Chapter 100
Daddy's little
Side story ( 5)
ဒရိတ်ခ်မှာ ညသန်းခေါင်ယံအချိန်၌ သူ၏အိပ်မောကျနေသောအမျိုးသားလေးအားတစ်လှည့် သားလေးအားတစ်လှည့်ကြည့်ကာ သက်ပြင်းချလိုက်ပြီးနောက် ရေချိုးခန်းထဲသို့သာဝင်သွားလေသည် ။
ပါကာ တစ်ရေးနိုးသည့်အချိန်တွင် ဒရိတ်ခ်အားမတွေ့ရတော့ပဲ သူလေးရှိနေရာမှာလစ်လပ်နေလေသည် ။ ကလေးအားတစ်ချက်စစ်ဆေးကြည့်သောအခါ ဟီးဗန်းလေးမှာအားရပါးရအိပ်မောကျနေပြီး ဟောက်သံသဲ့သဲ့လေးပင်ထွက်ပေါ်နေလေ၏ ။
ချယ်လ်စီလေး ရွေးပေးထားထားသည့် ပန်းရောင်ညဝတ်အိပ်စုံလေးအားကြည့်ရင်း မောင်နှမနှစ်ယောက်၏အကြိုက်မှာတူညီလှသည်ဟုခံစားမိလေသည် ။ ပါကာ ရေချိုးခန်းမီးလင်းနေသည်အားသတိထားမိသွားလေသည် ။
ဒရိတ်ခ်က ရေချိုးခန်းထဲမှာလား?
ပါကာ ရေချိုးခန်းသို့သွားသည့်အချိန်တွင် ရေကျသံကြားရမည်အစား ဒရိတ်ခ်ဖြေလျော့နေသည်အားတွေ့လိုက်ရသည် ။
" ဒရိတ်ခ် "
ဒရိတ်ခ်က ရီဝေနေသောမျက်လုံးများဖြင့်ပါကာ့ကို လှည့်ကြည့်လာကာပြောလိုက်သည် ။
" မအိပ်ဘူးလား ဘာလို့ထလာတာလဲ ဟီးဗန်းလေးအိပ်နေတုန်း မင်းနားသင့်တယ် "
သူ့ကို တန်းလန်းကြီးမိသွားတာတောင် နည်းနည်းလေးမှမရှက်သွားဘူးလားဟ!
ဒရိတ်ခ်တစ်ယောက်တည်း ဖြေရှင်းနေရသည်အားတွေသောအခါ အိမ်ထောင်တစ်ယောက်အနေဖြင့် ပါကာအရှက်ရသလိုခံစားလိုက်ရသည် ။
သူသက်သာနေပြီဖြစ်သော်လည်း ဒရိတ်ခ်တောင်းဆိုခြင်းမပြုသည့်အပြင် ကိုယ်တိုင်ဖြေရှင်းရန်သာကြိုးစားနေသည်အားကြည့်ရသည်မှာ အဆင်မပြေလှပေ ။
ပါကာကဒရိတ်ခ်အားကြည့်ကာမေးလိုက်သည် ။
" ကျွန်တော် ကူညီပေးရမလားဟင် "
" ဟမ် "
" ကျွန်တော် ကူညီပေးနိုင်တယ်လို့ "
ပါကာက ဒရိတ်ခ်အား အိမ်သာဖုံးပေါ်တွင်ထိုင်စေကာ သူကမူဒူးထောက်ချလိုက်၍ ဒရိတ်ခ်၏အရာကိုအကြိမ်ရေအနည်းငယ်ပွတ်သပ်ပြီးနောက်ငုံထွေးလိုက်လေသည် ။
ပါကာ၏ လူပ်ရှားနေသော ခေါင်းကိုကိုင်၍ ဆံပင်များကိုထိုးဖွရင်း ဒရိတ်ခ်မှာတိုးတိုးလေးဆဲမိလေသည် ။
" F*ck.... "
×××
အဆောက်အဦအတွင်းသို့ဝင်လိုက်သည်နှင့် ရှာရွန်က သက်ပြင်းဖွဖွချကာလူးဝစ်ကိုကြည့်၍မေးလိုက်သည် ။
" မင်းအဆင်မပြေတာတစ်ခုခုခံစားနေရလား "
" ဟင့်အင်း ငါအဆင်ပြေပါတယ် "
လူးဝစ်က ပြင်သစ်တွင်နေထိုင်ခဲ့သည်ဖြစ်၍ ရှာရွန်၏ ငယ်ရွယ်စဥ်အကြောင်းများများစားစားမသိပါချေ ။ ကျောင်းသားဟောင်းတွေ့ဆုံပွဲရှိသည်ဟုကြား၍ သူငယ်ချင်းဟောင်းတချို့နှင့်တွေ့ချင်သောကြောင့် လူးဝစ်ကိုပါခေါ်လာခဲ့ရခြင်းဖြစ်သည် ။
ရှာရွန် အားတွေ့သည်နှင့်တစ်စုံတစ်ယောက်ကပြောလိုက်သည် ။
" ငါတိုရဲ့မင်းသားလေးလာပြီ "
ထိုသူ၏ပြောစကားအဆုံးတွင် ရှာရွန်၏ဘေးတွင်အမျိုးသားအများစုဝိုင်းအုံလာကြပြီးရှာရွန်က ထိုသူများအားအေးစက်စက်ကြည့်ကာပြောလိုက်သည် ။
" မင်းတို့အခုထိ အဲ့နာမည်ပြောင်ကိုခေါ်လို့မပြီးကြသေးဘူးလား "
ထိုထဲမှတစ်ယောက်က စပ်စုလိုသောလေသံနှင့်ပြောလိုက်သည် ။
" ဒါဘယ်သူလဲ မင်းရဲ့ ငါးဥလေးလား. "
လူးဝစ်က မျက်ခုံးပင့်ကာပြောလိုက်သည် ။
" ငါးဥတဲ့လား..."
