Ch 9
Viewers 2k

အခန်း(9)


ဦးလေးဝမ်သည်ကား ရှဲ့မိဘစုံတွဲ အသက်ရှိစဥ်ကာလကတည်းကပင် ရှဲ့နေအိမ်၌ အိမ်တော်ထိန်းတစ်ဦးဖြစ်ခဲ့သည်။ 


ဆုံးရှုံးသွားသော အရာဟူသမျှကို ရှဲ့စစ်ရှင်း ပြန်လည်သိမ်းယူနိုင်ခဲ့ပြီးသည့်နောက်တွင် ဦးလေးဝမ်ကို ပြန်လည် အလုပ်ခန့်ခဲ့လေသည်။ 


ဦးလေးဝမ်မှာ ရှဲ့စစ်ရှင်း အရွယ်ရောက်ကြီးပြင်းလာသည်ကိုပင် ကြည့်ရှုစောင့်ရှောက်ခဲ့ပြီး သူ့ကိုလည်း အလွန်ဂရုစိုက်ကြောင်း သိသာပေ၏။ 


သူ၏သခင်လေးမှ လင်းဟန်အား မည်မျှလောက်ပင် မုန်းတီးသည်ကို ဦးလေးဝမ်မှာ အသိဆုံးပင်ဖြစ်သည်။ 


အဆုံးတွင် ရှဲ့စစ်ရှင်း၏အခန်းထဲတွင် လင်းဟန်အား ဝတ်လစ်စားလစ်အနေအထားဖြင့် တွေ့ရှိခဲ့သော အဖြစ်အပျက်သည်က ကြီးမားသော မကောင်းသတင်းတစ်ခုဖြစ်ပေါ်သွားစေခဲ့သည်မဟုတ်ပါလား။ ထို့အတွက် ရှဲ့စစ်ရှင်းမှာ အရည်အချင်းမပြည့်မီဘဲ အားအင်ချိနဲ့သော လင်းသခင်လေးကို လက်ထပ်ရန် အကျပ်ကိုင်ခံခဲ့ရသည်။ 


သို့သော်လည်း အရာအားလုံးကို သူ့နည်းသူ့ဟန်ဖြင့် အမြဲတစဥ်လုပ်တတ်သော ရှဲ့စစ်ရှင်းသည်က လှည့်ဖြားခြယ်လှယ်ခံရခြင်းကို အမုန်းတီးဆုံးဖြစ်လေသည်။


ထို့ကြောင့် လင်းဟန်သည်လည်း အကောက်ကြံခြင်းကို ခံခဲ့ရသူတစ်ဦးဖြစ်ခဲ့သော်လည်း ရှဲ့စစ်ရှင်း၏အမြင်တွင်မူ သူ့ကိုလှည့်ဖြားသွေးဆောင်ခဲ့သည့်သူများနဲ့ မခြားနားဟုပင် ထင်မြင်ခဲ့သည်။ 


ရှဲ့မိသားစုနေအိမ်တွင် လင်းဟန်အနေဖြင့် ရှဲ့စစ်ရှင်းထံမှ ကြင်နာသမားသော မျက်နှာသွင်ပြင်ကို တစ်ခါမျှပင် မမြင်ဖူးချေ။ 


သို့ဖြစ်၍ သူ၏ နဂိုကြောက်ရွံ့တွန့်ဆုတ်တတ်သော ဗီဇကြောင့် ရှဲ့စစ်ရှင်းထံမှ ပြင်းထန်သောစကားလုံးအနည်းငယ်နှင့်ပင် မျက်ရည်ကျတတ်သည်။ 


ရှဲ့မိသားစုအတွင်းရှိ လူများအားလုံးက လင်းဟန်ကို ရှဲ့စစ်ရှင်း မည်မျှ မုန်းတီးသည်ကို သိကြသည့်အပြင် လင်းဟန်ကိုယ်တိုင်မှလည်း သိရှိနေခဲ့သည်။ 


