Ch 3
Viewers 1k

🍃 Chapter 3



ကျီချောင်ချင်နှင့် ရှင်းကျွင်းသည် ဝူကျန့်ချောက်အောက်ခြေမှထွက်ပေါ်လာကြသည်။ ထွက်ပေါက်မှာတကယ်တမ်း ထျန်းရွှမ်ဂိုဏ်း ၏တောင်ခြေတွင် ရှိနေသည်ကိုတွေ့ရှိလိုက်ရသည်။


ထျန်းရွှမ်ဂိုဏ်း၏တောင်ထိပ်များသည် အလွန်မြင့်မားသည်။ ဂိုဏ်း၏ပင်မတံခါးရှေ့တွင် ၉၉,၉၀၀ ထစ်ရှိသော လှေကားထစ်များ ရှိသည်။ ယင်းလှေကားထစ်များကို ယခင်ဂိုဏ်းချုပ်ဖြစ်သူ ကျီချောင်ချင်၏ဖခင်မှ ကိုယ်တိုင်ထွင်းထုခဲ့ခြင်းဖြစ်သည်။ လျှို့ဝှက်ရည် ရွယ်ချက်ရှိသော ကျင့်ကြံသူတစ်ဦးနင်းမိပါက ဉာဏ်အလင်းရပြီး နတ်ဘုံသို့တက်လှမ်းရန်အခွင့်အရေးရှိသည်။ သို့သော် လျှို့ဝှက် ရည်ရွယ်ချက်ရှိသောကျင့်ကြံသူများသည် လှေကားထစ်များပေါ်ရှိဓားစွမ်းအင်ကြောင့် ချက်ချင်းအသတ်ခံရလိမ့်မည်။


ယေဘုယျအားဖြင့် ကျင့်ကြံသူမည်သူမျှ လှေကားထစ်များမှဖြတ်သန်းလိုကြမည်မဟုတ်ပေ။ အဲဒီအစားတိမ်စီးပြီး တိုက်ရိုက်ပျံ တက်သွားကြသည်။


ကျီချောင်ချင်သည် ခြေမသန်သူဖြစ်သည်။ ရှင်းကျွင်းတွင် ဝိဉာဉ်စွမ်းအင်မရှိပေ။ ဒါကြောင့် သူတို့နှစ်ဦးစလုံးပျံတက်၍မရနိုင်ပေ။ ဂိုဏ်းသို့ပြန်သွားရန် သူတို့ လှေကားထစ်များမှတက်ရပေမည်။ သို့သော် ကျီချောင်ချင်သည် ၉၉,၉၉၉ ထစ်သော လှေကားထစ် များ၏ ပြစ်ဒဏ်ကိုခံရမည့်သူ မဖြစ်ချင်ပေ။


ကျီချောင်ချင် ဘယ်လိုတက်ရမလဲ စဉ်းစားနေစဉ် အဝေးရှိလက်ဖက်ရည်ဆိုင်တစ်ခုတွင် လူငယ်နတ်ဘုရားကျင့်ကြံသူ အဖွဲ့တစ်ဖွဲ့ ထိုင်နေသည်ကိုသတိပြုမိလိုက်သည်။


အဝါရောင်ဝတ်အဖွဲ့၏ခေါင်းဆောင်က နှုတ်ဆက်လိုက်သည်။ 


"...ဒါက နတ်ဆိုးနှိမ်နင်းရေး စစ်ပွဲနောက်ပိုင်း အကြီးမားဆုံးပျော်ပွဲရွှင်ပွဲပဲ"


အပြာရောင်ဝတ်အဖွဲ့၏ခေါင်းဆောင်က ဆက်ပြောလာသည်။ 


"ဟုတ်တယ်၊ လါန်ခဲ့တဲ့ဆယ်နှစ်က ဆိုးညစ်တဲ့ ကျီချောင်ချင်သေသွားပြီးနောက် ထျန်းရွှမ်ဂိုဏ်းကနေ ဘာသတင်းမှမရခဲ့ဘူး၊ အခု မင်္ဂလာပွဲဖိတ်စာတွေပေးပို့တာက ဂိုဏ်းကအကြီးအကဲတွေကိုစိတ်အေးစေလိမ့်မယ်"


ဆယ်နှစ်!


