Ch 20
Viewers 522

အခန်း(20)




ရှန်းယင်ကျိုး၏မျက်နှာပေါ်တွင် အလွန်အမင်း ကြောက်စရာကောင်းသော အမူအရာမျိုးရှိနေသည်ကို တွေ့လိုက်ရကြောင့် လျို့ကျန်းတစ်ယောက် ကျင်းယန်ကို  အတူခေါ်ရန်ထပ်မပြောရဲတော့ပေ။




သို့သော်လည်း သူမအနေဖြင့်နောင်တရမှုတို့နှင့်အတူ စပ်စုလိုခြင်းကို တစ်ချိန်တည်း ခံစားလိုက်ရသည်။ 




ကျင်းယန်က ဘယ်လိုလူမျိုးမို့လို့လဲ? 




လူတွေက သူ့ကို အရမ်းကြောက်ရအောင် သူက ဘယ်လိုအရာမျိုးတွေကို ပြုလုပ်ခဲ့တာလဲ? 




ထိုနေ့ညတွင် ဆင့်ကဲပြောင်းလဲသူများအားလုံးကို ဟောခန်းထဲတွင် စုဝေးရန် ဖိတ်ခေါ်ခံထားခဲ့ရ၏။




မနက်ဖြန်မနက်စောစောတွင် ဤမြို့မှ စတင်ထွက်ခွာတော့မည် ဖြစ်သည်။ 




မြောက်ဘက်သို့ စစ်တပ်နှင့်အတူ ခရီးသွားမည့်လူများမှ လွဲ၍ တခြားသူအားလုံးမှာ တည်ထောင်ပြီးဖြစ်သော ရှင်သန်သူအခြေစိုက်စခန်းနှင့် ၊  တည်‌‌ဆောက်ဆဲ ရှင်သန်သူအခြေစိုက်စခန်းများ အားလုံးတို့နှင့်အတူ ပူးပေါင်းရလိမ့်မည်။




ထို့အတူ ဆင့်ကဲပြောင်းလဲမှုအပေါ် အဆင့်သတ်မှတ်ခြင်းနှင့် အခြေစိုက်စခန်းအသီးသီး၏ စည်းမျဥ်းများ ပါဝင်သော စစ်တပ်မှပြင်ဆင်ပေးထားသည့် စာရင်းကို လက်ခံရရှိလိမ့်မည်ဖြစ်၏။ 




ဤသည်က သေချာပေါက် ကျင်းယန် လိုအပ်နေသော အချက်အလက်ပင်ဖြစ်လေသည်။




ထို့ကြောင့်  ကြေညာချက်ပြီးနောက် သူက အရှေ့ဘက်ခရီးသည်ထိုင်ခုံတွင် အနည်းငယ် အိပ်ငိုက်နေပြီဖြစ်သော ယင်ရိလျိုကို ကောက်မပြီး သူမ၏နှာခေါင်လေးကို အသာအယာတို့ထိလိုက်သည်။ 




တိရစ္ဆာန်များတွင် အလွန်ထိလွယ်ရှလွယ်သော နှာခေါင်းရှိ၏။




ယင်ရိလျို သူမ၏အိပ်မက်ထဲတွင် နှာခေါင်းထိပ်ကို  ငှက်မွှေးတစ်ချောင်းနှင့် ထိတွေ့ ခံနေရသကဲ့သို့ ခံစားနေခဲ့ရ၏။




သူမ နှာချေပြီး တစ်ချက်လောက် တုန်ရီသွားကာ ကျင်းယန်၏ လက်မောင်းထဲတွင် နိုးထလာခဲ့လေသည်။ 




“ကျီ?” 




ဘာဖြစ်တာလဲ ဘာဖြစ်တာလဲ? 




