အပိုင်း ၉၂
Viewers 14k

Chapter 92


Mori Sue:

Daddy's little ( 92)


နှစ်လတာတရားရင်ဆိုင်ပြီးနောက်တွင် အပြီးသတ်စီရင်ချက်ချမှတ်ခဲ့သည် ။ ကွာရှင်းမူတွင် ဂျိမ်းစ်ဘက်မှ လျှော်ကြေးငွေအမြောက်အမြားနှင့် အောင်အောင်မြင်မြင်အနိုင်ရခဲ့သည် ။


ဘရောင်း မိသားစုမှာချမ်းသာကြွယ်ဝသူများဖြစ်၍ လျော်ကြေးငွေအနည်းမှာ သူတို့အားမထိခိုက်နိုင်ပါချေ ။ 


ဂျိမ်းစ်က ခုံတန်းလျားလေးပေါ်တွင် ခေါင်းငိုက်စိုက်ချကာထိုင်နေလေသည် ။ လန်လင်းက ဂျိမ်းစ်ထံ ရေဘူးတစ်ဘူးကမ်းပေးလိုက်သည် ။


" ရေသောက်လိုက်ပါဦး "


ဂျိမ်းစ်က သူ့ဘေးတွင်ဝင်ထိုင်လိုက်သည့် လန်လင်း၏ပုခုံးပေါ်သို့ အားလျော့စွာမှီချလိုက်သည် ။ 


" ကိုယ် အနိုင်ရလိုက်ပေမဲ့ ဘာလို့ရူံးနိမ့်သွားသလိုခံစားနေရတာလဲ "


သူ၏အသံမှာ လဲပြိုမကျ သွားစေရန် မနည်းအားတင်းထားရပုံပင် ။


လန်လင်းက ရေဘူးကိုဘေးတွင်ချထားလိုက်ပြီးနောက် ဂျိမ်းစ်၏ ဆံပင်များအား အသာအယာပွတ်သပ်ပေးလိုက်သည် ။


" ခင်ဗျား အတိတ်ကိုလွှတ်ချပြီး အနာဂတ်အသစ်ကိုပြန်စတင်ဖို့လိုနေတာဖြစ်ပါလိမ့်မယ် "


လန်လင်းက ဂျိမ်းစ်၏ မျက်နှာကိုလက်ဖြင့်အသာဆွဲယူကာ မျက်ရည်ဝဲနေသည့်မျက်ဝန်းများတည့်တည့်ကြည့်ပြောလိုက်သည် ။


" ဂျိမ်းစ်... ခင်ဗျား ကိုယ့်ကိုယ်ကိုလွတ်လပ်ခွင့်ပေးသင့်နေပြီ "


ဂျိမ်းစ်က လန်လင်း၏လက်နှင့်သူ၏မျက်နှာကိုတိုးဝှေ့ပွတ်သပ်လိုက်ပြီး အပြုံးသေးသေးလေးတစ်ပွင့်အားလှစ်ဟပြသလာခဲ့သည် ။ ထိုအချိန်တွင် ကာလိုဒ်ရောက်လာ၍ လန်လင်းအားပြောလေသည် ။


" လန်လင်း ငါ နင်နဲ့နှစ်ယောက်တည်းစကားပြောလို့ရမလား "


လန်လင်းက လက်မခံပါချေ ။


" ကျွန်တော်လက်မခံပါဘူး ပြောစရာရှိရင်ဂျိမ်းစ်ရှေ့မှာဘဲပြော "


ကာလိုဒ်က ဂျိမ်းစ်အားတစ်လှည့် လန်လင်းအားတစ်လှည့်ကြည့်လိုက်ပြီးနောက် သက်ပြင်းချ၍ ပြောလိုက်သည် ။


" ငါတို့ ဗုဒ္ဓဟူးနေ့မှာ စတော်ဘယ်ရီကိတ်လုပ်ရအောင် "


လန်လင်း၏ မျက်လုံးများမှာအံ့အားသင့်မူကြောင့် ပြူးကြယ်သွားပြီး ကာလိုဒ်ရှေ့၌သွားရပ်လိုက်လေ၏ ။


" နေစမ်းပါဦး "


ဂျိမ်းစ်က အူကြောင်ကြောင်လေးဖြစ်ကာ သူနားမလည်သောအကြောင်းအရာဖြစ်ပါသော်လည်း လန်လင်း၏နောက်မှ ခါးလေးအားလက်ဖြင့်ရစ်ပတ်ပွေ့ဖက်ထားလိုက်သည် ။


