစားနိုင်စေရန်ပြင်ဆင်ပေးလိုက်သည် ။


ချယ်စီလေးက ဟီဗန်းလေး၏ လက်သေးသေးများအားနမ်းလိုက်သောအခါတွင် တခစ်ခစ်ရီမောလာလေသည် ။ ပါကာက ကလေးနှစ်ယောက်ဆော့ကစားနေသည်အား ကြည့်နေရင်းပုံတူပန်းချီဆွဲနေသည် ။ 


တစ်အိမ်လုံးတွင် ပါကာဆွဲထားသည့်မိသားစုပုံတူပန်းချီများဖြင့်ပြည့်နှက်နေလေ၏ ။ ဧည့်ခန်း ၊ အိပ်ခန်း၏ အိမ်နံရံနေရာတော်တော်များများတွင် ပန်းချီကားများကိုချိတ်ဆွဲထားသည့်အပြင် ရှာရွန် နှင့်လူးဝစ်အတွက်ပါ ရေးဆွဲပေးခဲ့သေးသည် ။


ဟီးဗန်း လမ်းစလျှောက်သည်နှင့် အိမ်အလုပ်များနှင့်ချက်ပြုတ်ခြင်းကိုပြန်စလုပ်ရန်စဥ်းစားထားလေသည် ။ ထို့အပြင်သူ၏ ကျန်းမာရေးကိုလည်းပြန်လည်ဂရုစိုက်ရပေဦးမည် ။ 


သူ၏ယူကျုပ်စ့် ချန်နယ်အားလည်း ကိုယ်ဝန်ဆောင်ကာလအတွင်းရပ်နားထား၍ အသစ်မတင်ဖြစ်သည်မှာကြာပြီဖြစ်သည် ။ ထိုချန်နယ်တွင် ချက်ပြုတ်နည်းအချို့သာမကသူ၏ပန်းချီလက်ရာတချို့ကိုပါတင်လေ့ရှိသည်။


နောက်ပိုင်းတွင် ထိုချန်နယ်မှစီးပွားရေးစလုပ်ရင်ကောင်းမည်လောဟုစဥ်းစားနေလေသည် ။ အမှာစာအချို့ကိုလက်ခံ၍ ပန်းချီလက်ရာအချို့ကိုရောင်းချရန်တွေးမိလေသည် ။ ဝါသနာနှင့်အသက်မွေးဝမ်းကျောင်းပြုနိုင်မည်ဖြစ်၍ သူ့အတွက်အရူံးမရှိပါချေ ။


×××


တောက်ပသောမနက်ခင်းနေရောင်ခြည်၏နွေးထွေးမူအောက်တွင် လူးဝစ်ကစောင်ပုံထဲမှတိုးထွက်လာကာ ရှာရွန်အားနမ်းလိုက်သည် ။


" မောနင်း..."


" မောနင်း အချစ် "


လူးဝစ်က ရှာရွန်အားပြုံးပြုံးကြီးစိုက်ကြည့်နေသောကြောင့် သူ မဖြေချင်ဆုံးသောအကြောင်းအရာ၏အဖြေအားမေးမည်မှန်း ရှာရွန် သိသွားလေ၏ ။ 


" ပြောစမ်းပါဦး... မင်းမှာ ငါးဥလေးတွေဘယ်လောက်များများရှိခဲ့တာလဲ "


ရှာရွန် ကသက်ပြင်းချလိုက်ပြီးနောက် လူးဝစ်အားဖက်ကာ ခပ်ဖွဖွနမ်းရင်းပြောလိုက်သည် ။


" ကိုယ်ပြောပြရင် မင်းစိတ်မဆိုးပါဘူးလို့ ဂတိပေးမလား "


" ငါအာမမခံဘူးနော် "


ရှာရွန်က တိုးတိုးလေးရေရွတ်လိုက်သည် ။


" ခုနှစ်ပတ်လည်..."