“ ကိုယ့်အတွက် ဝှီးချဲကို ထုတ်ပေးပါဦး” 




ကျင်းယန်က ထိုသို့ပြောလိုက်ပြီး ယုန်လေးကို ခေါင်းကို ထိကိုင်လိုက်ပြီး ၎င်းက ပြည့်ဖြိုးဖြိုး ပါးပြင်လေးကို ဆွဲလိမ်လိုက်လေသည်။ 




“ကိုယ် အပြင်ကိုထွက်ဦးမယ်” 




သူ၏ဝှီးချဲမှာလည်း စိတ်ကြိုက်ပြုလုပ်ထားခြင်းဖြစ်လေ၏။




၎င်းကို ခေါက်နိုင် ဆန့်နိုင်ကာ တစ်စစီလည်းဖြုတ်နိုင်ပြီး ထိန်းချုပ်ခလုတ်ကို သုံး၍ အကွာအဝေးတစ်ခုမှ ထိန်းချုပ်နိုင်ပေသည်။ 




ပေါင်းစပ်ပါဝင်သော ချစ်ပ်ပြားက လျှပ်စစ်နှင့်ဖြစ်စေ ဆိုလာစွမ်းအင်နှင့်ဖြစ်စေ အားသွင်းနိုင်သည်။ 




အချိန်ကို ဖြုန်းတီးခြင်းမရှိစေရန်အတွက် သူက ဝှီးချဲတစ်ခုလုံးကို မခေါက်ဘဲ ယင်ရိလျိုကိုသာ နေရာလွတ်ထဲတွင် ထားရန်တောင်းဆိုခဲ့၏ ။




ထိုမှသာ ၎င်းကို လိုအပ်ချိန်တွင် ချက်ချင်း အသုံးပြုနိုင်မည်ဖြစ်သည်။ 




ကျင်းယန် ကားတံခါးကို ဖွင့်နေသည်ကို စောင့်ကြည့်လျက် ယင်ရိလျို မျက်တောင်ခတ်လိုက်သည်။




ထို့နောက် သူမ၏စိတ်ကို ထိန်းချုပ်လိုက်လျှင် အပြင်ဘက် မြေပြင်ပေါ်တွင် ဝှီးချဲတစ်ခု ပေါ်ထွက်လာခဲ့သည်။ 




ဤလမ်းကြမ်းမောင်း SUV ကြီးက အလွန်ထင်ရှး ပေါ်လွင်နေလေသည်။ ရှန်းယင်ကျိုးနှင့် သူ၏အသင်းဖော်များသာမက ရင်ပြင်ထဲမှ တခြားမရင်းနှီးသော မျက်နှာများကလည်း သူ့ကို အာရုံစူးစိုက်နေကြသည်။




မည်သို့ပင်ဖြစ်စေ သူတို့၏မြင်ကွင်းကို ကားတံခါးက ပိတ်နေသောကြောင့် ဝှီးချဲက လေထု အလွှာပါးထဲမှ ထွက်ပေါ်လာသည်ကို မည်သူမှ မမြင်ရချေ။ 




ကား၏အရှေ့ဘက်ရှိ မိသားစုက လှမ်းကြည့်လိုက်လျှင်ပင် ကားတံခါး ကျယ်ကျယ် ပွင့်လာသည်ကိုသာ မြင်လိုက်ရသည်။ 




ကောင်မလေးမှာ ကားထဲမှလူ၏ ပုံပန်းသွင်ပြင်အကြောင်း သိချင်စိတ်ပြင်းပြနေခဲ့သည်။ 




ထို့နောက် ကားထဲမှ လူက တစ်ဖက်တွင် ဝှီးချဲနှင့် တခြားတစ်ဖက်တွင် အမွှေးလုံးလေးကို ကိုင်လျက် အပြင်ဘက်သို့ လှမ်းထွက်လာသည်ကို မြင်လိုက်ရသောအချိန်တွင် သူမ အသက်အောင့်လိုက်မိသည်။ 




ကားတံခါးကို ပိတ်ပြီးနောက် ကျင်းယန်က ဝှီးချဲဆီသို့ လျှောက်သွားပြီး  ရှီးချဲပေါ်တွင် ထိုင်ချလိုက်သည်။ 




