Ch 17
Viewers 506


အခန်း(17)




သူမ၏ပတ်ဝန်းကျင်မှ မြင်ကွင်းများနှင့် အရာဝတ္ထုများကို မြင်တွေ့လိုက်ရပြီးနောက်တွင် သူမ အလွန်အမင်း ထိတ်လန့်သွားခဲ့ရပြီး မယုံကြည်နိုင်ဖြစ်နေခဲ့ရသည်။




သူမက အိပ်ရာမှ ခလုတ်တိုက်မတတ် ထွက်ပြီးနောက် ပြတင်းပေါက်ရှေ့ရှိ စားပွဲပေါ်မှ ပြက္ခဒိန်ဆီသို့ သွားလိုက်သည်။




ယနေ့အတွက် ရက်စွဲအချိန်ကို မြင်တွေ့လိုက်ရပြီးနောက်တွင် သူအချိန်အကြာကြီး တောင့်ခဲသွားခဲ့လေသည်။ 




ပြန်လည်မွေးဖွားခြင်းကဲ့သို့ ထူးခြားဆန့်ကြယ်နိုင်လွမ်းသည့် တစ်စုံတစ်ခုက သူမထံတွင် ဖြစ်ပျက်လာလိမ့်မည်ဟု မည်သည့်အချိန်ကမှ မထင်မှတ်ထားခဲ့ပါချေ။ 




ထိုအခိုက်အတန့်တွင် သူမက အ


တခြားသာမန်လူများနှင့် တစ်နေရာရာတွင် ကွာခြားချက်ရှိနေသည်ကို ဝိုးတဝါး နားလည်လိုက်လေ၏။




သူမက အိမ်ထဲတွင်ရှိနေသော အစားအသောက်နှင့်ရေများကို သူမ၏ အိတ်ထဲသို့ အလောတကြီး ထိုးသွတ်ခဲ့လေသည်။ ထို့နောက်တွင် တံခါးအပြင်ဘက်ဆီသို့ အလောတကြီး ပြေးထွက်သွားခဲ့သည်။




ယခုအချိန်တွင် သူမက ကမ္ဘာပျက်ကပ်၏ သုံးနှစ်အတွင်း ဖြစ်ပျက်လာမည့် အနာဂတ်ကို သူမ သိရှိထားခဲ့ပေသည်။ ထို့အတွက် လက်ရှိတွင် သူမ၏ထိပ်တန်းအဆင့် ဦးစားပေးမှုမှာ သူမ မှီခိုနိုင်မည့်တစ်စုံတစ်ယောက်ကို ရှာဖွေရန်သာဖြစ်သည်။ 




သူမ၏စိတ်ထဲတွင် ပထမဆုံးတွေးတောမိနေသည်မှာ ပျက်ကပ်နေ့၏ နောက်ပိုင်းအလျိန်ကာလများတွင် နာမည်ကြီးအောင်မြင်လာခဲ့သော ရှင်သန်သူ၏အသင်းပင်ဖြစ်ပေသည်။ 




ထိုနာမည်ကြီးအသင်း၏ ခေါင်းဆောင်ဖြစ်သူ ရှန်းယင်ကျိုးမှာ သူမနှင့် တူညီသောမြို့တစ်ခုထဲမှ ဖြစ်ကြောင်းကို သူမ ကြားခဲ့ဖူးလေသည်။ 




ပျက်ကပ်ကာလသို့ ရောက်ရှိလာချိန်တွင် သူက လေးရက်နှင့် လေးညလုံးလုံး အိပ်ပျော်နေခဲ့သည်ဟု ပြောခဲ့ကြပြီး ယနေ့သည်ကား ပျက်ကပ်ကာလ၏ လေးရက်မြောက်နေ့ဖြစ်ပေသည်။ 