ထို့ကြောင့် လင်းဟန်မှာ ရှဲ့စစ်ရှင်းကို စိတ်ဆိုးအောင်လုပ်မိမည်ကို စိုးရိမ်သည့်အတွက်  ဘောင်တစ်ခုကိုလည်း မကျော်လွန်ရဲသကဲ့သို့ စကားလည်း ပြောခဲလှကာ အိမ်မှလည်း ထွက်ခွာရဲလေ့မရှိလှချေ။ 


သို့ရာတွင် ရှဲ့စစ်ရှင်း၏ လတ်တလောစကားလုံးများကို ကြားလိုက်ရသည့်အတွက် ဦးလေးဝမ်မှာ လင်းဟန်အပေါ်ထားရှိသည့် သူ၏ အလိုလိုက်ခြင်း အရိပ်အမွက်ကို ခံစားမိနေလေသည်။ 


မျှော်လင့်ချက်တွေများ ရှိလာနိုင်တာလား? 


ဦးလေးဝမ်မှာ  ဤလင်းသခင်ငယ်လေးအတွက် အမှန်ပင် စိတ်မကောင်းဖြစ်ရသည်။ 


သူ၏အမြင်တွင် ဤကြောက်ရွံ့တွန့်ဆုတ်တတ်ပြီး တိတ်ဆိတ်နေတတ်သော လင်းဟန်သည်ကား တခြားကြွယ်ဝချမ်းသာသော မိသားစုများမှ သခင်လေးအများစုထက်ပို၍ သာလွန်ကောင်းမွန်သည်ဟု ထင်မိလေသည်။


ရှဲ့မိသားစုအနီးတွင် တဝဲလည်လည်ရှိတတ်ကြသော ကပ်ဖားရပ်ဖားများကို တွေ့မြင်ဖူးသည့်အတွက် လင်းဟန်တစ်ဦးတည်ပင်လျှင် သူ၏သခင်လေးကို အစစ်အမှန်ဂရုစိုက်သည်ဟု ထင်ခဲ့သည်။ 


သူ၏သခင်လေးမှာ ငယ်ရွယ်စဥ်ကတည်းကပင် အတော်လေး စိတ်ဒုက္ခခံစားခဲ့ရလေသည်။ 


သူ့ကို မှန်ကန်သောစိတ်ထားဖြင့် ဂရုစိုက်မည့်သူကို ရှာဖွေနိုင်ခြင်းမှာ သေးငယ်လှသော ကိစသတစ်ခုမဟုတ်ချေ။ အကယ်၍ ရှဲ့စစ်ရှင်းသာ လင်းဟန်အား လက်ခံမည်ဆိုလျှင် လူတိုင်း၊ အထူးသဖြင့် ဦးလေးဝမ်အဖို့ ပျော်ရွှင်ရသော ဇာတ်သိမ်းတစ်ခုဖြစ်လာလိမ့်မည်။ 


ဦးလေးဝမ်တစ်ယောက် တွေးနေရင်းနှင့်ပင်  မပြုံးဘဲမနေနိုင်ဖြစ်ကာ ပြုံးရယ်လိုက်မိလေသည်။


“မဒမ်...” 


ဤအချိန်အတောအတွင်းတွင် ယွီဟန်မှာကား သူ၏ ကိုယ်ပိုင်စီးပွားရေးအင်ပါယာကြီးတစ်ခု တည်ဆောက်ဖို့ရာအတွက် ပထမဦးဆုံးခြေလှမ်းအား စီစဥ်နေလေပြီ။ 


လောလောဆယ်တွင် သူမှာ မည်သည့်အရာမျှမရှိသေးပေ။ 


ဤနေရာသည်က သူ၏အိမ်နန်းတော်လည်းမဟုတ်သည်ဖြစ်၍  သူ့အတွက် လက်ညိုးညွှန်ရာလည်း ရေမဖြစ်ပါချေ။ 


စနစ်အတွက်မူကား.... ထိုအရာမှာ အဆင်အယင်တန်ဆာတစ်ခုသက်သက်သာ ဖြစ်လေသည်။ 


ဆိုတော့ သူ့ရဲ့ကြီးကျယ်လှတဲ့အစီအစဥ်ကြီးရဲ့ ပထမခြေလှမ်းကို ဘယ်လိုဆက်လှမ်းရပါ့? 


