Ch 2
Viewers 513

အခန်း(2)


 


ယင်ရိလျို အနည်းငယ်ကျင့်သားမရဖြစ်သွားရ၏။ လူငယ်၏ဘောင်းဘီမှ အဝတ်လျှော်အမွှေးဆီ၏ သင်းပျံ့သောရနံ့သည်က သူမနှာခေါင်းထဲကို ပျံ့လွင့်လာကာ  သူမအား မူးမော်သွားစေခဲ့သည်။


 


 


 သူမ၏နူးညံ့သောလက်သည်းလေးများသည် သတိမမူမိစွာဖြင့် အကြိမ်အနည်းငယ် ကုတ်ခြစ်မိလိုက်လေသည်။


 


 သူမအသိပြန်ဝင်လာပြီး ခေါင်းကို မော့ကြည့်လိုက်သည့်အခါ ကျင်းယန်က သူမကိုစိုက်ကြည့်နေကြောင်း တွေ့လိုက်ရ၏။ ထို့ကြောင့် ချက်ချင်းပင် သူမ၏လက်ဖဝါးလေးများကရပ်တန့်သွားခဲ့လေသည်။ 


 


နေပါဦး သူမက ဘယ်အရာကို သတိထားနေရတာလဲ။ 


 


ယခုချိန်၌ သူမသည်က ယုန်တစ်ကောင်သာ ဖြစ်ပေသည်။ 


 


အမှန်ပင် ကျင်းယန်သည်လည်စ မည်သည်အရာမှ လွဲမှားနေသည်ဟု မခံစားမိချေ။ ယုန်လေးသည် ယနေ့၌ အနည်းငယ်ဆိုးသွမ်းနေသည်ဟုသာ တွေးထင်မိခြင်းဖြစ်သည်။ 


 


သူ့၏လက်ချောင်းများဖြင့် ယုန်လေး၏ ဦးခေါင်းနဲ့ကျောအား ခပ်ဖွဖွ ပွတ်သပ်ပေးလိုက်ကာ အခြားလက်တစ်ဖက်ဖြင့် စားပွဲပေါ်ရှိ ဖုန်းကို ကောက်ယူလိုက်လေသည်။ 


 


ယင်ရိလျို၏ အမွှေးများ ထောင်သွားပါသော်လည်း သူမအား ပွတ်သပ်ပေးနေသည့် လက်ကြီးမှ လွတ်မြောက်ရန် နည်းလမ်းမရှိပေ။


 


 ဘာတုန်း သူမက တကယ့်ယုန်အစစ်တစ်ကောင် ဟုတ်မနေဘူးလေ။ 


 


နေပါဦး…အဲဒါက တစ်မျိုးလေး ခံစားလို့ကောင်သလိုပဲ……. 


 


သက်တောင့်သက်သာဖြစ်မှုကြောင့် သူမအနည်းငယ်ငြီးတွားသံလေး ပြုလိုက်စဉ် သူမ၏ အပေါ်ဘက်လူထံမှ ဖုန်းပြောသံကို ကိုကြားလိုက်ရသည်။ 


 


“ဒီတစ်ခေါက် ဘယ်နေရာကိုလျှောက်သွား နေပြန်ပြီလဲ?” 


 


ဖုန်းတစ်ဖက်မှ ရယ်မောနေသည့် မိန်းမငယ်လေး၏ အသံထွက်ပေါ်လာခဲ့သည်။ 


 


“ကော ၊ ကောဘာတွေပြောနေတာလဲ? အခု ညီမ အလုပ်ကြိုးစားနေတာပဲ မဟုတ်ဘူးလား? အရမ်းအထီးကျန်သလို ခံစားမနေပါနဲ့ ၊ မနက်ဖြန်ကျရင်  နှစ်သစ်ကူးအတွက် ညီမသေချာပေါက်အိမ်ပြန်လာမှာပါ” 


 


“အိမ်အကူတွေအားလုံးကို အားလပ်ရက်ယူပြီး နှစ်သစ်ကူးအတွက် အိမ်ပြန်ကျဖို့ရော  ပြောလိုက်ရဲ့လား…..” 


 


မိန်းကလေးက မေးလိုက်သည်။ 


 


ယင်ရိလျှိုက သူမခေါင်းထက် ရှိ လက်ဖဝါးကြီးကို ခေါင်းဖြင့်ပွတ်သပ်လိုက်ကာ ကျင်းရန်၌ ညီမငယ်တစ်ယောက်ရှိဖူးခဲ့ကြောင်းကို တွေးမိလိုက်သည်။ 


 


သို့ပေမယ့် အဘယ်ကြောင့် ဝတ္ထုထဲတွင် သူမအကြောင်း ဖော်ပြခြင်းမခံရသနည်း? 


