အခန်း(16)
ယင်ရိလျို လည်ပင်းကိုဆန့်တန်း၍ ရေဘူးကို ကောက်ယူသွားသော ကလေးက အနီးအနားတွင် လဲလျောင်းနေသော အမျိုးသမီးဆီသိုး ဦးတည်ပြေးသွားသည်ကို လိုက်ကြည့်နေမိသည်။
ထို့နောက်တွင် ထိုကလေးက အမျိုးသမီးထံသို့ ရေဘူးကိုလှုပ်ရမ်းပြလိုက်ပြီး သူတို့၏ကားကို ညွှန်ပြနေခဲ့ပြန်သည်။
ယင်ရိလျို သူမ၏နှလုံးသားထဲတွင် သက်ပြင်းချလိုက်မိ၏။
ဤသည်မှာ ပျက်ကပ်၏ အစပိုင်းကာလသာဖြစ်နေသေး၏။ ဘဝများမှာ အနာဂတ်တွင် ပို၍ခက်ခဲလာရုံသာရှိနေပေလိမ့်မည်။
ဤမြင်ကွင်းကို လူအများအပြားကလည်း မြင်တွေ့သွားခဲ့လေသည်။ ရင်ပြင်တွင်ရှိနေခဲ့သော လူအများအပြားမှာ ကလေးငယ်၏ လက်ထဲမှ ရေဘူးကို လိုချင်တပ်မက်မှုအပြည့်ဖြင့်စိုက်ကြည့်နေခဲ့ကြသည်။
မျက်ရည်စီးကြောင်းများနှင့် ညစ်ပတ်နေသော မျက်နှာရှိနေသော ကောင်လေးက သူ၏အမေဖြစ်သူကို ဂရုတစိုက် ရေတိုက်နေခဲ့လေသည်။
သို့သော်လည်း လူအများမှာ သူတို့၏အသိတရားကို လုံးဝလွှင့်မပစ်သေးသည့်အတွက်ကြောင့် မည်သူကမှ ကလေးများဆီမှ ရေဘူးကို လုယူခြင်းကဲ့သို့သော ကောက်ကျစ်ယုတ်မာသည့် အရာကို မပြုလုပ်ကြသေးပါချေ။
သိာ့ရာတွင် ဤကဲ့သို့ စောင့်ထိန်းမှုများက မည်သည့်အချိန်အထိ တာရှည်မည်ကိုတော့ ပြောရန် ခက်ခဲလိမ့်မည်။
ထိုအမျိုးသမီးကြီးက အလွန်နေမကောင်းဖြစ်သည့်သည့်ပုံရ၏။ သူမတွင် အဖျားရှိနေသည့်ပုံပေါ်ကာ သူမ၏နှုတ်ခမ်းများကလည်း အက်ကွဲနေပြီး မျက်နှာကလည်း နီရဲနေလေသည်။
ကံကောင်းစွာဖြင့် ရေအနည်းငယ် သောက်ပြီးနောက်တွင် သူမ၏အသားအရောင်က တိုးတက်လာခဲ့လေသည်။
သူမ သဆာက်ပြီးသည့်နောက်တွင် ရေတချို့ကျန်နေဆဲဖြစ်ပေ၏။
သူမက သူမ၏ကလေးကို တင်းကြပ်စွာ မဖက်ခင် ရေဘူးအဖုံးကို တင်းကြပ်စွာပိတ်လိုက်ပြီး ရေဘူးကို သူမခန္ဓာကိုယ်ဆီ နီးနီးကပ်ကပ်ထားလိုက်သေးသည်။
လူတိုင်းက သူမတို့ကိုကြည့်နေသည်ကို သတိထားမိသောကြောင့် သူမက သူမ၏နှုတ်ခမ်းကို သားဖြစ်သူ၏ နားအနီးသို့ ကပ်၍ တီးတိုးပြောလိုက်လေသည်။
“အဲဒီလူရဲ့ ရက်ရောမှုကို မှတ်ထားရမယ်နော်”
အမျိုးသမီးများမှာ အားနည်းနေသည့် အချိန်အတောအတွင်း၌ ရှိနေလျှင်ပင် သားသမီးရှိနေသော မိခင်များကတော့ သန်မာကြေလေသည်။
သူမ၏ အမျိုးသားက သန္ဓေပြောင်း တိရစ္ဆာန်တစ်ကောင်ထံမှ သတ်ဖြတ်ခြင်းကိုခံခဲ့ရ၏။ သူမသည်လည်း သေသွားမည်ဆိုပါက သူမ၏သားဖြစ်သူမှာ ဤ ကမ္ဘာပျက်ကပ်ကာလကို ဖြတ်ကျော်နိုင်လိမ့်မည် မဟုတ်ချေ။
