အခန်း(3)
ယင်ရိလျိုတွေးတောစဥ်းစားပြီးသည့်နောက်တွင် ဤသို့ဆုံးဖြတ်လိုက်လေသည်။
ယင်ရိလျိုက သူမ၏ရှေ့လက်ဖဝါးကို မြေအောက်ခန်းတံခါးပေါ်တွင် တင်လိုက်ပြီး နောက်ခြေဖြင့်
ကန်ဖွင့်လိုက်သည့်အတွက် မြေအောက်ခန်းတံခါးပွင့်သွားလေသည်။
မြေအောက်ခန်းထဲမှ ထွက်လာခဲ့သည့် မီးခိုရောင်ဖုန်မှုန့်များသည်ကာ့ သူမ၏ မူရင်းအဖြူရောင်အမွှေးပေါ်တွင် ပေစွန်းကုန်လေသည်။
သူမအချိန်မဆွဲဝံ့ချေ။
ချက်ချင်းပင် အခန်းထဲသို့ ပြန်လည် ခုန်ပြေးသွားလိုက်သည်။ ထိုအခိုက်အတန့်တွင် ကျင်းယန်သည်ကား ကိုမာအတွင်းသို့ လုံးဝပင် ကျရောက်နေကာ မည်သူမဆို သူ့ကိုစိတ်တိုင်းကျပြုမူလို့ ရန်နိုင်စေလောက်အောင် အနှောင့်အယှက်ကင်းကင်း ဖြင့်ရှိနေသည်။ သူမ ထိုလူငယ်၏ကော်လံကိုကိုက်ပြီး အပြင်ကို ဆွဲထုတ်လိုက်သည်။
တစ်စုံတစ်ယောက်သာ ဤမြင်ကွင်းကို မျက်မြင်တွေ့လိုက်ရပါက အလွန်ရယ်ချင်စရာကောင်းကြောင်း ရှာတွေ့မည်မှာ အသေအချာပင်။
အရွယ်ရောက်နေသည် အမျိုးသားတစ်ယောက်သည် သူ၏ခေါင်းလောက်တောင်မရှိသော ယုန်
တစ်ကောင်၏ တရွတ်တိုက်ဆွဲသွားသည်ကိုခံနေရပြီး ယုန်သည်ကား သူ့အား အပြင်ဘက်သို့ ကိုးယိုးကားယားနိုင်စွာ သယ်ထုတ်နေခဲ့သည်။
ကျင်းယန်အား တောင်အတု၏ အနောက်ထဲသို့ ဆွဲခေါ်လာရင်းဖြင့် ယင်ရိလျို စိတ်သက်သာရာရစွာ သက်ပြင်းတစ်ချက်ချလိုက်သည်။
ကျေးဇူးတင် စရာကောင်းစွာဖြင့် သူမ၏သွားများသည်က ကြံ့ခိုင်သန်စွမ်းသည်အထိ ဖွံ့ဖြိုးနေသလို မြေအောက်ခန်းသည်လည်း သိပ်ပြီးမနက်လှပါချေ။
သို့သော်လည်း သူမလှေကားထစ်၏နောက်ဆုံးအထစ်သို့ရောက်ချိန်တွင် ကျင်းရန်၏တစ်ကိုယ်လုံး၌ အညစ်အကြေများဖြင့် ဖုံးလွှမ်းနေကာ သူ့၏ မျက်ခုံးများသည်လည်း သက်တောင့်သက်သာမဖြစ်မှုကြောင့် တွန့်ချိုးနေခဲ့သည်။
ကျင်းရန်ကိုကြည့်လိုက်သည့်အခိုက်တွင် ယင်ရိလျိုတစ်ယောက်
အနည်းငယ်အပြစ်ရှိသကဲ့သို့ခံစားလိုက်ရသည်။
ထိုလူ၏ချောမောလှသည့်မျက်နှာလေး၌ ချွေးများဖြင့်ဖုံးလွှမ်းနေခဲ့ပာအသက်ရှင်လျှက် မီးလောင်တိုက်သွင်းခံနေရသကဲ့သို့ ဖြစ်နေခဲ့သည်ကို တွေ့လိုက်ရချေသည်။
ထိုအချင်းအရာကို ကူညီနိုင်စွမ်း အလျင်းမရှိပေ။ ထို့ကြောင့် ကျင်းရန်သတစ်ယောက် ရေဓာတ်ခမ်းခြောက်မှုကြောင့် မသေစေရန်အတွက်သာ သူမ တွက်ချက်လိုက်ရလေ၏ ။ သူမသူ့ကို စားသောက်ရန် တစ်စုံတစ်ရာကို ရှာပေးသင့်ပေသည်။
ရွှေပေါင်လုံးကြီး.. အာ၊ ရွှေပေါင်လုံးကြီးရေ ၊ ကျေးဇူးပြုပြီး ကောင်းကောင်းသန္ဓေပြောင်းပြီး မသေပါနဲ့!
