Ch 2
Viewers 1k

🍃 Chapter 2 


သူ့ကျင့်ကြံမှုသည် အလွန်မြင့်မားသဖြင့် ကျီချောင်ချင်မမြင်နိုင်ခြင်း သို့မဟုတ် သူသည် သိုင်းပညာလေ့ကျင့်သော သာမန်လူတစ်ဦး သာဖြစ်နိုင်သည်။ သို့သော် နောက်တစ်ခုဖြစ်ရန် လုံးဝမဖြစ်နိုင်ပေ။ သာမန်လူတစ်ဦးသည် ဝူကျန့်ချောက်ကမ်းပါးထဲသို့ခြေချပါက အရှင်လတ်လတ်ဆုတ်ဖြဲခံရမည်ဖြစ်သည်။ သို့သော် ပထမတစ်ခုဖြစ်ပါက... ပေ့ပင်းတောင်ထွတ် မှ ကျီချောင်ချင် မသိသော သန်မာ သူတစ်ဦးသည် ဤလောကတွင် မည်သို့တည်ရှိနိုင်မည်နည်း။ ကျီချောင်ချင်သည် အလျင်အမြန်နောက်မှလိုက်သွားခဲ့သည်-


"ရုပ်ချောချောနဲ့သာ့ကော ဝူကျန့်ချောက်ကမ်းပါးအောက်ခြေမှာ မကောင်းဆိုးဝါး စွမ်းအင်တွေရှိတယ်လို့ပြောကြတယ် တစ်နှစ်ပတ်လုံး နေရောင်ခြည်မရှိဘူးတဲ့၊  နေရာတိုင်းမှာ နတ်ဆိုးတွေနဲ့ သားရဲတွေပြည့်နေတာ  ရှင် ဒီကို ဘယ်လိုရောက်လာ တာလဲ? ရှင်က နတ်ဆိုး ဒါမှမဟုတ် သားရဲ ? မဟုတ်ဘူး၊ ရှင့်ဆီမှာ မကောင်းဆိုးဝါးစွမ်းအင်မရှိဘူးဆိုတော့ ရှင်က ကျင့်ကြံသူလား?"


သူအဓိပ္ပာယ်မရှိသည်များကို ပြောဆိုကာ ထိုအမျိုးသားနှင့် ပိုမိုနီးကပ်လာခဲ့သည်။ ထိုသူသည် ရုတ်တရက် ရပ်တန့်လိုက်ပြီး သူ့မျက်လုံးများသည် အဝေးရှိ အမှောင်ထုထဲသို့ကျရောက်သွားသည်။ ကျီချောင်ချင်လည်း ရပ်တန့်လိုက်ပြီး ညာဘက်လက်ကို သူ့နောက်ဘက်တွင် ထားကာ၊ သူ့လက်ထဲရှိ ဓားရှည်သည် ဓားမြှောင်အဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။


နှစ်ဦးကြား အကွာအဝေးသည် အလွန်နီးကပ်သည်။ အကယ်၍ ထိုသူလှည့်လာပြီး တိုက်ခိုက်လာပါက ဓားမြှောင်သည် သူ့ လည်ပင်းအား ချက်ချင်းထိုးဖောက်လိမ့်မည်။ သူ့ကျောပြင်သည် မတ်မတ်ဖြစ်ပြီး သူ့ဆံပင်နက်များသည်သေသပ်ကာ၊ ၎င်း၏ ဆီးနှင်းကဲ့သို့ ဖြူဖွေးသောလည်ပင်းမှာ အနည်းငယ်ပေါ်နေသည်။


အကယ်၍ ၎င်းအားထိုးဖောက်လိုက်ပါက ဆီးနှင်းများထဲတွင် အနီရောင်ဇီးပန်းကျလာသကဲ့သို့ လှပပေလိမ့်မည်။ 


"မလှုပ်နဲ့" ဆက်ပြီး သူ ပြောလာသည်မှာ "မြွေတစ်ကောင် ရှိတယ်"


ခဏမျှရပ်တန့်ပြီးနောက် ကျီချောင်ချင် အမှောင်ထုထဲတွင် မြေပြင်ပေါ်၌ မြွေတစ်ကောင်လျှောသွားသည့် ပွတ်တိုက်သံကို တကယ်ကြားလိုက်ရသည်။ ကျီချောင်ချင်သည် သူ့ဝိဉာဉ်စွမ်းအင်နှင့် စွမ်းရည်များ အားလုံးကိုဆုံးရှုံးခဲ့ပြီး လုံးဝအသုံးမဝင်သူ ဖြစ်သွားခဲ့သော်လည်း သားရဲတစ်ကောင်ချဉ်းကပ်လာသည်ကို မသိနိုင်စရာအကြောင်းမရှိပေ။


