Ch 7
Viewers 1k

🍃 Chapter 7


"မြည်းကြည့်" 


ကျီချောင်ချင်သည် ဝိုင်အိုးကို သူ့ လက်မောင်းထဲသိုပစ်ထည့်လိုက်ပြီး ပျင်းရိစွာကျောက်ခုံပေါ်လှဲလျောင်းလိုက်သည်။


ဒီကျောက်ခုံကို ဖခင်ဖြစ်သူမှ သူ မသေဆုံးမီ သူ့အတွက်ပြုလုပ်ပေးခဲ့ခြင်းဖြစ်သည်။ ကျီချောင်ချင်သည် ကလေးဘဝကတည်းက ထိုနေရာတွင် လှဲလျောင်းရသည်ကိုနှစ်ခြိုက်သည်။ မနီးမဝေးမြက်ခင်းကြားမှ တောင်အောက်ရှိအပင်နှင့် သစ်ပင်များကိုကြည့် တတ်သည်။ နေသည် အခုလိုပင် ပူပြင်းလေ့ရှိသည်။ လူများမျက်လုံးဖွင့်မရလောက်အောင် တောက်ပလျက်သည်။ ထိုကြောင့် ကျီချောင်ချင် သူ့မျက်လုံးများကို မှိတ်လိုက်သည်။ လေညင်းက အခါအားလျော်စွာ ညင်သာစွာတိုက်ခတ်နေပြီး သစ်သီးနှင့် သစ်သား တို၏ချိုမြိန်သော ရနံ့ကိုသယ်ဆောင်လာသည်။


ရှင်းကျွင်းသည် ကျီချောင်ချင်ဘေးတွင် တိတ်ဆိတ်စွာထိုင်နေပြီး ဝိုင်အား မသောက်လာပေ။


လှပသောရှုခင်းသည် လှပသောအမျိုးသမီးများနှင့် လိုက်ဖက်သည်။ ကျီချောင်ချင် စိတ်ထဲ သက်ပြင်းချလိုက်သည်။ ဒီလိုလှပတဲ့ ရှုခင်းက မကြာခင်ပျောက်ကွယ်သွားရတော့မှာကို နှမြောတသဖြစ်မိသည်။


ကျီချောင်ချင် မျက်လုံးမှိတ်လိုက်ပြီး ရှင်းကျွင်းကိုပြောလိုက်သည်။ 


"ကျမတို ဒီမှာထိုင်နေတာ အရမ်းပျင်းဖိုကောင်းတယ်၊ ကျမ ရှင့်ကို ပုံပြင်တစ်ပုဒ်ပြောပြမယ်"


ရှင်းကျွင်းသည် အဝေးက ရှုခင်းမှ သူ့အကြည့်ကို ရုတ်သိမ်းလိုက်သည်။ 


"ဘာမှမပြောဘဲ ရှုခင်းကိုပဲ ကြည့်"


ကျီချောင်ချင် မကြားဟန်ဆောင်ကာ ဆက်ပြောလိုက်သည်။ 


"တစ်ချိန်တုန်းက နီကျားဆိုတဲ့ ကလေးတစ်ယောက် ရှိခဲ့တယ်၊ သူ မွေးဖွားချိန်မှာပဲ သူ့ အမေကို မကောင်းဆိုးဝါးကသတ်ပစ်ခဲ့တယ်၊ ကလေးရဲ့ အဖေက ရိုးသားဖြောင့်မတ်တဲ့စရိုက်ရှိတဲ့ လူကြီးလူကောင်းတစ်ဦးဖြစ်တယ်၊ သူ နီကျားကို လူတွေကို ကာကွယ်ဖို သင်ကြားပေးခဲ့တယ်။