ရှင်နဲ့အတူပျက်ကပ်နေ့တွေမှာ လဲလျောင်းအနိုင်ယူဖို့ ကျွန်မ စောင့်နေသေးတယ်လို့!
ယင်ရိလျိုသည် ကျင်းယန်အား မြေအောက်ခန်းထဲသို့ တရွတ်တိုက်ဆွဲလာချိန်တွင် မှောင်မည်းနေသာ မြေအောက်ခန်းထဲရှိ အင်းစက်အချို့က သန္ဓေပြောင်းနှင့်ပြီးသားဖြစ်နေသည်။
မြေအောက်ခန်းသည်ကား အစားအသောက်
သိုလှောင်ရန်အတွက် အဆင်ပြေသောကြောင့် အစိုဓာတ်စုပ်ယူသောပစ္စည်းနှင့် ပိုးသတ်ဆေးအထုပ်များအား အခန်း၏နေရာတိုင်းတွင်နေရာချထားသည်။
ဤနည်းအားဖြင့် မြေအောက်ခန်းတွင် ခြင်များနေရာအနှံ့ဝင်ရောက်နေသောအဖြစ်မျိုး မရှိနိုင်တော့ချေ။
ယခု ယင်ရိလျို၏အမြင်အာရုံသည် အလွန်အမင်းစူးရှနေကာ ပတ်ဝန်းကျင်အမှောင်ထဲရှိ ပုပ်သိုးနေသော ပန်းဂေါ်ဖီအချို့ကိုပင် သူမ အတိအကျဖော်ထုတ်နိုင်လေသည်။ ပန်းဂေါ်ဖီပုပ်များထဲတွင် လက်ချောင်းအရွယ်ရှိ ပေါက်ဖက်ကြီးများပ တွန့်လိမ်တွန့်လိမ်သွားလာနေကြ၏။
သူတို့၏ဝတုတ်တုတ်ခန္ဓာကိုယ်ကြီးများကို မြှောက်လိုက်သည့်အခါတွင် ချွန်ထက်သည့်သွားအတန်းလိုက်ကိုပင် မြင်နိုင်သည်။
သူမ ရွံရှာမှုကိုဖိနှိပ်လိုက်ကာ သူမ၏လက်ဖဝါးကို ပိုးကောင်တွေ ခြေမွရန် အသုံးပြုလိုက်ရသည်။
ထို့နောက် ကျင်းယန်အတွက် နေရာပြုလုပ်ရန် သူမ၏နောက်ခြေပေါ်တွင် ရပ်လိုက်ကာ သူမ၏ပုပြီး ဝဖြိုးသည့်ခန္ဓာကိုယ်ဖြင့် မြေအောက်ခန်းထဲမှ ပစ္စည်းများကို ထောင့်တစ်ထောင့်သို့တွန်းပို့လိုက်လေသည်။
ညနေစောင်းလာချိန်တွင် ကောင်းကင်သည်ကား စတင်မှောင်လာပြီး လေထဲတွင်လှည့်ပတ်နေသည့် မြူများသည်လည်း တစ်ဖြည်းဖြည်းလွင့်ပြယ်စပြုလာသည်။
ကျင်းမိသားစုဗီလာသည်က မြို့ဆင်ခြေဖုံးတွင်တည်ရှိပြီး ထိုပတ်ပတ်လည်မြေသည် သူတို့ခြံမြေ၏ကိုယ်ပိုင်ပိုင်ဆိုင်မှုဖြစ်သောကြောင့် အပြင်လူများဖြတ်သွားသည်ကို မြင်ရရန်မှာ အလွန်ရှားပါးလှပေသည်။