စစ်တပ်သုံးယာဥ်များက ရင်ပြင်၏ အတွင်းဘက်အပျဆုံးအပိုင်းတွင် ရပ်ထားခဲ့သည်။
ဤအချိန်တွင် သန္ဓေပြောင်း ခွေးနှစ်ကောင်သည်လည်း အပိုင်းပိုင်း ဖြတ်တောက်ခံထားရပြီး ဟောခန်းအတွင်းမှ မီးဖိုပေါ်တွင်ရှိနေသော အိုးကြီးအသီးသီးထဲတွင် ချက်ပြုတ်ထားပြီးဖြစ်သည်။
ဝမ်ကျန်းကျဲနှင့်သူ၏အပေါင်းအအပါ နှစ်ယောက်က ခွေးသား ပန်းကန်လုံးကြီးနှစ်လုံးကို စစ်တပ်ယာဥ်ထဲမှ လူများဆီသို့ ပို့ဆောင်ခဲ့ကြသည်။
ထရပ်ကားထဲတွင် လူအများအပြားရှိကာ ထိုသူများထဲမှ တချို့က တူညီသော စစ်တပ်ယူနီဖောင်းများကို ဝတ်ဆင်ထားစဥ် ကျန်ရှိနေသော လူများမှာ သူတို့ဘက်မှ အဖွဲ့ဝင်သစ်အဖြစ် စုဆောင်းခဲ့သော ဆင့်ကဲပြောင်းလဲပြီးသူများဖြစ်ကြသည်။
ထိုအချိန် စစ်တပ်ထရပ်ကား၏ ထိပ်တွင် ရပ်နေသော လူငယ်လေးက ခုန်ချလာပြီး လေတစ်ချက် ချွန်လိုက်လေသည်။
“ဘယ်လောက်တောင် ကောင်းလိုက်တဲ့လူလဲ”
သူ၏မျက်လုံးများက ရွှေငါး၏ မျက်လုံးတစ်စုံကဲ့သို့ အနည်းငယ် ဝိုင်းစက်နေလေသည်။ ထို့နောက် မကြာခင်မှာပင် သာမာန်လူသားမျက်လုံးများ၏ ပုံသဏ္ဍာန်သို့ ပြန်လည်အသွင်ပြောင်းသွားခဲ့သည်။
သူ၏မျက်လုံးများသည်က ကျင်းယန်၏မျက်လုံးများနှင့်တူကာ မီတာဒါဇင်ချီအဝေးကို မြင်နိုင်သော တူညီသည့် တိရစ္ဆာန်အမျိုးအစား သန္ဓေပြောင်းခြင်းဖြစ်ပေသည်။
ပျက်ကပ် စတင်ကတည်းက ဤလူများမှာ သူတို့၏ ဆင့်ကဲပြောင်းလဲစွမ်းရည်များထံမှ ရရှိခဲ့သော ကျေးဇူးကောင်းများကြောင့် ကျိုးကြောင်းစီလျော်စွာ တိုးတက်ခဲ့ကြသည်။
သူတို့က နောက်ပိုင်းတွင် စစ်တပ်မှ အဖွဲ့ဝင်သစ်အဖြစ် စုဆောင်းခြင်းခံရပြီး မြောက်ဘက်ကို အတူတကွသွားရန် စီစဥ်ထားခဲ့လေသည်။
ရွှေငါးမျက်လုံးလူသည်လည်း သူတို့အထဲမှ တစ်ယောက်ဖြစ်၏။ သူတို့ကြားတွင် သူ၏အမြင်အာရုံက အကောင်းဆုံးဖြစ်ပေသည်။
ရင်ပြင်ကို SUV ကား ရောက်လျှင်ရောက်ချင်း သူ၏မျက်လုံးများကို ထိုယာဥ်ပေါ်တွင် အခြေချထားပြီး သူတို့ကို စတင်စောင့်ကြည့်ခဲ့သည်။
ကားထဲမှလူက ကလေးကို အမှန်တကယ် ရေတစ်ဘူးပေးသည်ကို မြင်ပြီးနောက် ထရပ်ကားထဲမှ ကျန်သည့်လူများကို လှောင်ပြောင်လိုစွာ ပြောခဲ့လေသည်။
“ဟမ့်! ဒီလို အချိန်ကာလတွေမှာ လူကောင်းတွေက စောစောသေတာပဲ!”