ထိုအချိန်မှသာလျှင် ကောင်မလေးက သူ၏မျက်နှာကို ရှင်းလင်းစွာမြင်ပြီး သူမ၏နှလုံးသားခုန်နှုန်းက တစ်ချက်လွဲသွားခဲ့သည်။ 




ယနေ့ခေတ်ကာလတွင် ခေတ်စားနေသော ကြက်ဥနို့ပေါင်းကောင်လေးများနှင့်မတူဘဲ ကျင်းယန်တွင် အလွန်ခန့်ညားသော မျက်နှာရှိနေခဲ့၏။




သူ့တွင် ထင်ရှားပြတ်သားသော မျက်နှာအင်္ဂါရပ်များ၊ ဖြောင့်စင်းသောနှာတံတို့ကို ပိုင်ဆိုင်ထားခဲ့ပြီး သူ၏‌ဗာဒံစေ့သဏ္ဍာန်မျက်လုံးများကလည်း သန္ဓေပြောင်းပြီးနောက် ပို၍နက်နဲသိမ်မွေ့လာခဲ့သည်။




သူ့၏  ကိုယ်ပေါ်တွင် ဝတ်ဆင်ထားသော တောက်တက်ဝတ်စုံကြောင့် သူက ပို၍ပင်  တောင့်တင်းခိုင်မာသည့်ပုံရှိကာ အင်အားကြီးသော အရှိန်အဝါကို ထုတ်လွှတ်နေသော်ငြား သူ၏လက်မောင်းထဲတွင်တော့ ခေါင်းကို လှည့်ပတ်ကြည့်ရင်း တလှုပ်လှုပ်ဖြစ်နေသော ယုန်ဖြူလေးတစ်ကောင်ရှိနေခဲ့လေသည်။ 




[T/N custard boy-ကြက်ဥနို့ပေါင်းကောင်လေး _ ရုပ်ချောမောလှပတဲ့ ကောင်လေးတွေ ] 




ကောင်မလေးက အသက်ပြင်းပြင်းရှူလျက် သူမ၏ ရှက်သွေးဖြန်းနေသော ပါးပြင်များကို ထိတွေလိုက်ပြီး ထိုလူ၏အကြောင်းကို သူမ၏မိဘများ ဆွေးနွေးနေသည်ကို နားထောင်လိုက်သည်။ 




“သူက ဘာလို့ ဝှီးချဲပေါ်ထိုင်နေတာလဲ?  အကြောသေနေတာများလား?” 




“ထင်တာပဲလေ ၊ အဲဒီလိုမဟုတ်ရင် ဘာကြောင့်များ ဝှီးချဲကို သုံးနေမှာလဲ…” 




“…..” 




မူလက ကျင်းယန်အနေဖြင့် ယင်ရိလျိုကို သူနှင့် အတူခေါ်မသွားချင်ချေ။ နောက်ပိုင်းတွင် ပဋိပက္ခဖြစ်လာလိမ့်မည်ကို သူ စိုးရိမ်ခဲ့သည်။




သိာ့သော်လည်း ယုန်လေးက သူ၏လက်မောင်းကို ဆုတ်ကိုင်ထားပြီး လွတ်မပေးတော့ချေ။




၎င်း၏လက်ဖဝါးလေးကို သူ ဆွဲဖယ်ရန် ကြိုးစားသည့်အကြိမ်တိုင်း ၎င်း၏ ခြေထောက်လေးများကို ဆောင့်ပြီး မကျေနပ်မှုကြောင့် တကျီကျီအော်မြည်လာလိမ့်မည် ။ 




ထို့ကြောင့် အဆုံးတွင် ယုန်လေးကိုပါ သူနှင့်အတူ ခေါ်ဆောင်လာခဲ့ရလေသည်။ လူအုပ်ကြီးကို ဖြတ်ကျော်လာခဲ့ပြီးနောက် လူအများ၏ စပ်စုသောအကြည့်များကို သူ သည်းခံနေခဲ့သည်။ 




အစပိုင်းတွင်တော့ ယင်ရိလျိုက အလွန်အမင်း ရည်မှန်းချက်ကြီးနေခဲ့သည်။ 




ဘာတွေပဲဖြစ်လာဖြစ်လာ သူမက ကျင်းယန်ကို ကာကွယ်မယ်! 




