အပိုင်း ၉၇
Viewers 14k

Chapter 97


Mori Sue:

Daddy's little 


Side story ( 2)


ချယ်လ်စီလေးမှာ အိမ်ပြန်ရောက်သည်နှင့်တစ်ပြိုင်နက် အပေါ်ထပ်ပြေးတက်သွား၍ အခန်းတံခါးခေါက်ရန်ပြင်လိုက်သော်လည်း ဒရိတ်ခ်ကအသံတိုးတိုးနှင့်သတိပေးကာ တားလိုက်သည် ။


" ချယ်လ်ချယ်လ် ဆူညံတဲ့အသံတွေမလုပ်ရဘူးလေ "


ချယ်လ်စီလေးက သူမ၏နူတ်ခမ်းပေါ်တံင် လက်ညိုးလေးတင်၍တိုးတိုးလေးပြောလိုက်သည် ။


" ရူး... မောင်လေးအိပ်နေတယ်...ပြီးတော့ ပါးပါးအိပ်နေရင်လဲမနိုးအောင်သတိထားရမယ် "


" အင်း... လိမ္မာလိုက်တာ "


ချယ်လ်စီလေးနှင့် ဒရိတ်ခ်မှာ တတ်နိုင်သမျှအသံမထွက်စေရန်သတိထား၍ အခန်းထဲသို့ဝင်ခဲ့ကြပြီး ပါကာက ကလေးလေးကိုချော့သိပ်နေလေသည် ။ ချယ်လ်စီလေးက ပါကာ၏ခြေထောက်အားဖက်လိုက်သည့်အချိန်တွင် သူကနီရဲနေသောမျက်လုံးများနှင့်ငုံ့ကြည့်လာခဲ့သည် ။


" ပါးပါးလည်း အိပ်ချင်နေတယ်...မီးမီး ပါးပါးကိုချော့သိပ်မယ် "


ပါကာက ပြုံးရင်း သူမလေး၏ဆံပင်များကိုပွတ်သပ်ပေးကာပြောလိုက်သည် ။


" လိမ္မာလိုက်တဲ့ကလေးလေး ဒါပေမဲ့ ပါးပါးကမောင်လေးနိုးမလာအောင်စောင့်ကြည့်ရဦးမယ် "


" ကိုယ်ကြည့်ထားလိုက်ပါ့မယ် "

 

ဒရိတ်ခ်၏ တောင်းဆိုမူအားငြင်းဆန်ချင်ပါသော်လည်း ချယ်လ်စီလေးစိတ်ပူနေသည်အားတွေ့သောကြောင့်လက်ခံလိုက်သည် ။


" ဒါ..ဒါပေမဲ့ ခင်ဗျားပင်ပန်းနေမှာပေါ့ "


" ကိုယ်ကြည့်နိုင်ပါတယ် "


ပါကာက ဒရိတ်ခ်ထံသို့ကလေးလွှဲပေးလိုက်ပါသော်လည်း ကလေးငယ်လေး၏မျက်နှာအားအကြိမ်အနည်းငယ်နမ်းရူံ့လိုက်သေးသည် ။ ချယ်လ်စီလေးက ပါကာအားကုတင်ပေါ်သို့တင်ပေးကာ စောင်ခြုံပေးသည့်အပြင် သူ၏ဝမ်းဗိုက်အား လက်သေးသေးလေးနှင့်ပုတ်ပေးနေသည် ။


ဒရိတ်ခ်က နီရဲနေသည့်ပါကာ၏မျက်လုံးများကိုကြည့်ကာ မြန်မြန်အိပ်ပျော်သွားစေချင်နေသည် ။


" ပါးပါးမျက်လုံးမှိတ်တော့လေ "


" ဟမ်... "


" အိပ်ဖို့ဆိုရင် ပါးပါးမျက်လုံးအရင်မှိတ်ရမယ်လေ "


" အင်...အင်း ဟုတ်သားဘဲ "


ပါကာက မျက်လုံးမှတ်ထားသော်လည်း ကလေးအားစိတ်မချသဖြင့် အိပ်မပျော်နိုင်သေးချေ ။


" အခု ယုန်လေးတွေရေတွက်ရအောင် "


" ဟမ်... ယုန်တွေလား "


" ယုန်လေးတစ်ကောင်...ယုန်လေးနှစ်ကောင်...ယုန်လေးသုံးကောင်..."


ပါကာ စိတ်ငြိမ်၍ အိပ်ပျော်စပြုလာသောအချိန်အထိ ချယ်လ်စီလေးက ယုန်ကလေးများကိုအစဥ်လိုက်ရေတွက်ပေးနေသည် ။ ဒရိတ်ခ် ကအိပ်ပျော်သွားသောသူ၏ အမျိုးသားလေးကိုကြည့်ပြီးနောက် ကလေးအားကြည့်လိုက်သည် ။


ကလေးငယ်များမှာ အအိပ်မက်ကြသည်ဖြစ်၍ သုံးနာရီမှလေးနာရီအထိ ပါကာအေးအေးချမ်းချမ်းအိပ်စက်နိုင်လိမ့်မည် ။ ပါကာ၏အကျီ တွင်နို့ရည်စက်များနှင့် ဟီးဗန်းလေး၏သွားရေများဖြင့်ပေပွနေလေသည် ။


ချယ်လ်စီလေး ကသူမ၏ပါးပါးအိပ်ပျော်သွားကြောင်းအတည်ပြုပြီးသည့်နောက်တွင် ကုတင်ပေါ်မှဖြည်းဖြည်းချင်းဆင်းလာပြီး ဒရိတ်ခ် နားနားသို့တိုးတိုးလေးကပ်ပြောလိုက်သည် ။