သူမ ရှန်ရင်းကျို၏ ယုံကြည်မှုကို ရရှိမှ ဖြစ်ပေပြီ။ ထို့နောက်တွင် သူ့၏နောက်ကို လိုက်ရမှဖြစ်လိမ့်မည်။ သူမ၏အကူအညီဖြင့်ဆိုပါက သူတို့အနေဖြင့် အဆုံးသတ်အထိ သေချာပေါက် ရောက်လာနိုင်လိမ့်မည်ဟု ယုံကြည်အောင်လုပ်ဝလိမ့်မည်။ 




ပျက်ကပ်နေ့ရက်များတွင် ရှင်သန်ခဲ့သော သူမ၏ယခင် အတွေ့အကြုံများကြောင့် လျို့ကျန်းအနေဖြင့် ပစ္စည်းများကို ထုပ်ပိုးရာတွင် အလွန်လျှင်မြန်ခဲ့လေသည်။ 




ထို့နောက်တွင် သူမက စားသောက်နိုင်ဦးမည့် စားစရာများကို ထုတ်ပို့သယ်ဆောင်ရန်အတွက်မီ းဖိုချောင်ကို သွားရန် ကြံရွယ်လိုက်လေသည်။ 




သို့ရာတွင့ သူမ၏ အခန်းတံခါးကို ဖွင့်လိုက်ချိန်၌ အခန်းတံခါးမှာ အပြင်ဘက်မှ ပိတ်ဆို့ခံထားရသည်ကို ရှာတွေ့လိုက်ရသည်။ 




သူမ တံခါးကို ကန်ဖွင့်လိုက်သည့်အချိန်တွင် နေရာတစ်ခုလုံးက ရှုပ်ပွနေခဲ့ပြီး အပုတ်နံ့များ နံဟောင်နေသော ဧည့်ခန်းနှင့် ဆုံတွေ့လိုက်ရလေသည်။




သွေးအစွန်းအထင်းများကလည်း မာခဲပြီး မဲ‌နက်နေခဲ့လေသည်။ မြေပြင်ပေါ်မှ ခြေလက်အပိုင်းအစများထဲတွင်တော့ တွန့်လိမ်လှုပ်ရှားနေသော သန္ဓေပြောင်း အင်းစက်များကို တွေ့လိုက်ရလေ၏။




လျို့ကျန်းတစ်ယောက် ထိုမြင်ကွင်းကို ကြည့်ကာ မျက်မှောင်ကြုတ်လိုက်ပြီးနောက် မီးဖိုချောင်ထဲမှ ရေခဲသေတ္တာထဲတွင် သူမ ရှာတွေ့သမျှ အစားအစာအားလုံးကို ထုပ်ပိုးလိုက်ကာ ဗလာဖြစ်သွားသည့်အချိန်မှသာ အိမ်ထဲမှ အလောတကြီး ထွက်လိုက်လေသည်။ 




သူမ၏ ယခင်ဘဝတွင်လည်း တူညီသော အရာများ ဖြစ်ပျက်ခဲ့၏။




ကမ္ဘာပျက်ကပ်ကြီး ကျရောက်လာချိန်တွင် သန္ဓေပြောင်း ကြွက်များနှင့် အဆိပ်ရှိ အင်းစက်များက သူမ၏နေအိမ်ထဲ ဇွတ်အတင်း တိုးဝင်လာခဲ့ကြသည်။ 




၎င်းတို့ထံမှ တိုက်ခိုက်ခံနေရချိန်အတောအတွင်း၌ သူမ၏မိဘများက သူမကိုကာကွယ်ရန်အတွက် အခန်းထဲသို့တွန်းထည့်ပြီး တံခါးအပြင်ဘက်မှ ဆိုဖာဖြင့် ပိတ်ဆို့ထားခဲ့ပေးကြလေသည်။ 




ထိုကဲ့သို့ အထဲတွင် နှစ်ရက်ကြာပြီး သူမအခန်းမှ ထွက်လာခဲ့ချိန်တွင် အလွန်အမင်း ဆာလောင်ပြီး ရေလည်းဆာနေခဲ့၏။ 




ထို့နောက် အပြင်သို့ ထွက်လာခဲ့ချိန်တွင် ဤကဲ့သို့ အလွန်ကြေကွဲဖွယ် မြင်ကွင်းကို မျက်မြင်တွေ့လိုက်ရသည်။ 




