Ch 19
Viewers 511

အခန်း(19)




ယင်ရိလျို သူမ၏နားရွက်များကို လှုပ်ပြီး ခေါင်းကို မော့ကြည့်လိုက်လေ၏။ ရောက်ရှိလာသည့်သူက ကျင်းယန်၏နောက်ကို လိုက်လာသည့် ဇာတ်လိုက်နှင့် ဇာတ်လိုက်မတို့  ဖြစ်နေမည်ကို သူမစိုးရိမ်နေခဲ့သည်။ 






“မင်းက ဘယ်မိသားစုကလဲ?” 




တစ်ဖက်မှလူငယ်သည်ကား လူများကြားတွင် ထင်ခြားပေါ်လွင်သော ပန်းပွင့်ရိုက် ရှပ်အင်္ကျီတစ်ထည်ကို ဝတ်ဆင်ထားခဲ့လေသည်။ 




ကျင်းယန် သူ့ကိုမှတ်မိ၏။ တစ်ဖက်လူ၏နာမည်မှာ ဟုန်မင်ဖြစ်ပေသည်။ 




ယင်ရိလျိုကတော့ ဤလူသည်က အလွန်ပင် ဉာဏ်ရည်နိမ့်ပါးလွန်းလှသည်ဟု ထင်လိုက်မိလေ၏။ 




ကမ္ဘာပျက်ကပ်ကဲ့သို့ နေ့ရက်များတွင် ဒေါင်းတစ်ကောင်ကဲ့သို့ ထင်ရှားချင်နေသည့်ပုံရကာ ဤကဲ့သို့ အရောင်တောက်သည့် အဝတ်အစားများကို ဝတ်ဆင်ထားခဲ့သည်။




ဒီသူက တခြားလူတွေ သူ့ကို သတိမထားမိမှာကို စိတ်ပူနေတာလား၊ ဒါမှမဟုတ် သန္ဓေပြောင်းတိရစ္ဆာန်တွေက သူ့ရဲ့ နောက်ကို လိုက်မဖမ်းဘဲနေမှာကိုများ စိတ်ပူနေတဲ့အတွက်ကြောင့်များလား?




ဟုန်မိသားစုမှာ ရှန်းမိသားစုအတွက် အလုပ်လုပ်သည့်သူများဖြစ်သောကြောင့် ထိုသူသည်ကလည်းသဘာဝကျစွာဖြင့်  ရှန်းယင်ကျိုး၏ နံပါတ်တစ်‌ နောက်လိုက်လေး ဖြစ်လာခဲ့လေ၏။ 




ကမ္ဘာပျက်ကပ်ကာလသို့ ရောက်ရှိလာပြီးနောက်တွင် ဟုန်မင်၏ မျက်လုံးများက ဆင့်ကဲပြောင်းလဲသွားခဲ့သည်။ 




သူက သူ၏စွမ်းရည်ကို အသုံးပြုသည့်အချိန်မျိုးတွင် မျက်လုံးများက ပြူးထွက်လာတတ်ပြီး ရွှေငါးတစ်ကောင်၏ မျက်လုံးများနှင့်ဆင်တူနေခဲ့သည်။




သူ၏မျက်လုံးတစ်ဝိုက်မှ အရေပြားများမှာ ထိုပြောင်းလဲသွားသည့် မျက်လုံးကြောင့် အလုံးကြီးနှစ်လုံးကို အတင်းအကြပ် ရစ်ပတ်ထားရသည်နှင့်တူကာ ရွံရှာဖွယ်တွန့်ခေါက်နေလေသည်။ 




သူက ကား၏ အနီးသို့ ကပ်ကြည့်လိုက်ကာ ကားအမိုးကို လက်နှင့်ခေါက်လိုက်ပြီး ဤကားက သူပိုင်နှင့်ပြီးသားဖြစ်သကဲ့သို့ မျက်နှာပေါ်တွင် စိတ်ကျေနပ်နေသော အပြုံးတစ်ခုရှိလာခဲ့သည်။ 




