အပိုင်း ၉၅
Viewers 13k

Chapter 95 (END)


Mori Sue:

Daddy's little ( 95)


ကလေးမွေးပြီးတစ်ပတ်ကြာသောအခါ ဆေးရုံဆင်းရန်ပြင်ခဲ့သည် ။ ဒရိတ်ခ်က ပါကာပင်ပန်းမည်စိုး၍ ကလေးချီပေးချင်ပါသော်လည်း လက်မခံသောကြောင့် အထုပ်အပိုးများကိုသာသယ်ခဲ့လိုက်သည် ။


ကားဆီသို့အမြန်ပြေးသွားကာ ပါကာ့အတွက်တံခါးဖွင့်ပေးရန်လည်းမမေ့ချေ ။ ဟီးဗန်းတွင်မျက်ခုံးမွှေးရေးရေးလေးသာပေါက်နေသေးပြီး မျက်လုံးရွဲကြီးများဖြင့် အရာရာကိုစပ်စုနေလေသည် ။


ချယ်လ်စီလေးက သူမ၏မောင်သေးသေးအားကြည့်ကာပြောလိုက်သည် ။


" ပါးပါး မောင်လေးရဲ့မျက်လုံးတွေက ဖေဖေနဲ့တူပြီး ဆံပင်ကမီးမီးနဲ့တူတယ် "


ပါကာက သူမလေးအားပြုံးပြကာပြောလိုက်သည် ။


" ဟုတ်တယ် သူကသမီးရဲ့မောင်လေးလဲ... အစ်မကြီးပီသအောင်နေပြီး မောင်လေးကိုစောင့်ရှောက်ရမယ်နော် "


" ဟုတ်ကဲ့ပါးပါး..."


ထို့နောက် ချယ်လ်စီလေးက သူမ၏လက်ချောင်းများကိုဆော့ကစားရင်း အသံတိုးတိုးလေးနှင့်ပြောလေသည် ။


" ပါးပါး....ပါးပါးဆေးရုံတက်နေတဲ့အချိန်တုန်းက မီးမီးအိပ်မက်ဆိုးတွေမက်သေးတယ် "


ဒရိတ်ခ်က ကားမောင်းနေရင်းနှင့်ပင် ချယ်လ်စီလေးဆက်ပြောမည့်စကားများအား အာရုံစိုက်နားထောင်နေလေသည် ။


" အရင်လိုပုံစံမျိုးဘဲလား "


" မီးမီးသေသေချာချာမမှတ်မိဘူး.... ဖေဖေကပါးပါးကိုထားသွားတော့ ပါးပါးကအရမ်းဝမ်းနည်းပြီးပျောက်သွားတာတဲ့...အခုမောင်လေးရှိပြီဆိုတော့ ပါးပါးကဝမ်းမနည်းတော့ဘူးမလားဟင် ...ဖေဖေကမောင်လေးကိုသီချင်းတွေအများကြီးဆိုပြမယ်မလားဟင် "


ပါကာနှင့်ဒရိတ်ခ်တို့မှာပြိုင်တူပြန်ဖြေလိုက်ကြသည် ။


" ဒါပေါ့ "


×××


ညသန်းခေါင်ယံအချိန်၌ အိန်ဂျလာမှာ အိပ်မရနိုင်ခဲ့ပေ ။ ထူးဆန်းသောခံစားချက်ကြီးက သူမအားခြောက်လှန့်နေပြီး စိုးရိမ်နေစေသည် ။ 


ရေသောက်ရန်အောက်ထပ်သို့ဆင်းလာသည့်အချိန်တွင် ရေကျသံတတောက်တောက်အားကြားလိုက်ရသည် ။ ဘေစင်ပိုက်ခေါင်းမှရေစိမ့်နေသည်ဟုထင်ကာ ကြည့်လိုက်သော်လည်း ထိုနေရာမှမဟုတ်ပေ ။


တောက်!

တောက်!

တောက်!


