အပိုင်း ၉၃
Viewers 13k

Chapter 93


Mori Sue:

Daddy's little. ( 93)


ပါကာက အိမ်တွင်းအောင်နေရသည်မှာကြာပြီဖြစ်သောကြောင့် ချယ်လ်စီလေးအားခေါ်ကာဒရိတ်ခ်ထံ သွားလည်ရန်ဆုံးဖြတ်လိုက်သည် ။ 


သူ၏ကိုယ်ဝန်ဆောင်ချိန် ဟော်မုန်းပြောင်းလဲမူကြောင့် ယောက်ျားဖြစ်သူ၏အနားမှာသာကပ်နေ၍မခွဲခွာချင်ပေ ။


" ချယ်လ်ချယ်လ် သမီးရဲ့ဖေဖေဆီ ပါးပါးတို့သွားလည်ကြရအောင် "


" ရေး... ဖေ့ဖေ့ဆီသွားကြမယ် "


ချယ်လ်စီလေးနှင့် အလုပ်သို့ရောက်သောအခါ ဝန်းထမ်းတစ်ဦးမှ ဒရိတ်ခ်၏ရုံးခန်းရှိရာသို့လမ်းညွှန်ပေးလိုက်သောကြောင့် ကျေးဇူးတင်ကာ ချယ်လ်စီလေး၏လက်ကိုတွဲ၍လျှောက်လာသည် ။


ဝန်ထမ်းများမှာ အလွန်ချစ်စဖွယ်ကလေးမလေးအားလက်တွဲလာသည့် ချောမောသော gerအားအံ့သြတကြီးဝိုင်းကြည့်နေကြသည် ။


" အရမ်းချောတာဘဲ...ဘယ်သူ့ရဲ့အမျိုးသားgerပါလိမ့် "


ထိုချောမောသောအမျိုးသားလေးတွင် လာဗင်ဒါပန်းအရောင်ဆံပင်လေးနှင့် အညိုဖျော့ရောင်မျက်ဝန်းတစ်စုံရှိပြီး မျက်ရည်ခံမှဲ့လေးမှာ ဖျားယောင်းလိုသယောင်တောက်ပနေလေ၏ ။ လှပသောမျက်နှာလေးအပြင်အသားအရေမှာလည်းအပြစ်ဆိုဖွယ်ရာမရှိချေ ။


ရုပ်ချင်းဆင်သောကလေးမလေးနှင့် သိသာထင်ရှားသောကိုယ်ဝန်ကြောင့်သာမဟုတ်လျှင် ထိုကောင်လေးအားဆက်သွယ်ခွင့်ရရန်အလုအယက်ကြိုးစားကြလိမ့်မည် ။


ထိုကောင်လေး၏ယောက်ျားဖြစ်သူမှာ အမှန်ပင်ကမ္ဘာပေါ်၌ကံအကောင်းဆုံးလူဖြစ်ရမည် ။ ထိုကောင်လေးထံမှ ခပ်ဖျော့ဖျော့ရှောက်ချိုသီးနံ့သင်းသင်းလေးထွက်ပေါ်နေလေသည် ။


လိုဟန်က လူတိုင်း၏အာရုံစိုက်မူကိုသိမ်းကျုံးယူသွားသော ပါကာအားမကျေနပ်သော်လည်း လေသံပျော့ပျော့နှင့်မေးလိုက်သည် ။


" ဘာကူညီရမလဲ "


" မလိုပါဘူး ကျွန်တော်က...ကျွန်တော့်ရဲ့ယောက်ျားကိုနေ့လည်စာလာပို့ရင်းတွေ့ချင်လို့ပါ "


" အို... ရုံးခန်းကိုဧည့်သည်တွေလာဖို့ခွင့်မပြုထားဘူး "


ပါကာက လိုဟန်ကိုသဘောမကျသည့်အကြည့်များနှင့်ကြည့်ကာပြောလိုက်သည် ။


" ဒါက ထောင်တို့ဆေးရုံတို့လဲမဟုတ်ဘဲနဲ့ ကိုယ့်ယောက်ျားကိုလာတွေ့ပြီး နေ့လည်စာလေးကျွေးချင်တာတောင်မရဘူးလား "