နှစ်သစ်ကူးနှင့် နီးနေသည့်အတွက် ကျင်းယန်က အိမ်အကူများအား နှစ်သစ်ကူးအတွက် အနားပေးခဲ့သည်။ ဤသို့ဖြင့် ဗီလာသည်ပို၍ လစ်လပ်ကာ တိတ်ဆိတ်သွားခဲ့သည်။
မြူခိုးများလွင့်ပျယ်သွားသည့်အခါ သွေးနီရောင်လခြမ်းကွေးသည် ကောင်းကင်တွင် ထင်းထွက်နေပြီး ထိတ်လန့်ခြောက်ခြားဖွယ်ရာလေထုကိုဖန်တီးနေလေသည်။
ဤအခိုက်အတန့်တွင် ကျင်းမိသားစု၏နောက်ဖေးဝင်းထဲမှ တောင်အတုနောက်တွင် အဖျားချွန်ချွန် အမွှေးထူသည့်
နားရွက်တစ်စုံထွက်လာသည်။
ထိုအရာသည် အနည်းငယ် တုန်ရီသွားပြီးနောက် ယုန်ခေါင်း တစ်ခေါင်းက ဆန့်ထွက်လာပြန်၏။ ထိုယုန်သည်က သူ၏ပန်းနုရောင်နှာခေါင်းရှုပ်တွ၍ မြေအောက်ခန်းမှ ခုန်ထွက်လာခဲ့သည်။
ထိုယုန်သားရဲတို့သည်သာမန်သားရဲနှင့်မတူပေ။ မျက်လုံးများသည်ကား အလွန်အသက်ဝင်ကာ ပတ်ပတ်လည်ကိုကြည့်နေခဲ့သည်။
အနီးအနားတွင် တစ်ယောက်မှ မရှိသည်ကိုသေချာအောင်လုပ်ပြီးသည့်အခါ အနီးအနားရှိ ဗီလာကိုဦးတည်ကာ အလျှင်အမြန်ခုန်သွားလိုက်သည်။ထိုယုန်သည်ကား အတိအကျပင် ယင်ရိလျှိုဖြစ်သည်။ သူမက ကျင်းယန်၏အပူချိန်ကို လျော့ချရန်
အတွက် နည်းလမ်းများ ရှာဖွေရန် ဗီလာဆီသို့ ဦးတည်နေခြင်းပင်။
ကျင်းယန်ကိုမြေအောက်ခန်းဆီသို့ ရွေ့ပြောင်းပြီးကတည်းက ကျင်းယန်သည်က ဆက်တိုက်ဆိုသလို အဖျားတက်ကာ ပို၍ပင် အဖျားပြင်းလာလေသည်။
သူ၏ခန္ဓာကိုယ်တစ်ခုလုံးသည်က အရည်ကျိုထားသောသတ္တုတစ်တုံးကဲ့သို့ ဆူပွက်နေသည်။
မူလက သူမအနေဖြင့် အလွန်စိုးရိမ်မနေဘဲ ဤသည်မှာသန္ဓေပြောင်းသည့်အခါ ပုံမှန်တုန့်ပြန့်မှုတစ်ခုဟု ထင်ခဲ့သည်။
အခြေအနေက ပို၍ ဆိုးလာလိမ့်မည်ကို ဘယ်သူသိမည်နည်း။ မြေအောက်ခန်းကိုရှင်းလင်းပြီးနောက် ကျင်းယန်ကိုထပ်ကြည့်လိုက်သည့်အခါ သူ၏ချောမောသည့်မျက်နှာသည် အဖျားကြောင့်ရဲနေပြီး သူ့နှုတ်ခမ်းသည်လည်း သွေးရောင်မရှိဘဲ ဖြူဖက်ဖြူရော်ဖြင့် အက်ကွဲနေခဲ့သည်။