လင်းမိသားစုကိုလည်း စိတ်ဆိုးစေခဲ့ပြီးပြီဖြစ်သည့်အလျောက် သူ့အဖို့ ယခုအသုံးပြုနိုင်သည့် အရင်းအနှီးမှာ.... 


ယွီဟန် အချိန်ပေးကာ စဥ်းစားလိုက်ပြီး ရုတ်ချည်းပင် ခေါင်းထဲမှ မီးသီးလေး လင်းသွားလေတော့သည်။ 


“ရှဲ့စစ်ရှင်းဆီက ပိုက်ဆံအရင်တောင်းရမယ်!” 


ဦးလေးဝမ်: “…….?” 


ဦးလေးဝမ်၏ ဟန်အမူအရာမှာ ခေတ္တမျှ မင်သက်သွားရပြီး နားကြားမှားမိသည်ဟုထင်လိုက်ကာ ယွီဟန်၏စကားလုံးများကို မကြားလိုက်သလိုပင် ဟန်ဆောင်၍ မေးလိုက်လေသည်။


“မဒမ်၊ ဗိုက်ဆာနေပြီလား?’ 


ယခုချိန်တွင် ယွီဟန်၏စိတ်မှာ သူ၏အနာဂတ်တွင် ဖြ်လာမည့် အလွန်ကြီးကျယ်ခမ်းနားလှသော အစီအစဥ်များဖြင့် ပြည့်နှက်နေသည့်အတွက် ဝမ်းဗိုက်ကိုဖြည့်ရန်ဟူသည့် အရေးကိစ္စအသေးအငယ်တစ်ခုအတွက် နေရာမရှိနေပါချေ။ 


သူက ဦးလေးဝမ်၏ လက်အား လေးလေးနက်နက်ဆွဲကိုင်လိုက်ကာ ပြောလိုက်လေသည်။


“အခုချက်ချင်း ရှဲ့စစ်ရှင်းကို တွေ့ချင်တယ်” 


ဦးလေးဝမ်မှာ မတိုင်ခင်က သူ နားကြားမှားလိုက်ခြင်းဖြစ်မည်ဟုဟု တွေးလိုက်လေသည်။ 


မဒမ်က   သခင်လေးကို သေချာပေါက် ဂရုစိုက်လိမ့်မယ်။ 


ကြည့်လိုက်! ဒီတကယ့်ကို စိတ်အားထက်သန်နေတဲ့ မျက်လုံးတွေကိုကြည့်စမ်းပါဦး။ 


ဒါကို အချစ်စစ်မဟုတ်ဘူးလို့ ဘယ်သူက ပြောနိုင်မှာလဲ။


ဦးလေးဝမ်မှာ ပို၍ပင် ချစ်ခင်သွားရလေတော့သည်။ 


သူက ညင်သာစွာဖြင့်ပင် ပြောလိုက်သည်။“သခင်လေးက အခု ကုမ္ပဏီမှာဆိုတော့ တော်တော်နဲ့ ပြန်ရောက်ဦးမှာမဟုတ်ဘူး၊ မဒမ် နည်းနည်းလောက်လေး စောင့်လိုက်ပါလား”


ယွီဟန်တစ်ယောက် အနည်းငယ် စိတ်ပျက်သွားရလေ၏။


“သူ့ကို ကုမ္ပဏီမှာ သွားရှာလို့မရဘူးလား?” 


“မဒမ်ာ အပြင်သွားချင်လို့လား?”


ဦးလေးဝမ် မှတ်မိသလောက်ဆိုလျှင် လင်းဟန်အနေဖြင့် ကုမ္ပဏီတွင် ရှိနေသေု ရှဲ့စစ်ရှင်းအား သွားတွေ့ရမည်ကို အစဥ်အမြဲ တွန့်ဆုတ်နေတတ်သည်။ 


တစ်ချိန်က တစ်ကြိမ်သွားရောက်ဖူးသော်လည်း မျက်ဝန်းထောင့်များနီရဲလျက် ပြန်လာခဲ့ရကာ အခန်းအတွင်းတွင်သာ ကိုယ့်ကိုယ်ကိုယ်  သော့ခတ်၍ ငိုနေခဲ့သည်။