လူးဝစ်က စိတ်သက်သာရာရစွာသက်ပြင်းချလိုက်သည် ။


" ဒီလောက်ကအဆင်ပြေပါသေးတယ် ဆယ်ယောက်မှမပြည့်တာကို "


" ပြီးတော့...ကိုး "


" အမ် "


" ပြီးတော့ ကိုးလို့ "


လူးဝစ်က လန့်သွားပြီး ပြင်သစ်စကားများပင်ထွက်လာလေသည် ။


" မင်းငါ့ကိုနောက်နေတာလား.... အဲ့ဒီအရေအတွက်ထိရောက်အောင် မင်းဘယ်လိုများ...မင်းကတစ်ကယ်ကို Fuck boy တစ်ယောက်ပဲ "


" လူးဝစ် စိတ်ထိန်းပါဦး မင်းဒေါသမထွက်ဘူးလို့ပြောထားတယ်လေ "


လူးဝစ်က ဒေါသထွက်နေခြင်းမဟုတ်ဘဲ ရှာရွန်၏အံ့အားသင့်ဖွယ်အရေအတွက်ကြောင့် လန့်ကာအဂ်လိပ်စကားပင်ပြောရန်မေ့သွားခဲ့လေသည် ။


" ငါတစ်ကယ်မေးတာပါ... မင်ဘယ်လိုများ အဲ့ဒီအရေအတွက်ထိရောက်..."


" ငယ်ရွယ်တဲ့အချိန်တုန်းက ကိုယ်လည်း လက်ထပ်ဖို့အသင့်မဖြစ်သေးတာနဲ့အပျော်အပါးလိုက်စားမိတာပါကွာ "


" သူတို့ထဲကတစ်ယောက်ယောက်ကိုယ်ဝန်ရှိသွားမှာကိုမင်းမကြောက်ဘူးလား "


" ကိုယ်တာဝန်မယူနိုင်တဲ့အသက်တစ်ချောင်းကိုမဖန်တီးပါဘူးကွာ "


လူးဝစ်က သက်ပြင်းချကာရှာရွန်ကိုနမ်းပြီး များပြားလှသောအရေအတွက်ကိုမေ့ပျောက်ရန်ကြိုးစားနေရလေသည် ။


×××


နှစ်လကြာပြီးနောက်...


မနေ့ညက မိုးသည်းထန်စွာရွာသွန်းခဲ့သည်ဖြစ်၍ လန်လင်းကလူသာအား သူ့အိမ်တွင်လိုက်အိပ်ရန်ဖိတ်ခေါ်ခဲ့သည် ။ သုံးလတာအတွင်း ရန်ဖြစ်သင့်သလောက်ဖြစိခဲ့ပြီးပြီဖြစ်သောကြောင့် သူတို့နှစ်ဦး၏ ဆက်ဆံရေးမှာတိုးတက်လာခဲ့သည် ။


လူသာက ဗီဒိုထဲမှအဝတ်တစ်ထ


ည်ကိုကိုင်ရင်းမေးလိုက်သည် ။


" ဒါဘယ်သူ့ဟာလဲ "


လန်လင်းက ထိုအကျိီကိုကိုင်ကာပြောလိုက်သည် ။


" အဲ့တာ သူငယ်ချင်းတစ်ယောက်ရဲ့ဟာပါ "


လူသာ စပ်စုချင်သွားလေသည် ။


" မင်းဘာလို့သိမ်းထားတာလဲ 


လန်လင်းက ပြုံးပြကာမျက်ခုံးပင့်ရင်းမေးလိုက်သည် ။


" ငါလွှင့်ပစ်လိုက်သင့်လား "


" မင်းသူ့ကိုပြန်ပေးလိုက်တာက ပိုအဆင်ပြေမှာပါ "


" သူက အဝေးကြီးကိုထွက်သွားပြီ ငါလိုက်မပေးနိုင်မှာစိုးတယ် "


ထိုအခါမှ ဂျိမ်းစ်ထွက်သွားပြီးနောက်ပိုင်း သူ့အားတစ်ခါမျှအဆက်အသွယ်မလုပ်ခဲ့သည်အားတွေးမိသွားသည် ။ ကာလိုဒ်ပျောက်ဆုံးသွားပြီးနောက် လန်လင်းမှာ ဒေါသထွက်လွန်း၍ဘရောင်းမိသားစုထံအဓိပ္ပါယ်ပြည့်ဝသည့်ပန်းပေါင်းစုံပို့ပေးခဲ့သည် ။


လန်လင်းအတွေးများနေသည်အားသိ၍ လူသာကသူ၏ခါးလေးကိုဆွဲဖက်ကာပြောလိုက်သည် ။


" ငါတို့နောက်ထပ်နည်းနည်းလောက်ထပ်လုပ်ကြမလားဟင် "


လန်လင်းက ရီမောပြီး သူ့အားနမ်းရိူက်လာသည့်အခိုက်အတန့်တွင် အရာအားလုံးမေ့ပစ်ပြီး ဤလူသားနှင့်သာပျော်ပျော်ရွှင်ရွှင်နေထိုင်ရန်ဆန္ဒရှိတော့သည် ။


Xxxxx