ကျီချောင်ချင် မျက်မှောင်ကြုတ်လိုက်သည်။ သူမသည် ဝူကျန့်ချောက်အောက်ခြေတွင် ရက်အနည်းငယ်သာ လှဲလျောင်းနေခဲ့ရသည် ဟု ခံစားရသည်။ သို့သော် ဆယ်နှစ်ကြာသွားလိမ့်မည်ဟု သူ မမျှော်လင့်ခဲ့ပေ! ထို့ကြောင့် ထိုကျင့်ကြံသူတွေများသည အဓိက ဂိုဏ်းများ၏တပည့်ဝတ်စုံများဝတ်ဆင်ထားသော်လည်း ၎င်းတို့အားလုံး သူစိမ်းတွေဖြစ်နေသည်မှာ အံ့ဩစရာမရှိပေ။ အဓိကဂိုဏ်း များရှိ အကြီးအကဲများအားလုံး တစ်ညတည်းသေဆုံးသွားပြီဟု သူ ယူဆခဲ့ပေမဲ့ အချိန် ဒီလောကကြာသွားလိမ့်မည်ဟု သူ မမျှော် လင့်ခဲ့ပေ။


ကျီချောင်ချင်သည် ချန်ကျွင်းမျက်နှာပေါ်ရှိ ရှုပ်ထွေးမှုကိုသတိပြုမိပြီး ခဏရပ်လိုက်သည်။


ထွက်လာစဉ်တလျှောက်လုံး ချန်ကျွင်း၏အမူအရာသည် တော်တော်လေးသိမ်မွေ့သည်။ ထင်ရှားသောမိသားစုမှ သခင်လေးတစ်ဦး ကဲ့သို့ ဖြစ်သော်လည်း သူသည် ကမ္ဘာလောကကိုနားမလည်သလိုဘဲ လမ်းပျောက်နေပုံရသည်။


သူ ညာနေခြင်း မဟုတ်တာဖြစ်နိုင်တယ်။ ရှင်းကျွင်းသည် မှတ်ဉာဏ်ပျောက်ဆုံးနေပြီး သူ ဘယ်သူလဲဆိုတာ မသိတာဖြစ်နိုင်သည်။


သူမ ရှင်းပြလိုက်သည်။ "နတ်ဘုရားကျင့်ကြံသူတွေထဲမှာ အစွမ်းအထက်ဆုံးကတော့ အဓိကဂိုဏ်းကြီး ငါးခုပဲ၊ ထျန်းရွှမ်ဂိုဏ်း၊ ချန်ချင်းဂိုဏ်း၊ စီပေဘုရားကျောင်း၊ ဖန်းလိုင်ဂိုဏ်းနဲ့ယိဂူပဲ အပြာဝတ်တွေက ချန်ချင်းဂိုဏ်းက၊ အဝါဝတ်က ယိဂူ၊ ပြီးတော့ ထောင့်မှာအဝတ်အစားမျိုးစုံ ဝတ်ထားတဲ့သူတွေက ဂိုဏ်းငယ်လေးတွေ၊ သူတို့ ပြောတဲ့ပုံအရဆို ထျန်းရွှမ်ဂိုဏ်းမှာ မင်္ဂလာပွဲ ရှိတဲ့ပုံပဲ၊ သွားကြည့်ရအောင်"


ထိုသို့ပြောပြီး ကျီချောင်ချင် ဦးဆောင်ကာ လက်ဖက်ရည်ဆိုင်ဆီသို့လျှောက်သွားခဲ့သည်။


လက်ဖက်ရည်ဆိုင်တွင် ထိုင်နေသောသူများအားလုံးသည် လူငယ်တပည့်များဖြစ်ကြပြီး ကျီချောင်ချင်အားမသိကြပေ။ ၎င်းတို့သည် ရိုးရှင်းစွာဝတ်ဆင်ထားသော်လည်း အလွန်ဆွဲဆောင်မှုရှိသောရုပ်ရည်ရှိသည့် အမျိုးသမီးတစ်ဦးလျှောက်လမ်းလာသည်ကိုသာ မြင်လိုက်ရသည်။ သူမသည် ရိုးရိုးအဝတ်အစားဝတ်ဆင်ထားပြီး သူမ၏လက်ကောက်ဝတ်တွင် ဗုဒ္ဓဘာသာပုတီးတစ်ကုံးဝတ်ဆင် ထားသည်။ သူမ၏ဝတ်စားဆင်ယင်မှုက ရိုးရှင်းသော်လည်း မျက်စိပသာဒရှိလှသည်။ တခဏအတွင်း လူတိုင်းရုတ်တရက်ဆိုသလို နုတ်ဆိတ်သွားကြသည်။