" ဘယ်လိုသိသွားတာလဲ "


ကာလိုဒ်က နွမ်းလျှစွာပြောလေ၏ ။


" ဒါကဖြစ်နိုင်နိုင် မဖြစ်နိုင်နိုင် ငါကနင်နဲ့ အရင်းနှီးဆုံးလူဘဲလေ "


သူမက လန်လင်း၏ မျက်နှာအားထိတွေ့လိုက်ပြီး ပြုံကာပြောလိုက်သည် ။


" နင့်ကိုကြည့်ရတာအရင်ကထက်ပိုပြီး ပျော်နေပုံဘဲ "


" ဘာ​ပြောတာလဲ "


" အင်း...နင် ငါ့ .. ငါ့ကိုကြိုက်သလိုအပြစ်တင်နိုင်တယ် ဒါပေမဲ့ငါတောင်းဆိုချင်တာတစ်ခုက ဂျိမ်းစ်ကိုတန်ဖိုးထားပြီးဂရုစိုက်ပေးပါ ငါ့ရဲ့လုပ်ရပ်တွေကြောင့် သူခက်ခက်ခဲခဲဖြတ်သန်းရမှာသိပေမဲ့ နင်ရှိနေရင်အဆင်ပြေလိမ့်မယ်လို့ငါထင်တယ်... ပါကာ...ငါ့လိုမျိုးတော့မဖြစ်စေနဲ့ "


သူမက ပြောပြီးနောက် မောင်ငယ်လေး၏နဖူးအားနူတ်ဆက်သည့်အနေဖြင့်နမ်းကာ လှည့်မကြည့်တော့ချေ ။ လန်လင်းမှာ အနာဂတ်သည်အတိတ်ထက်ပိုမိုမျှောင်လင့်ချက်ပြည့်ဝပါစေဟုသာဆုတောင်းမိလေ၏ ။


×××


တစ်ဖက်တွင် တေလာအဝတ်ခေါက်နေစဥ်၌ ဂျော်ဒန်ကပြဇာတ်ထဲမှသီချင်းစားသားများကို မျက်နှာအမူအယာနှင့်ပါသီဆိုအော်ဟစ်နေပြီး ရိုင်လီ လေးကသူမ၏အစ်ကိုနောက်မှ သံယောင်လိုက်ကာဝူးဝူးဝါးဝါးလုပ်နေလေသည် ။


တေလာက အလွန်တက်ကြွနေသောသူ့သား၏အမူအယာကြောင့် ဂျော်ဒန်အကြိုက်ဆုံး ဟောလိုးဝင်းပိတ်ရက်အကြောင်းတွေးနေသည် ။


" သားက ဒီနှစ်မိစ္ဆာ ဝတ်စုံဝတ်မှာ အဲ့တာကပျင်းစရာစန်တာဝတ်စုံကြီးထက်တော့အများကြီးသာတယ် "


ဂျော်ဒန်ကအော်ဟစ်နေကာဆိုဖာပေါ်မှာ ခုန်ချလိုက်ပြေးလွှားလိုက်နှင့် ဆူညံစွာလည်းအော်ဟစ်နေသေးသည် ။ တေလာမှာသူ့သား ရူးများသွားသလားဟုပင်တွေးမိလေသည် ။


ပွဲတော်ပိတ်ရက်လေးတစ်ခုဘဲကို ဒီလောက်ထိစိတ်လူပ်ရှားနေစရာလား..


ငါသူ့ကိုမွေးတဲ့အချိန်တုန်းက ဒီကောင်ကြပ်ပြည့်ပါတယ်...


" ဂျော်ဒန်... သားအိမ်စာလုပ်သင့်ပြီနော် သားအဖေပြန်လာတဲ့အချိန်အထိအိမ်စာမလုပ်ရသေးရင် ပြဿနာအကြီးကြီးတက်သွားနိုင်တယ် "


" သားမလုပ်ချင်ပါဘူး.... ရိုင်လီတောင်အိမ်စာမလုပ်ရတာ သားလဲမလုပ်ဘူး "


တေလာက ဂျော်ဒန်လေး၏နဖူးအားခပ်ဖွဖွရိုက်လိုက်ကာရီမောလိုက်သည် ။ ဂျော်ဒန်က တေလာ၏တင်ပါးအားတစ်ချက်ပုတ်ကာပြေးထွက်သွားလေသည် ။


" ဂျော်ဒန်... ဘာလုပ်တာလဲ "


