Chapter 35
ယောလ်၏ခေါင်းလေးသည် ဟိုလှည့်ကြည့်လိုက် သည်လှည့်ကြည့်လိုက်နှင့် အလုပ်ရှုပ်နေတော့လေသည်။ နေရာတိုင်းက သူ့အတွက်တော့ ကမ္ဘာအသစ်ကြီးတစ်ခုလို ခံစားနေရသည်။ ကိုရီးယားကမြို့ပြများနှင့်ယှဉ်လျှင် ဤနေရာလေးက ကွဲပြားသော ခံစားချက်ကို ကောင်းကောင်းကြီး ပေးစွမ်းနိုင်သည်ဟု သူထင်၏။
ထိုကဲ့သို့ စဉ်စားမိလိုက်ကာမှ ဤကမ္ဘာသို့ ကူးပြောင်းမလာခင်က နှစ်အတော်ကြာ နှာခေါင်းစည်းတပ်ကာ နေခဲ့ရသည်ကို သတိရသွားသည်။ သို့သော် လက်ရှိကမ္ဘာတွင်တော့ နှာခေါင်းစည်းမလိုတော့ပေ။
ရောဂါပျံ့သောအချိန်တွင် အပြင်မထွက်ခဲ့သည့် သူ့ကိုယ်သူ အရမ်းကျေးဇူးတင်နေမိသည်။
“ဝိုး လေကောင်းလေသန့်လေးရှူရတာပဲနှာခေါင်းစည်းမပါဘဲ ရှူရတဲ့လေက ဒီလိုလေးပေါ့”
“လေကောင်းလေသန့်တဲ့လား”
မိုက်ကီရယ်တစ်ယောက် ယောလ်၏စကားကိုကြားပြီး မျက်မှောင်ကျုံ့လိုက်မိသည်။ ပိုကဗွန်းလမ်းသည် လူသွားလူလာများသည့်အလျောက် သစ်ပင်များလည်း နည်းလွန်းလှသဖြင့် လေထုမသန့်ရှင်းနိုင်ပေ။ လူအုပ်ထူထပ်လွန်းသဖြင့်လည်း အသက်ပင် ကောင်းကောင်းမရှူနိုင်။ သို့သော် ယောလ်ဆီမှ လေကောင်းလေသန့် ဟူသော အသံကြားရပြီးနောက် သူဘာပြောရမှန်းမသိဖြစ်သွားတော့သည်။
“ဟုတ်တယ်လေ အိုး မိုက်ကီရယ်မသိဘူးပဲ၊ ကျွန်တော်အရင်က နေခဲ့တဲ့ ၂၁ရာစုမှာဆိုရင် ရောဂါကပ်ဆိုးကြီး အကြီးအကျယ်ဖြစ်ခဲ့တာလေ၊ အဲကျ လူတိုင်းက နာခေါင်းစည်းတွေ တပ်ထားရတယ် ယုံနိုင်စရာမရှိဘူးနော် ၂၁ ရာစုမှာ ရောဂါကပ်ဆိုး ဖြစ်တယ်ဆိုတာ၊ ဪ အရင်တုန်းကတော့ ရောဂါကပ်ဆိုးလို့ခေါ်ကြပေမဲ့ ကျွန်တော်တို့ ခေတ်ကျ ကူးစက်ရောဂါလို့ပဲ ပြောကြတာပါ၊ အဲဒါက ခေါ်လို့ပိုပြီး သင့်တော်တယ်လေ”
မိုက်ကီရယ်တစ်ယောက် ယောလ်ပြောနေသည့် စကားများကို နားမလည်နိုင်တော့ပေ။
မည်သည့်အကြောင်းအရာ ပြောနေသည်ကို ခန့်မှန်း၍ရသော်လည်း ဖြစ်စဉ်တစ်ခုလုံးကို အသေးစိတ် ပုံမဖော်တတ်တော့။
ဝိုက်ဒီဖီးယားအင်ပါယာတွင်တောင် ကပ်ရောဂါများဖြစ်ကြသေးသော်လည်း လူတိုင်း နှာခေါင်းစည်းတပ်ဖို့တော့ မလိုခဲ့ပေ။
“နှာခေါင်းစည်းတပ်ရတယ်လား လူတိုင်းကလေ”
