Chapter 96
Mori Sue:
Daddy's little
Side story ( 1)
" ကိုယ်ကလေးကိုချီကြည့်လို့ရမလား "
" အင်း "
ပါကာက ဒရိတ်ထံသို့ကလေးလေးအားလွှဲပြောင်းပေးလိုက်သည် ။
ဒရိတ်ခ်က ကလေးသေးသေးလေးအားသတိထား၍ ညင်သာစွာပွေ့ထားပြီး ကလေးသူခိုးအားစောင့်ကြည့်နေသလိုကြည့်နေသည့်ပါကာ့ကို ကြည့်ကာသက်ပြင်းချလိုက်သည် ။
အိမ်ပြန်ရောက်ကတည်းက ကလေးအနားကိုမခွာဘူး...
မီးဖွားထား၍ပင်ပန်းနေသည့်အပြင် ကောင်းမွန်စွာမအိပ်စက်ထားသောကြောင့် သူ့အမျိုးသားလေး၏ကျန်းမာရေးအားစိတ်ပူနေမိသည် ။ ဒရိတ်ခ်က အိပ်ပျော်နေသောကလေးငယ်လေးအားနူးညံ့စွာကြည့်နေလေသည် ။
" အမ်...အရမ်းကြီးလည်းလူပ်မနေနဲ့ဦး "
" ကိုယ်သိပါတယ် "
ပါကာက ရုတ်တရက်ထပြောလိုက်သည် ။
" ဒရိတ်ခ် အဲ့လိုမလုပ်နဲ့လေ "
ကလေးက ရုတ်တရက်ထငိုလာသောကြောင့် ပါကာက ကလေးအားပြန်ချီယူကာ သူ၏လက်မောင်းအတွင်းပွေ့ဖက်၍ချော့မြူလိုက်သည် ။
" ပါးပါးဒီမှာရှိတယ်နော်...ပါးပါးရှိတယ် မငိုနဲ့တော့...တိတ်တိတ် "
" ကိုယ်...ကလေးကိုထိန်းနိုင်..."
" ရပါတယ်... ကျွန်တော်ဘဲထိန်းလိုက်မယ်... "
ဒရိတ်ခ်က အစီအစဥ်ကျရူံးသွားသောကြောင့် သက်ပြင်းသာချနေလိုက်ရသည် ။
×××
နောက်တစ်နေ့ ၌ဒရိတ်ခ်မှာ သူ၏အမျိုးသားလေး ကလေးအားကပ်တွယ်လွန်းနေသည်ကို ဖြေရှင်းနိုင်ရန်အတွက် ရှာရွန်နှင့်လူးဝစ်တို့ထံအကူအညီတောင်းရတော့သည် ။
" အမှန်အတိုင်းပြောရရင် ငါလည်းမတွေးတတ်တော့ဘူး...သူတစ်ခါတစ်လေ ထမင်းတောင်စားရဲ့လားဘဲ... သူ့အာရုံတစ်ခုလုံးက ကလေးအပေါ်မှာ ငါရှိနေသေးကြောင်းတောင်တစ်ခါတစ်လေမှသတိရတာ "
လူးဝစ်က ပြောလိုက်သည် ။
" ပုံစံအရတော့ ကလေးမွေးပြီးအကျိုးသက်ရောက်မူ ဖြစ်ရမယ် "
ဒရိတ်ခ်က နားမလည်သောကြောင့်မေးလိုက်သည် ။
" ဘယ်လိုအကျိုးသက်ရောက်မူမျိုးလဲ... "
ရှာရွန်က လက်ချောင်းများနှင့်ရေတွက်ပြကာပြောလိုက်သည် ။
" ကလေးမွေးပြီးတဲ့နောက်ဖြစ်လေ့ဖြစ်ထရှိတဲ့နောက်ဆက်တွဲတစ်ခုလေ... စိတ်ဓာတ်ကျတာ ဝိတ်အတက်အကျများတာနဲ့ မလုံခြုံသလိုခံစားရတာတွေလေ "
" စိတ်ဓာတ်ကျတာနဲ့ မလုံခြုံသလိုခံစားရတာလား "