"ကျင့်ကြံသူတို့၊ ရှင်တို့လည်း ပျော်ပွဲရွှင်ပွဲအခမ်းအနားကိုတက်ကြမလို့လား?" ကျီချောင်ချင် ပြုံးရင်းလျှောက်သွားခဲ့သည်။ သူ့ လက်သီးများကိုဆုပ်ကာ လူတိုင်းကို အရိုအသေပေးလိုက်ပြီးနောက် ယိဂူတပည့်များ၏ဘေးတွင် ဝင်ထိုင်လိုက်သည်။


လူတိုင်း ပြန်လည်နှုတ်ဆက်လိုက်ကြသည်။


ကျီချောင်ချင်: "မရယ်ကြပါနဲ့၊ ကျမ အစ်ကိုနဲ့ ကျမက သာမန်ကျင့်ကြံသူတွေပါ၊ ဒါပေမဲ့ ဖိတ်စာရခဲ့ပါတယ်၊ ကျမတို့ ထျန်းရွှမ် ဂိုဏ်းကိုရောက်တဲ့အခါ စည်းကမ်းတွေကိုမသိနားမလည်ခဲ့ဘူးဆိုရင် စိတ်ထဲမထားကြပါနဲ့"


ချန်ချင်းဂိုဏ်းမှ တပည့်တစ်ဦး မျက်နှာနီမြန်းသွားပြီးပြောလိုက်သည်။ 


"ဘယ်လို ဖြစ်နိုင်ပါ့မလဲ? ကျွန်တော်တို့ ဂိုဏ်းကနေ မကြာခဏမထွက်ဖြစ်ဘူး၊ အချိန်တန်ရင် စီနီယာ့ကိုအားကိုးရပါလိမ့်မယ်"


ဂိုဏ်းကနေ မကြာခဏမထွက်ဘူးတဲ့လား ? အဓိကဂိုဏ်းကြီးငါးခု၏ခေါင်းဆောင်ဖြစ်သော ထျန်းရွှမ်ဂိုဏ်းတွင် မင်္ဂလာပွဲရှိသည်ဖြစ် သော်လည်း တက်ရောက်သူများအားလုံးသည် ဂိုဏ်းပြင်ပသို့ထွက်ခွာခဲသော လူငယ်များသာဖြစ်နေသည်။ ဘယ်လိုဖြစ်နိုင်မှာလဲ ?


ကျီချောင်ချင် စိတ်ရှုပ်ထွေးသွားသော်လည်း သူ့မျက်နှာကမူ တည်ငြိမ်နေသည်။ 


"ကျွန်မ အစောပိုင်း နှစ်တွေမှာ ချန်ချင်းဂိုဏ်းကအကြီးအကဲလေအန်နဲ့အတူ မကောင်းဆိုးဝါးလေးတွေကိုခေါ်ဆောင်ခဲ့ဖူးတယ်၊ သူ ကော အခု ဘယ်လိုနေလဲ မသိဘူး ?"


သူ စကားပြောပြီးသည်နှင့် ချန်ချင်းဂိုဏ်းက တပည့်များ တစ်ဦးကိုတစ်ဦးကြည့်လိုက်ကြသည်။ တပည့်တစ်ဦးက ပြောလသည်။ "အကြီးအကဲလေအန် ကျန်းမာပါတယ်၊ ဂရုစိုက်ပေးတာ ကျေးဇူးတင်ပါတယ်"