" ဒါပေမဲ့ သူဌေးကသေချာပေါက်သဘောကျမှာမဟုတ်ဘူး "


ပါကာ၏ စိတ်ပျက်လက်ပျက်ခေါင်းယမ်းတာလေးကိုပင် ဝိုင်းကြည့်နေသည့်လူများအကြီးအကျယ်ထိရှသွားရသည် ။ ကျားမမရွေးဆွဲဆောင်ခံလိုက်ရပြီး ထိုကောင်လေးအားအလိုလိုက်ချင်စိတ်များဖြစ်ပေါ်လာစေသည် ။


" ငါထင်တာတော့ဘာပြဿနာမှမရှိဘူးလားလို့... နေ့လည်စာနားချိန်တောင်ရောက်တော့မယ်လေ "


အချို့သောလုပ်ဖော်ကိုင်ဖက်များက ပါကာ့ဘက်မှဝင်ပြောပေးလာကြသည် ။


" ဟုတ်တယ်လိုဟန်... သူရဲ့အမျိုးသားဆီလာလည်တာဘဲဟာ...သူ့ကိုလည်းကြည့်ပါဦးကိုယ်ဝန်ကြီးနဲ့လေ ဒီတိုင်းပြန်ခိုင်းလိုက်ရင် မကောင်းဘူး...ကိုယ်ဝန်ကြီးနဲ့ဒီအထိလာနိုင်ဖို့သူ့အတွက်အရမ်းခက်ခဲမှာ "


" ဟုတ်တယ်...ဟုတ်တယ်...gerတွေကကိုယ်ဝန်ဆောင်ချိန်မှာလမ်းလျှောက်တာတောင်အရမ်းသတိထားရတယ် ငါ့အစ်ကိုဆိုသူ့ကိုလမ်းတောင်များများမလျှောက်ခိုင်းရဲဘူး "


" သူ့ရဲ့အစ်ကိုက သူဌေးရဲ့သူငယ်ချင်းဆိုပြီး တစ်ရုံးခန်းလုံးကိုသူ့အပိုင်များမှတ်နေသလားဘဲ "


ပါကာက လိုဟန်အားကြည့်ကာမေးလိုက်သည် ။


" မင်းရဲ့အစ်ကိုက ဒီကသူဌေးရဲ့သူငယ်ချင်းလား "


လိုဟန်က သူ့အားမကောင်းပြောနေသည့်လူများကိုသဘောမကျသော်လည်း ပါကာ့ကိုပြုံးပြကာပြောလိုက်သည် ။


" ဟုတ်တယ် ပြီးတော့ သူဌေးနဲ့ငါကလဲအရမ်းရင်းနှီးတာလေ... နောက်အပတ်တောင်ငါတို့အပြင်ထွက်လည်ဖို့စီစဥ်ထားသေးတယ် "


လိုဟန်က ပါကာ့အားဂုဏ်ယူနေသည့်အကြည်နြှင့်ကြည့်လိုက်သည် ။ လုပ်ဖော်ကိုင်ဖက်များမှာလည်း အလုပ်နှင့်အိမ်ကလွဲမသိသည့်သူတို့၏သူဌေးက ဒိတ်မည့်အကြောင်းကြား၍ စပ်စုလိုသဖြင့်နားရွက်လေးများပင်ထောင်တက်လာကြသည် ။


" လျှောက်လည်မယ်ဟုတ်လား... ငါမေးပါရစေဦး ငါ့ကိုဒီအကြောင်းပြောလိုက်လို့ မင်းအတွက်ဘာအကျိုးအမြတ်ရသွားမှာမို့လို့လဲ "


" ဟမ်... "


ပါကာက လိုဟန်အားအေးစက်စက်ကြည့်လိုက်သည် ။


" မင်း ဘယ်သူ့ကိုစကားပြောနေတာလို့ထင်လဲ "