" ဟုတ်တယ်...တကယ်ခက်ခဲတဲ့ကာလလေ ဟော်မုန်းတွေပြန်တည်ငြိမ်သွားတဲ့အချိန်အထိဆို ရှစ်ပတ်လောက်ကြာနိုင်တယ် "
" ဟုတ်လား "
" အင်း...ငါတို့လဲ သူ့ဆီမကြာခဏလာလည်လို့ရတယ်လေ ပြီးတော့သူဘေးနားမှာပိုပြီးအဖော်ပြုပေးလိုက်ပါ...အဲ့လိုအချိန်တွေမှာ သူတို့ရဲ့အမျိုးသားကိုသေချာပေါက်ဘေးမှာရှိနေစေချင်ကြတယ်လေ သူ့ကိုပိုင်အချိန်လေးပေးထားလိုက်ရင်အဆင်ပြေသွားမှာပါ... မင်းလုပ်ရမှာက သူ့ဘေးကနေအစစအရာရာဂရုစိုက်ပေးဖို့ပဲ "
ဒရိတ်ခ်က ရှာရွန်ရှင်းပြသမျှအား အလေးအနက်ထားနားထောင်နေလေသည် ။
ပါကာ မျက်လုံးဖွင့်လိုက်သောအချိန်တွင်ပင် ကလေးငယ်လေးကစတင်ငိုယိုလာသဖြင့် ပါကာမှာအမြန်ပင် ကလေးကိုချော့မော့ရလေတော့သည် ။
" အင်း... အင်း ကလေးလေး မငိုနဲ့နော်... မငိုနဲ့ တိတ်တိတ် "
ပါကာမှာ ကလေးလေးကိုကြည့်ရင်း မျက်ရည်ဝဲလာတော့သည် ။ ကလေးလေးကိုချထားသည့်အချိန်တိုင်း စိတ်မချမ်းမသာဖြစ်နေရသည့်အပြင် မလုံမခြုံလည်းခံစားနေရသည် ။ သူခဏမျှ ချထားလိုက်သည့်အချိန်တိုင်းတွင် ကလေးလေးကအော်ဟစ်ငိုယိုနေတတ်သည် ။
ပါကာမှာ ပင်ပန်းနေပါသော်လည်း သူ၏သားလေးက ငယ်ရွယ်လွန်း၍ဖခင်နှင့်ဝေးကွာနေ၍မဖြစ်ဟုဆိုကာ အခွာမခံတော့ပေ ။
ဝီလီယမ် အခန်းထဲဝင်လာသည့်အချိန်တွင် ပါကာကမျက်ရည်အဝိုင်းသားနှင့်ကလေးအားချော့မြူနေသည်ကိုတွေ့လိုက်ရသည် ။
" သခင်လေး... ကျွန်တော်ကူညီပေးရမလား "
" ရပါတယ်...ကျွန်တော်ထိန်းနိုင်တယ် "
ဝီလီယမ်က အလွန်ပင်ပန်းနေပုံရသော ပါကာအားကြည့်ကာ သက်ပြင်းချရင်း အရွက်သုပ်ပန်းကန်ကိုစားပွဲပေါ်တင်ကာပြောလိုက်သည် ။
" အားရှိဖို့အတွက် ပုံမှန်စားဖို့လိုတယ် သခင်လေး "
ပါကာက ပန်းကန်ကိုတစ်လှည့်ကလေးကိုတစ်လှည့်ကြည့်ကာပြောလိုက်သည် ။
" ကျွန်တော် ဝနေပြီးသားပါထပ်စားဖို့မလိုတော့ဘူး "
" မရဘူး သခင်လေး... ချယ်လ်စီလေးရော သူဌေးရောက အရမ်းစိတ်ပူနေကြတယ် "
ပါကာက အိပ်ပျော်နေသည့်ကလေးလေးနိုးသွားမည်စိုးသောကြောင့် အသံတိုးတိုးလေးနှင့်ပြောလိုက်သည် ။
" စိုးရိမ်စရာမလိုပါဘူး... ကျွန်တော်အဆင်ပြေပါတယ် "