ထရပ်ကားထဲရှိ ခရီးသည်များမှာ အုပ်စုများ အဖြစ် ပိုင်းခြားထားသည်။
စစ်သားတချိုက တစ်ဖွဲ့ဖြစ်ပြီး ဆင့်ကဲပြောင်းလဲသူများကလည်း သီးသန့် အဖွဲ့များ ခွဲထားခဲ့ကြလေ၏။ ထိုအထဲတွင် မိန်းကလေး သုံးယောက်၊ လေးယောက်ခန့်သာ ရှိနေခဲ့သည်။
သူတို့အနက် အဖွဲ့တစ်ဖွဲ့မှာ အထင်ပေါ်ဆုံးဖြစ်ပေသည်။ သူတို့ကို အမျိုးတစ်ယောက်နှင့် သန့်ရှင်းသော အဝတ်များဝတ်ဆင်ကာ ထင်ရှားပေါ်လွင်သော မိန်းကလေးနှစ်ယောက်က ဦးဆောင်ထားခြင်းဖြစ်ပြီး သူတို့အသင်းဖော်များက ဝန်းရံထားခဲ့သည်။
မိန်းကလေးနှစ်ယောက်ထဲမှ တစ်ယောက်က အတော်လေး တောက်ပကာ အထက်စီးဆန်သော ပုံစံရှိနေသော်လည်း စိတ်မရှည်သော မျက်နှာရှိနေခဲ့ပြီး ဘေးဘက်မှ အမျိုးသား၏ လက်မောင်းကို မှီတွယ်နေခဲ့လေသည်။
တခြားတစ်ယောက်ကတော့ တည်ငြိမ်ပြီး အဖြူရောင်ပန်းပွင့်လေး တစ်ပွင့်ကဲ့သို့ လှပစွာတည်ရှိနေခဲ့သည်။
ဤကဲ့သို့ အလွန်ကွဲပြားခြားနားလှသည့် လှပသော မိန်းကလေးနှစ်ယောက်က သူ၏ဘေးတွင်ရှိနေပုံအရ ထိုသူမှာ အလွန်ပင်ကောင်းချီးပေးခံထားရပုံရသည် ။
ဤလူငယ်လေးမှာ ကမ္ဘာပျက်ကပ်မတိုင်မှီက မြို့ထဲတွင် အင်အားအကြီးဆုံးမိသားစုထဲမှ တစ်စုဖြစ်သည့် ရှန်မိသားစု၏ သားဟု ကောလဟလရှိလေသည်။
ရလဒ်အနေဖြင့် သူ့ကို လူအရေအတွက်အများအပြားဖြင့် ဝန်းရံခံထားခဲ့ကာ သက်တော်စောင့်များ၊ အိမ်တော်ထိန်းတစ်ယောက်နှင့် အထူးအင်အားကြီး စစ်သားတစ်ယောက်ပင် ပါဝင်ခဲ့သည်။