ထိုအချိန်က သူမကိုယ်သူမ အပြစ်တင်ခဲ့ကာ ပြိုလဲသွားခဲ့ရသော်ငြား ယခုတွင်တာေ့ မတူညီတော့ပေ။ 




အချိန်တစ်ဘဝကုန်လွန်ခဲ့ပြီး လက်ရှိ ပြန်လည်မွေးဖွားလာပြီးနောက်တွင် လျို့ကျန်း၏ အဓိကပန်းတိုင်သည်က ရှန်းယင်ကျိုး၏အသင်းကို ရှာဖွေရန်သာ ဖြစ်ပေသည်။ 




သူမကို ကာကွယ်ပေးရင်းဖြင့် သေဆုံးသွားခဲ့သော သူမ၏မိဘများအတွက်ကတော့ သူတို့က သူမကို နားလည်ပြီး ခွင့်လွှတ်လိမ့်မည်ဟု ယုံကြည်ပေသည်။ 






ရှန်းယင်ကျိုးသည်ကား ပျက်ကပ်ကာလမတိုင်ခင်၊ ကမ္ဘာကြီးအဆုံးမသတ်ခင်ကပင် အနည်းငယ်အောင်မြင်ကျော်ကြားနှင့်ပြီးဖြစ်ပေ၏။ 




ရှန်းမိသားစုမှာ အစစ်အမှန် အိမ်ခြံမြေလုပ်ငန်းထဲတွင် ပါဝင်ခဲ့၏။ မိသားစုထဲမှ သခင်ငယ်လေးသည် သူ၏ခန့်ညားသော မျက်နှာကြောင့် သတင်းများထဲတွင် မကြာခဏ ပါလေ့ရှိသည်။ 




ဤအချိန်တွင် နောက်ဆုံးသော မေ့ရက်များဖြစ်နေသောကြောင့် ရှန်းယင်ကျိုးမှာလညား ရှန်းမိသားစုအိမ်တွင် ရှိသင့်လေသည်။ 




လျို့ကျန်း သူမ၏ နောက်ဆုံးဘဝတွင် ရှန်းမိသားစုအိမ်ကို ရှာတွေ့ခဲ့သော လူချမ်းသာရပ်ကွက်သို့ တန်းတန်းမတ်မတ် သွားလိုက်သည်။ 




သေချာသည်ပင် ရှန်းယင်ကျိုး၏သူငယ်ချင်းများနှင့် စေ့စပ်ထားသူတို့က ရှန်းမုသားစုအိမ်တွင် ညှိနေကာ တစ်ဖက်လူကို စောင့်ရှောက်နေခဲ့ပြသည်။




လျို့ကျန်းကို တွေ့မြင်ပြီးနောက်တွင် သူတို့က အထူးတလည်သတိထားလာခဲ့ကြလေသည်။ 




လျို့ကျန်းက အနည်းငယ်ကြောက်ရွံ့သော်ငြား သူမ၏အနာဂတ်တွင် ရှင်သန်ရန်အတွက် ဤကိစ္စအပေါ်တွင် မူတည်နေသည်ကို သိသောကြောင့် ကြောက်ရွံ့မှုကို ဖိနှိပ်ပြီး အတိအလင်းကြေညာလိုက်သည်။ 




“ကျွန်မ ရှန်းယင်ကျိုးကို ကယ်ပေးနိုင်တယ်!” 