ထိုအရာကို မြင်ပြီးနောက် သူမသည် ထိုင်မနေနိုင်တော့ပေ။
ဇာတ်ကြောင်မစခင်မှာတင် ဗီလိန်သည် အဖျားဒဏ်ကြောင့် ရူးကြောင်ကြောင်ဖြစ်သွားမည်ကိုစိုးရိမ်သောကြောင့် ကျင်းယန်၏အပူချိန်ကိုလျှော့ချရန် နည်းလမ်းများရှာနိုင်ရန်အတွက် အပြင်ကိုအရဲစွန့်ထွက်သည့်တာဝန်ကိုသာလျှင် လုပ်ဆောင်နိုင်လေသည်။
နောက်ဖေးဝင်းထဲရှိ တောင်အတုသည် ဗီလာနှင့်အတော်လေး ဝေးသောနေရာတွင်ရှိလေသည်။ သူမပတ်လည်ရှိ သဘာဝပေါက်ပင်များသည်လည်း နေ့ခင်းနဲ့ယှဥ်ပါကအနည်းငယ်ပိုရှည်လာသည့်ပုံပေါ်ပြီး သူမ၏မြင်ကွင်းကို ကာဆီးနေသည်။
တခြားသက်ရှိအားလုံးက သန္ဓေပြောင်းခြင်းကို ကျော်ဖြတ်၍ ကြံ့ခိုင်သန်စွမ်းသော ရုပ်ပိုင်းဆိုင်ရာများကို ရရှိကုန်ကြသည်။ သူမက ကူးပြောင်းလာသူဖြစ်သောကြောင့် ဖြစ်ကောင်းဖြစ်နိုင်သည်။ သူမ၏ယုန်ခန္ဓာကိုယ်အရွယ်အစားသည်က လုံးဝကိုပြောင်းလဲမသွားပေ။
မြေအောက်ခန်းထဲမှ ပိုးကောင်တွေများမှ သူမလက်ဝါးတစ်ဝက်၏အရွယ်အစားလောက် ရှိသည်။ ထိုသည်မှာ သူမကို အဆုံးစွန်အထိ ရွံရှာစေခဲ့သည်။
ယင်ရိလျိုတစ်ယောကင သူမပြေးနေရင်း သူမခြေထောက်များအောက်မှ မြေပြင်ကို အာရုံမစိုက်ခဲ့ပေ။ ရုတ်တရက် သူမ၏ခြေလက်ဝါးထက်မှ ရှရာတစ်ခု နှင့်အတူ စူးရှသည့်နာကျင်မှုတစ်ခုကိုခံစားလိုက်ရသည့်အတွက် လရောင်ကိုအသုံးပြု၍ သူမလက်ဝါးကိုကြည့်လိုက်သည်။
သူမ၏ပန်းရောင်လက်ဝါးတွင် ပါးလျသည်ရှရာတစ်ခုအမှန်ပင် ရှိနေ၏။ အနီရောင်လိုင်းတစ်ခုက ဒဏ်ရာမှ တစ်စက်ချင်းကျသွားသည်။
သူမငုံ့ကြည့်လိုက်သည့်အခါ မြက်များ၏အစွန်းများသည် ချွန်ထက်သည့်သွားအတန်းလိုက်ကဲ့သို့ မညီမညာချွန်တက်နေသည် ကိုတွေ့လိုက်ရသည်။
သူမသတိကပ်သွားခဲ့သည်။
