အပိုင်း ၉၁
Viewers 14k

Chapter 91


Mori Sue:

Daddy's little ( 91)


တစ်လကြာမြင့်ပြီးနောက် တွင်တရားရုံးအတွင်း၌ ဂျိမ်းစ်နှင့်ကာလိုဒ်မှာ တရားသူကြီးအားဦးညွှတ်လိုက်ကြသည် ။ နှစ်ယောက်စလုံး၏အခြေအနေမှာကောင်းမွန်နေပုံမရပေ။


 ကာလိုဒ်ကသူမ၏အညိုရောင်ဆံပင်များအား ခပ်မြင့်မြင့်စည်းနှောင်ထားသည် ။


သူမ၏မျက်ဝန်းများတွင် သက်ဝင်မူကင်းမဲ့နေသည့်အပြင် အသားအရေမှာအလွန်မွဲခြောက်နေပြီး အားနည်းဖျော့တော့ပုံပေါ်နေသည် ။ ရက်အနည်းငယ်အတွင်းမှာပင် သူတို့နှစ်ဦးစလုံး၏ ကိုယ်အလေးချိန်ကျသွားခဲ့ပြီး လောကကြီးအားစိတ်ကုန်နေသောပုံစံဖြစ်နေကြလေသည် ။


ကာလိုဒ်၏ ရှေ့နေမှာသူမအားကြည့်ရင်း သက်ပြင်းမချမိဘဲမနေနိုင်ပါတော့ချေ ။ သူမ၏အမူအရာမှာအေးစက်တည်ငြိမ်နေသည့်အပြင် ကွာရှင်းရတော့မည်အားလည်း ဂရုစိုက်ပုံမရသည့်အပြင် ပြန်လည်ချေပလိုသည့် စိတ်လည်းရှိပုံမရပေ ။


နာကျင်ခံစားရလွန်း၍ နှလုံးသားကထုံထိုင်းသွားပြီလော ရှင်သန်ခြင်းအားလက်လျော့လိုက်ပြီလော မည်သူသိမည်နည်း? 


တစ်ဖက်မှ ဂျိမ်းစ်၏ရှေ့နေဖြစ်သူမှာလည်းသူမ၏ပုံစံကြောင့် ဘာမေးလို့မေးရမှန်းမသိဖြစ်နေလေ၏ ။ ရှေ့နေက စာရွက်စာတမ်းများကိုကိုင်ဆောင်ထားရင်း မေးလိုက်သည် ။


" မစ္စ ခင်ဗျားက မစ္စတာဂျိမ်းစ်ရဲ့နောက်ကွယ်မှာ သူမသိအောင် သုံးနှစ်တိုင်တိုင်ဖောက်ပြန်နေခဲ့တယ်ဆိုတာ ဟုတ်ပါသလား "


ကာလိုဒ်က အမှန်အတိုင်းပင် စိတ်လူပ်ရှားမူမရှိသည့်လေသံနှင့်ပြန်ဖြေလိုက်သည် ။


" ဟုတ်ပါတယ်...ကျွန်မရဲ့ရည်းစားဟောင်းနဲ့ သုံးနှစ်တိတ်တိတ်ပုန်းတွေ့ဆုံနေခဲ့ပါတယ် "


ပြိုင်ဘက်ရှေ့နေက သူ၏မျက်မှန်ကိုင်းကို ပင့်တင်လိုက်သည် ။


ဘရောင်း မိသားစုဝင်တွေက ကိုင်တွယ်ရခက်တယ်ဆိုတာ ကြားထားရသလောက်လဲမဟုတ်ပါလား...


