အပိုင်း ၉၉
Viewers 13k

Chapter 99


Mori Sue:

Daddy's little 


Side story ( 4)


ဒရိန်ခ်က ပါကာအားကြည့်နေပြီး ချယ်လ်စီလေးက သူမ၏မောင်လေးနှင့်ဆော့ကစားနေလေသည် ။


" မင်းဆံပင်ညှပ်လိုက်တော့ ပိုကြည့်ကောင်းသွားတယ် "


ဒရိတ်ခ်၏ချီးကျူးစကားကြောင့် ပါကာရှက်သွားသည်အားတွေ၍ ဒရိတ်ခ်ကမနေနိုင်စွာနှင့်ပင် ပါးလေးအားပွတ်သပ်အနမ်းချွေလိုက်သည် ။


" ဟီးဗန်းလေးရဲ့ လက်တွေကသေးသေးလေးတွေ "


ဟီးဗန်းက သူ၏လက်သေးသေးလေးများကိုဆန့်ထုတ်လာသည့်အတွက် ချယ်လ်စီလေးက ဆော့ကစားရန်ပြင်ဘိုက်သောအခါ ပါကာတားလိုက်သည် ။


" မလုပ်နဲ့ ချယ်လ်ချယ်လ် မောင်လေးကအခုထိ လက်ချောင်းတွေကိုလိမ်ပြီးဘယ်လိုဆော့ရမလဲဆိုတာမသိသေးဘူး... နာရင်သူငိုလိမ့်မယ် "


" အကျယ်ကြီးငိုသွားမှာလား "


"  မောင်လေးက ငယ်ငယ်လေးရှိသေးတာလေ ချယ်လ်ချယ်လ်ရဲ့ သူလန့်ပြီးငိုသွားလိမ့်မယ် "


" ဟုတ်ကဲ့ သမီးမောင်လေးကိုငိုအောင်မလုပ်ပါဘူး "


ချယ်လ်စီလေးက ဟီးဗန်းကိုချော့မြူနေပြီး သီချင်းများပင်ဆိုပြလိုက်သေးသည် ။


နောက်ထပ်တစ်လကုန်ဆုံးသွားပြန်သည် ။


" ဟီးဗန်းလေး လုပ်နိုင်တယ်..."


ဟီးဗန်းက တင်ပါးလုံးလုံးလေးကိုမြှောက်ကာ မှောက်လိုက်လေသည် ။ ကလေးပိစိလေးမှောက်လိုက်သည်နှင့် တစ်မိသားစုလုံး အားရဝမ်းသာလက်ခုပ်ထတီးကြလေသည် ။ 


ဤခရစ်စမတ်မှာ ဟီးဗန်းလေး၏ပထမဆုံးခရစ်စမတ်ကာလဖြစ်သည့်အပြင် သုံးလတည်းနှင့်ဝမ်းလျားမှောက်နိုင်နေပြီဖြစ်သည် ။


"  ကျွန်တော် ကလေးတွေနဲ့လန်လင်းရဲ့ကဖေးကိုသွားမလို့ ခင်ဗျားလိုက်ဦးမလား "


" အင်း "


ဟဲရစ်က ခေါင်းကိုက်နေပုံရသော ကလိုဒ်အားကြည့်ကာ ပြုံးနေလေသည် ။ ကာလိုဒ်၏ ကွာရှင်းသည့်ဖြစ်ရပ်ကြောင့် ကလိုဒ်၏မိသားစုတွင်းသြဇာလွှမ်းမိုးမူမှာ ကျဆင်းလာပြီး ခေါင်းဆောင်နေရာအားယှဥ်ပြိုင်တိုက်ခိုက်လာကြသည် ။ 


" မင်းမှာအနည်းဆုံးတော့ ရှာရွန်ရှိပါသေးတယ်... စိတ်ဓာတ်မကျပါနဲ့ "