ဖြစ်နိုင်ခြေတစ်ခုတည်းသာ ရှိတော့သည်။ ၎င်းမှာ ဤသူ စွမ်းရည်များသည် အမှန်ပင်ကြောက်မက်ဖွယ်ကောင်းလောက်အောင် အစွမ်းထက်နေခြင်းပင်။ ဤအချက်ကိုတွေးလိုက်မိသောအခါ ကျီချောင်ချင် သူ့လက်ထဲရှိ ဓားမြှောင်ကိုသိမ်းလိုက်ပြီး သူ့မျက်နှာ ထက်ထိတ်လန့်ဟန်ပေါ်လာသည်။ မကောင်းဆိုးဝါးသားရဲနှင့် တွေ့ဆုံသော သာမန်လူတစ်ဦးကဲ့သို့ပင်- "တကယ်လား? မြွေက ဘယ်မှာလဲ? ကျမတို့ ဘာလုပ်သင့်လဲ!"


နောက်တစ်စက္ကန့်တွင် ထိုသူသည် ကျီချောင်ချင်၏လက်မောင်းကို ရုတ်တရက်ဆွဲကိုင်လိုက်ပြီး နှစ်ဦးသားလျင်မြန်စွာနောက်သို့ ဆုတ်သွားခဲ့သည်။ ထို့နောက် ၎င်းနှစ်ဦးရပ်နေခဲ့သောနေရာအား ပုံးလုံးခန့်အထူရှိသော အနီရောင်မြွေပွေးကြီးတစ်ကောင်မှာ ရုတ်တရက် သိမ်းပိုက်လိုက်သည်။


ရွှေအူတိုင်အဆင့်ရှိအနီရောင်မြွေပွေးသည် အဆိပ်အလွန်ပြင်းပြီး တစ်ကိုယ်လုံးနီရဲလို့နေသည်။ သူတို့ရှေ့မှ တစ်ကောင်သည် အနည်းဆုံး ရာစုနှစ်တစ်ခုစာလောက်ကျင့်ကြံခဲ့ပြီးဖြစ်ကာ၊ ၎င်း၏အကိုက်ခံရပါက သာမန် ကျင့်ကြံသူတစ်ဦးပင် ချက်ချင်းသေဆုံး သွားနိုင်သည်။


ရွှေအူတိုင်အဆင့်ရှိအနီရောင်မြွေပွေးသည် သူ့တိုက်ခိုက်မှုလွဲချော်သွားသော်လည်း ရပ်မသွားဘဲ ထိုနှစ်ဦးထံသို့လှုပ်ရှားလာခဲ့သည်။


ကျီချောင်ချင်သည် ဝူကျန့်ချောက်ကမ်းပါးမှပြုတ်ကျခဲ့သော်လည်း သူ့ခန္ဓာကိုယ်တွင် အဆောင်လက်ဖွဲ့တစ်ထ်ကြီးကျန်ရှိနေ သေးသည်။ ၎င်းသည် မြွေအားတစ်ချက်တည်းနှင့် ကြေမွသွားစေရန်လုံလောက်သည်။ သို့သော် သူသည် လုံးဝ ကြောက်ရွံ့ထိတ် လန့်နေပုံရသည့်အတိုင်း ကြောက်ရွံ့ဟန်ဆောင်ကာ ရှန်ကျွန်းနောက်ကွယ် အသည်းအသန်ရှောင်တိမ်းလိုက်ပြီး 


"ရုပ်ချောချောနဲသာ့ကောရေ ကျူးမီးငှားးးး!"


ထိုသူသည် တွန့်ဆုတ်ခြင်းမရှိဘဲ သူ့ရင်ဘတ်ထဲမှ ရေခဲချိုးဖျက်ယပ်တောင်အားဆွဲထုတ်လိုက်သည်။ ယပ်တောင်သည် ချက်ချင်း ဆိုသလို ဆီးနှင်းကဲ့သို့ဖြူဖွေးသော ဓားရှည်အဖြစ်သို့ပြောင်းလဲသွားသည်။ သူသည် ရွှေအူတိုင်အဆင့်ရှိအနီရောင်မြွေပွေးတုံ့ပြန်လာ နိုင်သည်ထက် ပိုမိုလျင်မြန်စွာလေထဲသို့ ခုန်တက်ပြီး မြွေဦးခေါင်းကိုရိုက်ချလိုက်သည်!