ထိုကိစ္စအပြီးတွင်တော့ သူနောက်ထပ်သွားရှာရန် မရဲတော့ချေ။


ဦးလေးဝမ်ပင်လျှင် ထိုကိစ္စအတွက် အကြောင်းပြချက်များကို မသိခဲ့ပေ။ 


မဒမ်ဘက်မှ ရှဲ့စစ်ရှင်းထံသို့ လိုလိုလားလားသွားရောက်ချင်သည်ကို မြင်လိုက်ရလျှင် ဦးလေးဝမ်မှာ ပျော်ရွှင်သွားခဲ့လေ၏။


“ကောင်းပါပြီ၊ ကောင်းပါပြီ” 


မဒမ် လုပ်ချင်သမျှ အရာအားလုံးလုပ်ခွင့်ပေးလိုက်ရန် သူ၏သခင်လေးပြောခဲ့သည်မှာ မထူးဆန်းလှတော့ချေ။ 


သခင်လေးက မဒမ် လာရောက်လည်ပတ်မည်ကို ကြိုတင်မျှော်လင့်ခဲ့သောကြောင့် ဖြစ်နိုင်သည်။ 


ဦးလေးဝမ်အနေဖြင့် ယွီဟန်အား သွားခွင့်မပြုခင် ပြင်ဆင်စရာအနည်းငယ်ရှိသေးလေသည်။ 


နာရီဝက်ခန့်ကြာသောအခါ ယွီဟန်က  သူ့လက်ထဲမှ နေ့လည်စာဘူးအားကြည့်ကာ မျက်မှောင်ကြုတ်လိုက်လေသည်။ 


“ဒါဘာကြီးလဲ?” 


ဦးလေးဝမ်မှာ နွေးထွေးစွာဖြင့်ပြုံးလိုက်ပြီး ပြောလာသည်။


“သခင်လေးက တစ်ခါတလေ သူအလုပ်လုပ်နေရင် ထမင်းစားဖို့မေ့တတ်တယ်၊ မဒမ်၊ ကျေးဇူးပြုပြီး သူ့အတွက် ထမင်းဘူးယူသွားပေးပါဦး” 


ယွီဟန် မျက်မှောင်ကုတ်လိုက်ကာ အနည်းငယ် ဂရုမစိုက်သည့်ပုံစံဖြင့် ပြောလာသည်။


“မလုပ်နိုင်ဘူး၊ ဒါက အရမ်းကို သံယောဇဥ်တွယ်တာနေသလိုမျိုး ဖြစ်နေမှာပေါ့” 


သူဆိုတဲ့ လုံအောင့်ထျန်းက ဒီလိုမျိုးကိစ္စကို ဘယ်လိုလုပ်ပြီး လုပ်နိုင်မှာလဲ? 


သူ့ရဲ့ ဂုဏ်သိက္ခာပျက်စီးသွားမှာပေါ့။ 


ဦးလေးဝမ်၏ အပြုံးက ပြောင်းလဲသွားခြင်းမရှိဘဲ ယွီဟန်၏လက်ထဲသို့သာ နေ့လည်စာဘူးကို ထည့်လိုက်ပြီး စိတ်အားထက်သန်စွာဖြင့် ပြောလိုက်လေသည်။ 


“ယောကျာ်းတစ်ယောက်ရဲ့နှလုံးသားကိုရောက်ဖို့ဆိုရင် သူ့ကို ဘက်ပေါင်းစုံကနေ ဂရုစိုက်ရတယ်” 


စနစ်ကလည်း တက်ကြွစွာဖြင့် ဝင်ပြောလိုက်၏။


{‌ပြောသွားတာ အရမ်းကောင်းတယ်!!}} 


“?” 