ကလိုဒ် ကအံသာတင်းတင်းကြိတ်ထားမိလိုက်သည် ။သူ၏အမျိုးသမီးဖြစ်သူမှာလည်း ကာလိုဒ်၏အမည်ကိုသာ အရူးတစ်ယောက်ကဲ့သို့ရေရွတ်နေပြီး မည်သည့်နေရာတွင်မျှရှာမတွေ့သည့်သူကိုသာ လိုက်ရှာခိုင်းနေလေသည် ။


အရှက်ရမူကြောင့် ကလိုဒ်၏ အသားများပင်တဆတ်ဆတ်တုန်ရီလာသည် ။


ထိုအချိန်တွင် ပစ္စည်းပို့သမားရောက်လာလေသည် ။


" ဘရောင်းမိသားစုအတွက် ပါဆယ်ရှိလို့ပါ "


ဗင်းဆင့်က ပစ္စည်းပို့သမားထံလျှောက်သွားကာပြောလိုက်သည် ။


" ဟုတ်ပါတယ် ဗင်းဆင့်မိသားစုကပါ "


" ကျေးဇူးပြုပြီး လက်ခံရရှိကြောင်း လက်မှတ်ထိုးပေးပါ "


လက်မှတ်ထိုးပေးပြီးနောက်တွင် ပစ္စည်းပို့သမားထွက်သွားသည်နှင့် လူတိုင်းထိုသေတ္တာအားစိတ်ဝင်တစားဝိုင်းကြည့်ကြလေတော့သည် ။ သေတ္တာ၏သော့အားဖွင့်လိုက်သည်နှင့်တစ်ပြိုင်နက် ပန်းပွင့်များစွာအရှိန်နှင့်ထွက်ပေါ်လာလေသည် ။


ပန်းမိုးရွာနေသကဲ့သို့ပင် ပန်းများတဖွဲဖွဲကျလာသည် ။ ပန်းအမျိုးအစားများအားမြင်သည်နှင့် လူကြီးများ၏မျက်နှာထက်တွင် ဒေါသထွက်နေမူများအတိုင်းသားပေါ်ထွက်လာလေတော့သည် ။


ထိုပန်းများတွင် အဝါရောင်နှင်းဆီ ၊ narcissus ၊ black dahila ၊ yellow chrysanthemums နှင့် oleanders ပန်းတို့ပင် ။


" ဘယ်သူလုပ်တာလဲ "


ဗင်းဆင့်က ဒေါသတကြီးလူတိုင်းကိုအော်ဟစ်လိုက်သည် ။


" စရာနောက်စရာများထင်နေကြလား " 


အဲလက်စ်ဆာက oleander ပန်းတစ်ပွင့်အာ ကောက်ယူပြီးသူမ၏အဖေထံသို့ပေးလိုက်သည် ။ ဗင်းဆင့်က ပန်းပွင့်ဖြင့်ကာလိုဒ်၏ မျက်နှာအားပစ်ပေါက်ကာပြောလိုက်သည် ။


" ဟာသထင်နေတာလား... ဒါကိုလုပ်တဲ့လူက မင်းရဲ့မိန်းမပျက်သမီးကလွဲ..."


" ငါ့သမီးကို မင်းရိုင်းရိုင်းစိုင်းစိုင်းပြောစရာမလိုဘူး "


ကလိုဒ်က ဗင်းဆင့်အားစတင်ထိုးကြိတ်တော့သည် ။ ကလိုဒ်နှင့် ဗင်းဆင့် ရန်ဖြစ်ထိုးနေကြသည်အား တစ်စုံတစ်ယောက်က ဗီဒီယိုရိုက်ထားကာ ဆိုရှယ်မီဒီယာ၌တင်လိုက်လေသည် ။


×××


လန်လင်းက ကောင်တာ၌ငွေစစ်နေသည့်အချိန်တွင် လူသာကစားပွဲခုံတစ်ခုံအားသန့်ရှင်းရေးလုပ်နေခဲ့သည် ။