သူ့လှုပ်ရှားမှုများသည် ပြတ်ပြတ်သားသားရှိပြီး အပိုအလိုလုံးဝမရှိပေ! ကျီချောင်ချင်အတွက် ပိုမယုံနိုင်စရာကောင်းသည်မှာ ဤသူသည် သူ့ကျင့်ကြံမှုအဆင့်အားထုတ်ဖော်ပြသခြင်းမရှိသည့်အပြင် ဝိဉာဉ်စွမ်းအင် သို့မဟုတ် မကောင်းဆိုးဝါးစွမ်းအင် လုံးဝမရှိခြင်းပင်။ ဤနည်းစနစ်သည် မကြုံစဖူးဖြစ်ကာ သူ့သတ္တိသည် သာမန်လူများတွင်လုံးဝမရှိနိုင်ပေ။


ပိုအရေးကြီးသည်မှာ သူသည် သူ့အသက်အားအဆုံးအဖြတ်ပေးသော မှော်လက်နက်ဖြစ်သည့် ရေခဲချိုးဖျက်ယပ်တောင်အား တကယ်ထိန်းချုပ်နေနိုင်ခြင်းပင်!


သူ မည်သူနည်း ?? 


ရွှေအူတိုင်အဆင့်ရှိ အနီရောင်မြွေပွေးကိုရှင်းလင်းပြီးနောက် ထိုသူ ချဉ်းကပ်လာသည်ကိုမြင်သောအခါ ကျီချောင်ချင်  ကျေးဇူးတင်ကြောင်း ပြုံးပြလိုက်သည်။


"ကျွန်မရဲ့ အသက်သခင်၊ ရှင် ကျွန်မကို နှစ်ကြိမ်ကယ်ခဲ့ပြီ၊ ကျွန်မ တကယ်ကျေးဇူး တင်ပါတယ်၊ ကျွန်မ ပြန်ထွက်သွားတဲ့အခါ ကျေးဇူးဆပ်လို့ရ‌အောင် ရှင် ဘယ်မှာနေလဲဟင်၊ ရှင့်နာမည် ပြောပြပါလား"


"မလိုပါဘူး"


သူ ကျီချောင်ချင်နှင့် စကားပြောရန် စိတ်မပါကြောင်း ထင်ရှားသော်လည်း သူ့ ကိုယ့်ကျင့်တရားကြောင့် မေးခွန်းတိုင်းကို အတတ်နိုင်ဆုံးပြန်ဖြေရန် ကြိုးစားသည်။


ကျီချောင်ချင် ရှက်ရွံခြင်း မခံစားရပေ။ သူ နောက်က လိုက်ရန် ပြင်ဆင်နေစဉ် သူ့ နောက်ကွယ်မှ ထူးဆန်းသော အသံကိုကြားလိုက်ရသည်။ ကျီချောင်ချင် လှည့်ကြည့်လိုက်ရာ သေဆုံးသွားသင့်သော အနီရောင်မြွေပွေးသည် မသေဘဲ ရှိနေသည်ကို တွေ့လိုက်ရသည်။ ၎င်းသည် ယခုအခါ သွေးများပြည့်နေသော ပါးစပ်ကိုဖွင့်ကာ ထိုနှစ်ဦးကို ကိုက်ရန် ကြိုးစားနေသည်။


ထိုသူသည် ရုတ်တရက် တိုက်ခိုက်လိုက်ပြီး အနီရောင်မြွေပွေး၏ ဦးခေါင်းကို ရိုက်ချလိုက်သည်။


ကျီချောင်ချင် သူ့မျက်ခုံးများကို အနည်းငယ်မြှင့်လိုက်သည်။ ဤသူသည် အလွန်သိမ်မွေ့လိမ့်မည်ဟု မမျှော်လင့်ခဲ့ပေ။


အနီရောင်မြွေပွေးသည် နာကျင်မှုခံစားရပြီး တိုက်ခိုက်ရန်ပြင်ဆင်နေစဉ် ကျီချောင်ချင်သည် လျှပ်စီးလက်အဆောင်လက်ဖွဲ့တစ်ခုကို ထုတ်လွှတ်လိုက်ရာ ၎င်း၏အရေးကြီးသော နေရာကိုပြင်း ထန်စွာထိမှန်စေသည်။