ယွီဟန်တစ်ယောက် ရှဲ့စစ်ရှင်း၏နှလုံးသားကိုရောက်ဖို့အတွက်  သူ့ထံတွင် ရည်ရွယ်ချက်တစ်စုံတစ်ရာမရှိသည်ကို ပြောလိုက်ချင်ခခဲ့သည်။


သို့သော်လည်း ပြန်တွေးကြည့်လိုက်လျှင် သူဘက်မှ ရှဲ့စစ်ရှင်းကို တစ်ခုခုကိုတောင်းဆိုမည်ဖြစ်သည့်အတွက် ဤလုပ်ဆောင်ချက်မှာ ရှဲ့စစ်ရှင်း သဘောတူလက်ခံလာချင်အောင် လုပ်ပေးကောင်းလုပ်ပေးနိုင်ပေသည်။ 


သူ  တုံ့ဆိုင်းစွာဖြင့် ထမင်းဘူးကို ယူလိုက်လေ၏။


“ဒီတစ်ခေါက်ပဲနော်” 


ဦးလေးဝမ်က ယွီဟန်ကို ကားထဲသို့ အသာတွန်းပို့လိုက်ကာ ပြုံးရွှင်စွာဖြင့်ပင် ပြောလိုက်၏။


“သခင်လေးက သေချာပေါက် ပျော်ရွှင်သွားမှာပါ” 


စနစ်မှလည်း ထပ်ပေါင်းတိုးပြောလာပြန်သည်။


{ရှဲ့စစ်ရှင်းက သေချာပေါက် အရမ်းအရမ်းကို ပျော်သွားမှာ!} 


ယွီဟန်: “…..” 


ယွီဟန်တစ်ယောက် မနေနိုင်တော့ဘဲ ပြန်ပြောမိတော့သည်။


“ငါ ရှဲ့စစ်ရှင်းကို ပြောင်းလဲဖို့ ကြိုးစားနေတာမဟုတ်ဘူးနော်၊ မင်း ဒါကို သေသဆချာချာသိသင့်နေပြီ”


စနစ်က ရယ်မောလိုက်လေသည်။


{Hostက မူနေတာပဲ~} 


အခုတောင် ရှဲ့စစ်ရှင်းရဲ့ ကုမ္ပဏီကို အမြန်ပြေးသွားနေပြီးတော့ မဟုတ်ဘူးလို့ပြောနေသေးတယ်။ 


ယွီဟန်: “……” 


ကောင်းပြီလေ။ အဲဒီကို ရောက်မှပဲ ဘာတွေဆက်ဖြစ်လာမလဲလဲ စောင့်ကြည့်ကြတာပေါ့။ 


ရှဲ့မိသားစုအိမ်ရာမှ ရှဲ့စစ်ရှင်း၏ကုမ္ပဏီသို့ရောက်ရန်အတွက်  တစ်နာရီခန့်ကြာအောင် ကားမောင်းရလေသည်။ 


ယွီဟန်တစ်ယောက် ကားစီးနေတုန်း ပျင်းလာသည့်အတွက် မူရင်းဝတ္ထု၏ဇာတ်ကြောင်းကို ပြန်လည်ဖတ်ရှုရန် အခွင့်အရေးယူလိုက်၏။ 


လင်းဟန် လင်းမိသားစုဆီသို့ပြန်ရောက်စဥ်အချိန်တုန်းက သူ့အဖေမှ သူ့ကို ပေးအပ်ထားသော ကုမ္ပဏီတစ်ခုရှိလေသည်။ 


ထိုကုမ္ပဏီက ကြီးကြီးမားမားတစ်စုံတစ်ရာ မဟုတ်သော်လည်း လင်းဟန်၏ စီးပွားရေးအမြင်မရှိမှုကြောင့် မြန်ဆန်စွာဖြင့် ဒေဝါလီခံသွားခဲ့ရလေသည်။ 


ထိုအချိန်တုန်းက သူ၏အရည်အချင်းမပြည့်မှီမှုကို လှောင်ပြောင်သရော်သည့်အနေဖြင့်  အထက်တန်းလွှာအသိုင်းအဝိုင်းထဲတွင် “ဒေဝါလီ သခင်လေး”ဟူ၍ လှောင်ပြောင်သရော်သော နာမည်ပြောင်တစ်ခုကို ရရှိခဲ့ရသည်။ 


