အပိုင်း ၉၄
Viewers 13k

Chapter 94


Daddy's little ( 94)


ပါကာက လူနာကုတင်ပေါ်တွင်လှဲလျောင်းနေပြီး ဒရိတ်ခ်၏လက်အားမလွှတ်တမ်းဆုပ်ကိုင်ထားလေသည် ။ ပါကာ၏ ဆုပ်ကိုင်မူကြောင့် ဒရိတ်ခ်၏လက်ပင်နာကျင်လာရသော်လည်း သူ၏အမျိုးသားလေးစိတ်ငြိမ်စေရန်ကြိုးစားပေးနေသည် ။


ဒရိတ်ခ်က ပါကာ၏ချွေးစိုနေသည့်ဆံပင်အားသပ်တင်ပေးရင်းညင်သာစွာပြောလိုက်သည် ။


" ရှုသွင်း "


ပါကာ အသက်ပြင်းပြင်းရူသွင်းလိုက်သည် ။


" ရှုထုတ်လိုက် "


ပါကာမှာ ဒရိတ်ခ်၏ ရေတွက်ပေးမူအတိုင်းအသက်ရှုလေ့ကျင့်ခန်းကိုလုပ်နေသည် ။ ဤနည်းလမ်းမှာ ရေမြွှာပေါက်ချိန်အတွင်း အသုံးဝင်သည်ဟုကြားဖူး၍ မှတ်သားထားခြင်းဖြစ်သည် ။


ရေမြွှာပေါင်ချိန်တွင်အရမ်းနာကျင်ရသောကြောင့် မိခင်၏စိုးရိမ်ကြောင့်လန့်စိတ်ကြီးထွားလာစေသည် ။ အသက်ရှုလေ့ကျင့်ခန်းမှာ စိတ်တည်ငြိမ်နိုင်စေရန်အထောက်အကူပြုသကဲ့သို့ မွေးလမ်းကြောင်းချဲ့ရာတွင်လည်းအထောက်အကူပြုသည် ။


ဒရိတ်ခ်ကိုယ်တိုင်လည်း သူသန်မာနေမှရမည်ဖြစ်ကြောင်းသိသည် ။ သူကစ၍ပြာယာခတ်နေလျှင် ပါကာ့အတွက်အထောက်အကူမဖြစ်စေသည့်အပြင် အကူအညီအညီမပေးနိုင်မည်အားကြောက်ရွံ့နေလေသည် ။


" အား... နာလိုက်တာ...အရမ်းနာတယ် "


ပါကာက နာကျင်စွာအော်ဟစ်ညည်းညူလာလေသည် ။ နာကျင်မှုမှာပါကာ့တစ်သက် စိတ်ကူးမယဥ်ခဲ့ဖူးသည့်အနေအထားဖြစ်ပြီး သေတော့မတတ်ပင် ။ ကိုယ်ဝန်ဆောင်ချိန်ကတည်းကပင် သူ၏ခန္ဓာကိုအားယောဂကျင့်၍ပြင်ဆင်ခဲ့ပါသော်ငြား အနည်းငယ်သာအသုံးဝင်လေသည် ။


ကလေးမွေးရခြင်းသည် ခန္ဓာကိုယ်အားနှစ်ပိုင်းဆွဲဖြဲခံနေရသကဲ့သို့ခံစားရပြီး အလွန်အမင်းနာကျင်နေရလေသည် ။ သုံးနာရီခန့် သဘာဝအတိုင်းမွေးလမ်းကြောင်းချဲ့ထွင်ပြီးသည့်နောက်တွင် ကလေးမွေးဖွားရန်အသင့်ဖြစ်သွားခဲ့ပြီဖြစ်သည် ။


ဒရိတ်ခ်က ပါကာ့၏လက်ကိုဆုပ်ကိုင်ထားကာ စကားပြောပေးနေပြီး ဆရာဝန်နှင့်သူနာပြုများမှာလိုအပ်သည်များဆောင်ရွက်ရန်အသင့်ဖြစ်နေကြသည် ။


" ဒီ့ထက်ပိုပြီးညှစ်ဖို့လိုသေးတယ် "


ဆရာဝန်၏စကားကြောင့် ပါကာမှာအံတင်းတင်းကြိတ်ကာ အားကုန်ဖြင့်ညှစ်လိုက်လေသည် ။


" အား.... အား..."


ဒရိတ်၏လက်ကိုလည်း တင်းကြပ်စွာဆုပ်ကိုင်ထားပြီး ချွေးများရွဲနစ်နေသော်လည်း အံကြိတ်ကာညှစ်နေလေသည် ။ အချိန်အတော်ကြာသည့်အထိမွေးဖွား၍မရသေးသောကြောင့် ပါကာစတင်ငိုယိုလာတော့သည် ။


" အား  ...ကျွန်တော်မရတော့ဘူး..."


" မညှစ်ဘူးဆိုရင် ကလေးအတွက်အန္ဒရာယ်ရှိလာနိုင်တယ် "


ဒရိတ်ခ်က ပါကာ၏လက်အားနမ်းကာပြောလိုက်သည် ။


" မင်းလုပ်နိုင်ပါတယ် ပါကာ...မင်းလုပ်နိုင်တယ် "


" ဟင့်အင်း... ကျွန်တော်မရဘူး ဒရိတ်ခ်...အား..."


