Chapter 98
Daddy's little
Side story ( 3)
နှစ်လကြာပြီးနောက်...
ဟီးဗန်း လေးက စောင်နှင့်အထုပ်ခံထားပြီး ခြေထောက်သေးသေးများဖြင့် ကန်ကျောက်နေလေ၏ ။ ပါကာက ပြုံးရင်းဖြင့်သာကလေးငယ်ကိုစောင့်ကြည့်နေပြီး ဝီလီယမ်မှာလည်း ယခုမှစိတတ်သက်သာရာရခဲ့ရသည် ။
ကလေးမွေးဖွားခြင်းအပြီး ဖြစ်တတ်သောလက္ခဏာများအကြောင်းနှင့် ဒရိတ်ခ်မှပါကာအားစကားပြောပြီးနောက်တွင် အခြေအနေများပိုမိုကောင်းမွန်းလာသည် ။
" အူး...ဘူး...ဝူး..."
ပါကာက ခေါင်းခါရမ်းရင်းပြောလိုက်သည် ။
" ပုံမှန်ကလေးတွေက ဂူးဂူးဂါးဂါးပြောကြတာပါ မင်းကျမှဘာဖြစ်လို့ ဘူးဝူးဝူး ဖြစ်နေရတာလဲ "
ကလေးလေးက ဒရိတ်ခ်၏ကိုယ်ပွားလေးကဲ့သို့ပင် သူ့အဖေ၏မူပိုင်မျက်ခုံးပင့်တင်သည့်ပုံစံဖြင့်ကြည့်လာခဲ့သည် ။ သို့သော်လည်း ဟီးဗန်းလေး၏ အမူအရာမှာ အူတူတူလေးဖြစ်နေလေ၏ ။
ပါကာက ကလေးလေးကိုချီကာသူ၏မျက်ခုံးရေးရေးလားအားအနမ်းပေးလိုက်သည် ။
" ပါးပါးတို့နှစ်ယောက်ထဲကျန်ခဲ့တာပဲ... အိမ်ပြင်မထွက်ဖြစ်တာတောင်ကြာပြီထင်တယ် "
ဝီလီယမ်က ပြုံးကာအကြံပေးလိုက်သည် ။
" ဆံပင်သွားညှပ်သင့်တယ်နော်သခင်လေး "
" ဆံပင်ညှပ်ရမှာလား "
" အရှည်ထားဖို့စဥ်းစားထားတယ်ဆိုရင်လဲ ပုံတော့ချသင့်တယ်ထင်တယ် "
ပါကာ့အနေဖြင့် ဆံပင်အရှည်ထားရန်စဥ်းစာစမိပါသော်လည်း ထိုဆံပင်အားဂရုမစိုက်နိုင်ပါသေးချေ ။
" ဒါဆိုရင် ဟီးဗန်းကိုပါခေါ်သွားရမယ် "
ပါကာက ပြုံးကာမတ်တပ်ရပ်လိုက်သည် ။ ဤနှစ်လအတွင်း အပြင်ထွက်သည်မှာပထမဆုံးအကြိမ်ပင် ။ ပါကာက မြို့ထဲရှိစျေးအကြီးဆုံးဆံပင်ညှပ်ဆိုင်သို့သွားလေ၏ ။
ဆိုင်၏အပြင်အဆင်နှင့်ပင် ထိုဆိုင်မှာငွေကုန်ကြေးကျများနိုင်မည်မှန်းခန့်မှန်းနိုင်လေသည် ။ သို့သော် ပါကာကငွေရေးကြေးရေးအကြောင်းစိတ်ထဲပင်မရှိပါချေ ။ ဒရိတ်ခ်မှာ သူ၏ဘဏ်ကဒ်အတွင်းငွေအပြည့်ဖြည့်ပေးထားသောကြောင့်စိတ်ရှိတိုင်းသုံးဖြုန်းနိုင်လေသည် ။
ရူးဂါးဒယ်ဒီကြီးရှိတဲ့အရသာကဒါဘဲကွ!
အလုပ်မလုပ်ဘဲ အပျင်းကျသည်ပြောပြော အသုံးမကျဘူးပြောပြော ချိုမြိန်တဲ့ပျားရည်လေးတွေကို သူ့ရဲ့ဒယ်ဒီကြီးကမျက်စိရှေ့အရောက်ပို့ပေးလိမ့်မယ်!
သေလောက်အောင်သုံးဖြုန်းလဲ ဘာမှပြဿနာမရှိဘူး!