 


ပျက်ကပ်နောက်ပိုင်း သူ ပေါ်လာချိန်တွင် အမြဲတစ်ကိုယ်တည်းသာ ဖြစ်နေခဲ့သည်။ သူ၏စွမ်းအားသည်ကာ ကောင်းကင်ကိုဖီဆန်နေပြီး ဇာတ်လိုက်နှင့်ဇာတ်လိုက်မကို သေသည်အထိ စီရင်နိုင်ကာ အထိန်းအကွပ် မဲ့ပေသည်။


 


 


ကြီးမြတ်သော အဓိကဇာတ်လိုက်ရောင်ခြည်ကြောင့်သာ မဟုတ်ပါက ကျင်းယန်ကြောင့် သူတို့အဆုံးသတ်သွားမည်မှာ ကြာလှနေလောက်ပြီဖြစ်သည်။ 


 


ထိုအခိုက်အတန့်၌ သူမအပေါ်မှ ထိုလူပြောသံကို ယင်ရိလျို ကြားလိုက်ရသည်။ 


 


“လမ်းသွားတာကို ဂရုစိုက်ဦး ခုတလောမြူတွေက တဖြည်းဖြည်းပိုပိုထူလာနေတယ်” 


 


မြူတွေ! 


 


ယင်ရိလျို ထိုဖြစ်ရပ်ကို ဝတ္ထုထဲတွင်ပြန်လည်စဥ်စားလိုက်သည်။ ပျက်ကပ်ကာလ စသည့်နေ့တွင် ကောင်းကင်တစ်ခုလုံး ထူထပ်သည့် မြူခိုးများဖြင့် ဖုံးလွှမ်းသွားခဲ့သည်။


 


 မြူခိုးများထဲတွင် သက်ရှိများက  စတင်ကာ သန္ဓေ‌စပြောင်းကြမည်ဖြစ်ပြီး မြူများ လွင့်ပျယ်သွားချိန်တွင်တေား ကမ္ဘာကြီးသည် အထက်အောက်ပြောင်းပြန် ဖြစ်နှင့်ပြီးသားဖြစ်သွားမည်ပင်။ 


 


ကျင်းယန်၏ခြေထောက်ပေါ်တွင်  သူမ၏နောက်ခြေကို အားပြုကာ မတ်တပ်ရပ်လိုက်ပြီး  ပြတင်းပေါက်အပြင်ဘက်ကို လှမ်းကြည့်လိုက်သည်။ 


 


 


မျှော်လင့်ထားသကဲ့သို့ပင် အပြင်ဘက်တွင် အဖြူရောင်မြူအုပ်ဖြင့် ဖုံးလွှမ်းခံထားရလေသည်။ မြူများကိုဖြတ်၍ သွေးကဲ့သို့ နီရဲနေသော မြူအုပ်အောက်ရှိ နေကို မြင်တွေ့လိုက်ရလေသည်။ 


 


ယင်ရိလျို ဗလာဖြစ်စွာစိုက်ကြည့်နေစဉ်မှာပင်  ပြတင်းပေါက် ဟထားရာနေရာလေးကို ဖြတ်သန်း၍အပြင်ဘက်ရှိ မြူများအခန်းထဲသို့ ဖြေးညှင်းစွာ ဝင်ရောက်လာခဲ့သည်။ 


 


ကျင်းယန်လည်း ထိုအချင်းအရာကို ခံစားမိပုံပေါ်သည်။ ဖုန်းကိုဆုပ်ကိုင်ထားလျှက် သူ၏ဝမ်းဗိုက်အား ပြင်းပြင်းထန်ထန်ဖိနှိမ့်လိုက်ကာ  ရုတ်တရက်ဆိုသလို သူ အသက်မရှုနိုင်တော့ချေ။ 


 


ဖုန်းခေါ်ဆိုမှုသည်လည်း မည်သည့်အချိန်တွင် ကျသွားသည်ကို မသိခဲ့ရပေ။ အခန်းသည်ကား ကြောက်မက်ဖွယ်ကောင်းအောင် ငြိမ်သက်သွားခဲ့သည်။ 


 


ချက်ချင်းဆိုသလို ယင်ရိလျိုျစ်ယောက် ပျက်ကပ်နေ့သည် စတင်နေနှင့်ပြီကို သိလိုက်ရ၏။


 


 