" ချယ်လ်စီက မောင်လေးကိုတွေ့ဖို့ေစာင့်နေတယ်လေ...ကိုယ်လဲကလေးလေးကိုတွေ့ရဖို့အရမ်းမျှော်လင့်နေတာ...သူကြီးပြင်းလာပြီး မင်းကိုပါးပါးလို့ ခေါ်နေတာကိုမြင်ယောင်လိုက်နော်... မင်းလုပ်နိုင်ပါတယ် "


ပါကာက နာကျင်နေသည့်ကြားမှခပ်ဖွဖွပြုံးကာပြောလိုက်သည် ။


" ကျွန်တော်ကသူ့ကို ခင်ဗျားနဲ့ပိုတူစေချင်တာ "


ပါကာက ရှိသမျှအားကုန်သုံး၍ ကြိုးစားပမ်းစားကလေးထွက်လာရန်ညှစ်တော့သည် ။ ခဏကြာသောအခါ ငိုယိုနေသောကလေးကိုအောင်မြင်စွာမွေးဖွားနိုင်လိုက်ပြီဖြစ်သည် ။


ဆရာဝန်များက ကလေးအားစောင်ဖြင့်ပတ်ကာ အသင့်ပြင်ထားသည့်ရေနွေးပြီးအကျိအချွဲများကိုဆေးကြောပေးလိုက်ပြီး ပါကာ့ထံကမ်းပေးလိုက်သည် ။


ဒရိတ်ခ်နှင့်ပါကာမှာ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကာရီလိုက်မိကြသည် ။ ပါကာက ကလေးနီတာရဲလေးကိုကြည့်ကာ မောဟိုက်နေသည့်လေသံနှင့်ပြောလိုက်သည် ။


" သူကနီရဲနေတာဘဲ "  


" ပြီးတော့ အရမ်းလဲသေးသေးလေး..ဗိုက်ထဲမှာကတည်းကမင်းကိုဘယ်လိုလက်ခဲအောင်လုပ်ရမလဲသူသိတာဘဲ "


ဒရိတ်ခ်က သူ၏လက်ညိုးများဖြင့်ကလေး၏လက်ဖဝါးကိုထိတွေ့လိုက်သောအခါ ကလေးလေးက လက်ချောင်းကိုဆုပ်ကိုင်လာလေသည် ။


" သူကိုယ့်လက်ကိုကိုင်ထားတယ်တွေ့လား "


ပါကာက သွားမပါသည့်နီတာရဲလေးပြုံးနေသည်အားသဘောကျလို့နေ၏ ၏ ကလေး၏မျက်လုံးများခေတ္တပွင့်လာသောအခိုက်အတန့်တွင် သူမြတ်နိုးရသော ပင်လယ်ပြာရောင်မျက်လုံးများဖြစ်နေသည်ကိုတွေ့လိုက်ရသည် ။


ဒရိတ်ခ်က သူ၏သားလေးအား ပွေ့ချီထားရင်း ညင်သာစွာပြောလိုက်သည် ။


" သူကမင်းမျော်လင့်သလိုကိုယ်နဲ့တူနေတာ...အိပ်လိုက်နော် ဘာမှမတွေးနဲ့တော့ သားလေးကိုကိုယ်ကြည့်ထားလိုက်မယ် "


×××


လန်လင်းက ဂျိမ်းစ်အား တိုက်ခန်းမှပြောင်းရွေ့ရန်ကူညီပေးနေသည် ။ ပြောင်းလဲ၍မရတော့သောအဖြစ်အပျက်များအရ ဂျိမ်းစ်ထိုနေရာတွင်ဆက်နေထိုင်ရန်မသင့်တော်ချေ ။ လန်လင်းက နံရံပေါ်မှဓာတ်ပုံးများကိုကြည့်လိုက်သည် ။


ထိုပုံများမှာ အိမ်ထောင်ရေးအဆင်ပြေနေသည့် ကာလများအတွင်းမှဓာတ်ပုံများပင် ။ လန်လင်းကဓာတ်ပုံများကိုသိမ်းဆည်းနေရင်း ဂျိမ်းစ်အတိတ်အားလက်လွှတ်ရန်ဆုံးဖြတ်လိုက်သကဲ့သို့ သူ၏ညီမဖြစ်သူအားလည်း အနာဂတ်ကိုသာရှေးရူ၍ရှင်သန်နေထိုင်သွားစေချင်သည် ။


×××


ကာလိုဒ်၏ လက်တစ်ဖက်တွင်စစ်သားအရုပ်လေးကိုကိုင်ထားကာ လက်တစ်ဖက်၍ဝီစကီတစ်ပုလင်းကိုကိုင်၍မော့သောက်နေလေသည် ။ သူမ၏လည်ပင်းတွင် အချစ်ဦးပေးထားသည့်လည်ဆွဲလေးနှင့် လက်ထဲ၌သူမသား၏အရုပ်ကလေးအပြင် သူမမျက်နှာပင်မမြင်ဖူးလိုက်ရသောကလေးလေး၏အရိုးပြာများအား တင်းကျပ်စွာဆုပ်ကိုင်ထားသည် ။


သူမ၏နောက်ဆုံးစကားမှာ ရှေ့ဆက်မသွားနိုင်တော့ဘူးဟုသာဖြစ်ပြီးနောက်ဆုံး၌ တံတားစွန်းမှသူမကိုယ်သူမလွတ်လပ်ခွင့်ပေးလိုက်လေသည် ။


Xxxxxx