“အင်းပေါ့ လူတိုင်းတပ်ရတာလေ၊ တချို့လူတွေကတော့ နှာခေါင်းလေးပဲ လုံအောင်အုပ်လိုက် မေးမှာချိတ်ထားလိုက်နဲ့ဗျ ဒါပေမဲ့ အဲလိုကြီး နှစ်နဲ့ချီအောင်နေရတာ သေလောက်အောင် မွန်းကြပ်တယ်ဗျာ”
“နှာခေါင်းစည်း အမြဲတမ်းတပ်နေရရင်တော့ အရမ်း မွန်းကြပ်မှာပေါ့ကွ”
“နော် ရူးချင်စရာပဲဗျ၊ ကျွန်တော်လေ့ကျင့်ခန်းလုပ်တုန်းကဆို သေချင်တာ အဲဒါကြောင့်ထ gym ကို ၃လလောက်မသွားပဲ နားပစ်လိုက်တယ်လေ”
ဘွဲ့ရကျောင်းသားများအတွက် လေ့ကျင့်ခန်းလုပ်စရာအချိန်မှာ အတော်ရှားလှ၏။
ယောလ်တစ်ယောက် သူ့ပါးစပ်ကို ဘရိတ်အုပ်လိုက်ရတော့သည်။
အစပိုင်းမှာတော့ ကိုးရီးယားက နှာခေါင်းစည်းများနှင့် ဝိုက်ဒီဖီးယားအင်ပါယာက နှာခေါင်းစည်းမတူသည်အား သတိမထားမိဘဲ စကားကုန်ပြောနေမိ၏။ ထို့နောက် သူများများ ပြောလေ မိုက်ကီရယ်အတွက် ခေါင်းပိုရှုပ်လေဟု ပြန်စဉ်းစားမိကာ ထပ်မပြောတော့ရန် ဆုံးဖြတ်လိုက်သည်။
“နည်းနည်းတောင်မညှာဘူးဗျာ၊ ဘယ်လို virus မျိုးက အဲလောက်တောင် ဆိုးလာအောင်ကြိုးစားရတာလည်း တဖြည်းဖြည်းနဲ့ပိုဆိုးလာတာဗျ၊ ကျွန်တော့်လို တက္ကသိုလ်ဘွဲ့ရကျောင်းသားတောင် အဲလောက်မကြိုးစားဘူး”
ယောလ်တစ်ယောက် နှာခေါင်းစည်း အကြောင်းပြောရင်းမှ အတိတ်က အကြောင်းအရာတွေသို့ ပြန်ရောက်သွားပြန်သည်။ ထို့နောက် တစ်စုံတစ်ခုကို တွေ့လိုက်ကာ မျက်လုံးလေးများ ကျယ်လာလေသည်။
“ဟာ လှလိုက်တာ”
ယောလ်၏ လက်ချောင်းသွယ်သွယ်လေးများက ရေခဲမုန့်တစ်ခုကို ညွှန်ပြလိုက်သည်။
ကတော့ပုံဝေဖာ ကျွတ်ကျွတ်ကလေးပေါ်တွင် ရေခဲမုန့်၂ခု ၃ ခုလောက်ဆင့်တင်ထားကာ ထိုရေခဲမုန့်ပေါ်တွင် ဂျယ်လီ၊ ချောကလက်၊ မက်ရှ်မဲလို စသည့် topping မျိုးစုံကိုလည်း တင်ထားသေးသည်။
“မင်းစားချင်လို့လား”
“စားတော့စားချင်စရာလေးပါ ဒါပေမဲ့ ကျန်းမာရေးအတွက် မကောင်းဘူးထင်တယ်”
အချိုများစွာထည့်ထားသည့် ထိုရေခဲမုန့်လေးက ယောလ်အား ဆွဲဆောင်နေသော်လည်း သူ့ကျန်းမာရေးသူတော့စိုးရိမ်နေသေးသည်။
သို့သော်လည်း ထုံးစံအတိုင်း သံလိုက်တုံးကဲ့သို့ ထိုရေခဲမုန့်လေး ဆွဲငင်ရာနောက်သို့ ပါသွားလေသည်။
“ကြိုဆိုပါတယ်ဗျ”