" ဒါဆိုလဲ အိပ်ရေးဝဝအိပ်ပြီးအနားယူလိုက်ပါ... ဒရိတ်ခ်နဲ့ဘကျွန်တော်ကလေးထိန်းပေးနိုင်ပါတယ် "
ဝီလီယမ်က ကလေးထိန်းရန်ကမ်းလှမ်းလာပါသော်လည်း ပါကာကငြင်းဆန်လိုက်သည် ။
" ရတယ် ရတယ်... ဒရိတ်ခ်က အရမ်းအလုပ်များတာ ဘယ်လိုလုပ်ပြီးကလေးထိန်းခိုင်းလို့ဖြစ်မလဲ ...သူအလုပ်ကိုပဲအာရုံစိုက်သင့်တယ် "
" သခင်လေးဒီလိုဖြစ်နေတာကိုတွေ့ရင် သူဌေးအလုပ်မှာအာရုံစိုက်နိုင်မှာမဟုတ်ဘူး "
ပါကာက ကုတင်ပေါ်တွင်ထိုင်ချလိုက်ကာပြောလိုက်သည် ။
" ကျေးဇူးပြုပြီး ထွက်သွားပေးပါလား "
" ဒါ...ဒါပေမဲ့ "
ပါကာက ထအော်လိုက်သည် ။
" ထွက်သွားလို့ပြောနေတယ်လေ "
ဝီလီယမ်က ကူကယ်ရာမဲ့စွာဖြင့်သာ အခန်းထဲမှထွက်သွားရလေသည် ။
×××
လန်လင်းက ပန်းပင်များအားရေလောင်းနေသည့်အချိန်တွင် လူတစ်ယောက်က နှင်းဆီပန်းစည်းကြီးကိုကိုင်ကာ သူ့အားပြုံပြနေသည် ။ ထိုလူကလန်လင်းထံပြေးလာပြီနောက် ပန်းစည်းကြီးအားမြှောက်ပြကာပြောလိုက်သည် ။
" အရမ်းလှတယ်မလား "
ထိုသူက လန်လင်း မောင်းထုတ်မည်စိုး၍ အသံတိုးတိုးလေးနှင့်ပြောရှာလေ၏ ။
" လန်လင်း...ငါ...ငါ ပိုပြီးသန်မာလာအောင်လုပ်မှာပါ မင်းငါ့ကိုအခွင့်အရေးပေးလို့မလား "
လန်လင်းက ရေပုံးကိုချကာ လမ်းလျှောက်ရင်းပြောလိုက်သည် ။
" လူသာ...ငါတောင်းပန်ပါတယ်... တစ်ယောက်ယောက်ထပ်ပြီးချစ်နိုင်ဖို့ ငါအချိန်ယူရဦးမယ်...အဆင်သင့်မဖြစ်သေးဘူး..."
လူသာက လန်လင်းအနောက်မှလိုက်ကာ မျှော်ဘင့်ချက်အပြည့်ရှိနေသောလေသံနှင့်ပြောလိုက်သည် ။
" ဒါဆိုရင် အချိန်အကြာကြီးငါစောင့်နိုင်ရင် မင်းစဥ်းစားပေးမယ်မလား "
" အမ်... ငါမပြောမိ..."
လူသာက ပန်းစည်းကြီးအား လန်လင်းထံထိုးပေးလိုက်သည် ။
" ငါ့ပန်းစည်းကို လက်ခံပေးလို့ကျေးဇူးတင်ပါတယ်... ငါမင်းကိုစောင့်နေပါ့မယ် "
လူသာက လန်လင်း ချထားသောရေပုံးကိုဆွဲကာ ပန်းပင်များရေလောင်းရန် အမြှီးလေးတနှံ့နှံ့နှင့်ထွက်သွားလေသည် ။
လန်လင်းက နှင်းဆီပန်းများ၏မွှေးရနံ့ကိုရူရိူက်ကာ ညင်ညင်သာသာ ပြုံး၍ပြောလိုက်သည် ။
' ဘယ်လောက်တောင်ချစ်ဖို့ကောင်းတဲ့လူပါလိမ့် '
Xxxxx