ယုန်သွေးအနည်းငယ်က ထောင်မက်နေသောမြက်ပေါ်တွင် ကျဆင်းသွားပြီး အကြွင်းအကျန်တစ်စက်မှ မကျန်ခဲ့ဘဲ ပျောက်သွားလေသည်။
ဤသည်မှာ မြက်များသည်ကား လူတိုင်း တက်နင်းနိုင်သော ဘေးမရှိသည့်သဘာဝပေါက်ပင်သက်သက် မဟုတ်တောာကြောင်းကို ညွှန်ပြနေသည်။
သူတို့က လူများစိတ်ကူးယဥ်ပုံဖော်နိုင်သည်ထက် ပို၍တောင် သွေးဆာနေခြင်းဖြစ်နိုင်သည်။
ယင်ရိလျိုသည်ကား ဒဏ်ရာရသည့်လက်ဝါးကို သူမ၏ ပွင့်ချပ်သုံးခုပါးစပ်ဆီသို့ ကပ်လိုက်လေသည်။
ဒဏ်ရာကိုလျှက်ရန်အတိက် သူမ၏ နူးညံ့သည့်လျှာကိုအသုံးပြုလိုက်၏။ ကြေးနီအရသာသည်က သူမ၏ပါးစပ်အတွင်း ပျံ့နှံ့သွားခဲ့သည်။
သူမ ဗီလာကို အခက်အခဲများစွာဖြင့် ရောက်လာပြီးနောက် သူမ၏လက်တွင်ရှိသည့် ဒဏ်ရာသည်က သွေးထွက်ရပ်သွားနှင့်ပြီဖြစ်သည်။
ဗီလာ၏အတွင်းပိုင်းတွင် မည်သည်မီးမှမဖွင့်ထားတာကြောင့် မှောင်မည်းနေပြီး ပြတင်းပေါက်အပြင်ဘက်မှ ဖြတ်သန်းတောက်ပနေသော ငွေမှင်ရောင်
လရောင်သာရှိနေပေ၏။
သူမက မည်သည်မီးကိုမှမဖွင့်ရဲပေ။ မလိုလားအပ်သည့် အာရုံစူးစိုက်မှုကို ဆွဲဆောင်မိမည်ကိုကြောက်ရွံလေသည်။
မည်သည့်နှုန်းနှင့်မဆို ၊ယခု မည်သည့်နည်းဖြင့်ဖြစ်စေ မီးများကအလုပ်မလုပ်နေသင့်ပေ။
သူမ၏ခေါင်းကိုသာပင့်လိုက်ပြီး ဗီလာထဲမှသူမလိုအပ်သည့် အရာများကိုရှာလိုက်သည်။
မီးဖိုချောင်ထဲမှ ရေခဲသေတ္တာသည်လည်း ဓာတ်အားပြတ်တောက်နှင့်ပြီးသားဖြစ်၏။ ရေခဲခန်းတံခါးကို ဖွင့်လိုက်သည့်အချိန်တွင် ရေခဲရေများက အတန်းလိုက် စီးကျလာခဲ့သည်။ ယင်ရိလျိုသည်က ဗီရိုမှ မျက်နှာသစ်ခွက်တစ်လုံးကိုယူလာပြီး ရေခဲခန်းထဲမှပျော်နေသာရေခဲတစ်စိတ်တစ်ပိုင်းကို ထည့်လိုက်သည်။
ထို့နောက် ဗီလာထဲမှ မျက်နှာသုတ်ပဝါတစ်ချို့ကို စုဆောင်းလိုက်သည်။ ထိုအရာအားလုံးကို ခွက်ထဲတွင် နေရာချပြီးနောက် သူမ၏စုဆောင်းထားမှုများအား မြေအောက်ခန်းဆီသို့ တရွတ်တိုက်ဆွဲလာလိုက်ပြန်သည်။