ရေခဲမုန့်ဆိုင်ပိုင်ရှင်သည် ယောလ်တို့နှစ်ယောက် ဝင်လာသည်ကိုမြင်သည်နှင့် ခေါင်းငုံ့ပြကာ နှုတ်ဆက်ကြိုဆိုလိုက်၏။ မျက်နှာကိုဖုံးကွယ်လျက် ဝတ်ရုံရှည်ကြီးများဝတ်ကာ ဆိုင်ထဲသို့ ဝင်လာသည့် သံသယဝင်စရာလူနှစ်ယောက်ကြောင့် ဆိုင်ရှင်ခမျာ မျက်လုံးပြူးကာ ထိတ်လန့်နေရှာသည်။
ယောလ်ကတော့ အရောင်တောက်တောက်ရေခဲမုန့်လေးများ၏ ဆွဲဆောင်ရာနောက်သို့ပါသွားပြီး တခြားဘာကိုမျှ သတိမမူမိတော့ပေ။ သို့သော် မိုက်ကီရယ်ကတော့မတူချေ။ ယောလ်၏ ခေါင်းစွပ်အရှည်ကို အောက်သို့ အနည်းငယ် ဆွဲချပေးလိုက်သည်။
ထို့နောက် ဆိုင်ရှင်က ယောလ်အား အတင်းထပ်ကြည့်ပြန်လေသည်။ မိုက်ကီရယ်ကလည်း ထပ်ပြီး ယောလ်၏ခေါင်းစွပ်ကို ဆွဲချပြန်သည်။
“အာ ကျွန်တော်မမြင်ရတော့ဘူး မိုက်ကီ…”
“သွားကြစို့”
“အယ် ကျွန်တော် ဘာစားရမလဲ မရွေးရသေးဘူးလေ”
ယောလ်သည် မိုက်ကီရယ်၏ စကားများကြောင့် အနည်းငယ် စိတ်ပျက်သွားသော်လည်း ဘာမှ မပြောနိုင်ဘဲ မိုက်ကီရယ်အားကြီးနှင့် ဆွဲခေါ်ထုတ်သွားသည်ကိုသာ ခံလိုက်ရ၏။
ရေခဲမုန့်ဆိုင်နှင့် အတော်ဝေးဝေးသို့ ရောက်လာကာမှ မိုက်ကီရယ်သည် ယောလ်၏လက်ကို လွှတ်ပေးတော့သည်။
“ဘာလဲဗျ”
ယောလ်သည် မိုက်ကီရယ့်အား မကျေနပ်သည့် မျက်လုံးများဖြင့် ကြည့်နေသော်လည်း မိုက်ကီရယ်တစ်ယောက် မမြင်ချင်ယောင်သာဆောင်နေ၏။
“ဝယ်ကျွေးမယ်ပြောပြီး ဘာလို့ ဒီလိုကြီးဆွဲခေါ်လာတာလဲ”
“အဲလို အစားအစာတွေက မင်းရဲ့ကျန်းမာရေးအတွက်မကောင်းဘူး”
“ကျန်းမာချင်လို့ စားတာမှ မဟုတ်တာကို”
မိုက်ကီရယ် ယောလ်၏ ပြောစကားများကို မကြားချင်ဟန်ဆောင်နေပြန်သည်။ ယောလ်မှာ ဒေါသထွက်နေသော်လည်း မိုက်ကီရယ်၏အနောက်တွင် မြင်လိုက်ရသော မြင်ကွင်းကြောင့် စိတ်ပြောင်းသွားတော့၏။
“အယ် အဲဒါဘာကြီးလဲ”
တိုင်လုံးပုံသဏ္ဍာန် မီးတောက်ကြီးတစ်ခုသည် လူအုပ်အလည်တွင် ရုတ်တရုတ်ထွက်ပေါ်လာကာ ချက်ချင်းပြန်ပျောက်သွားသည်။
ယောလ်တစ်ယောက် စိတ်ညှို့ခံလိုက်ရသကဲ့သို့ လူအုပ်ထဲသို့ တိုးဝင်သွားလေသည်။ မိုက်ကီရယ်လည်း သူ့အရုပ်ကလေး ပျောက်သွားမည်စိုးသဖြင့် ဘေးမှ ထပ်ကြပ်မကွာ ခပ်သွက်သွက် လိုက်ပေးနေရသည်။
“ဝိုးး မိုက်တယ်နော် မိုက်ကီရယ် မြင်လိုက်လား၊ မီးတောက်အကြီးကြီးပေါ်လာပြီး ခဏနဲ့ ပျောက်သွားတာ”
“အင်း တွေ့လိုက်တယ်”
လူအရမ်းရှုပ်သဖြင့် မြင်ရန်ခက်ခဲသော်လည်း ရှိုးပွဲတစ်ခုသာဖြစ်လောက်မည်။