သူတို့ ဘာကိုဆိုလိုတာလဲ ? ထျန်းရွှမ်ဂိုဏ်းအတွင်း ဆယ်နှစ်ကြာငြိမ်းချမ်းမှုက ကမ္ဘာလောကတစ်ခုလုံးအတွက် ဆယ်နှစ်ကြာ ငြိမ်းချမ်းမှုကိုကိုယ်စားပြုသည်။ သို့သော် ကျီချောင်ချင်သည် ထိုဂိုဏ်းများသည် ဆယ်နှစ်တာကာလအတွင်း ထျန်းရွှမ်ဂိုဏ်းနှင့် ဝေးကွာသွားခဲ့ပြီး လူငယ်မျိုးဆက်ကိုသာ ဂိုဏ်း၏အခမ်းအနားသို့ပါဝင်ခွင့်ပြုခဲ့ခြင်းဖြစ်နိုင်သည်ဟု ဝိုးတဝါးခံစားမိသည်။


ကျီချောင်ချင် မျက်နှာထက် ရှက်ရွံ့မှုကိုပြသကာပြောလိုက်သည်။ 


"ပြောရမယ်ဆိုရင် ကျွန်မ လွန်ခဲ့တဲ့အချိန်က ဒဏ်ရာအချို့ရခဲ့တယ်၊ ကျွန်မ အစ်ကိုကလည်း မကျင့်ကြံနိုင်ဘူး၊ ဒါကြောင့် ကျွန်မတို့ တိမ်စီးနိုင်တဲ့ စွမ်းရည်ကိုအသုံးမပြုနိုင်ဘူး၊ ကျွန်မတို့ အတူသွားလို့ရနိုင်မလား မသိဘူး..."


"သေချာတာပေါ့!" ပထမတွင် မျက်နှာနီမြန်းနေသောတပည့်က သဘောတူလိုက်ပြီးနောက်မေးလိုက်သည်။ 


"အစ်ကိုကြီးကကော အခု ဘယ်မှာလဲ ?"


ကျီချောင်ချင် အလိုလိုလှည့်လိုက်သည်။ 


"သူ ဒီမှာ..."


သူ့ နောက်တွင် ဘယ်သူမှမရှိပေ။


ကျီချောင်ချင် ရှင်းကျွင်း စကားတစ်ခွန်းမှမပြောဘဲ ထွက်ခွာသွားလိမ့်မည်ဟု မမျှော်လင့်ခဲ့ပေ။ သူမသည် အလှလေး၏ ထွက်ခွာသွားခြင်းကို နှမြောမိသော်လည်း သူ့အားတက်ကြွစွာ ရှာဖွေမည်မဟုတ်ပေ။ သူမတွင် ပိုအရေးကြီးသောအလုပ် များရှိသည်။


အကြောင်းပြချက်တစ်ခုကို ဖန်တီးလိုက်ပြီး ကျီချောင်ချင်သည် ထျန်းရွှမ်ဂိုဏ်းသို့ တက်လှမ်းရာတွင် အခြားသူများနှင့် ပူးပေါင်းလိုက်သည်။


...


ဒီနေ့ ရာသီဥတုက ထူးထူးခြားခြား ကောင်းမွန်သည်။ နေရောင်အောက်တွင် ထျန်းရွှမ်ဂိုဏ်း၏ပင်မတံခါးအထက် ကောင်းကင်တွင် ရွှေရောင် ဖီးနစ်ငှက်ရှစ်ကောင် ပတ်လည်တွင် ကခုန်နေသည်။ ခေါင်းလောင်းသံများ အဝေးမှထွက်ပေါ်လာပြီး ပန်းများ၏မှေးမှိန်သောရနံ့မှာ လေထဲတွင် ပျံ့လွင့်လို့နေသည်။


ရွှေရောင်ဖီးနစ်ငှက်များသည် မယုံနိုင်လောက်အောင် အဖိုး တန်သည်။ ၎င်းတို့၏အသားကို တစ်ကိုက်စားလိုက်ရုံဖြင့် ကျင့်ကြံသူတစ်ဦးကို ကျင့်ကြံမှုတွင် နှစ်ငါးဆယ် တိုးစေ သည်။ ထိုအချိန်တုန်းက ကျီချောင်ချင်သည် ဆိုးညစ်သော မျိုးနွယ်သုံးခုကို တစ်ဦးတည်းချိတ်ပိတ်ခဲ့ရာ ထျန်းရွှမ်ဂိုဏ်းသည် ထိုအခမ်းအနားအတွက် သုံးကောင်သာထုတ်ပေးခဲ့ပြီး ယခုမူ ၎င်းတို့သည် အားလုံးထုတ်လာကြသည်။