သို့သော်လည်း ခဏမျှကြာသောအခါ ထိုရေကျသံပျောက်ကွယ်သွားပြီး သူမလှည့်ပတ်ကြည့်သောအခါ သွေးပျက်ဖွယ်မြင်ကွင်းအားမြင်လိုက်ရလေသည် ။


အသက်ဝိညာဥ်ကင်းမဲ့နေသောမျက်ဝန်းများဖြင့် အမျိုးသမီးငယ်တစ်ဦးက အခန်းထောင့်တွင့်ရပ်နေကာ သူမ၏ကိုယ်ပေါ်မှရေစက်များကျဆင်းနေပြီးကြမ်းပြင်တွင်ပင်ရေကွက်များဖြစ်ပေါ်နေသည် ။


သူမ၏လက်တစ်ဖက်၍အရက်ပုလင်းကိုကိုင်ထားပြီး ကျန်လက်တစ်ဖက်တွင်စစ်သားအရုပ်ကလေးနှင့်အရိုးပြာအိုးသေးသေးလေးအားဆုပ်ကိုင်ထားလေသည် ။


သူမ၏ပါးစပ်မှာတစ်စုံတစ်ရာအားပြောဆိုချင်ဟန်ပွင့်ဟလာခဲ့သော်လည်း နောက်ဆုံး၌မူ ဝမ်းနည်းကြေကွဲနေသောမျက်လုံးများဖြင့်သာကြည့်နေခဲ့သည် ။


အိန်ဂျလာက သူမအားမှတ်မိသွားကာ သူမ၏အမည်ကိုအထစ်ထစ်အငေါ့ငေါ့နှင့်ခေါ်ဆိုလိုက်လေသည် ။


" ကာ...ကာလိုဒ် "


အိပ်မက်မှအလန့်တကြားနိုးလာခဲ့ပြီး သူမ၏အမျိုးသားအား လူပ်နိူးလိုက်သည် ။


" ကလိုဒ်...ကလိုဒ်...မြန်မြန်ထစမ်းပါဦး "


နှစ်ခြိုက်စွာအိပ်မောကျနေသော ကာလိုဒ်မှာရုတ်တရက်လူပ်နိူးခံလိုက်ရသောကြောင့် ဒေါသထွက်ကာ အော်လိုက်သည် ။


" ဘာလဲ "


အိန်ဂျလာက ငိုရင်းပြောလိုက်သည် ။


" ကာလိုဒ်ဆီကိုသွားရမယ်...ကျွန်မတို့ရဲ့သမီးလေးကိုသွားရှာရမယ် မြန်မြန် "


" မင်းဘာတွေဖြစ်နေတာလဲ...  "


" မြန်မြန်ကျွန်မရဲ့သမီးလေးကိုရှာမှဖြစ်မယ် "


ကလိုဒ် ကသူမဘာကြောင့်ဤမျှ အလောတကြီးဖြစ်နေရသလဲနားမလည်ချေ ။


" အင်း...မနက်ကျသွားလိုက်မယ် "


" မဟုတ်ဘူး...အခု...အခု အခုရှာမှဖြစ််မယ် "


 " မင်းရူးနေပြီလား အခုညသန်းခေါင်ကြီးလေ "


" ကာလိုဒ်မှာ မကောင်းတာတစ်ခုခုဖြစ်သွားတယ်ထင်တယ်...မြန်မြန် ကျွန်မသမီးလေးကိုရှာရမယ် "


" မင်းရူးသွားတာလား...ငါနည်းနည်းလောက်ထပ်အိပ်ပါရစေကွာ "


ကလိုဒ်က စိတ်မရှည်စွာဖြင့်စောင်နှင့်ခေါင်းအုံးကိုဆွဲယူကာပြောလိုက်သည် ။


" ငါဧည့်သည်ခန်းမှာသွားအိပ်လိုက်မယ် "


" ကလိုဒ်...နေပါဦး "


သူမမည်မျှပင်အော်ဟစ်နေပါစေ ကလိုဒ်လှည့်မကြည့်လာခဲ့ပေ ။ အိန်ဂျယ်လာ ၏လက်များမှာတုန်ရီနေသည့်အပြင် အလွန်ကြောက်လန့်နေသည် ။


တစ်ခုခုဖြစ်ခဲ့သည်အားသူမသိနေသလိုပင် ။


×××


ရှာရွန်က ကုတင်စွန်းတွင်ထိုင်နေပြီး လူးဝစ်ကသူ၏ခါးကိုဖက်တွယ်ကာအိပ်ပျော်နေသည် ။


" ဒီလိုအရာတွေကိုဆက်ဖြစ်ခွင့်မပေးနိုင်တော့ဘူး "


ထို့နောက် လူးဝစ်၏လက်အားအသာအယာဖယ်ချကာ ပြင်သစ်စတိုင်လ်ပြတင်းပေါက်အရှည်ကြီးနားသို့သွား၍ ဖုန်းခေါ်ဆိုမူတချို့ပြုလုပ်လိုက်သည် ။


" မျိုးဆက်သစ်တွေအနေနဲ့ ငါတို့ကိုအကျိုးမပေးတဲ့ဓလေ့ကြီးကိုဖျက်ဆီးသင့်ပြီ "