မီးတောက်ကြီးတစ်ခါပေါ်လာတိုင်း ဘေးမှ ပွဲကြည့်ပရိတ်များထံမှ “ဝိုး” ဟူသည့် စကားသံများ ထွက်ထွက်လာသည်။ ထိုလူအုပ်ထဲတွင် ယောလ်လည်း အပါအဝင်ပင်။
“လာကြနော် လာကြ တစ်နာရီကြာရင် ဆပ်ကပ်ရှိုးတစ်ခုရှိတယ်နော်၊ ဘယ်မှာမှ မကြုံဖူး မတွေ့ဖူးတဲ့ ပြကွက်အဆန်းတွေကို ဝန်းဒါးဆပ်ကပ်မှာပဲတွေ့ရမယ်၊ ရုပ်သေးပွဲ၊ မီးပြကွက်တွေ၊ လက်လှည့်ပွဲတွေနဲ့ လေပေါ်ပျံပြတဲ့ မှော်ဆန်ဆန်ပြကွက်တွေပါမယ်နော်၊ အခုတွေ့လိုက်ရတဲ့ မီးတောက်အကြီးကြီးက အကင်းပဲရှိသေးတယ်ဗျ၊ ကျွန်တော်တို့မှာ တင်ဆက်ဆရာတွေ အများကြီး ရှိသေးတာမို့ ဗီတယ်ရာလမ်းဆုံက ဝမ်းဒါးဆပ်ကပ်ကို လာခဲ့ဖို့ ဖိတ်ခေါ်လိုက်ပါတယ်”
လူအုပ်အလည်တွင် ဖယ်ဒိုရာဦးထုပ် ဝတ်ဆင်ထားသည့် အမျိုးသားတစ်ဦးက အားသွန်ခွန်စိုက်ဖြင့် သူတို့၏ဆပ်ကပ်ကို ကြော်ငြာနေလေသည်။
(T/N ဖယ်ဒိုရာဦးထုပ်ဆိုတာ အလွယ်ပြောရရင် မိုက်ကယ်ဂျက်ဆင်ဝတ်တဲ့ ဦးထုပ်ကို မြင်ယောင်ကြည့်လိုက်ပါ)
ဤကမ္ဘာတွင်သာမက ကိုရီးယားမှာကတည်းက ဆပ်ကပ်တစ်ခါမှ မကြည့်ဖူးသော ယောလ်၏ မျက်လုံးများ ဝင်းလက်လာလေသည်။
“မိုက်ကီရယ် မိုက်ကီရယ် ဆပ်ကပ်သွားကြည့်ရအောင်နော်၊ နောက်တစ်နာရီဆိုတော့ ကွက်တိပဲမလား”
ခုနလေးတင်မှ ရေခဲမုန့်မစားလိုက်ရသည့်အတွက် ဆူပုတ်နေသောယောလ်မှာ ယခုမူ မိုက်ကီရယ်အား ဆပ်ကပ်ကြည့်ချင်သဖြင့် ပြာလဲ့လဲ့ မျက်လုံးများဖြင့် ချွဲနေလေသည်။
ယောလ်၏မျက်နှာလေးအား အတင်းကြည့်ရန် ကြိုးစားနေသော ရေခဲမုန့်ဆိုင်ပိုင်ရှင်နှင့် ဆုံပြီးကတည်းက မိုက်ကီရယ်တစ်ယောက် ဒေါသထွက်ကာ အက်ရှ်အိမ်တော်ကိုသာ အမြန်ပြန်ချင်နေမိသည်။ သို့သော် ယောလ်၏ အကြည့်များကို တောင့်မခံနိုင်သဖြင့် အသာလေးသာ ပါးစပ်ပိတ်နေလိုက်ရတော့သည်။
“ကျွန်တော် တစ်ခါမှ ဆပ်ကပ်မကြည့်ဖူးဘူး”
မိုက်ကီရယ်၏ မျက်နှာအနားထိ ကပ်လာကာ ပြာလဲ့နေသော မျက်ဝန်းကလေးများဖြင့် အသနားခံနေ၏။
ယောလ်သတိမထားမိသော်လည်း မိုက်ကီရယ်၏စိတ်ထဲတွင်တော့ ယောလ်သည် သူ့အားကိုင်တွယ်ထိန်းချုပ်နိုင်မည့် နည်းကိုရှာတွေ့သွားပြီ ဟု ထင်နေလေတော့သည်။
ယောလ်၏ စကားများကို ငြင်းဆိုချင်သော်လည်း သူ့နှုတ်ခမ်းနှင့် ဦးနှောက်သည် သဘောထားကွဲလွဲနေကြ၏။