" ရိုင်လီ ပြေးမယ်လာလာ...ကိုကိုတို့နောက်ကိုမကောင်းဆိုးဝါးကြီးလိုက်လာပြီ "


" ဟမ် "


တေလာက ကြောင်အသွားရသော်လည်း ပြုံးရင်းထရပ်လိုက်လေသည် ။


" မင်းတို့ပြေးရဲသေးတယ်လား "


တေလာ လိုက်ဖမ်းသည်နှင့် အိမ်ထဲတွင်ကလေးငယ်များ၏ရီမောသံများနှင့်ပြည့်နှက်သွားလေသည် ။


×××


ချယ်လ်စီလေးက အိုလီဗာ နှင့်ဝမ်းကွဲများနှင့်အတူ ကာတွန်းကားကြည့်နေ၏ ။  ကတ်စီက တီဗီကိုလက်ညိုးထိုးပြရင်း ဝမ်းသာအားရပြောလိုက်သည် ။


" အိုလီဗာ ဟိုကိုကြည့်ဦး နင့်ရဲ့ ဟောလိုးဝင်းဝတ်စုံကို ရော်ဘင်ဟုဒ်ပုံစံဝတ်လို့ရတယ် "


" ဟင်...ရော်ဘင်လား "


" အင်း..အင်း...နင်အဲ့တာဝတ်မယ်ဆိုရင် ငါသကြားလုံးတွေအများကြီးပိုပေးမယ် "


ကတ်ဆာ ကလည်း တိုးတိုးလေးကပ်ပြောလာသည် ။


" ဟုတ်တယ်... ငါလည်းနင့်ကို အများကြီးပိုပေးမယ်... ငါတို့သကြားလုံးတွေကို လူကြီးတွေမသိအောင် တိတ်တိတ်လေးဖွက်စားလို့ရတယ် "


ကတ်စီနှင့် ကတ်ဆာမှာ အမြွှာေမာင်နှမနှစ်ယောက်ဖြစ်ကြပြီး သူတို့ထံတွင်  ညီမလေးတစ်ယောက်ရှိသည် ကြားဖူးသော်လည်း ဟဲရစ်၏ကလေးမဟုတ်သောကြောင့် မတွေ့ခဲ့ဘူးပေ ။


( TN/ ကတ်စီနဲ့ကတ်ဆာနဲ့က အိုလီဗာရဲ့အဖေအရင်အိမ်ထောင်နဲ့ရတဲ့ကလေးတွေပါ... အိုလီဗာနဲ့အဖေတူအမေကွဲ တော်စပ်ပါတယ်)


အိုလီဗာမှာ ဟဲရစ်ကွာရှင်းရသည့်အကြောင်းပြချက်ကသူဖြစ်နေသောကြောင့် ကတ်စီနှင့်ကတ်ဆာတို့က အနိုင်ကျင့်ကြလိမ့်မည်ဟုထင်ခဲ့သော်လည်း အမြွှာနှစ်ယောက်မှာ သူ့အားကောင်းမွန်စွာဆက်ဆံကြလေသည် ။


ဟဲရစ်နှင့်သူ၏အမျိုးသမီးတို့၏ကွာရှင်းမူသည် တရားရုံးသွားစရာမလိုသကဲ့သို့ ပိုင်ဆိုင်မူများခွဲဝေခြင်းစသော အငြင်းပွားစရာများလည်းမရှိခဲ့ပေ ။ 


အေးချမ်းစွာကွဲကွာခဲ့ကြပြီး ကလေးများအားစောင့်ရှောက်ရာ၌ကိုယ်စီတာဝန်ကျေပွန်ကြလေသည် ။ အမြွှာနှစ်ယောက်အတွက်ကွာခြားသွားခြင်းမရှိသကဲ့သို့ပင် တစ်ခါတစ်ရံ သူတို့၏အဖေနှင့်နေထိုင်ကြပြီး သူတို့အမေနှင့်တစ်လှည့်စီသွားရောက်နေထိုင်ကြလေသည် ။


သူတို့၏ ညီမလေးအားလည်း ချစ်ခင်ကြပြီး အဖေနှင့်အမေအတူမနေတော့သည်မှလွဲ၍ပြောင်းလဲသွားသောအရာမရှိသကဲ့သို့ပင် ။ ဟဲရစ်နှင့်သူ၏ဇနီးဟောင်းမှာလည်း မိတ်ဆွေများကဲ့သို့ အချင်းချင်းအမုန်းတရားမရှိပြောဆိုနေထိုင်ကြသည် ။


Xxxxxxx