ကျင်းယန် ကားပြတင်းပေါက်မှန်ကို အောက်သို့ ချဖွင့်လိုက်သောအခိုက်တွင် သူတို့၏မျက်လုံးများက ဆုံတွေ့သွားခဲ့လေသည်။ 




ဟုန်မင်၏ အမူအရာမှာ တဖြည်းဖြည်းချင်း အေးခဲသွားခဲ့ပြီး သူ၏မျက်လုံးများသည်လည်း မယုံကြည်နိုင်မှုများဖြင့် ပြူးကျယ်သွားခဲ့သည်။ 




“ကျ.. ကျင်းယန်?” 




သူ အမြင်မမှားသည်မှာ သေချာလေ၏။ ဤမျက်နှာသည်က သူ သေဆုံးသွားလျှင်ပင် မှတ်မိနေမည့် မျက်နှာဖြစ်သည်။ 




“မင်း ဘာလို့ ဒီမှာရှိနေရတာလဲ?” 




ကလေးဘဝကတည်းက ကျင်းယန်မှာ  သူတို့အပေါင်းအသင်း တစ်ငယ်ချင်း တစ်စု၏ အိပ်မက်ဆိုး ဖြစ်ခဲ့လေသည်။ 




လူကြီးများက သူတို့ကို ပြောဆိုဆုံးမသည့်အချိန်မျိုးတွင် ကျင်းမိသားစု၏ အမွေဆက်ခံသူသည်က မည်မျှပင် ထူးချွန်သည့် ကလေးဖြစ်ကြောင့း၊ မည်မျှ ထက်မြက်လွန်းကြောင်း ၊ သူတို့နှင့် လားလားမျှ မတူကြောင်းတို့ကို အမြဲတစေချီးကျူးစကားဆိုခဲ့ကြ၏။ 




ကျင်းယန်မှ ကျင်းမိသားစုကို တရားဝင် ဆက်ခံခဲ့သည်ကို သိလိုက်ရချိန်တွင် သူသည်ကား သူ၏သူငယ်ချင်းများနှင့်အတူ ကာရာအိုကေဘားတစ်ခုတွင် ရှိနေခဲ့လေ၏။ 




ဤသတင်းကို ကြားရသည့်အခိုက်တွင် သူတို့အားလုံး အလွန်အမင်းသက်တောင့်သက်သာမရှိသကဲ့သို့ ခံစားခဲ့ရသည်။ ထိုအခိုက်အတန့်တွင် ကျင်းယန်နှင့် သူတို့၏ကြားရှိ ကွာဟချက်မှာ ပင်လယ်တမျှ ကျယ်ပြောလာခဲ့သည်ဟု သူတို့ ခံစားခဲ့ရလေသည်။ 




အချိန်အများစုတွင် ဟုန်မင်အနေဖြင့် သူ့မိဘမျိုးဆက်မှ လူများဖြစ်သည့် စီးပွါးရေးမွန်းစတားကြီးများနှင့်အတူ လူငယ်တစ်ယောက်ဖြစ်သည့် ကျင်းယန်က သဘောတူညီချက်များ ဆွေးနွေးနေသည်ကို အဝေးမှသာ ရပ်ပြီး စောင့်ကြည့်ရုဲသာ တတ်နိုင်ခဲ့သည်။ 




ကျင်းယန်၏‌ ခြေထောက်များ ကျိုးသွားကာ အောက်ပိုင်းမလှုပ်ရှားနိုင်သည့်အကြောင်းကို ကြားခဲ့ရသောအချိန်တွက် သူ အလွန်အမင်းပင် ပျော်ရွှင်သွားခဲ့ရသည်။




ကောင်းကင်ဘုံ၏ ဂုဏ်ယူရသောသားတော်က ရွံ့ဗွက်အိုင်အတွင်းသို့ ပြုတ်ကျသွားခဲ့ပေပြီ။ 




သူ၏အကြည့်များက ကျင်းယန်၏ခြေထောက်များပေါ်သို့ ရွေ့သွားခဲ့သည်။ ဒါရိုင်ဘာထိုင်ခုံတွင် ဤလူတစ်ယောက်သာလျှင် ရှိသောကြောင့် ကျင်းယန်က ကားကို သူကိုယ်တိုင်းမောင်းခဲ့ကြောင်း ညွှန်ပြနေသည်။




ဟုန်မင်၏ အသံအနည်းငယ်စူးရှသွားလေသည်။ 




“မင်းရဲ့ခြေထောက်တွေက ပြန်ကောင်းသွားပြီလား?” 