မြေအောက်ခန်းသည်က အပြင်ဘက်ထက် ပို၍မှောင်နေ၏။ ကျေးဇူးတင်စရာကောင်းစွာဖြင့် ယင်ရိလျိုတွင် အလွန်သန်မာသောအမြင်အာရုံရှိသည်။
ယင်းရိလျို ကျင်းယန်၏ဘေးသို့ ခုန်သွားလိုက်ပြီး ကျင်းယန်၏နဖူးကိုထိရန် သူမ၏နူးညံ့သည့်လက်ဝါးကို အသုံးပြုလိုက်သည်။
သူမ ပျော်နေသော ရေခဲ၏တစ်စိတ်တစ်ပိုင်းယူကာ ပုဝါထဲတွင်ပတ်၍ ကျင်းယန်၏ပါးကိုကပ်လိုက်သည်။
သူမ လက်ဖဝါးရှိ ဒဏ်ရာသည်က ရေခဲ၏အပူချိန်နိမ့်နိမ့်ကြောင့် ထုံထိုင်းလာခဲ့သည်။
ကျင်းယန်၏မျက်နာ အနီရောင်လျော့လာသည့်အချိန်တွင် ယင်ရိလျိုက သူမ၏လက်ဖဝါးလေးများကို ရေခဲရေအချို့ခပ်ယူရန်အသုံးပြုလိုက်သည်။
အေးစက်သည့်ရေများက ကျင်းယန်၏နှုတ်ခမ်းပေါ်သိုတစ်စက်ပြီးတစ်စက်စီးကျလာပြီး သူ၏ပါးစပ်ထဲသို့ ဝင်သွားခဲ့လေသည်။ဤသို့ဖြင့် ၎င်းအတိုင်း ကျင်းယန်၏ပါးနှင့် နဖူးမှအပူချိန်အနည်းငယ်မလျော့ခင်အထိ အကြိမ်ရေအချို့ ထပ်ခါထပ်ထပ်ခါလုပ်ဆောင်ခဲ့သည်။
ယင်ရိလျို မောပန်းသွားခဲ့သည်။
သူမ၏ပျော့ပြောင်းနူးညံ့သောခန္ဓာကိုယ်လေးက ကျင်းယန်၏လက်မောင်းဘေးတွင် ကျုံ့ကျုံ့ကာ လဲလျောင်းလိုက်သည့်အချိန်တွင် အဖြူရောင်အမွှေးလုံးတစ်ခုနှင့် ပြီးပြည့်စုံစွာ ဆင်တူနေလေသည်။
သူမ၏ ဤယုန်ခန္ဓာကိုယ်သည်က အမှန်တကယ်ပင် အလွန်မသင့်လျော်ပေ။ သူမ၏သေးငယ်သော ယုန်လက်များဖြင့်ဆိုလျှင် သူမက တစ်ကြိမ်ကို ရေနှစ်စက်လောက် သယ်ဆောင်နိုင်ပါကပင် အလွန်ကောင်းလှပြီဟု ယူဆနိုင်သည်။
ကျင်းယန်ကတော့ ယခုအချိန်တွင်သက်တောင့်ဖြစ်သွားခဲ့သော်လည်း သူမကတော့ လှုပ်ရှားရန်တောင်မှ အလွန်ပင်ပန်းနေခဲ့ရသည်။
နူးညံ့သည့်အဖြူရောင်ယုန်လေးက သတိမကပ်သေးသောလူ၏လက်မောင်းကို မှီတွယ်ကာ လှဲနေလေသည်။ ထိုကဲ့သိုဖြင့် ယုန်လေးသည်က တဖြည်းဖြည်းချင်းအိပ်မောကျသွားခဲ့တော့သည်။