အံ့သြစရာမရှိပါချေ။ ဖုန်းကစပီကာ မဖွင့်ထားတာတောင် သူမအဘယ်ကြောင့် စကားပြောမှုကိုကြားနေနိုင်ရသနည်းဟု တွေးနေမိခြင်းပင်။ 


 


ကြည့်ရသည်မှာ သူမ၏ခန္ဓာကိုယ်သည်ကား သန္ဓေပြောင်းစပြုနှင့်ပြီးသားဖြစ်ပုံရ၏။ 


 


ထိုအခိုက်အတန့်၌ သူမ နူးညံ့ကာ တုန်ရီနေသည့် အသံတစ်ခုကိုကြားလိုက်ရသည်။ သူမ၏ ခေါင်းကိုမော့ကြည့်လိုက်သည့်အခါ  စားပွဲပေါ်ရှိ ငါးကန်မှာ လှုပ်ရှားနေသည်ကို တွေ့လိုက်ရ၏။ 


 


 


အတွင်းမှ အပူပိုင်းဇုန် ငါးများသည်ကား ဖန်သားပြင်ကို ကြမ်းကြမ်းတမ်းတမ်း ဝင်တိုက်နေကြကာ  သူတို့၏ခန္ဓာကိုယ်များသည်လည်း နှစ်ဆနီးပါး ကြီးထွားလာကြသည်။ 


 


ငါးကန်ကွဲသွားချိန်တွင် ယင်ရိလျို၏ နှလုံးသားမှာ ရင်ဘက်ထဲမှခုန်ထွက်လာလုနီးပါးပင်။


 


 


 အနှေးပြကွက်သကဲ့သို့ ဖန်သားပြင်ကို ငါးဝတုတ်ကြီးက ခွဲလိုက်ပြီး  အမြီးကို ကျင်းယန်ဆီသို့ လွှဲယမ်းလိုက်သည်ကို ကြည့်နေခဲ့မိသည်။


 


 ငါး၏ပါးစပ်သည်ကား ချွန်ထက်သန်စွမ်းသည့် သွားများနှင့်ပြည့်နှက်နေ၏။သူမ များများစားစား မတွေးရသေးခင်မှာတင်  ခုန်ထွက်လိုက်သော ငါးကို သူမ၏ ပန်းနုရောင်လက်ဝါးလေး ဖြင့် အကြင်နာမဲ့စွာရိုက်ချလိုက်၏။


 


 


 “ဘမ်း” ဆိုသော မြည်သံကိုကြားလိုက်ရကာ ကြောက်မက်ဖွယ်သဏ္ဍာန်ရှိသော ငါးဝတုတ်ကြီးက လွင့်ထွက်သွားခဲ့သည်။ 


 


ထိုအရာသည်ကား ကြမ်းပြင်ပေါ် ပြုတ်ကျသွားကာ လှုပ်ရှားမှုလုံးလုံးမရပ်ဆဲခင်၌ နှစ်ကြိမ်ခန့်လှုပ်ရှားသွားသေးသည်။ 


 


ယင်ရိလျိုအံ့အားသင့်သွား၏။


 


 သူမ၏ယုန်လက်ဝါးကို အရှေ့သို့တအံ့တဩ မြှောက်ကြည့်လိုက်ကာ ဤလက်ဖဝါးလေးဖြင့် ထိုကဲ့သို့ ဖြစ်အောင် ပြုလုပ်လိုက်မိသည်လားဟု တွေးတောနေခဲ့၏။ 


 


ထို့နောက်တွင် သူမ ပျော်ရွှင်စွာ ဟစ်ကြွေးလိုက်သည်။ သူမသာ ဤမျှသန်မာပါက ပျက်ကပ်နေ့များတွင် မည်သည်ကိုကြောက်စရာလိုလိမ့်မည်နည်း ။


 


သူမ ဂုဏ်ယူစွာအော်လိုက်ရင်းဖြင့် ကျင်းရန်၏ပေါင်ပေါ်တွင် လျှောက်ပတ်ခုန်လိုက်သည်။ 


 


ရွှေပေါင်လုံးကြီး! ကျွန်မ ရှင့်ကိုကာကွယ်ပေးမယ်! 


 


သူမ မော့ကြည့်လိုက်သည့်အခါ မူလဖြူဖက်ဖြူရော် ဖြစ်နေသည့်လူသည်ကား ယခုအချိန်၌ ပိုမိုဖြူဖျော့သွားသည်ကို တွေ့လိုက်ရ၏။


 


 သူ့ခန္ဓာကိုယ်ရှိ ကြွက်သားများ အားလုံးသည်လည်း တောင့်တင်းနေခဲ့သည်။ ယင်ရိလျိုသည် သူမ၏ အောက်ဘက်မှ ပေါင်တံများ မရပ်မနားတုန်ရီနေသည်ကို ခံစားလိုက်ရကာ သထိတ်လန့်သွားသည်။ 


 


ဘာတွေဖြစ်နေတာလဲ ကျင်းရန်ကသန္ဓေပြောင်းနေတာလား? 