သူ့၏ခြေထောက်များသာ မသန်စွမ်းဖြစ်နေဆဲ ဖြစ်ပါက သူ့အနေဖြင့် မည်သို့ ကားမောင်းနိုင်ပါမည်နည်း? 




ယခု ပျက်ကပ်ကာလပြီးနောက်တွင် တချို့လူများက ခန္ဓာကိုယ်များ ဆင့်ကဲပြောင်းလဲကြပြီ အချို့လူများက အင်္ဂါရပ်များ သန္ဓေပြောင်းသွားသည့်အကြောင်း သူ  တွေးတောမိလိုက်သည်။ 




ကျင်းယန်၏ ခြေထောက်များ ပြန်လည်သက်သာလာခြင်းသည်လည်း မယုံကြည်နိုင်စရာတော့ မရှိပါချေ။ 




သူ၏တစ်ခုတည်းသော သာလွန်မှုအာရုံမှာ သူ၏ဆင့်ကဲပြောင်းလဲမှုသာဖြစ်ပေ၏။ 




ဤအခိုက်အတန့်တွင် သူ့ကိုယ်သူ သာလွန်သည်ဟု ထင်မြင်နေခဲ့သည့် ခံစားမှုက ကျင်းယန်၏ရှေ့တွင်  နောက်တစ်ကြိမ် ထပ်မံ၍ အစိတ်စိတ်အမွှာမွှာ ကွဲကြေသွားခဲ့ပြန်လေသည်။ 




ဟုန်မင်တစ်ယောက် ကျင်းယန်ထံမှ အေးစက်သော အကြည့်ဖြင့် စိုက်ကြည့်ခံလိုက်ရပြီး နောက်သို့ ခြေတစ်လှမ်း ဆုတ်လိုက်မိသည်။ 




သူ မသိစိတ်အရ လုပ်လိုက်သည့်အရာကို သတိထားမိသောအချိန်တွင် ရှက်သွားခဲ့လေသည်။ 




သူ၏မျက်လုံးများ သန္ဓေပြောင်းပြီးကတည်း အခြားသူများထက် သာလွန်သကဲ့သို့ အမြဲခံစားခဲ့ရသော်ငြား ယခုအခါတွင် သူသည်က လူတစ်ယောက်၏ အကြည့်ကြောင့် ခြောက်လှန့်ခံလိုက်ရသည်။ 




သူက ခံစားချက်များ ရောထွေးနေစဉ် ကျင်းယန်ထံမှ အေးစက်သည့်အသံဖြင့် ပြောလိုက်သောစကားကို ကြားလိုက်ရသည်။ 




“ရှန်းယင်ကျိုးနဲ့ သူ့လူတွေကို ပြောလိုက်၊ ငါနဲ့ဝေးဝေးနေလို့” 




ဟုန်မင် သူ့ဘာသာသူ တွေးလိုက်သည်။




‘ရှန်းကောက ဆင့်ကဲပြောင်းလဲပြီးတဲ့နောက် ဘယ်လောက်တောင် သန်မာလာခဲ့သလဲဆိုတာကို ကျင်းယန် မတွေးမိနိုင်လောက်တာဖြစ်နိုင်တယ်’




သူ ပြန်လည်  တုန့်ပြန်ရန် သူ၏ပါးစပ်ကို ဖွင့်လိုက်လေသည်။




သို့သော်ငြား သူ စကားမပြောရသေးခင်အချိန်တွင်ပင် ‘ကလစ်’ဟူသော အသံတိုးတိုးကို ကြားလိုက်ရပြီး အနက်ရောင် သေနတ်တစ်လက်က သူ၏နဖူးကို တိုက်ရိုက်ချိန်ရွယ်လာခဲ့လေသည်။ 