သို့သော် ခဏကြာပြီးနောက် သူမ၏အစာအိမ်မှ နာကျင်မှုကို စတင်ခံစားရပြီး သူမ၏ဝမ်းဗိုက်ကို လက်ဖဝါးလေးများဖြင့် ဖိကိုင်လိုက်သည်။ 




ဒီယုန်လေးက အင်းအင်းသွားပါဖို့ လိုအပ်နေပြီ!




သူမ ကျင်းယန်၏ လက်မောင်းထဲကို လျှောက်ပတ်ကြည့်နေရင်းမှ တွန့်လိမ်လိုက်ပြီးနောက် မြေပြင်ပေါ်သို့ ခုန်ချလိုက်သည်။ 




ကျင်းယန်အနေဖြင့် သူမ မည်သည့် အရာကို လုပ်ချင်နေကြောင်းကို မသိခဲ့ချေ။ သူက မျက်မှောင်ကြုတ်လိုက်ပြီး ဝှီးချဲလက်ကိုင်ပေါ်သို့ ဆုပ်ကိုင်ထားသည့် လက်ကို တင်းကြပ်လိုက်မိသည်။ 




ယုန်လေးက သူ့ကိုစွန့်ခွာဖို့  စီစဥ်ထားတာလား? ဒါကြောင့် သူနှင့်အတူ အပြင်ကို လိုက်ချင်နေတာ ဖြစ်နိုင်လောက်လား? 




ယင်ရိလျိုက နောက်သို့ပြန်လှည့်ကာ ကျင်းယန်ကို တစ်ချက်ပြန်ကြည့်ပြီးနောက် သူ့ထံသို့ ပြေးသွားလိုက်ပြီး သူ၏ဖိနပ်ကို ပုတ်လိုက်ကာ သူ့ကို သံသယ ပယ်ဖျောက်ရန် ကြိုးစားလိုက်သည်:




စိတ်မပူပါနဲ့ ကျွန်မ လမ်းမပျောက်ပါဘူး ပြီးသွားတဲ့အချိန်ကျရင်ရှင့်ကို လာရှာလိုက်မယ်! 




ကျင်းယန်က သူမ ဆိုလိုသည့်အဓိပ္ပါယ်ကို နားလည်သည့်ပုံပင်။ 




သူစိတ်ပြေလျော့သွားပြီး ပြောလိုက်သည်။ 




“အရမ်းကြီး အဝေးကြီးကို မပြေးသွားနဲ့” 




ကျင်းယန်က ယင်ရိလျို၏ လုံခြုံရေးအကြောင်းကို စိတ်ပူနေခဲ့သော်ငြား သူ သတိလစ်မေ့မျော့ဝင်နေဆဲ အတောအတွင်း ယုန်လေးက သူ့ကိုမည်သို့ စောင့်ရှောက်ခဲ့သည်ကို  ပြန်သတိရသွားခဲ့သည်။ 




ထို့အပြင် သူမ၏ သာမာန်ထက်ကျော်လွန်သော အင်အားနှင့် ဉာဏ်ရည်နတွု့နှင့်ဆိုပါက သူမ အဆင်ပြေသင့်ပေသည်။ 




ယင်ရိလျိုက ကိုးရိုးကားယားနိုင်စွာဖြင့် သူမ၏ ရုပ်ပိုင်းဆိုင်ရာ လိုအပ်ချက်များကို ဖြေရှင်းလိုက်သည်။ 