လျှပ်စီးလက်အဆောင်လက်ဖွဲ့သည် ပြင်းထန် ပြီး ကြောက်မက်ဖွယ်ကောင်း ကာ မြွေပွေးကို ချက်ချင်းအစိတ်စိတ် အမွှာမွှာဖြစ်အောင် ချေဖျက်လိုက်ပြီး ကြေမွနေသောအသားများ ဖုံးလွှမ်းနေသော ဦးခေါင်းသာ ကျန်ရစ်ခဲ့သည်။

ထိုသူသည် မျက်မှောင်ကြုတ်လိုက်သည်။


 "သူ ဘယ်သူ့ကိုမှမသတ်ခဲ့ဘူး၊ ဒါကြောင့် ငါတို့ သူ့ကိုမသတ်သင့်ဘူး"


ငတုံး၊ ဒီနေရာကို ဘယ်သူမှ တစ်ခါမှမလာခဲ့ဖူးလို့ သဘာဝအားဖြင့် သူ ဘယ်သူ့ကိုမှထိခိုက်ဖို့ အခွင့်အရေးမရှိခဲ့ဘူးလေ။


ကျီချောင်ချင်ကတော့ ထိုစကားအား ပြောမည်မဟုတ်ပေ။ သူမသည် အပြစ်ကင်းစင်စွာ ပခုံးတွန့်လိုက်သည်။ 


"ရုပ်ချောချောနဲ့ သာ့ကော၊ ကျွန်မ အရမ်းကြောက်သွားလို့ပါ ကျွန်မ ဆရာ ကမသေခင် အသက်ကယ်အဆောင်လက်ဖွဲ့ ပေးခဲ့တာကို ခုမှလေးတင်သတိရမိပြီး မသိစိတ်ကပစ်လိုက်မိတာ၊ ဒီလိုဖြစ်သွားမယ်လို့ မထင်ထားခဲ့ဘူး"


ထိုသို့ပြောပြီး ကျီချောင်ချင် လျှောက်သွားကာ သွေးကို ဂရုမစိုက်ဘဲ မြွေပွေး ၏ ဦးခေါင်းကို ကောက်ယူလိုက်သည်။

မှိန်ဖျဖျ ကောင်းကင်အောက်တွင် ကျီချောင်ချင် သည် သူ့လက်ထဲရှိ ကြီးမား သောပစ္စည်းကို ဂရုတစိုက် စစ်ဆေးနေသည်။ လက်ဆောင်တစ်ခုကို ရွေး ချယ်နေသကဲ့သို့ပင်၊ သူ ကြည့်လေလေ ကျေနပ်မှု ပိုရလေလေဖြစ်သည်။

ကျီချောင်ချင် မသေခဲ့ပေ။ သူမ မသေခဲ့သောကြောင့် အတိတ်ကို စွန့်လွှတ်နိုင်မည် မဟုတ်ပေ။ သူမသည် ကျိုးကျွင်းလန်၊ လင်ရှန်းရှန်း သို့မဟုတ် ထျန်းရွှမ်ဂိုဏ်း တစ်ခုလုံးကို အပြစ်ပေးခြင်းမရှိဘဲ လွှတ်ပေးမည်မဟုတ်ပေ။ သူမကို အကြွေးတင် သူတိုင်းကို ဆယ်ဆ သို့မဟုတ် အဆတစ်ရာဆပြန်ပေးဆပ်စေရမည်။


သူမ ဤသို့ တွေးနေသော်လည်း သူ ပြောလိုက်သည်မှာ  "ကျွန်မ ပုံမှန်ဆို သွေးမြင်ရမှာ ကြောက်တယ်၊ အခုလို အပြစ်တစ်ခုကျူးလွန်ခဲ့တော့ အပြစ်ရှိတယ်လို့ ခံစားရတယ်၊ ဒါကြောင့် ကျွန်မ သူ့ ဦးခေါင်းကိုပြန်ယူသွားပြီး သူ့ရဲ့မကျေနပ်မှုကို နှစ်သိမ့်ဖို့အတွက် မနက်တိုင်း ညနေတိုင်း အမွှေးတိုင် တစ်တိုင် ပူဇော်ပေးပါ့မယ်"


ထိုသူသည် ကျီချောင်ချင်ကို ခဏတာ စိုက်ကြည့်ပြီးနောက် "ငါ့နာမည်က ရှန်ကျွင်း" ဟု ပြောလိုက်သည်။