" ဖေဖေ...ပါးပါးအိပ်ပျော်သွားပြီ "


" အင်း...တော်လိုက်တဲ့ကလေးလေး "


ချယ်လ်စီလေးက အဝတ်လဲရန်သူမ၏အခန်းသို့အမြန်ပြေးသွားပြီး ဒရိတ်ခ် လည်းရေချိုးရန် ပြင်ဆင်ခဲ့သည် ။


ထို့နေ့ည၌ ပါကာက ချွေးများရွှဲနစ်နေပြီး ကလေး၏အမည်အားအလန့်တကြားခေါ်ဆိုခဲ့သည် ။


" ဟီးဗန်း! "


" ရူး....ကလေးလန့်သွားဦးမယ်  "


ပါကာကြည့်လိုက်သောအခါ ဒရိတ်ခ် ကကလေးကိုချီရင်း နို့တိုက်နေသည်အားတွေ့လိုက်ရသည် ။ 


" အမ်...ကျွန်တော်တောင်းပန်ပါတယ် "


" ရပါတယ်... မင်းများများနားသင့်တယ် ကိုယ်မင်းရဲ့အခြေအနေကို လူးဝစ်နဲ့အတူတူဘယ်လိုဖြေရှင်းရမလဲတိုင်ပင်ရင်ကောင်းမလားလို့ "


" ဘာဖြစ်လို့လဲ "


" ကလေးမွေးပြီးနောက်အကျိုးသက်ရောက်မူလေ "


ပါကာက မျက်ခုံးပင့်ကာမေးလိုက်သည် ။


" ကျွန်တော်မသိဘူး "


" အဲ့တာက ကလေးမွေးပြီးတဲ့အချိန်တိုင်းမှာဖြစ်လေ့ဖြစ်ထရှိတာပါဘဲ... ပါကာ ကိုယ်မင်းတစ်ယောက်တည်းသည်းခံဖြတ်ကျော်နေရမှာမျိုးကိုမဖြစ်စေချင်ဘူး... မင်းအတွက်ကိုးလလုံးလုံးကခက်ခဲခဲ့လိမ့်မယ်မှန်းကိုယ်သိပါတယ်... ကိုယ်တိုအတူတူဖြတ်ကျော်နိုင်တယ်လေ....မင်းဘေးမှာကိုယ်အမြဲတမ်းရှိတယ် "


" ကျွန်တော့်လက်ထဲမှာ သူမရှိတာနဲ့ သူပျောက်သွားမလားမလားဆိုပြီး ကျွန်တော်အရမ်းစိတ်ပူနေရတာ "


" မင်းခံစားနေရတာကိုကိုယ်နားလည်ပါတယ်...တစ်ခုခုဆိုကိုယ့်ကိုပြောပြပါ ကိုယ်တို့ကမိသားစုဝင်တွေလေ မင်းအတွက်ကိုယ်တို့အမြဲတမ်းရှိနေမှာ "


ဒရိတ်ခ်၏ စကားကြောင့် ပါကာမျက်ရည်ဝဲလာခဲ့သည် ။ ဤကဲ့သို့သောအခြေအနေမျိုးတွင်သူလိုအပ်နေသည်မှာ ကူညီဖေးမသောစကားများပါပင် ။


×××


ဟဲရစ် ဆိုဖာပေါ်၌ဂိမ်းဆော့နေသည့်အချိန်တွင် ဖရန်ကဲလ်ထွက်လာသောကြောင့် တစ်ချက်မျှကြည့်ကာစနောက်လိုက်သည် ။


" သူတို့ကိုမင်းရဲ့ မှတ်ပုံတင်ပြဖို့မမေ့နဲ့ဦးနော် "


" ဘာကြီး "


" မင်းရဲ့မှတ်ပုံတင်လေ "


" ခင်ဗျားအဲ့ကိစ္စနဲ့ပက်သက်ပြီး အခုထိမကျေနပ်တုန်းလား "


" သက်ငယ်မုဒိမ်းမူနဲ့ထောင်နန်းစံရတော့မလိုတောင်ဖြစ်ခဲ့တာလေ ဘယ်သူကကျေနပ်နိုင်ပါ့မလဲ "


" ကျွန်တော်ကလည်း ခင်ဗျားကိုတရားမစွဲခဲ့ပါဘူးလေ "


" ဒါဆို ကိုယ်တို့ကြေသွားပြီပေါ့ "


" ခင်ဗျားက မကောင်းတဲ့အကောင်ဘဲ "


" ဟုတ်တယ်လေ ကိုယ်ကသားလေးတစ်ယောက်တောင်အချောင်ရလိုက်သေး... ဒါနဲ့မင်းနဲ့ပန်းရောင်နဲ့ကမလိုက်ဘူး ...အဖြူရောင်လေးဖြစ်ဖြစ်ဝတ်ကြည့်ပါလား "


ဖရန်ကဲလ်ကလည်း သူ့တွင်ဖက်ရှင်အမြင်မရှိကြောင်းသိလေ၏ ။


" ဒါဆိုဘာလို့ ကျွန်တော့်အတွက် အဝတ်အစားမရွေးပေးရတာလဲ "


ဟဲရစ်က ထလိုက်ကာ ဖရန်ကဲလ်အတွက် အဝတ်သွားရွေးပေးလေတော့သည် ။


( TN/ ဖရန်ကဲလ်နဲ့ဟဲရစ်တို့က အိုလီဗာရဲ့မိဘတွေပါ)


Xxxxxx