တကယ်ကို ခမ်းနားလွန်းသည်။


ကျီချောင်ချင် မော့ကြည့်လိုက်သည်။ ထျန်းရွှမ်ဂိုဏ်း၏ ဩဇာကို ကိုယ်စားပြုသော ကြီးမားသော ကျောက်ပြားတွင် "မိမိတာဝန်များကို ကြိုးကြိုးစားစားထမ်းဆောင်ပါ၊ ကမ္ဘာလောကကို ကာကွယ်ပါ" ဆိုသော စာတန်းကိုထွင်းထုထား သည်။ ဤစကားများကို ဂိုဏ်းတည်ထောင်သူမှ ထွင်းထုခဲ့ခြင်းဖြစ်သည်။ ၎င်းတို့သည် ထျန်းရွှမ်ဂိုဏ်း၏ တာဝန်၊ ၎င်း ၏တည်ရှိမှုအဓိပ္ပာယ်ပင်။


တစ်ချိန်တုန်းက ကျီချောင်ချင်၏ဆရာသခင်မှလွဲ၍ ထျန်းရွှမ်ဂိုဏ်းရှိအကြီးအကဲများအားလုံး တိုက်ပွဲတွင်သေဆုံးခဲ့ကြသည်။


ယခုမူ ရယ်စရာကောင်းသော ပန်းနီလုံးနှစ်လုံးကိုကျောက် ပြား၏ ဘေးတစ်ဖက်စီတွင်ထားရှိသည်။ မြင်ကွင်းသည် မလှပသလို စိတ်ပျက်စရာလည်းကောင်းလှသည်။


အနီးနားရှိ ဆေးတောင်ကြားက တပည့်တစ်ဦး မျက်နှာနီမြန်းသွားသည်။ 


"စီနီယာ၊ ကျွန်တော်တို့ အတူတူဝင်ကြရအောင်၊ အစ်ကိုတွေ ဝင်သွားပြီ၊ ကျွန်တော် လမ်းပြပေးနိုင်ပါတယ်"


ကျီချောင်ချင် ထိုကလေး၏မျက်နှာသည် သွေးကဲ့သို့ နီနေ သည်ကို မြင်လိုက်ရသည်။ သူသည် အဖျားရှိနေသည်ဟု စိတ်ထဲမှန်းဆလိုက်သည်။


သို့သော် သူမသည် အမြဲတမ်း ကြင်နာတတ်သူဖြစ်ပြီး ထိုကလေးကို စိတ်အေးစေရန် ကူညီပေးနိုင်သည်။ သူမ၏ သိုလှောင်လက်စွပ်မှ ခေါက်ချိုးပန်ကာတစ်ခုကို ထုတ်လိုက်သည်။ ပေါ့ပေါ့ပါးပါး ဖွင့်လိုက်ပြီးပြုံးလိုက်သည်။ 


"လွန်ခဲ့တဲ့ခဏလေးမှာ ကျောက်ပြားကိုကြည့်နေတုန်း ကျွန်မရဲ့နားထဲ နတ်ဘုရားတစ်ပါးစကားပြောနေတာကို ကြားလိုက်ရတယ်၊ နတ်ဘုရားက ကျွန်မကို ဘာပြောခဲ့လဲခန့်မှန်းပေးနိုင်လား ?"


ထိုတပည့်သည် ကျီချောင်ချင် ပြုံးနေသည်ကို မြင်သောအခါ သူ့ နှလုံးသားသည် ချက်ချင်းပျော်ရွှင်သွားသည်။


"ဘာပြောခဲ့တာလဲ ?"


ကျီချောင်ချင် အပြုံးမှာ ပိုနက်ရှိုင်းလာသည်။ သူမသည် မူလကတည်းက လှပပြီးတောက်ပသူဖြစ်သည်။ ယခု သူလွတ် လပ်စွာပြုံးလိုက်သောအခါ ရေတွက်မရနိုင်သော လူများ၏ အာရုံကိုဆွဲဆောင်လိုက်နိုင်သည်။