 


သူမ၏ခန့်မှန်းချက် မှန်ကန်ပေသည်။ 


 


ကောင်းကင်တွင် ကာဆီးနေသည့် ထူထပ်သည့်မြူလွှာသည်ကား လက်ရှိတွင် ကမ္ဘာတစ်ခုလုံးကို လွှမ်းခြုံနေခဲ့သည်။


 


 ဤအခိုက်အတန့်တွင် ကောင်းကင်ယံမှာ မြူလွှာ၏နောက်တွင် လှောင်ပိတ်ခြင်းခံထားရကာ ဂြိုလ်ထုများမှတစ်ဆင့် ယခုကမ္ဘာ၏ဓာတ်ပုံကိုရိုက်ယူပါက ကမ္ဘာတစ်ခုလုံးသည်အဖြူရောင် ဖြစ်နေမည်သာ။ 


 


 


ဆက်သွယ်ရေးလိုင်းများသည်လည်း မြူကြောင့် ဖြတ်ခံထားရ၏။ လျှပ်စစ် စွမ်းဆောင်ရည်များက လဲပြိုစပြုလာပြီး တစ်ချိန်တည်းလိုလို မြူထုထဲရှိ သက်ရှိများသည်လည်း  သန္ဓေပြောင်းစပြုလာကြသည်။ 


 


ပထမအဆင့် သန္ဓေပြောင်းသွားသည်မှာ အပင်များနှင့် တိရစ္ဆာန်များဖြစ်သည်။


 


 အင်းဆက်များက မရပ်မနား ငိုကြွေးမြည်တမ်းနေကြပြီး  သဘာဝအပင်များသည်လည်း အရိုင်းစိတ်ဝင်ကုန်ကြ၏။ 


 


နှစ်သစ်ကူးကိုဆင်နွှဲရန် အိမ်ကိုဦးတည်နေကြသော လူသားများသည်ကား ၎င်းအခြေအနေကိုသတိမမူမိကြပေ။ 


 


မြူများ၏အလယ်တွင် သူတို့၏ဖုန်းကိုနှိပ်နေရင်း လိုင်းပြတ်တောက်မှုအား စောတက တက်နေခဲ့ကြသည်။ 


 


ကျယ်လောင်သည့် လဲပြိုကျသံ သံထွက်လာပြီးနောက်  ကျင်းယန်သည်ကား ကြမ်းပြင်ပေါ် ကျသွားကာသူ၏ခန္ဓာကိုယ်သည်လည်း  ကွေးညွတ်သွားခဲ့လေသည်။ 


 


ယင်ရိလျို အလွန်အမင်း စိုးရိမ်ပူပန် သွားပါသော်လည်း သူမ၏အာရုံငါးပါးသည် လက်ရှိတွင် လျှင်မြန်သည့်သန္ဓေပြောင်းခြင်းကို ကြုံတွေ့နေရသည်။ 


 


သူမ၏ပန်းနုရောင်လက်ဖဝါးအား ကျင်းယန်၏ အရေပြားပေါ်တွင် တင်ကြည့်လိုက်သည့်အခါ ယုန်တစ်ကောင်ကို ကင်နိုင်လောက်သည်အထိ ပူသော အပူချိန်ကိုခံစားလိုက်ရသည်။ 


 


ကျင်းရန်သည်လည်း သန္ဓေပြောင်းရန်စတင်နေပြီပင်။ သူ၏သန္ဓေပြောင်းမှုသည် မည်မျှကြာမည်ကို မည်သူမှမသိချေ။ 


 


ယင်ရိလျို ယခင်ကများစွာသောပျက်ကပ် ရုပ်ရှင်များကို ကြည့်ခဲ့ ဖူးသည်။ အကယ်၍ လူမှုကွန်ယက် ပျက်စီးသွားခဲ့ပါက ဥပဒေနှင့် အကျင့်သိက္ခာဟုခေါ်သော ကန့်သတ်ချက်တွေသည်လည်း ပြိုကျသွားလိမ့်မည်ပင်။


 


 အရာအာလုံး အရှုပ်အထွေး တစ်ခု ဖြစ်လာလိမ့်မည်။ 


 