×××


လေဆိပ်၌ လန်လင်းက ဂျိမ်းစ်၏ ခရီးဆောင်အိတ်ကိုသယ်ကာအဖော်လိုက်လာပေးခဲ့သည် ။


" ကိုယ့်ကို အဖော်ပြုနေပေးတဲ့အတွက်ကျေးဇူးတင်ပါတယ် "


" ရပါတယ် ဒါကသူငယ်ချင်းတွေလုပ်သင့်တာဘဲလေ "


ဂျိမ်းစ်က ခေတ္တအဝေးထွက်သွားရန်ဆုံးဖြတ်ခဲ့လေသည် ။ လန်လင်းသည်လည်း ဤနေရာတွင်ပိတ်လှောင်နေခြင်းထက် ပေါ့ပေါ့ပါးပါးလျှောက်သွားလိုက်ခြင်းကပင် အကောင်းဆုံးဟုတွေးနေသည် ။


ဂျိမ်းစ်အတွက် အတိတ်မှရုန်းထွက်နိုင်ဖို့ ေနရာသစ်တစ်ခု၌မိမိကိုယ်ကိုပြန်လည်တည်ဆောက်ရန်လိုအပ်သည် ။ သူအရင်ကသိကျွမ်းခဲ့သော အမျိုးသားမဟုတ်တော့က

ပဲ ဒဏ်ရာများနှင့်ပြိုလဲကျနေလေသည် ။


နေရာဟောင်းတွင်းဆက်လက်နေထိုင်ရန်ဆွဲထားခြင်းက ကူညီရာမရောက်မှန်း လန်လင်းသိသည် ။ နောက်ဆုံးတွေ့ခဲ့သည့်အချိန်မှစ၍ ကာလိုဒ်၏သတင်းအားလည်းမကြားရတော့ကာ သူမဘယ်နေရာတွင်ရှိမှန်းမည်သူမှမသိချေ ။


" ကိုယ်မင်းကိုသတိရနေမှာပါ "


" ကျွန်တော်ရောဘဲ ခင်ဗျားသတိရတဲ့အချိန်ကျွန်တော့်ကိုဖုန်းဆက်လို့ရတယ်နော် "


ဂျိမ်းက လန်လင်းအနားသို့ကပ်လာကာ တစ်စုံတစ်ရာကိုတိုးတိုးလေးပြောဆိုပြီးနောက်သူ၏ခြေလှမ်းများကိုပြန်ဆုတ်လိုက်သော်လည်း လန်လင်းကရှေ့တိုးလာ၍ ဂျိမ်းစ်အားနမ်းလိုက်သည် ။


သွားလာနေသောလူများမှာ အများပိုင်ဧရိယာ၌နမ်းရိူက်နေကြသောသူတို့နှစ်ဦးအားကွက်ကြည့်ကွက်ကြည့်လုပ်သွားကြသည် ။ ဂျိမ်းစ်၏ အနမ်းကြောင့်လန်လင်း၏ ခြေထောက်များပျော့ခွေသွားရသောကြောင့် ဂျိမ်းစ်က ပြုတ်မကျစေရန်ခါးကိုဖက်ကာထိန်းပေးထားလိုက်သည် ။


ကြာရှည်သောအနမ်းတစ်ပွင့်ပြီးဆုံးပြီးနောက် တစ်ယောက်နှင့်တစ်ယောက်မျက်တောင်မခတ်ကြည့်နေကာ ဘယ်သူ့ဘက်ကမှစ၍အကြည့်မလွှဲချင်ကြပေ ။


မကြာခင်တွင် ဂျိမ်းစ်ထွက်ခွာရတော့မည်ဖြစ်ပြီး လန်လင်းအားနူတ်ဆက်ကာ လူအုပ်ကြီးထဲ၌ရောနှောပျောက်ကွယ်သွားသည် ။ လန်လင်းက နောက်ကျောပုံရိပ်လေးပျောက်ကွယ်သွားသည်အထိ ကြည့်ရူနေပြီး သူ၏မျက်ဝန်းထဲမှမျက်ရည်များတားမရဆီးမရကျဆင်းလာခဲ့သည် ။


" ဒါငါသူ့ကိုလက်လွှတ်လိုက်ရတဲ့ ဒုတိယမြောက်အကြိမ်ဘဲ...ဒါပေမဲ့တတိယအကြိမ်ထပ်ဆုံတွေ့နိုင်ဖို့အခွင့်အရေးလည်းမရှိတော့ဘူးထင်ပါရဲ့ ..."


                         The End...