ပျက်ကပ်၏ အစပိုင်းတွင် လူအရေအတွက် အနည်းငယ်ကသာ ဆင့်ကဲပြောင်းလဲလိမ့်မည်ဖြစ်၏။ 




ထိုသို့ ဆင့်ကဲပြောင်းလဲမှုအတွက် ဘေးထွက် ဆိုးကျိုးမှာ အဖျားပြင်းပြင်းနှင့် သတိလစ်မေ့မြော့ခြင်းတို့ ဖြစ်ပေ၏။ 




ဤအချိန်အတိုင်းအတာအတွင်း ခန္ဓာကိုယ်က အိပ်မောကျနေမည်ဖြစ်ကာ အန္တရာယ်မရှိပေ။ ထို့ကြောင့် သူမ၏ “ကယ်တင်ခြင်း”ကို အမှန်တကယ် မလိုအပ်ပါချေ။ ၎င်းကို ပထမအဆင့် အပူရှိန်မြင့်ကာလခေါ်သည်။ 




ပထမအဆင့် အပူရှိန်မြင့်ကာလကို ဖြတ်ကျော်သွားသရွေ့ သူတို့ကိုယ်တိုင် အိပ်ပျော်နေရာမှ နိုးထလာနိုင်ပေသည်။ နိုးထလာပြီးနောက်တွင် ခန္ဓာကိုယ်၏ တစ်ခုခုသော အစိတ်အပိုင်းများက ပြောင်းလဲသွားလိမ့်မည်ပင်။ 




မည်သို့ပင်ဖြစ်စေ ဤသည်မှာ နောက်ပိုင်း ပျက်ကပ်နေ့များတွင် လူများ အနှစ်ချုပ်ခဲ့သော အတွေ့အကြုံဖြစ်၏။ 




လက်ရှိတွင် ပျက်ကပ်ကာလမှာ မကြာသေးမှီကမှသာ စတင်ခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် လေးရက်လုံးလုံး သတိလစ်မေ့မြောနေပြီး အဖျားပြင်းနေသောအချိန်မျိုးတွင် လူများက စိုးရိမ်ပူပန်နေကြရလေသည်။ 




လျို့ကျန်းတစ်ယောက် ရှန်ရင်းကျိုကို သူမ၏ နှလုံးသားထဲမှ တောင်းပန်လိုက်၏။ 




ဆိုရလျှင် တစ်ဖက်လူ၏ကယ်တင်သူအဖြစ် ဟန်ဆောင်သည်မှာ အတော်လေး အရှက်မဲ့သော်ငြား သူမ ရှင်သန်ရန်အလို့ငှာ ဤသို့သာလုပ်ဆောင်နိုင်လေသည်။ 




လီရင်းရင်း၏ ဟန့်တားခြင်းနှင့် နှောင့်ယှက်ခြင်းများအတွက်ကတော့ သူမကိုဖြောင်းဖျရန်က သဘာဝအလျှောက်ပင် ရှန်ရင်းကျို၏ ညီအစ်ကိုများပေါ် မူတည်လေသည်။ 




သို့နှင့် နောက်ဆုံးတွင် လျို့ကျန်းအား ရှန်းယင်ကျိုးရှိနေသော အိပ်ခန်းအတွင်း ဝင်ခွင့်ပြုခဲ့ကြသည်။ 




ထိုညတွင် ရှန်းယင်ကျိုးက သူမ ‘ဟောကိန်းထုတ်’ ထားသကဲ့သို့ တိကျမှန်ကန်စွာ နိုးထလာခဲ့၏။




သူ၏မျက်လုံးများကို ဖွင့်လိုက်သည့်အချိန် သူ ပထမဆုံးမြင်သော လူက သူမဖြစ်နေခဲ့လေ၏။ သူ စိတ်ရှုပ်ထွေးသည့် အသံဖြင့်မေးလိုက်သည်။ 




“မင်းကဘယ်သူလဲ?” 




“ကျွန်မက ရှင့်ကို ကယ်တင်ခဲ့တဲ့သူပဲ” 




ထို့နောက်တွင်တော့ ချက်ချင်းဆိုသလို လျို့ကျန်းက သူမမှာ ရှေးဖြစ်ဟောသူတစ်ယောက်ဖြစ်ကြောင်းကိုပြောပြခဲ့သည်။




ထို့အတွက် သူမအိပ်မက်များ၏ အလိုအရ ရှန်းယင်ကျိုးကို ကယ်တင်ရန် လာခဲ့ဖြစ်သည်ဟု မဆိုင်းမတွ ရှင်းပြခဲ့၏။ 