ကျင်းရန် တစ်ကိုယ်တည်း အထီးကျန်နေခဲ့ရသည်။ သူ ၇ ရက်မှ ၈ ရက်လောက်အထိ အိပ်ပျော်နေပါက ထိုအတောအတွင်း တစ်စုံတစ်ယောက်ဝင်လာမည် မဝင်လာမည်ကို မည်သူသိနိုင်ပါမည်နည်း။ 


 


ဤအတွေး ဝင်လာပြီးနောက် ယင်ရိလျိုသည် ဤအခန်းမှာ လုံလုံလောက်လောက် မလုံခြုံဟုခံစားရလေသည်။ 


 


သူမ ပြတင်းပေါက်ပေါ်သို့ တစ်ချက်ခုန်တက်လိုက်သည်။


 


 သူမ၏ခြေထောက်ခွန်အား အပေါ်ကို အံ့ဩသင့်နေရန် အချိန်မရှိပေ။ သူမခုန်လိုက်ပြီးနောက်  ပြတင်းပေါက်လက်ကိုင်ကိုလှည့်လိုက်ပြီး အခြေအနေကိုဦးစွာ စူးစမ်းကြည့်ရန်အတွက် အပြင်ထွက်ချင်ခဲ့သည်။ 


 


သူမ အပြင်ဘက်သို့ ခြေချလိုက်ချိန်တွင် မြူအုပ်သည်က ပို၍ပင်ဖုံးလွှမ်းလာလေသည်။ အဖြူရောင် နှင်းတောထဲသို့ သူမ ခက်ခက်ခဲခဲခြေချလိုက်ရသကဲ့သို့ပင်။ 


 


ယင်ရိလျို သူမ၏နှလုံးခုန်သံ လျှင်မြန်လာသည်ကို ခံစားမိ၏။ ကြည့်ရသည်မှာ ဤအဖြူရောင်မြူအုပ်သည်ကား သန္ဓေပြောင်းရန်အတွက်သာ ဖြစ်ပေါ်လာသည့် ပုံပေါ်သည်။ 


 


အစပိုင်း၌ သူမ မည်သည်အရာကိုမှရှင်းရှင်းလင်းလင်း မမြင်ရပေ။ သို့သော်လည်း ဖြည်းဖြည်းချင်းဖြင့် သူမ၏အမြင်အာရုံသည် ပို၍ ပို၍ရှင်းလင်းလာကာ မည်သည့်အရာကမှ ဟန့်တားထားခြင်း မရှိသကဲ့သို့ ကြည်လင်စွာ။ 


 


သူမ၏မျက်လုံးများမှာ အဖြူရောင်မြူထုကြောင့် လျှင်မြန်စွာသန္ဓေပြောင်းသွားသည်ကိုသိ၏။


 


 သို့သော်လည်း ၎င်းမှာကောင်းမွန်သည့် အရာပင် ဖြစ်ပေသည်။ 


 


ယင်ရိလျိုသတိကြီးကြီးဖြင့် လှုပ်ရှားနေရင်း  ကျင်းယန်၏အိမ်သည်ကား ကြောက်ခမန်းလိလိကြီးမားကြောင်း  ရှာတွေ့သွားခဲ့ရသည်။ ဗီလာတစ်ဝိုက်တွင် တောင်အတုတစ်ခုနှင့် လူလုပ်ရေကန်တစ်ခုပင် အမှန်တကယ်ရှိနေခဲ့သည်။သူမ တံတားပေါ်ကိုခုန်တက်လိုက်ကာ အောက်ဘက်သို့ငုံ့ကြည့်လိုက်သည်။ မျှော်လင့်ထားသကဲ့သို့ ရေကန်ထဲမှရွှေရောင်ငါးအားလုံးသည်လည်း သူတို့၏ပင်ကိုစရိုက်နှင့်အတူ ရက်စက်မှုတို့ ပေါ်ပေါက်လာကာ အရွယ်အစားများလည်း အဆမတန် ကြီးမားလာကြသည်။ 


 


တောင်အတု၏နောက်တွင် မြေအောက်ခန်းသို့ ဝင်ပေါက်ကိုသူမရှာတွေ့သွားခဲ့သည်။ ချက်ချင်းဆိုသလို ကျင်းယန်အား ဤနေရာတွင် ဖွက်ထားရန် တွေးလိုက်မိသည်။


 


 ဤနည်းလမ်းဖြင့် တစ်စုံတစ်ယောက်အိမ်ထဲသို့ ဖောက်ဝင်လာလျှင်တောင်မှ ဤနေရာတွင်တစ်စုံတစ်ယောက် ပုန်းနေသေးသည်ကို သူတို့သိတော့မည်မဟုတ်ပေ။ 


 


 


*