သူမက ယခင်က သူမ မွေးခဲ့ဖူးသော ကြောင်များကို အတုယူလျက် ၎င်းအရာကို မြေကြီးဖြင့် မြှုပ်နှံပြီးနောက် သူမ၏ ယုန်အမြီးကို လှုပ်ယမ်းလိုက်ကာ ပန်းခြံပုတ်ထဲမှ ထွက်ရန် လုပ်လိုက်လေသည်။ 




ထိုအချိန်တွင် သူမ လူတစ်ယောက်၏အသံကို ကြားလိုက်ရသည်။ 




“ အဲဒီယုန် ဒီနားက ခြုံပုတ်တွေထဲကို ပြေးသွားတာကို ငါမြင်လိုက်တယ်” 




၎င်းက အမျိုးသားတစ်ယောက်၏ အသံဖြစ်၏: 




သူ့၏အသံက ဘဲတစ်ကောင်နှင့် ဆင်တူလေ၏။ 




“ငါတို့ ဒီယုန်ကိုသတ်လိုက်ရင် ပြဿနာ မတက်လောက်ဖူးလား? ပိုင်ရှင်က အလွယ်တကူ အနိုင်ယူနိုင်တဲ့သူနဲ့ မတူဘူးနော်….” 




ဘဲသံနှင့်လူက နှာမှုတ်လိုက်၏။ 




“ဝှီးချဲပေါ်က မသန်စွမ်းတစ်ယောက်က ဘာလုပ်နိုင်မှာလဲ! သူက ကိုယ့်ကိုယ်ကိုယ် အထင်မှားပြီး မိုက်ရူးရဲဆန်နေတဲ့ လူတစ်ယောက်သက်သက်ပဲ! 




လောင်ကျန့် မင်း နောက်ဆုံးအကြိမ်အသားစားခဲ့တာ ဘယ်အချိန်ကလဲ? မင်းရဲ့အကြောင်းကို မေ့လိုက်ဦး၊ မင်းရဲ့သားလေးကရော ဘယ်လိုလဲ? 




လောင်ကျန့် တုံ့ဆိုင်းသွားသည်။




သူ၏သားသည်က အသက်ခြောက်နှစ်သာ ရှိသေးပြီး အစားရွေးသူတစ်ယောက်ဖြစ်လေ၏။ ကမ္ဘာကြီးပြောင်းလဲခြင်း အဆင့်ပြီးနောက်တွင် သူတို့က စားသောက်ရန် လုံလောက်ရုံမျှသာ ဖြစ်သော်ငြား ကလေးကတော့ သူ၏အစားအ‌သောက်ရွေးခြင်းကို ချက်ချင်း မပြင်ဆင်နိုင်သေးချေ။ 




သူ၏သားဖြစ်သူမှာ ရက်အနည်းငယ် အတွင်းပင် အလေးချိန် အများအပြား လျော့ကျသွားခဲ့ပြီး နေ့သဥ်နေ့တိုင်း အသား စားရဖို့ကိုသာ ဆူဆူညံညံတောင်းဆိုနေခဲ့သည်။ 




သူ အံကြိတ်လိုက်၏။ 




“ဘာပဲဖြစ်ဖြစ်ထားလိုက်တော့၊ ယုန်ကို အရင် ဖမ်းရအောင်!” 




ဘဲသံနဲ့လူက ရယ်လိုက်ပြီး ညွှန်ကြားလိုက်သည်။ 




“မင်းက ဒီဘက်ကိုကာထား ငါကတခြားဖက်ကို ကာလိုက်မယ်.. အဲဒီကောင် ထွက်ပြေးမသွားစေနဲ့.. ဟိုလူ ထွက်သွားပြီးမှ ငါတို့သတ်လိုက်မယ်ဆိုရင် သူ ရှာတွေ့မှာမဟုတ်ဘူး..