“ကောင်းပြီ”
“ဟုတ်ပြီကွ”
မိုက်ကီရယ့်စကားသံကိုကြားသည်နှင့် ယောလ်၏အပြုံးများသည် ဝင်းလက်လာကာ ပါးနှစ်ဖက်ပေါ်မှ ပါးချိုင့်ကလေးများပေါ်လာတော့၏။ မိုက်ကီရယ်လည်း ယောလ်၏ အပြုံးများကိုမြင်တိုင်း သူပါပြုံးမိနေတော့သည်။
ယောလ်တစ်ယောက် အလွန်စိတ်လှုပ်ရှားမိကာ လူအုပ်ထဲသို့ တိုးကြည့်နေမိသည်။ အရပ်အရမ်းရှည်သည့်အထဲ မပါသောကြောင့် သူ့အရှေ့တွင် လူတစ်ယောက် ရပ်တိုင်း ကွယ်သွားသဖြင့် ပခုံးလေးအောက်စိုက်ကာ ညှိုးငယ်သွားလေသည်။
“ကျွန်တော် *ဖိနပ်ခုံတစ်ခုလောက်လိုတယ်ဗျ၊ ဒီနားမှာ ရောင်းတဲ့ဆိုင်ရှိလား အာ..နေပါဦး အဲဒါက ဘာလို့ ဒီနားမှာရောက်နေတာလဲ”
(T/N ဖိနပ်ခုံဆိုတာက အရပ်ပိုမြင့်သွားအောင် ဖိနပ်ထဲထည့်ဝတ်တဲ့ အပိုအောက်ခံအပြားလိုမျိုးပါ)
ဖိနပ်ခုံရှာနေသော ယောလ်မှာ အံ့ဩသွားသဖြင့် မျက်လုံးများပင်ပြူးကာ မယုံနိုင်ဖြစ်သွားလေသည်။
သူယခင်က တရင်းတနှီးတွေ့ဖူးသော အရာတစ်ခုကို မုန့်ဆိုင် တစ်ဆိုင်တွင်တွေ့လိုက်ရကာ မယုံနိုင်ဖြစ်သွားသည်။
“ဘာဖြစ်လို့လဲ”
တစ်ခုခုထူးဆန်းနေပုံပေါက်နေသဖြင့် မိုက်ကီရယ် မေးလိုက်သည်။
သို့သော်လည်း ယောလ်က ဘာမှ ပြန်မဖြေဘဲ ဆိုင်ဘက်သို့သာ ထွက်သွားလိုက်သည်။ မိုက်ကီရယ်တစ်ယောက်လည်း ဘာမှန်းမသိဘဲ ဘေးနားမှ လိုက်သွားရင်း နှစ်ယောက်သား ဆိုင်ရှေ့ရောက်သွားတော့၏။
“ဆိုင်ရှင် ဒါဘာလေးလဲဗျ”
“ကြိုဆိုပါတယ်၊ အိုး ဒီချိုချဉ်လေး ပုံစံက ထူးဆန်းတယ်မလား၊ ဒါက အရှေ့တောင်အာရှမှာ နာမည်ကြီးတဲ့ အချိုပွဲတစ်မျိူးလေ၊ အရသာလေးက ချိုပြီး လျှာပေါ်တင်လိုက်ရင်လည်လုံးဝအရသာရှိတယ်ဗျ”
စတိုးဆိုင်ပိုင်ရှင်က ဆင်စွယ်ရောင် ရှည်မြောမြော ဆန်ကိတ်မုန့်လေးကို ကပ်ကြေးရှည်ဖြင့် ညှပ်လိုက်သည်။ ကိုရီးယားတွင် ဝင်ခွင့်စာမေးပွဲဖြေခါနီး မဟားတရားရောင်းရသော မုန့်လေးနှင့်ပင် တူသည်။
ယောလ်တစ်ယောက် သူယခင်က စားဖူးသည့် မုန့်အချိုလေးကို တရင်းတနှီးကြည့်နေမိသည်။ အဘယ်ကြောင့်ဆိုသော် သူ့အား အမြဲတမ်း အာရုံနောက် အနိုင်ကျင့်နေသော မိုက်ကီရယ့်အား လက်စားပြန်ချေနိုင်မည့် နည်းလမ်းတစ်ခုတွေ့လေပြီ။
“မိုက်ကီရယ်”
“ဟင် ဘာလဲ”
“လီးပဲ”
“....”