သို့သော်ငြား အချို့အကြောင်းပြချက်များကြောင့် ဤလူများမှ် အဖွဲ့ထဲမှ ချောမောလှပသော မိန်းကလေးကို အလွန်လေးစားနေခဲ့ကြလေသည်။
စစ်တပ်ခေါင်းဆောင်များပင် ယခင်က သူမနှင့်သီးသန့် စကားပြောခဲ့ကြ၏။ တခြားအသင်းများမှ လူများကလည်း စုံစမ်းမေးမြန်းခဲ့ကြပြီးနောက် ထိုမိန်းကလေးမှာ ရှေးဖြစ်ဟောသူတစ်ယောက် ဖြစ်ကြောင်းကို ရှာတွေ့ခဲကြသည်။
သူတို့က သူမကို ရှေးဖြစ်ဟောသူဟု ခေါ်ဆိုရခြင်းမှ သူမကအနာဂတ်ကို ခန့်မှန်းနိုင်သောကြောင့် ဖြစ်ပေသည်။
သူမ၏ကြိုတင် ခန့်မှန်းမှုများက ယခုအချိန်အထိ အမှန်တကယ်ဖြစ်လာခဲ့ကာ ထိုအကြောင်းကြောင့်ပင် လူတိုင်းက သူမကို လေးစားမှုဖြင့် ဆက်ဆံလေသည်။
ရွှေငါးမျက်လုံးနှင့် လူက ထိုအမျီုးသား၏ဘေးမှ သူ၏ နဂိုနေရာသို့ ပြန်သွားပြီး ပြောလိုက်သည်။
“ရှန်ကော ၊ အဲဒီကားက ကားအကောင်းစားကြီးပဲ၊ ကားရဲ့ပုံအရ ကားက ထိပ်ကနေအောက်ခြေ ၊ ကားအောက်ခံထည်ကနေ ပြတင်းပေါက်နဲ့ တံခါးတွေအထိ ပြုပြင်မွမ်းမံထားရတာပဲဖြစ်ရမယ်၊ ဒီတော့ ကားပိုင်ရှင်က ကျွန်တော်တို့ သိတဲ့တစ်စုံတစ်ယောက်ပဲ ဖြစ်ရမယ်”
ရှန်းယင်ကျိုး သူ့ကို တစ်ချက်ကြည့်ပြီး မေးလိုက်သည်။
“ဘာလို့လဲ? မင်း သူ့ကားကို လိုချင်လို့လား?”
ရွှေငါးမျက်လုံးလူက သူ့၏လက်များကို ပွတ်သပ်ပြီးပြုံးလိုက်သည်။
“ဘယ်သူက မလိုချင်ဘဲနေမှာလဲ၊ အရင်တုန်းကလိုဆိုရင် ကျွန်တော်လည်း တစ်စီးလောက် ပြုပြင်မွမ်းမံလိုက်လို့ရပေမယ့် အခုခေတ်ကာလက ဘယ်သူဆီမှာများ ဇိမ်ခံပစ္စည်းတွေ ရှိနိုင်တော့မှာလဲ?”