သူအေးခဲသွားပြီး ကျင်းယန် ‘မတော်တဆ’ မောင်းခလုတ်ကို ဆွဲမိသွားမည် ကြောက်ရွံ့သည့်အတွက် မလှုပ်ဝံ့တော့ချေ။ 




“မဟုတ်ရင် မင်းကို သတိမပေးတဲ့အတွက် ငါ့ကို အပြစ်လာမတင်နဲ့” 




ရွှေပေါင်လုံးကြီးမှ အခြားသူများကို အေးစက်စွာ ခြိမ်းခြောက်နေသည်ကို ယင်ရိလျို တိတ်တဆိတ် စောင့်ကြည့်နေခဲ့ကာ သူမအနေဖြင့် ခုန်ပေါက်ပြီး အားပေးနိုင်ရန်အတွက်ပင် ဆုတောင်းနေမိသည်။ 




ခန့်ညားလိုက်တာ! 




အရမ်းခန့်ညားတာပဲ! 




ကျင်းယန်က မျက်နှာတင်းမာနေတဲ့အချိန်မှာ အရမ်း ချောမောလွမ်းတယ်!




သူမရဲ့ခြေထောက်တွေတောင် ပျော့ခွေကုန်ပြီ! 




သို့သော်ငြား တစ်ဖက်လူ ခံစားချက်မကောင်းသည်ကို သူမ ပြောနိုင်နေခဲ့သောကြောင့် သူ့ကို နှစ်သိမ့်ရန်အတွက် တစ်ဖက်လူ၏ လက်မောင်းကို သူမ၏လက်ဖဝါးလေးများဖြင့် ပုတ်လိုက်လေသည်။




ထို့နောက်တွင် သူမ၏ယုန်နားရွက်များက ကျင်းယန်ထံမှ နောက်တစ်ကြိမ် ထိုးနှက်ခြင်းကို ခံလိုက်ရပြန်သည်။ 




ဤကဲ့သို့ လူများကြောင့် ကျင်းယန်‌ ဒေါသထွက်လိမ့်မည် မဟုတ်ပေ။ ဆိုရလျှင် သူတို့က ဒေါသထွက်ရန် မထိုက်တန်ပါချေ။ 




ဟုန်မင်တစ်ယောက် သူတို့၏ နေရာသို့ မည်သို့ ပြန်ရောက်လာခဲ့သည်ကိုပင် မသိနိုင်ခဲ့ပေ။ 




မီတာဆယ်ချီသည့် ခရီးတစ်ခုလုံးကို မိန်းမောတွေဝေမှုများထဲသို့ အပြည့်အဝကျရောက်နေခဲ့ကာ လမ်းလျောက်လာခဲ့သည်။ 




သူ စစ်တပ်ထရပ်ကားထဲသို့ ပြန်ရောက်ချိန်တွင် လျို့ကျစ်ချင်းက SUV ထဲ လူမှာ သူ၏ အသိလားဟု လာပြီးမေးခဲ့သည်။ 




သို့သော်ငြား တစ်ဖက်လူ၏မျက်နှာက အလွန်ရုပ်ဆိုးနေခဲ့ပြီး နှုတ်ခမ်းများက ဖြူဖပ်နေသည်ကို တွေ့လိုက်ရလေ၏။




သူ၏နှုတ်ခမ်းများက တုန်ရီနေခဲ့ပြီး ကားထဲတွင် မျက်စိမှိတ်လျက် အနားယူနေသော ရှန်းယင်ကျိုးကို လှမ်းကြည့်၍ ပြောလိုက်၏။ 




“ရှန်ကော ၊ ကားထဲကလူက ကျင်းယန်ပဲ” 




လီရင်းရင်း ပင့်သက်ရှိုက်မိသွားပြီး ရှန်းယင်ကျိုးက သူ၏မျက်လုံးကို ချက်ချင်းဖွင့်လိုက်သည်။ 




လျို့ကျစ်ချင်းက မယုံကြည်နိုင်စွာဖြင့် အထစ်ထစ်အငေါ့ငေါ့ ပြောလာသည်။ 




“သူ-သူရဲ့ခြေထောက်တွေ ကျိုးသွားပြီး မဟုတ်ဘူးလား?” 