ဒါကြောင့် နီကျားဟာ လူတွေကို ကာကွယ်ဖိုအတွက် နှစ်တစ်ထောငသက်တမ်းရှိတဲ့ ပိုင်စုကျန်းဆိုတဲ့ မကောင်းဆိုးဝါးကို ဓားတစ်ချက်တည်းနဲ့သတ်ပစ်ခဲ့တယ်။ ယောက်ျားနဲ့ မိန်းမကိုအနိုင်ကျင့်တဲ့ ဒဏ္ဍာရီလာဆွန်ဝူခုံးကို လေဖန်မျှော်စင်ထဲဖိနှိပ်ခဲ့တယ်။ ဖြောင့်မတ်ခြင်းရဲ့သစ္စာဖောက် အားလန်ရှန်းကိုသတ်ခဲ့တယ်။ သူ့ အစ်ကိုရဲ့အသားနဲ့ သွေးကိုတောင် စားခဲ့တယ်။ လူတွေက နီကျားကို ချီးမွမ်းကြတယ်။ သူ မှန်ကန်တဲ့ အရာကိုလုပ်ခဲ့တယ်၊ သူက မဟာသူရဲကောင်းတစ်ဦးဆိုပြီးပြောကြတယ်။


ဒါပေမဲ့ နီကျား ကိုယ်တိုင်ကတော့ အဲ့ဒါက မမှန်ဘူးလို ခံစားခဲ့ရတယ်"


ထိုအချိန်မှာ ကျီချောင်ချင် ခဏရပ်နားလိုက်သည်။


ရှင်းကျွင်း သူ့ခေါင်းကို အနည်းငယ်စောင်းလိုက်ပြီး ကျီချောင်ချင်ကို ကြည့်လိုက်သည်။



ကျီချောင်ချင် မရယ်မောဘဲမနေနိုင်ပေ။ ရှင်းကျွင်းသည် တကယ်ပဲ ဘာကိုမှမမှတ်မိတော့ဘဲ ဘာမှမသိပုံရသည်။ သူမ ပြောပြခဲ့တဲ့ ပုံပြင်ဟာအတုဖြစ်တယ်ဆိုတာ သုံးနှစ်သားကလေးတစ်ဦးတောင် သိပေမဲ့ ထိုသူကမူ ဂရုတစိုက်နားထောင်နေခဲ့သည်။


ရုတ်တရက် အမျိုးသားတစ်ဦး၏ဒေါသထွက်နေသော အသံသည် အဝေးမှရောက်လာသည်။ 


"မင်းတို့က ဘယ်သူတွေလဲ ဒီမှာ အရမ်းရဲတင်းနေကြတာ!"


ဝိဉာဉ်စွမ်းအင်တစ်ခုသည် ကျီချောင်ချင်ဆီသို့ လျင်မြန်စွာပစ်ခတ်လာသည်!


ကျီချောင်ချင်၏ မျက်ခွံများတွန့်သွားပြီး သူမ ထဖို့လုပ်လိုက်သည်။


ရုတ်တရက် ရှင်းကျွင်းသည် လက်တစ်ဖက်ဖြင့် ကျီချောင်ချင်၏ပခုံးကိုဖိချလိုက်ကာ နောက်လက်တစ်ဖက်ဖြင့် ဗလာဖြစ်နေသော ဝိုင်အိုးကို ပစ်လိုက်သည်!


ဝိဉာဉ်စွမ်းအင်နှင့် ဝိုင်အိုးသည် လေထဲတိုက်မိပြီး ဝိုင်အိုးသည် ချက်ချင်းအပိုင်းပိုင်းကွဲအက်သွားသည်။


ထို့နောက် ခွဲခြားမရနိုင်သောလိင်ရှသည့်လှပသော အမျိုးသားတစ်ဦးသည် သစ်တောထဲမှပျံသန်းထွက်လာသည်။ သူသည် အဖြူရောင်ဝတ်ဆင်ထားပြီး သူ့လက်ထဲတွင် ဓားကိုကိုင်ထားသည်။ ဓားပေါ်တွင် သတ်ဖြတ်ခြင်း လှုပ်ရှားမှုတစ်ခုရှိနေသည်။ သူသည် ကျီချောင်ချင်နှင့် ရှင်းကျွင်းအပေါ် လူသတ်ချင်သော ရည်ရွယ်ချက်ရှိနေပုံရသည်။


ကျီချောင်ချင်သည် မှေးမှိန်သော လှောင်ပြောင်မှုကို မပြုလုပ်ဘဲမနေနိုင်ပေ။ 


"ငါ ဂိုဏ်းကို ပြန်ရောက်တာနဲ့ မကောင်းဆိုးဝါးနဲ့ နတ်ဆိုးတွေ အမျိုးမျိုးပေါ်လာတော့တာပဲ"


ထိုအမျိုးသား၏ လူသတ်ချင်သောအကြည့်သည် ကျီချောင်ချင်ကိုမြင်သောအခါ ပျောက်ကွယ်သွားသည်။ သူ မယုံနိုင်စရာနှင့် အံ့ဩမှုဖြင့်အော်လိုက်သည်။ 


"ရှစ်ကျဲ! ရှစ်ကျဲ ပြန်လာပြီ! နောက်ဆုံးတော့ ပြန်ရောက်လာပြီ!"