" မဟုတ်ပါဘူး...ဒါကငါ့ရဲ့အမျိုးသား လူးဝစ်ဘရောင်းပါ "
လူတိုင်းတိတ်ဆိတ်သွားပြီးဝိုင်းကြည့်လာကြသည် ။
" အော်...မင်းရဲ့အမျိုးသားလား ခုစကားကိုစိတ်ထဲမထားပါနဲ့မလေးမစားလုပ်မိဖို့မရည်ရွယ်ပါဘူး "
လူးဝစ်က သူ၏လက်ကိုခါရမ်းကာပြောလိုက်သည် ။
" မလိုပါဘူး ...ဘာလို့ငါးဥလို့ခေါ်တာလဲပြောပြစမ်းပါ ကျွန်တော်ခင်ဗျားကိုကိုက်မစားပါဘူး "
" ကိုယ်ရှင်းပြပါ့မယ် "
" အို...ဒါဆိုလဲမြန်မြန်ပြောပြလေ ငါစိတ်မရှည်ဘူး "
လူးဝစ်က ထိုသို့ပြောပြီးနောက်လှည့်ထွက်သွားလေတော့သည် ။
×××
နောက်ဆုံးတွင် လန်လင်းက လူသာနှင့်လျှောက်လည်ရန်သဘောတူလိုက်သည် ။ ပျော်ပျော်ရွှင်ရွှင်ညစာစားသောက်ပြီးနောက်တွင် လန်လင်းအားအိမ်ပြန်ပို့ပေးရင်း တေလာပြောလိုက်သည် ။
" ငါမင်းရဲ့စာအုပ်တွေကိုဖတ်ဖြစ်သေးတယ် ကောင်းပေမဲ့တစ်ခုခုလိုနေသလိုမျိုးကြီး မပြည့်စုံဘူး "
" မပြည့်စုံဘူးလား "
" အင်းဘာလို့...အမျိုးသားဇာတ်လိုက်နဲ့ကလေးမွေးတာမပါရတာလဲ "
" Disney ကမင်းသမီးလေးတွေကလည်း မင်းသားလေးနဲ့ပေါင်းဖက်သွားလေသတည်းဆိုပြီး ပြီးသွားကြတာမဟုတ်ဘူးလား "
လူသာက သူ၏အောက်နူတ်ခမ်းကိုကိုက်ရင်း မဝံ့မရဲဖြစ်နေသည့်လေသံလေးနှင့်မေးလိုက်သည် ။
" တကယ်...တကယ်လို့ ငါတို့လက်ထပ်ပြီးသွားခဲ့ရင်တောင် မင်းကလေးတွေကိုမွေးပေးဖို့စိတ်ကူးမရှိဘူးလား "
" ငါ ကိုးလကြီးတောင်ကိုယ်ဝန်မဆောင်နိုင်ဘူး... ဖန်ပြွန်သန္ဒေသားဒါမဟုတ် မွေးစားလိုက်တာမျိုးပဲငါလုပ်မှာ "
လန်လင်း၏ အိမ်နားသို့ရောက်နေပြီဖြစ်၍ အရင်စနူတ်ဆက်လိုက်သည် ။
" ငါသွားတော့မယ် ကျေးဇူးပါလူသာ "
" ရပါတယ် "
Xxxxxx