ဟုန်မင် စိတ်မရှည်စွာ မျက်မှောင်ကြုတ်လိုက်၏။ 




ကျင်းယန်၏မျက်နှာကို ပြန်တွေးလိုက်သောအချိန်တွင် သူ ကျင်းယန်၏ ရှေ့မှောက်တွင် မည်မျှ သတ္တိနည်းခဲ့သည်ကို ပြန်လည်သတိရသွားခဲ့ရပြန်သည်။ 




“အခုချိန်မှာ ဘာမဆို ဖြစ်နိုင်တယ်လေ..တိရစ္ဆာန်တွေက လူတွေထက် ပိုကြီးထွားလာပြီး မင်းတောင်မှ အိမ်မြှောင်တစ်ကောင် အဖြစ်ပြောင်းနိုင်သေးတာပဲ၊ သူပြန်ပြီး မတ်တတ်ရပ်နိုင်တာက အံ့သြစရာမဟုတ်တော့ဘူး” 




ဤသည်က မှန်ကန်သော်ငြား လူတိုင်းက မလွယ်ကူသကဲ့သို့ ခံစားနေခဲ့ရ၏။ ကျင်းယန်၏ နာမည်ကို ဖော်ပြခြင်းကပင် သူတို့ကို ‌ဖိနှိပ်ခံရသည့်နှယ် ခံစားရစေသည်။ 




ရှုထောင့်တိုင်းမှ အခြေမွခံခဲ့ရသော နေ့ရက်များက အသစ်တစ်ဖန်ပြန်ရောက်လာသကဲ့သို့ ခံစားရလေသည်။ 




လက်သီးကို  တင်းတင်းဆုပ်ထားသော ရှန်းယင်ကျိုးကို ကြည့်လိုက်ပြီး လီရင်းရင်းက သူ့ကိုနှစ်သိမ့်ရန်အတွက် သူ၏လက်ဖဝါးကို ညှစ်လိုက်၏။ 




“စိတ်မပူပါနဲ့ ၊ သူက ဆင့်ကဲပြောင်းလဲခဲ့ရင်တောင် ရှင့်ထက် သန်မာနိုင်မှာမဟုတ်ဘူး၊ ကျွန်မတို့က အခု စီးပွားရေးလောကထဲမှာ မဟုတ်တော့ဘူး၊  ကမ္ဘာပျက်ကပ်ထဲ‌ကို ရောက်နေပြီလေ..ကျွန်မတို့ သူ့ကိုကြောက်နေစရာ မလိုဘူး” 




ဘေးဘက် ပတ်ပတ်လည်မှ လူတိုင်းက သဘောတူလိုက်ကြသည်။ 




လျို့ကျန်းကတော့ သူတို့ အဘယ်ကြောင့် ဤ’ကျင်းယန်’ကို ကြောက်ရွံ့နေကြသည်ကို သူမ နားမလည်ခဲ့ဘဲ တခဏမျှ တိတ်ဆိတ်နေခဲ့သည်။ 




ဤနာမည်က ရင်းနှီးသည်ဟု သူမတွေးနေခဲ့လေ၏။ ၎င်းကို ယခင်က တစ်နေရာရာတွင် ကြားခဲ့ခြင်းဖြစ်ရမည်ပင်။ 




သူမ၏ယခင်ဘဝက ကြားခဲ့ဖူးသော အသင်းများကို သေချာပြန်လည်စဥ်းစားလိုက်ပြီးနောက် သူမ မှတ်မိသွားခဲ့သည်။ 




“အဲဒါက သူလား?” 