ဒါ့အပြင်  အစကတည်းက သူ့ရဲ့ယုန်ကိုဘေးကနေ ထွက်သွားခွင့်ပြုခဲ့တဲ့ သူရဲ့အမှားပဲ.. သူရှာတွေ့ခဲ့ရင်တောင်မှ မသန်စွမ်းတစ်ယောက်က ဘာလုပ်နိုင်မှာမို့လို့လဲ?” 




အမျိုးသားကြီးနှစ်ယောက်က ခြုံပုတ်၏ နှစ်ဘက်စလုံးကို ကာထားခဲ့ကြ၏။ သူမ မည်သည့်လမ်းကို သွားသည့်ဖြစ်စေ သူတို့က သူမကို ဖမ်းမိမှာ သေချာနေခဲ့သည်။ 




ယင်ရိလျို အပြင်ဘက်က လူကြီးများကို သစ်ရွက်များကြားရှိ အကြားအလပ်မှ ချောင်းကြည့်လိုက်သည်။ ဘဲသံနှင့်လူက အသက်လေးဆယ်ပတ်လည် ရှိပုံပေါ်ပြီး ကောက်ကျစ်သော အသွင်ရှိသည်။




တစ်ဖက်မှ လောင်ကျန့်ဟု ခေါ်သော လူကြီးသည်ကတော့ အမှန်တကယ်ပင် ရိုးသားသော လူတစ်ယောက်နှင့် တူလေသည်။ 




သူမ ဘဲသံနှင့်လူ ပြောခဲ့သည့်စကားများကို စဥ်းစားပြီး သူ့ကို သင်ခန်းစာလေးတစ်ခုပေးရန် ဆုံးဖြတ်လိုက်၏။ 




သူမက သူမ၏ လက်ဖဝါးထဲမှ ချွန်ထက်သည့်လက်သည်းများကို ဆန့်ထုတ်ထားပြီး တိတ်တဆိတ် စောင့်နေလိုက်သည်။ 




ဘဲသံနှင့်လူက သစ်ရွက်များကို လက်ဖြင့်ဖယ်ကြည့်လိုက်ပြီးနောက်တွင် ယုန်ကို ရှာတွေ့သွားခဲ့သည်။ 




“လောင်ကျန့်! ငါတွေ့ပြီ!” 




သူ စိတ်လှုပ်ရှားစွာ အော်လိုက်လေသည်။ 




သူက လောင်ကျန့်အား ထိုယုန်ကို ထွက်မပြေးသွားစေရန် သတိပေးခါနီးအချိန်တွင် အရိပ်ဖြူတစ်ခုက သူဆီသို့ ခုန်ဝင်လာခဲ့လေသည်။




ထို့နောက် သူ၏လည်ပင်းတွင် ကုတ်ခြစ်ခံလိုက်ရသည်ကို သတိပြုမိသွားရသည်။ သူ နာကျင်စွာဖြင့် အော်ဟစ့ပြီး သူ၏လည်ပင်းကို လက်ဖြင့် အုပ်ကိုင်လိုက်သည်။ 




ယင်ရိလျိုကတော့ သူမ၏ပန်းတိုင်ကို ရရှိပြီးနောက်တွင်  ဟောခန်းဆီသို့  ဦးတည်ပြေး၏။ ကျင်းယန်က သူမကို ထိုနေရာတွင် စောင့်နေလိမ့်မည်။




ဇာတ်လိုက်တွေက ကျင်းယန်ကို အနိုင်ကျင့်နေမှာကို သူမ လုံးဝ ခွင့်မပြုနိုင်ဘူး!




ဘဲသံနှင့်လူအတွက်တော့ ဒဏ်ရာက သူ့ကိုသတ်ရန် လုံလောက်သည် မပြင်းထန်သော်ငြား သူ့ကို ခံစားရစေရန်အတွပ် လုံလောက်ပေသည်။ 




သူမကို ပစ်မှတ်ထားခဲ့တာကိုက  သူ့ရဲ့အမှားပဲလေ! 




===================