ဤသို့ဖြင့် သူမက အသင်း၏ ယုံကြည်မှုကို အလွယ်တကူ ရရှိခဲ့လေသည်။ 




လီရင်းရင်းမှလွဲ၍ အသင်းထဲတွင်ရှိနေသော လူတိုင်းက သူမကိုအလွန် ဖော်ရွေကြလေသည်။ 




သို့သော်လည်း လျို့ကျန်းကိုယ်တိုင်သည်ကား သူမ၏ ကိုယ်ပိုင်သန်မာသောစွမ်းရည်မှာ အလွန်ရိုးရှင်းလှသော စွမ်းရည်ဖြစ်သည့် ဆင့်ကဲပြောင်းလဲလာသည့်အတွက် ပို၍သန်မာသော ခန္ဓာကိုယ်သာဖြစ်ကြောင်းကို သိနေခဲ့၏။ 




ဤအမည်ခံ ကြိုတင်ဟောပြောခြင်းများသည်က သူမ၏ယခင်ဘဝတွင် ကြုံတွေ့ခဲ့သော အရာအားလုံးအပေါ်တွင် မူတည်နေခြင်းသာ ဖြစ်သည်။




ကမ္ဘာပျက်ကပ်၏နောက်ပိုင်း နေ့ရက်များမှ ဘစ်ဘော့စ်ကြီးများနှင် သူမ မယှဥ်နိုင်ပါချေ။ 




ထိုအချိန်သို့ မတိုင်ခင်တွင် ရှန်းယင်ကျိုး၏ နှလုံးသားထဲတွင် နေရာယူရန်အလို့ငှာ အတားအဆီးအားလုံးကို ကျော်လွှားနိုင်ရန်အတွက် သူမ ရှန်းယင်ကျိုးကို သေချာပေါက်ကူညီရလိမ့်မည်ဖြစ်သည်။




ထိုမှသာ နောက်ပိုင်း သူမ၏ ‘ရှေးဖြစ်ဟောစွမ်းရည်ကို ဆုံးရှုံးခဲ့’လျှင်ပင် ရှန်းယင်ကျိုးက သူမကိုဆက်လက် ကာကွယ်လိမ့်မည်ဖြစ်သည်။ 




-




ထောက်ပံ့အစားအစာများ ဖြန့်ဖြူးသည့်အချိန်က အလွန်အမင်း နောက်ကျနေပြီးဖြစ်ကာ ကောင်းကင်တစ်ခုလုံးက အနီရောင်ဆေးဆိုးထားခြင်းကို ခံရပေပြီ။




ရင်ပြင်တွင်လည်း လူအများက ဆူညံပွတ်လောရိုက်နေခဲ့ကြလေ၏။ လူတိုင်းက တူညီသော အစားအစာပမာဏကို ရရှိခဲ့ကြ၏။




ပြောင်းဖူးတစ်ဝက်နှင့် လက်သီးဆုပ်အရွယ် မန်ထိုပေါက်စီတစ်လုံးဖြစ်ပေသည်။ ထိုသည်မှာ လူတစ်ယောက်အတွက် နေ့တစ်နေ့လုံးစာ အစားအစာပမာဏပင် ဖြစ်သည်။ 




ဤသည်က ဗိုက်ပြည့်ရန်အတွက် မလုံလောက်သော်ငြား သူတို့ ဆာလောင်မှုကြောင့် မသေဆုံးသွားစေရန်အတွက်တော့ လုံလောက်ပေသည်။ 




တချို့မိသားစုများမှာ ယခင်အချိန်က လမ်းဘေး စျေးဆိုင်များမှ စားသောက်ကုန်များ လုယက်ခဲ့ကြသောကြောင့် သူတို့၏ အခြေအနေက အနည်းငယ် ပိုကောင်းသော်ငြား လူအများစုကတော့ တဖြည်းဖြည်း ပိုမို သေးငယ်လာသော ပေါက်စီအရွယ်အစားများ အကြောင်းကို မကျေမနပ်ညည်းညူ ပြောနေခဲ့ကြသည်။ 