" ပြီးတော့ မစ္စက ခင်ဗျားအချစ်ဟောင်းရဲ့ကလေးကို မစ္စတာဂျိမ်းစ် ရဲ့သွေးသားအဖြစ်သူ့အမည်အောက်မှာ မွေးခဲ့တယ်ဆိုတာဟုတ်ပါသလား... "


ကာလိုဒ်က ရှေ့နေအားတစ်ချက်ကြည့်လိုက်သည် ။ သူမ၏အကြည့်မှာ သူတွေ့ခဲ့ဖူးသည့်မည်သို့သောအမူသည်မျိုးနှင့်မျှမတူညီကာ ကိုင်တွယ်ရခက်ခဲလွန်းသည့်အမျိုးအစားထဲတွင်ပါဝင်လေသည် ။


" ဟုတ်ပါတယ် "


လာရောက်ကြားနာကြသူများထဲမှ တီးတိုးဆွေးနွေးသံများထွက်ပေါ်လာပြီး ကလိုဒ်ကအံကြိတ်ကာ သူမအားစိုက်ကြည့်နေလေသည် ။ ထိုသူများ၏အပြောအဆိုအားဂရုစိုက်ခြင်းမရှိတည်ကြည်နေသူမှာ ကာလိုဒ်တစ်ယောက်တည်းသာဖြစ်ပြီး သူမက ကျောက်ရုပ်တစ်ရုပ်ကဲ့သို့မတ်မတ်ရပ်နေလေသည် ။


စက်ရုပ်တစ်ရုပ်ကဲ့သို့ ရှေ့နေများမှမေးလာသည့်မေးခွန်းများကို လေသံတစ်ပုံတည်းဖြင့်ဖြေကြားနေပြီး သူမ၏မျက်နှာထက်တွင်မည်သို့သောခံစားချက်အရိပ်အယောင်ကိုမျှရှာမတွေ့နိုင်ပါချေ ။


ပြိုင်ဘက်ရှေ့နေမှမေးခွန်းအနည်းငယ်ထပ်မံမေးမြန်းပြီးနောက်တွင် ရပ်တန့်လိုက်လေသည် ။


" မေးမြန်းလို့ပြီးပါပြီတရားသူကြီးမင်း "


ထို့နောက်တွင် ကာလိုဒ်၏ရှေ့နေဘက်မှ ဂျိမ်းစ်အားမေးမြန်းခန်းစတင်ခဲ့သည် ။


" မစ္စတာ ခင်ဗျားက ကျွန်တော့်အမူသည်နဲ့လက်ထပ်ခဲ့တာ ခြောက်နှစ်ကျော်ခုနှနှစ်နီးပါးလဲရှိပြီနော်...ပြီးတော့ လွန်ခဲ့တဲ့သုံးနှစ်ဖောက်ပြန်တာကိုသိတဲ့အချိန်ကတည်းကတည်းက ကွာရှင်းလို့ရခဲ့ရဲ့သားနဲ့ ဘာလို့အခုမှကွာရှင်းချင်ရတာလဲ "


ဂျိမ်းစ်၏ အသံတွင်ပင်ပန်းမူများထင်ဟပ်နေသော်လည်း တည်ကြည်နေပါသေး၏ ။


" အဲ့ဒါကဘာလို့လဲဆိုတော့ ဘရောင်း မိသားစုရဲ့အရေးမပါတဲ့ရိုးရာကြီးအရပေါ့  .. . ရှင်းရှင်းပြောရရင် ကွာရှင်းတာကိုသူတို့မိသားစုအတွင်းမှာ တင်းတင်းကြပ်ကြပ်တားမြစ်ထားတယ်...ပြီးတော့ကျွန်တော်တို့ရဲ့ ကွာရှင်းမူက ကျွန်တော့ရဲ့မိသားစုအပေါ်ကိုပြင်းပြင်းထန်ထန်သက်ရောက်စေမှာကြောင့် သည်းခံနေရုံကလွဲပြီးမတတ်နိုင်ခဲ့ဘူး "


" ဒါပေမဲ့ ဘရောင်းမိသားစုဘက်က ခင်ဗျားအပေါ်ခြိမ်းခြောက်ခဲ့တာမရှိသလို သူတို့က ခင်ဗျားတို့ရဲ့ အိမ်ထောင်ရေးအကြောင်းသိတောင်မသိခဲ့ဘူးလေ "