ငှက်ပေါက်စတစ်ကောင်ကဲ့သို့ ထိုလူငယ်သည် ကျီချောင်ချင်အပေါ်သို့ဝဲကျလာသည်။


ကျီချောင်ချင် သူ့ဓားကို ဝှေ့ယမ်းလိုက်ရာ ၎င်းသည် သူ့အလိုလို ထိုအမျိုးသားဆီသို့ အလျင်အမြန်သွားသည်။ ထိုအမျိုးသားသည် ချက်ချင်း နှစ်လှမ်းနောက်ဆုတ်လိုက်ပြီး ထိုးနှက်ချက်ကိုရှောင်လိုက်သည်။ သူ မယုံကြည်နိုင်စွာ ကျီချောင်ချင်ကို စိုက်ကြည့်လာ သည်။ 


"ရှစ်ကျဲ၊ ခင်ဗျား..."


ကျီချောင်ချင် ကြင်နာစွာ ပြောလိုက်သည်။ " မင်လော့၊ ငါ့ ကျန်းမာရေးက အခု သာမန်လူတစ်ယောက်ထက်ပိုဆိုးတယ်၊ နင်သာ ငါ့ဆီ ပေါ့ဆပြီး အလျင်စလိုလာခဲ့ရင် ငါ တစစီကြေမွပြီးသေသွားလိမ့်မယ်"


ထိုစကားကို ကြားသောအခါ လီမင်လော့ ရယ်မောလိုက်သည်။ သူ ကျီချောင်ချင်ဆီသို့ လျင်မြန်စွာချဉ်းကပ်လာသည်။ သူသည် သူမထက် ခေါင်းတစ်လုံးပိုမြင့်သည်။ ကျယ်ပြန့်သောပခုံးနှင့် ပါးလွှာသော ခါးရှိသည်။ သူမရှေ့တွင် ရပ်နေရင်း သူသည် သူမအပေါ် အရိပ်လုံးလုံးကျရောက်စေသည်။


လီမင်လော့ ကျီချောင်ချင်၏လက်ကို ဆုပ်ကိုင်လိုက်ပြီး စိတ်ရင်းမှန်ဖြင့် ပြောလိုက်သည်။ 


"ရှစ်ကျဲ၊ ကျေးဇူးပြုပြီး ကျွန်တော့်ကို ထားမသွားပါနဲ့။ ကျွန်တော် ကျဲကို ကာကွယ်ပေးနိုင်လောက်အောင် အရွယ်ရောက်နေပါပြီ!"


ဒါက ဟာသတစ်ခုမျှသာ။


လီမင်လော့ ငါးနှစ်သားအရွယ်တွင် သူ့မိသားစုသည် လှည့်လည်နေသော တစ္ဆေများ၏သတ်ဖြတ်ခြင်းကိုခံခဲ့ရသည်။ ကျီချောင်ချင် သူ့အား ဂိုဏ်းသို့ခေါ်ဆောင်လာပြီး သေသေချာချာပြုစုစောင့်ရှောက်ခဲ့သည်။ ရင်းနှီးသော နှောင်ကြိုးတစ်ခုဖြစ်ပေါ်လာခဲ့သည်။


ကံမကောင်းစွာဖြင့် လင်ရှန်းရှန်းဂိုဏ်းသို့ဝင်ရောက်လာသောအခါ လီမင်လော့သည် ဆယ့်ငါးနှစ်ရှိနေပြီဖြစ်ပြီး သူမကို ပထမဆုံး မြင်လိုက်ရခြင်းမှာပင် ချစ်မိသွားခဲ့သည်။ သူမနှင့် လက်ထပ်ဖို့ဆုံးဖြတ်ခဲ့သည်။ လင်ရှန်းရှန်း၏ လှုံ့ဆော်မှုဖြင့်ပင် လီမင်လော့သည် ကျီချောင်ချင်အား အမြဲတမ်းနှောင့်ယှက်ခဲ့သည်။ သူမကို သတ်မည်ဟုပင် ခြိမ်းခြောက်ခဲ့သေးသည်။