" ငါသန့်ရှင်းရေးလုပ်လို့ပြီးသွားပြီ "


" အမ်...ကျေးဇူး "


" ရပါတယ် "


ထိုအချိန်တွင် ပါကာရောက်လာသောအခါ လူသာပြန်ရန်ပြင်တော့သည် ။


" အမ်... ငါပြန်တော့မယ်နော် "


" အင်း အိမ်ပြန်လမ်းမှာဂရုစိုက်ဦး "


လူသာက ပါကာနှင့်ဒရိတ်ခ်ရှေ့မှ အမြန်ပြေးသွားလေတော့သည် ။


" လန်လင်း "


လန်လင်းက ပါကာ့ထံလျှောက်လာကာ ဟီးဗန်းလေးအားကြည့်၍မေးလိုက်သည် ။


" သူလေးက ဟီးဗန်းလား "


" ဟုတ်တယ်... မင်းဆီသူပထမဆုံးရောက်ဖူးတာပဲ "


" သူ့ပါးလေးတွေက အရမ်းဖောင်းကားနေတာချစ်စရာလေး "


ချယ်လ်စီလေးက အော်ပြောလိုက်သည် ။


" ပြီးတော့ မောင်လေးကအရမ်းလဲချစ်ဖို့ကောင်းတယ် "


လန်လင်းက ချယ်လ်စီလေး၏ခေါင်းအားပွတ်သပ်ပေးလိုက်သည် ။


" ချယ်လ်ချယ်လ်လေးက အစ်မကောင်းပီသလိုက်တာ ...မောင်လေးက သမီးနဲ့တူတယ်နော် "


" မောင်လေးမှာ ဖေ့ဖေ့ရဲ့မျက်လုံးတွေနဲ့ မီးမီးနဲ့ပါးပါးရဲ့ဆံပင်တွေရှိတယ် "


ချယ်လ်စီလေးက လန်လင်းနှင့်ပျော်ရွှင်စွာပြောဆိုနေသည့်အချိန်တွင် ဒရိတ်ခ်ထံသို့ ရှာရွန်ဆီမှမက်ဆေ့ဝင်လာခဲ့သည် ။


" တစ်ယောက်ယောက်က ဘရောင်းမိသားစုရဲ့အကြောင်းကိုဖော်ထုတ်လိုက်ပုံရတယ် "


ပါကာ အလွန်စပ်စုချင်သွားလေသည် ။


" ဘာလဲ ကျွန်တော်ကြည့်လို့ရမလား "


လန်လင်း ကြည့်လိုက်သောအခါ ဘရောင်းမိသားစုတွေ့ဆုံပွဲမှအဖြစ်အပျက်မှာ ပျံ့နှံ့သွားပြီဖြစ်သည် ။


" ပန်းတွေကမကောင်းလို့လား ဦးဦး "


" အင်း....ပန်းတွေကလှတိုင်း သူတို့ရဲ့အဓိပ္ပါယ်တွေကကောင်းတာမဟုတ်ဘူး ...အထူးသဖြင့် အဝါနဲ့အနက်ရောင်ပန်းတွေ "


" မီးမီးနားမလည်ဘူး "


" သမီးနည်းနည်းအသက်ကြီးလာတဲ့အခါကျရင် ဦးဦးပြောပြပါ့မယ် "


( AN / အဝါရောင်နှင်းဆီတွေက ကွဲကြေနေတဲ့နှလုံးသားကိုကိုယ်စားပြုပြီး 


Narcissus ကတစ်ကိုယ်ကောင်းဆန်မူ 


Black dahila က သစ္စာမဲ့မူနဲ့မကောင်းဆိုးဝါးဆန်မူ


Yellow chrysanthemums က အတ္တဆန်တဲ့အချစ်


oleander တွေကတော့ ကလဲ့စားချေခြင်းကိုရည်ညွှန်းပါတယ်)


Xxxxx