ဆိုင်ထဲဝင်လိုက်သည်နှင့်တစ်ပြိုင်နက် အလုပ်သမားများမှာ အလွန်ချစ့်ဖို့ကောင်းသော ဟီးဗန်း၏ဆွဲဆောင်ခြင်းကိုခံရလေတော့သည် ။ ကလေးငယ်၏ ပင်လယ်ပြာရောင်မျက်လုံးများမှာ တဖျပ်ဖျပ်လက်နေလေ၏ ။
အလုပ်သမားများမှာ ကလေးလေးအားအလွန်အသဲယားနေကြအာသော်လည်းအကွာအဝေးတစ်ခုမှနေ၍သာပြောဆိုနေကြလေသည် ။ ပါကာ့အတွက်ဤသည်မှာအဆင်ပြေသည် ။ သူကိုယ်တိုင်လည်း ကလေးအားသူစိမ်းများထိတွေ့သည်အားမနှစ်သက်ပါချေ ။
ယခင်က ကလေးအတွက်အလွန်စိတ်ပူနေသည့်မိခင်များအားတွေ့လျှင်အပိုလုပ်သည်ဟုထင်သော်လည်း ယခုမူသူကိုယ်တိုင်ထိုကဲ့သို့ဖြစ်နေလေ၏ ။
ခုံတွင်ထိုင်င်ကာပြင်ဆင်ပြီးသည့်အချိန်တွင် ဟီးဗန်းလေးက သူ့အားစိုက်ကြည့်နေသည်ကိုတွေ့လိုက်ရသည် ။
" နည်းနည်းတိုပေးရမှာလား "
" အင်း... နည်းနည်းလောက်ဆိုရပါပြီ "
" အိုကေ "
ပါကာမှာ မှန်ကြည့်လိုက်သောအခါမှ သူ၏ပုံစံမှာအလွန်ဖရိုဖရဲဖစ်နေကြောင်းသတိထားမိသွားသည် ။ ပြီးခဲ့သည့်နှစ်လအတွင်း ပစ်စလတ်ခတ်နေခဲ့သော်လည်း မိမိကိုယ်ကိုပြန်ပြင်ဆင်၍ ဒရိတ်ခ်အား ရုပ်ဆိုဆိုးပုံစံအားထပ်တွေ့ခွင့်မပေးတော့ဟုတွေးမိသွားသည် ။
" ရှင့်အသားအရေကဖြူဖျော့နေပေမဲ့လည်း ကြည့်လို့တော့ကောင်းသားဘဲ "
" ဟမ် "
" တောင်းပန်ပါတယ်... ကျွန်မတစ်ယောက်တည်းရေရွတ်တတ်တဲ့အကျင့်ရှိလို့ပါ "
ပါကာက ဘာကြောင့်လဲဟုမေးချင်သော်လည်း မမေးဖြစ်တော့ချေ ။ ဆံပင်ညှပ်ပြီးနောက် ထိုအမျိုးသမီးအားပြုံးပြ၍ငွေရှင်းကာ အိပ်ပျော်မေပြီဖြစ်သော ဟီးဗန်းကိုချီ၍ဆိုင်ထဲမှထွက်လာခဲ့သည် ။
ဟိုဟိုဒီဒီလျှောက်ကြည့်ရန်ဆိုင်တန်းဘက်သို့အသွားတွင် မိန်းမတစ်ယောက်ကပြေးလာသောကြောင့် တိုက်မိသွားပြီးကလေးကိုထိမိသွား၍ ဟီးဗန်းလေးထငိုတော့သည် ။
ပါကာက ကလေးအားကာကွယ်သည့်ပုံစံထွေးပိုက်ထားကာ ထိုမိန်းမအားအော်လိုက်သည် ။
" ခင်ဗျား ရူးနေတာလား "
" နင့်ဘာသာနင်လမ်းကြည့်မလျှောက်တာလေ "
" အများပိုင်လမ်းမှာပြေးလွှားနေတာခင်ဗျားလေ... ခင်ဗျားတိုက်မိသွားလို့ကလေးထိခိုက်သွားရင်ဘယ်လိုလုပ်မလဲ "
ပတ်ဝန်းကျင်မှလူအများက အော်ဟစ်သံကြောင့်ဝိုင်းအုံကြည့်လာကြပြီး စပ်စုနေကြသည် ။
" နင့်ဟာလေးကအဆင်ပြေနေတာဘဲမလား "
လူစိမ်းတစ်ယောက်ကမနေနိုင်တော့၍ဝင်ပြောလိုက်သည် ။
" ခင်ဗျားမှာ ယဥ်ကျေးမူမရှိဘူးလား.... ကလေးငယ်လေးကိုထိခိုက်စေတော့မလို့လေ "
" ဒါကမတော်တဆပါ "
" မတော်တဆဆိုလဲတောင်းပန်ရမှာပေါ့ "
တောင်းပန်မည့်အစား ထိုမိန်းမက ပြေးထွက်သွားလေသည် ။ ပါကာကလူစိမ်းအားကျေးဇူးတင်စကားပြောလိုက်ပြီးနောက် လျှောက်ကြည့်ရန်စိတ်မပါတော့၍အိမ်သို့သာပြန်လာခဲ့သည် ။
×××
လန်လင်း၏ ကဖေးစဖွင့်သည့်အချိန်တွင်ပင် လူသာရောက်လာလေသည် ။
" စတော်ဘယ်ရီနဲ့ချောကလက်ကိတ်တစ်လုံး... "
" ဒါပဲလား "
လူသာက မျက်လုံးတစ်ဖတ်မှိတ်ပြကာ ဆွဲဆောင်သည့်လေသံနှင့်ပြောလိုက်သည် ။
" ငှက်ပျောသီးဖျော်ရည်တစ်ခွက်ပါထပ်ပေးပါ "
" အိုခေ... လာအားပေးတဲ့အတွက်ကျေးဇူးတင်ပါတယ် "
ထို့နောက် လူသာက လန်လင်းကိုအချိန်တွေအကြာကြီး ....တစ်နေလုံးနီးပါးထိုင်ကြည့်နေတော့လေသည် ။
Xxxxx