ကျီချောင်ချင်ကို ချောက်တစ်ခုပေါ်မှတွန်းချသောအခါ လီမင်လော့သည် ဘေးမှရပ်ကြည့်နေခဲ့ပြီး သူမကို ကယ်တင်ရန် မကြိုးစားခဲ့ပေ။


ကျီချောင်ချင်သည် ဒီသူငယ်ချင်းဟောင်းအပေါ် ချစ်ခင်တွယ်တာမှုများ ကြာမြင့်စွာကတည်းကပျောက်ဆုံးခဲ့ပြီ။ သူမကို သတ်မည်ဟု ခြိမ်းခြောက်ခဲ့သော ရှစ်တိနှင့် သူမ၏ ခံစားချက်များကို ဝေမျှဖို့ရာ စိတ်ဝင်စားမှုမရှိပေ။ သူမသည် လီမင်လော့၏ဆုပ်ကိုင်မှုမှ ရုန်း ထွက်ဖို့ ကြိုးစားခဲ့သော်လည်း သူမ ရုန်းကန်လေလေ သူ့ဆုပ်ကိုင်မှုက ပိုသန်မာလေလေဖြစ်သည်။


"နဝမရှစ်တိ၊ နင် အခု အရွယ်ရောက်နေပြီ၊ ဒီလိုပြုမူလို့ မရဘူး"


လီမင်လော့၏လေသံသည် ခိုင်မာသည်။ သူ့အမူအရာက စိတ်မချမ်းမသာ ဖြစ်နေသည်။ 


"ရှစ်ကျဲ၊ ကျွန်တော့်ကို အပြစ်တင်နေတုန်းပဲလား? ရှစ်ကျဲရဲ့ ကျန်းမာရေး ဘယ်လောက ဆိုးရွားနေလဲဆိုတာ အဲ့ဒီအချိန်တုန်းက ကျွန်တော် မသိခဲ့ဘူးလေ၊ မဟုတ်ရင် ကျွန်တော် ကျိုးကျွင်းလန် ကျဲကိုတိုက်ခိုက်ဖို့ ဘယ်တော့မှခွင့်ပြုခဲ့မှာမဟုတ်ဘူး!"


ကျီချောင်ချင် ရုတ်တရက် ရယ်လိုက်သည်။ အဝေးရှိ ဓားရှည်မှာတုန်ခါလာသည်။ ကျီချောင်ချင်၏အမိန့်ဖြင့် ၎င်းသည် လီမင်လော့ကျောဘက်ကို ထိုးဖောက်လိမ့်မည်။


လီမင်လော့မျက်လုံးများမှာ မင်ရည်ကဲ့သို့ မည်းမှောင်နေသည်။ သူ့အကြည့်သည် သူ့ရှေ့မှ ကျီချောင်ချင်အပေါ်စွဲမြဲလို့နေသည်။ သူ့နောက်မှ ခြိမ်းခြောက်နေသော ဓားရှည်အတွက်ကတော့ ကျီချောင်ချင်၏ဝိဉာဉ်စွမ်းအင်မရှိပေ။ ၎င်းသည် အရင်က မည်မျှပင် အစွမ်းထက်ခဲ့ပါစေ၊ အခုမူ သာမန်ဓားတစ်လက်နှင့်မခြားတော့ပေ။



ကျီချောင်ချင်သည် ယခုအခါ မိမိကိုယ်ကို မကာကွယ်နိုင်သော လှပသည့် ငှက်တစ်ကောင်နှင့် တူနေသည်။ သူသာ အလိုရှိပါက သူမ  သူ့ဘေးမှ ထွက်သွားလိမ့်မည်မဟုတ်ပေ။