သူပြောတာ မှန်ပေ၏။ မြို့ထဲတွင် ကားများကို ပြုပြင်မွမ်းမံခြင်းဆိုသည့် ဤအဆင့်ကို လုပ်ကိုင်နိုင်သောလူက အနည်းငယ်သာလျှင် ရှိ၏။
လူချမ်းသာများနေထိုင်သည်မှာ ကျဥ်းမြောင်းသော အသိုင်းအဝိုင်းတစ်ခု ဖြစ်ပြီး လူတိုင်းက တစ်ယောက်နှင့်တစ်ယောက် သိနေခဲ့ကြလေသည်။
ထို့ကြောင့် ဤရှင်သန်ခဲ့သော တစ်ယောက်က မည်သူဖြစ်သည်ကို သူသိချင်မိသည်။
ထိုအခိုက်တွင် သူ့ကို တောင်တစ်တောင်ကဲ့သို ဖိနှိပ်ထားခဲ့သော လူတစ်ယောက်က ရှန်ရင်းကျို၏ စိတ်ထဲ ပေါ်လာလေ၏။
ရှန်းယင်ကျိို ထိုလူကို သူ၏စိတ်ထဲမှ မောင်းထုတ်ရန် သူ့ကိုယ်သူ ဖိအားပေးလိုက်၏။ ထိုသူက မသန်စွမ်းတစ်ယောက်ဖြစ်ပြီး ၎င်းသည်က သူအတွက်ဖော်ပြနိုင်စရာတစ်ခုတည်းသော စကားလုံးပင် ဖြစ်လိမ့်မည်။
ပျက်ကပ်တွင် မသန်စွမ်းတစ်ယောက်က ရှင်သန်နိုင်လိမ့်မည်မဟုတ်ချေ။
ထိုသူမှာ ယခုအခါတွက် သန္ဓေပြောင်းကြွက်များထံမှ အစားခံရပြီး ဖြစ်ကောင်းဖြစ်နိုင်လေသည်။
ရှန်ရင်းကျို မျှော်လင့်ချက်ဖြင့် ပြုံးလိုက်၏။
လူတိုင်းက သူ့ကို စီးပွားရေးအင်ပါယာကြီးကို တည်ထောင်တဲ့အတွက် ချီးကျူးကြတော့ရော ဘာဖြစ်လဲ?
ပျက်ကပ်ကာလကို ရောက်လာပြီးတဲ့နောက်မှာ အသန်မာဆုံး အားအင်ရှိတဲ့လူတွေကသာ ပြောဆိုပိုင်ခွင့်ရှိလာလိမ့်မယ်။
ရှန်းယင်ကျိုး၏ လက်မောင်းကို ဖက်တွယ်ထားသော မိန်းမလှလေးက အေးစက်စွာဖြင့် သရော်သံပြုပြီး ထောက်ခံလိုက်သည်။
“သူက ဘယ်မိသားစုကဆိုတာ ဘယ်သူမှဂရုမစိုက်ဘူး.. ငါတို့ဆီကို သူ့ကား လက်လွှဲပေးလာအောင် လုပ်လိုက်.. ဘယ်လိုပဲဖြစ်ဖြစ် သာမာန်လူတွေက သူတို့ရဲ့ပိုင်ဆိုင်မှုတွေကို ကာကွယ်နိုင်တာမှ မဟုတ်ဘဲ
သူကားကို ငါတို့ဆီကို ပေးလာမယ်ဆိုရင် အနည်းဆုံး ငါတို့က သူ့ကို ခိုလှုံခွင့် ကမ်းလှမ်းချင်ကမ်းလှမ်းပေးမှာပေါ့”
ရွှေငါးမျက်လုံးလူက ပြောလိုက်သည်။
“ရင်းရင်း ပြောတာမှန်တယ် “
တခြားအသင်းဖော်များက စကားမပြောလာခဲ့သော်လည်း သူတို့၏မျက်နှာပေါ်မှ အမူအရာများက သူတို့သည်လည်း ထိုမိန်းကလေး ပြောသည်ကို လက်ခံကြောင်း ညွှန်ပြနေခဲ့သည်။
တိတ်တဆိတ် အနားယူနေကြသော စစ်သားများမှာ ဤမောက်မာသော စကားလုံးများကို ကြားသည့်အချိန်တွင် မျက်မှောင်ကြုတ်လိုက်ကြလေ၏။
ဤလူများနှင့် ဓားပြများကြားမှ ကွာခြားချက်နေသေးလို့လား?