ဤကဲ့သို့ ညည်းညူမှုများက ပို၍ကျယ်လောင်ခဲ့ပြီး လူအုပ်ထဲတွင် အုံ့ကြွမည့် လက္ခဏာများပြလာကြလျှင်တော့ ဆင့်ကဲပြောင်းလဲသူအနည်းငယ်က ရှေ့သို့တက်ပြီး သူတို့၏ စွမ်းရည်များကို ပြသခဲ့ကြသည်။ 




ထို့နောက် လူအုပ်ကြီးကို အေးစက်စွာ စိုက်ကြည့်နေကြလေသည်။ သူတို့က အသို့ ရှေ့တစ်လှမ်းတိုးရဲသည့် မည်သူ၏ဦးခေါင်းခွံကိုမဆို ခြေမွပစ်မည်ဟု ခြိမ်းခြောက်နေသကဲ့သို့ပင်။ 




ဆာလောင်နေသောကြောင့် ပြဿနာဖြစ်ချင်နေသော လူများမှာလည်း ခြိမ်းခြောက်ခံရသောကြောင့် ငြိမ်ကျသွားလေသည်။ 




ထို့နောက်တွင်လည်း လူအုပ်ထဲတွင် စစ်တပ်က သူတို့ကို ကောင်းမွန်စွာ မစောင့်ရှောက်၊ လုံလောက်သော အစားအစာများနှင့် မထောက်ပံ့ဟူသော ညည်းညူတိုင်တန်းမှုများ ရှိနေဆဲဖြစ်သည်။ 




ဤကဲ့သို့ အခြေအနေတစ်ရပ်တွင် စစ်တပ်မှာလညား ကူကယ်ရာမဲ့နေလေသည်။ 




ယခုအချိန်တွင် ဆက်သွယ်မှုကွန်ရက်များက နိုင်ငံတစ်ဝှမ်း ပြတ်တောက်နေ‌သောကြောင့် ဗဟိုအစိုးရ သို့မဟုတ် တခြားမြို့များကို မဆက်သွယ်နိုင်ကြပါချေ။




မြို့ထဲတွင် အစားအစာ ပမာဏအတော်အများအပြား ရှိသေးသော်လည်း ၎င်း၏အများစုကို မြို့၏ရှင်သန်သူ အခြေစိုက်စခန်း တည်ထောင်ခြင်းအတွက် သီးသန့်ဖယ်ထားရန် လိုအပ်နေပြီး မြောက်ဘက်သို့ ခရီးသွားမည် သူများအတွက် လမ်းတွင်စားသောက်ရန် လုံလုံလောက်လောက် ဖြစ်‌နေစေဖို့လည်း ကြည့်ရှုနေရသေးသည်။ 




ယနေ့တွင် သူတို့က သန္ဓေပြောင်းခွေးနှစ်ကောင်ကို ဖမ်းမိခဲ့သောကြောင့် လူတိုင်း ထပ်ဆောင်း စွပ်ပြုတ်တစ်ပန်းကန်စီကို လက်ခံရရှိခဲ့ကြသည်။ 




အလွန် ကံကောင်းသူများက သူတို့၏စွပ်ပြုတ်ထဲတွင် အရိုးတချို့ကိုပင် ရှာတွေ့နိုင်မည်ဖြစ်၏။ 




အသားများအတွက်ပြောရလျှင်တော့ တခြားတစ်ဖက်တွင်ရှိနေသည့် ဆင့်ကဲပြောင်းလဲသူများနှင့် စစ်သားများမှာ သူတို့၏ အဓိကတိုက်ခိုက်ရေး အင်အားများဖြစ်သောကြောင့် သဘာဝအလျှောက် သူတို့ကိုပေးခဲ့လေ၏။




သူတို့က လုံခြုံရေးနှင့် အစားအစာအမဲလိုက်ခြင်းများအတွက် တာဝန်ရှိကြပြီ အသက်ရှင်နေနိုင်ရန်အတွက်လည်း သူတို့အပေါ် မှီခိုရပေဦးမည် မဟုတ်ပါလား။