" ရှစ်ကျဲ ချောက်ပေါ်ကပြုတ်ကျတုန်းက ကျိုးကျွင်းလန်က ကျဲ ဝူကျန့်ချောက်ရဲ့ကြမ်းတမ်းတဲ့ မကောင်းတဲ့စ္မ်းအင်တွေကို ခံနိုင်မှာမဟုတ်ဘူးလို့ ကျွန်တော့်ကိုပြောခဲ့တယ်၊ ကျွန်တော် ကျဲကို ချောက်ထဲအကြိမ်ပေါင်း မရေမတွက်နိုင်အောင် ရှာခဲ့တယ်။ အဲ့ဒီက မကောင်းဆိုးဝါးတွေကိုလည်း သတ်ခဲ့တယ်၊ ဒါပေမဲ့ ရှစ်ကျဲကို မတွေ့ခဲ့ရဘူး၊ ကျဲ ပျောက်ကွယ်သွားတယ်၊ ရှစ်ကျဲရဲ့ ခန္ဓာကိုယ်တောင်ရှာမတွေ့ခဲ့ရဘူး၊ ဒါကြောင့် ကျွန်တော် အဲ့အကောင်တွေရဲ့ဗိုက်ထဲတောင် ခွဲပြီးရှာကြည့်ခဲ့သေးတယ်... အဲ့ဒါတွေ မပြောတော့ပါဘူး! အခု ရှစ်ကျဲ ပြန်ရောက်လာတဲ့အတွက် ကျနော်ဝမ်းသာတယ်!"


ကျီချောင်ချင် နားလည်လိုက်သည်။ သူမနှင့် ရှင်းကျွင်း ချောက်ကနေထွက်ခွာလာစဉ် ရွှေအူတိုင်အဆင့်ရှိအနီရောင်မြွေပွေးနှင့်သာ တွေ့ခဲ့ရသည်မှာ အံ့ဩစရာမရှိပေ။ အမှန်မှာ လီမင်လော့သည် အောက်ခြေရှိ မကောင်းဆိုးဝါးအားလုံးကို သတ်ပစ်ခဲ့ခြင်းဖြစ်မည်။


လီမင်လော့သည် အကြိမ်ပေါင်းများစွာရှာဖွေခဲ့ပြီးနောက် သူမကိုဘာကြောင့်မတွေ့နိုင်ခဲ့လဲဆိုတာ သူ မသိချေ။


သူ လှဲလျောင်းနေတဲ့ နေရာက အရမ်းဝေးနေလို့လား ?


ဒါပေမဲ့ ဘာပဲဖြစ်ဖြစ် ကျီချောင်ချင်သည် ဒီရှစ်တိ ပြောင်းလဲသွားပြီဟုခံစားလာရသည်။


ဒီနေ့ဟာ ဂိုဏ်းချုပ်ရဲ့မင်္ဂလာဆောင်ဖြစ်ပေမဲ့ လီမင်လော့တက်ရောက်ခဲ့ခြင်းမရှိပေ။ ဒါ ဂိုဏ်းချုပ်နဲ့ကွဲလွဲမှုရှိတာဖြစ်မည်။ သူ ဂိုဏ်းချုပ်နဲ့ ဆက်ဆံရေးမကောင်းဘူးဆိုရင် ဒါက မမှန်ဘူး။ လီမင်လော့၏အဝတ်အစားများသည် အလွန်ကောင်းမွန်သော ပစ္စည်းများဖြင့် ပြုလုပ်ထားပြီး သူ့ခန္ဓာကိုယ်ကိုအလှဆင်ရန် အသုံးပြုသောဝိဉာဉ်ကျောက်တုံးများသည် ဂိုဏ်းချုပ်၏ကျောက်တုံး များနှင့် နှိုင်းယှဉ်နိုင်သည်။


ကျီချောင်ချင် ပြောလိုက်သည်။ 


"လွှတ်လိုက်"


လီမင်လော့၏ နှုတ်ခမ်းများ အနည်းငယ်ကျသွားသည်။ သို့သော် သူ့မျက်နှာက ပိုစိတ်မချမ်းမသာဖြစ်လာရသည်။ 


"ရှစ်ကျဲ..."


သူ ဘာမှ မပြောနိုင်ခင် တစ်စုံတစ်ယောက်က သူ့လက်ကောက်ဝတ်ကို အားဖြင့်ဆုပ်ကိုင်လိုက်သည်။ နာကျင်မှုက ကျီချောင်ချင်အား လွှတ်ဖို့ အတင်းအကျပ်လုပ်ဆောင်စေသည်။


တစ်ချိန်တည်းမှာပင် လီမင်လော့သည် အေးစက်သော အသံကိုကြားလိုက်သည်။ 


"သူ မင်းကို လွှတ်ဖို့ပြောနေတယ်လေ"