သို့သော်လည်း ဆင့်ကဲပြောင်းလဲသူများကို ရန်မစချင်သောကြောင့် သူတို့က မျက်မှောင်ကြုတ်ရုံသာ ပြုခဲ့ကြပြီး အနားယူရန်အတွက် မျက်လုံးများကို မှိတ်လိုက်ကြလေ၏။
အကယ်၍ ယင်ရိလျိုသာ ဤနေရာတွင် ရှိလျှင် သူမ ထိတ်လန့်မှုကြောင့် အသံထွက် အော်မိလိမ့်မည်ပင်။
အဘယ်ကြောင့်ဆိုသော် ဝတ္တု၏ အဓိကဇာတ်ဆောင်များက ဤနေရာတွင် စုစည်းနေကြလေသည်။
ဤသည်မှာ အနာဂတ်၌ နာမည်ကြီး အသင်း၏ အစောပိုင်းဖွဲ့စည်းပုံဖြစ်ပေလိမ့်မည်။
အဓိကဇာတ်လိုက် ရှန်းယင်ကျိုး၊ ပြန်လည်မွေးဖွားလာသည် ဇာတ်လိုက်မ လျို့ကျန်း ၊ ထို့အပြင် ဇာတ်လိုက်၏ စေ့စပ်သူလည်းဖြစ်သော ဆိုးသွမ်းသည့် အမျိုးသမီးဇာတ်ပို့ဇာတ်ကောင် လီရင်းရင်းနှင့် အခြားအရေးကြီးသော ဇာတ်ပို့ဇာတ်ကောင်များ အကုန်လုံးက ဤအခိုက်အတန့်တွင် သူမနှင့် မီတာဒါဇင်အနည်းငယ်သာ ကွာဝေးသော စစ်တပ်ထရပ်ကားပေါ်တွင် ထိုင်နေခဲ့ကြသည်။
လျို့ကျန်းက ပြန်လည်မွေးဖွားလာခဲ့ခြင်းဖြစ်ပေသည်။
ပျက်ကပ်တွင် ဤကဲ့သို့အချိန်အကြာကြီး နေပြီးနောက် သူမ၏နှလုံးသားက ကျောက်တုံးကဲ့သို့ အေးစက်လာခဲ့ပြီး ကားတစ်စီးကို လုယက်သည့်အပေါ်ကို မည်သည့်မှားယွင်းမှုကိုမှ မမြင်ခဲ့ချေ။
သူမ ရှန်းယင်ကျိုးနှင့် သူ၏အသင်းကို ပထမဆုံးတွေ့ဆုံသည့်အချိန်တွင် ထိုသူတို့က နှလုံးသားနူးညံ့လွန်းသည်ဟုပင် ထင်ခဲ့လေသည်။
သူမ မသေခင်က အတိတ်ဘဝတွင် ဤလူများက နာမည်ကြီးအသင်းဆိုသော အချက်ကြောင့်သာ မဟုတ်ပါက သူမ ထိုသူတို့၏အဖွဲ့ထဲသို့ ဝင်ရောက်လိမ့်မည် မဟုတ်ချေ။
အထူးသဖြင့် သူမ(လျို့ကျန်း)က သူမ(လီရင်းရင်း)၏လူကို ခိုးမည်ဟု အမြဲထင်နေခဲ့ကာ ဘဝင့်မြင့်နေသည့် မိန်းမ လီရင်းရင်းဖြစ်ပေသည်။
သူမ၏ ရူးသွပ်မိုက်မဲမှုကြောင့် ဤမိန်းကလေးမှာ ပျက်ကပ်တွင် အနှေးနှင့်အမြန်သေလိမ့်မည်ဖြစ်၏။
လျို့ကျန်းက ပျက်ကပ်၏လေးရက်မြောက်နေ့တွင် ပြန်လည်မွေးဖွားလာခဲ့သည်။ သန္ဓေပြောင်းတိရစ္ဆာန်တစ်ကောင်၏ သတ်ပစ်ခြင်းကို ခံရပြီးနောက် သူမ မျက်လုံးကို ဖြည်းညှင်းစွာ ဖွင့်လိုက်လျှင် ပျက်ကပ်မတိုင်မီတွင် နေထိုင်ခဲ့သော သူမ၏အိပ်ခန်းထဲသို့ ပြန်ရောက်နေခဲ့သည်ကို တွေ့လိုက်ရလေ၏။
=================