ရလဒ်အနေဖြင့် လင်းပါးပါးက သူ့အပေါ်တွင် ပို၍ပင် မုန်းတီးလာခဲ့ကာ သူ့အား နံရံတစ်ခုကိုပင် မြဲမြဲမတည်ထားနိုင်သည့် ရွှံ့မြေတစ်ခုအဖြစ်သာ ထင်မြင်လာခဲ့တော့သည်။


ထို့ကြောင့် အဆုံးသတ်တွင် လင်းဟန်မှာ  လင်းယွီချန်၏ အနှိပ်ကွပ်ခံအဖြစ်သာ အလုပ်အကျွေးပြုခဲ့ရလေသည်။ 


အဆုံး၌ လင်းဟန်၏ သာမန်မျှသာရှိသောအဆင့်နှင့် ကြောက်ရွံ့တွန့်ဆုတ်တတ်သောအကျင့်စရိုက်နှင့်ယှဥ်လျှင် လင်းယွီချန်သည်ကား လင်းမိဘများကို စိတ်ချမ်းသာအောင်ပြုမူရာ၌ ပို၍ ကျွမ်းကျင်ကောင်းမွန်သူဖြစ်လေသည်။ 


ထို့ကြောင့် သခင်လေးအစစ်ဖြစ်သော လင်းဟန်တစ်ယောက်ည လင်းမိသားစုအတွင်းတွင် လင်းယွီချန်ထက် အဆင့်ပိုနိမ့်ဆင်းသွားခဲ့က်ကာ မကြာခဏ အထင်‌သေးအပြစ်တင်ခံရသည့်  လူတစ်ယောက်သာ ဖြစ်လာခဲ့ရသည်။ဤအကြောင်းများကို တွေးမိလိုက်ပြီးနောက် ယွီဟန် နှာခေါင်းရှုံ့လိုက်မိလေ၏။ 


လင်းဟန်သည်ကား သာမန်လူတစ်ယောက်သာဖြစ်သော်ငြားလည်း သူ၏လုပ်ရပ်များမှာ အသိတရားနှင့် သတိချပ်မှုတို့ ရှိနေသေးသည်။


ယွီဟန်အနေဖြင့် လင်းယွီချန်၏ နောက်ကွယ်မှ လုပ်ရပ်မပါဘဲ လင်းဟန်၏ကုမ္ပဏီမှာ လွယ်လွယ်ကူကူဖြင့် ဒေဝါလီခံသွားမည်မဟုတ်ကြောင်း သိနေခဲ့သည်။


သို့သော်လည်း လင်းမိသားစုနှင့်ပတ်သတ်သည့် နာကျည်းချက်များကို လောလောဆယ် ဘေးသို့ဖယ်ထားရလိမ့်မည်။ ယွီဟန်၏ မျက်မှောက် စစ်မြေပြင်မှာ ရှဲ့စစ်ရှင်းသာ ဖြစ်လေသည်။ 


ဤခရီးတွင် ယွီဟန်၏အဓိကရည်ရွယ်ချက်မှာ ရှဲ့စစ်ရှင်းဆီမှ အကူအညီအနည်းငယ်ကို ရယူဖို့ဖြစ်ပြီး ထိုအတွက်ကြောင့် ထမင်းဘူးကိုပါ ယူလာပေးရသည်ဆိုသော်ငြားလည်း သူ၏ အရှိန်ကို မဆုံးရှုံးလိုက်သင့်ပေ။ 


ထို့ကြောင့် ယွီဟန်က ကားသမားကို လမ်းဘေးတွင်ပင် ကားကိုရပ်နားစေပြီးနောက် စျေးဝယ်စင်တာထဲသို့ဝင်ကာ သူ ကိုယ်တိုင်အတွက် ဝတ်စုံအသစ်တစ်ခုကို ရွေးချယ်ခဲ့သည်။ 


ကွက်တိပဲ! ဒါနဲ့ဆိုရင် သူ့ရဲ့အရှိန်အဝါက အရမ်းကြီးမြတ်နေမှာပဲ!


ယွီဟန်တစ်ယောက် စိတ်ကျေနပ်နေခဲ့၏။ 


*