သူမ အံ့အားသင့်စွာပြောလိုက်၏။ 




လူတိုင်းက လျို့ကျန်းမှာ အနာဂတ်ကို ဟောကိန်းထုတ်နိုင်သော စွမ်းရည်ဖြင့် ‘ရှေ့ဖြစ်ဟောသူ’တစ်ယောက်ဖြစ်ကြောင်းကို သိထားကြ၏။ ယခင်က ရှန်းယင်ကျိုးသည်လည်း သူမ၏ အိပ်မက်ထဲတွင် ပေါ်ပေါက်လာခဲ့သည်ဟုဆိုခဲ့သည်။ 




သူမကဘညကျင်းယန်ကို လည်း မြင်ခဲ့ခြင်း ဖြစ်နိုင်သည်လား? 




လျို့ကျန်း မေးလိုက်၏။ 




“ရှင် သူ့ကို ကျွန်မတို့ရဲ့ အသင်းထဲကို ဆွဲထည့်နိုင်လား?” 




သူမ၏အတိတ်ဘဝတွင် ကျင်းယန်ကို မည်သည့်နေရာတွင် ကြားဖူးခဲ့ကြောင်းကို မှတ်မိသွားခဲ့ပေပြီ။




ယခင်နေထိုင်ခဲ့ဖူးသော အခြေစိုက်စခန်းမှ ထွက်ပြေးလာခဲ့သော အပြင်လူတစ်ယောက်က ပြောခဲ့သည်။ လူတစ်ယောက်မှာ သူတို့၏အခြေစိုက်စခန်းမှ စွမ်းအားကြီး လူတချို့ကို သုတ်သင်ပြီး သူတို့၏အခြေစိုက်စခန်းကို ဖျက်စီးခဲ့သည်ဟု ပြောခဲ့လေသည်။ 




ထိုပုဂ္ဂိုလ်မှာ ကျင်းယန်ဖြစ်၏။ 




ထိုသူက ဓာတ်ခွဲခန်းထဲမှ အလွန် တန်ဖိုးရှိသော စမ်းသပ်ခံပစ္စည်းကိုလည်း လုယူသွားခဲ့သည်ဟု ပြောခဲ့သည်။ 




သူ၏နည်းလမ်းများက အလွန်ရက်စက်ပေသည်။ 




အခြေစိုက်စခန်းထဲမှ အသန်မာဆုံးလူ သေဆုံးပြီးနောက် ကျန်ရှိသည့်လူများကလည်း အချင်းချင်း တိုက်ခိုက်စပြုလာကြသည်။ ထိုအချိန်၌ တချို့လူများက လျို့ကျန်း၏အခြေစိုက်စခန်းသို့ ထွက်ပြေးလာခဲ့ကြခြင်းဖြစ်သည်။ 




သို့သော် ထိုသို့ ဖြစ်ပြီးနောက်တွင် ကျင်းယန်က ပျောက်ကွယ်သွားခဲ့၏။ 




သူ၏နာမည်ကို ထပ်မံမကြားရတော့ဘဲ စမ်းသပ်ခံပစ္စည်းသည်လည်း မည်သည့်အချိန်ကမှ ရှာမတွေ့ခဲ့တော့ချေ။ 




ထို့ကြောင့် လျို့ကျန်း သူ့ကို ချက်ချင်းမမှတ်မိခဲ့ခြင်း ဖြစ်၏။ 




ဤကဲ့သို့သန်မာသော လူတစ်ယောက်က သူတို့၏အသင်းသို့ စောစီးစွာ ဝင်ရောက်လျှင် သူတို့၏အသင်းက ကျိန်းသေပေါက်  အဝေးကြီးသို့ သွားနိုင်လိမ့်မည်ပင်။ 




မည်သို့ပင်ဖြစ်စေ ရှန်းယင်ကျိုးက သူမ၏အကြုံပြုချက်ကို ချက်ချင်း ငြင်းပယ်လိုက်၏။ 




“မဖြစ်နိုင်ဘူး!” 










*