“မိုက်ကီရယ် လီးပဲ ..လီးပဲ!”
(T/N: ဒီမှာလေ ကိုရီးယားလို tuffy (yeot) ဆိုတဲ့ မုန့် စားဖို့ ပြောတာကို eat tuffy ဆိုတာနဲ့ ဆဲတဲ့ စကားလုံး
엿먹어라(yeot meogeora) ဆိုတာနဲ့က အသံထွက်တူနေတာပါ)
မိုက်ကီရယ်တစ်ယောက် ‘yeot’ ဟူသည့်မုန့်ကို တစ်ခါမှ မကြားဖူးပေ။ ပုံမှန် သူဈေးထဲသို့ လာလေ့ရှိသော်လည်း ထိုကဲ့သို့ မုန့်အချိုများဘက်သို့ တစ်ခါမှပင် လှည့်မကြည့်ဖူးသည့်အပြင် စိတ်လည်းမဝင်စားပေ။ သူ့ရှေ့တည့်တည့်တွင် ချိုသောမုန့်များကို တခါမျှ မတွေ့ဖူးသည့်လူပင်။
သို့သော်လည်း ယောလ်ပြောလိုက်သည့် စကားသည် အဘယ်ကြောင့် ကြားရ အဆင်မပြေဖြစ်နေသည်ကို သူတွေးနေမိ၏။
ယောလ်၏ တခစ်ခစ်ရယ်သံကြောင့်လား သို့မဟုတ် ထိုရယ်သံတွင်ပါနေသော မဟုတ်မမှန်သည့် အခြားရည်ရွယ်ချက်များကြောင့်လား ဟု သူစဉ်းစားနေမိသည်။ ဒါမှမဟုတ် yeot ဆိုသော စကားလုံးကိုပင် သူ မနှစ်သက်သည်လား။
“မိုက်ကီရယ် လီးပဲ”
မိုက်ကီရယ်တစ်ယောက် စိတ်ရှုပ်နေချိန်တွင် ယောလ်က တခစ်ခစ်ရယ်နေလေသည်။
ဘာကြောင့်မှန်းမသိ မိုက်ကီရယ်တစ်ယောက် စိတ်အခြေအနေမကောင်းတော့ဘဲ တစ်ခုခုပြောတော့မည့် အချိန်တွင်
“ အာ ..ဝယ်သူ၊ အရှေ့တောင်အာရှ နိုင်ငံတွေမှာ “eat tuffy” ဆိုတဲ့ စကားကို သတိထားပြောရတယ်ဗျ၊ အဲဒါက ဆဲတဲ့သဘော သက်ရောက်တယ်ဗျ”
အလန့်တကြားဖြစ်သွားသည့် ဆိုင်ရှင်ခမျာ လက်နှစ်ဖက်လုံးကို ဝေ့ရမ်းကာ ရှင်းပြနေရှာသည်။ ဆိုင်ရှင်၏ရှင်းပြမှုကြောင့် ယောလ်ပုံစံက မဆင်မခြင် ပြောသည့် ပုံစံဖြစ်သွားသည်။
ဒီဝယ်သူကို ကြည့်ရတာ သိသိကြီးနဲ့ ပြောနေတဲ့ပုံပဲ။