" တကယ်လို့ လူသတ်သမားကခင်ဗျားရဲ့ နဖူးပေါ်ကိုသေနတ်နဲ့ထောက်ထားတယ်ဆိုရင်... ခင်ဗျားက ခြိမ်းခြောက်ခံနေရတယ်လို့ ခံစားရမလား...ဒါမှမဟုတ် စနောက်နေတယ်ဆိုပြီး ဖြေသိမ့်တွေးမလား...ဟုတ်တယ် သူတို့က ကျွန်တော့ကိုမခြိမ်းခြောက်ခဲ့ပါဘူး ဒါပေမဲ့ ကာလိုဒ်စကားတစ်ခွန်းတည်းနဲ့တင် ကျွန်တော်ကြိုးစားခဲ့သမျှအရာအားလုံးကိုဖျက်ဆီးပစ်ကြဖို့ ဝန်လေးမှာမဟုတ်ဘူး "


ရှေ့နေက စာရွက်စာတမ်းတစ်ခုကို တရားသူကြီးထံတင်ပြပြီးနောက်ပြောလိုက်သည် ။


" မစ္စတာ ခင်ဗျားရဲ့အမျိုးသမီးက စိတ်ငြိမ်ဆေးတွေသောက်ပြီး သတ်သေဖို့ကြိုးစားခဲ့တာကြောင့် ခင်ဗျားတို့ရဲ့ကလေးကိုဆုံးရူံးခဲ့ရတာဟုတ်ပါသလား "


ဂျိမ်းစ်က လဲပြိုကျမသွားစေရန် လက်တန်းကိုဆုပ်ကိုင်ထားရပြီး လက်တစ်ဖက်မှကျဆင်းလာသောမျက်ရည်များအား အုပ်ကာထားလေသည် ။ ထိုစဥ်က အခြေအနေများကိုထိန်းချုပ်ထားနိုင်သည်ဟု သူ့ကိုယ်သူအထင်ကြီးခဲ့ပါသော်ငြား သူ၏ကလေးကိုသာဆုံးရူံးခဲ့ရသည် ။


ဂျိမ်းစ်က တည်ငြိမ်စေရန်ကြိုးစားလိုက်ပါသော်လည်း သူ၏အသံတွင်ဝမ်းနည်းကူကယ်ရာမဲ့မူများပါနေဆဲပင် ။


" ဟုတ်ပါတယ် "


" ခင်ဗျားက ဘာလို့သူမကို လိင်ဆက်ဆံခြင်းမပြုဘဲကလေးမွေးဖို့ခွင့်ပြုခဲ့ရတာလဲ "


" ကျွန်တော်တို့ရဲ့ အိမ်ထောင်ရေးကိုပြီးပြည့်စုံနေသလိုမျိုး သူမရဲ့မိသားစုဘက်မှာ ချပြထားရတယ်လေ...ကျွန်တော်တို့က လိင်မဆက်ဆံဖြစ်ကြပေမဲ့လမ်းခွဲထားကြတာလဲမဟုတ်ပြန်ဘူး... သူမက သုတ်ရည်ကိုတောင်းပြီးကလေးရဖို့ကြိုးစားကြည့်ချင်တယ်လို့ပြောတယ်... ကိုယ် မုန်းတီးနေတဲ့မိန်းမနဲ့လိင်ဆက်ဆံမဲ့အစား သူမလိုချင်တာကိုပေးလိုက်ပြီး နားညီးမခံတာကပိုကောင်းတယ်လေ...ကျွန်တော်ရဲ့နေ့ရက်အများစုက အလုပ်ပြီးတာနဲ့အရက်မူးအောင်သောက်ပြီး အိပ်ပစ်လိုက်တာဘဲ...ကလေးရနေပြီပြောတုန်းက ကျွန်တော်မယုံကြည်ခဲ့ဘူး ကိုယ့်ကိုယ်အကြိမ်ကြိမ်အခါခါလိမ်ညာခဲ့တဲ့လူကိုယုံကြည်ဖို့ခက်တယ်မဟုတ်လား...ပြီးတော့ သူမကိုယ်သူမတောင်ယုံကြည်ခဲ့ပုံမရဘူး "


ဂျိမ်းစ်၏မိဘများမှာ သူတို့၏သားခံစားခဲ့ရသမျှကိုအပြည့်အစုံကြားလိုက်ရ၍ ရင်ကွဲမတတ်ဖြစ်နေကြသည် ။


Xxxxx