ပါကာ၏ ရုတ်တရက်ပြောင်းလဲသွားသောလေသံကြောင့် လိုဟန်စိုးထိတ်သွားရသည် ။ ထိုအချိန်တွင်ပင် ဒရိတ်ခ်ရောက်လာ၍ ချယ်လ်စီလေးကသူမ၏ဖေဖေထံပြေးသွားကာ ချီခိုင်းလေသည် ။


ဒရိတ်ခ်သူမလေးအားချီ၍နဖူးကိုနမ်းလိုက်သည် ။


" ဖေဖေ "


" ချယ်လ်စီလေး "


လူတိုင်းတစ်စုံတစ်ရာကို တစ်ညီတစ်ညွတ်တည်းသဘောပေါက်သွားကြလေသည် ။


' သေစမ်း '


လူတိုင်းက လျှာရိုးမရှိလျှောက်ပြောထားသည့် လိုဟန်အား အရူးတစ်ယောက်အားကြည့်နေသကဲ့သို့ကြည့်နေလေ၏ ။ ပါကာက ဒရိတ်ခ်ဘက်သို့လှည့်ကာလေသံမာမာနှင့်မေးလိုက်သည် ။


" ဒရိတ်ခ် "


" အင်း..."


" ခင်ဗျား ဒီလူကိုသိလား "


ဒရိတ်ခ်က လိုဟန်အားကြည့်လိုက်သော်လည်းမမှ

တ်မိသဖြင့် မနည်းဖြစ်ညှစ်စဥ်းစားနေရသည် ။


" အို...သူကလိုဟန်မလား "


လိုဟန်က တိုးတိုးလေးပြန်​ဖြေလိုက်သည် ။


" ဟုတ်တယ်... ကျွန်တော်ပါ "


ဒရိတ်ခ်က ပါကာ လိုဟန်နှင့်ပြဿနာတစ်ခုခုဖြစ်နေမှန်းသတိထားမိ၍အေးစက်စွာပြောလိုက်သည် ။


" မင်းသူ့ကို ဘာလုပ်လိုက်တာလဲ "


လူတိုင်းက ယခုအချိန်တွင် လိုဟန်တွင်းတစ်တွင်းတူး၍ ပုန်းနေသင့်ကြောင်းအကြံပေးလိုကြသည် ။


ပါကာက လိုဟန်အား ညင်သာစွာပြုံးပြရင်းပြောလိုက်သည် ။


" လိုဟန် မင်း စောစောစီးစီးနုတ်ထွက်စာတင်ထားသင့်တယ်လို့ငါထင်တယ် "


" ဒါပေမဲ့... "


ပါကာက ရုတ်တရက်သူ၏ဝမ်းဗိုက်အတွင်းမှနာကျင်မူကိုခံစားလိုက်ရသောကြောင့် အုပ်ကိုင်ကာညည်းတွားလိုက်မိသည် ။


" အာ့ "


ဒရိတ်ခ်က ချယ်လ်စီလေးအားချကာ ​ပါကာ့ထံပြေးလာလေသည် ။


" စိတ်မပူနဲ့ ကျွန်တော်အဆင်ပြေ...အာ့ "


" အရေးပေါ်ကားကိုမြန်မြန်ခေါ်လိုက် "


ဒရိတ်ခ်က ပါကာအား သတို့သမီးပုံစံပွေ့ချီလိုက်သည့်အချိန်တွင် ကာပါမှာနာကျင်မူကြောင့် ဒရိတ်ခ်၏လည်ပင်းအား တင်းကျပ်စွာဖက်ထားမိလေသည် ။


ချယ်လ်စီလေးကသူမ၏ ပါးပါးနာကျင်နေသည်အားတွေ့သောအခါ စိတ်ပူ၍မျက်ရည်များပင်ဝိုင်းလာခဲ့သည် ။


" ဖေဖေ ပါးပါးကဘာဖြစ်တာလဲဟင် "


ဒရိတ်ခ်က ဓာတ်လှေကားဆီသို့ဦးတည်သွားနေရင်း စတေစီအားမှာလိုက်သည် ။


" စတေစီ ချယ်လ်စီလေးကိုကြည့်ပေးထားပါဦး "


Xxxxxx