အခန်း(8): ဒီရက်တွေမှာ သေခြင်းတရားကို တွေ့ဆုံရဖို့ အလျင်လိုနေတဲ့လူတွေ ရှိနေပြီလား?(1)
သူ ရေးထားခဲ့တဲ့ မှတ်ချက်က ဆွဲထုတ်ခံလာရတာမြင်တော့ ‘ချင်းဖုန်း ယွဲ့မင်’ ခဏလောက် ထိတ်လန့်သွားပေမဲ့ မကြာခင်မှာပဲ သူ ပြန်လည်တည်ငြိမ်သွားခဲ့တယ်။ ဘာလို့ဆိုတော့ ကူကျစ်စန်းက သေချာပေါက် တောက်ပညာရပ်ကို မသိနိုင်ဘူးဆိုတာကို သူ သိနေလို့ပဲ။
‘ချင်းဖုန်း ယွဲ့မင်’၊ တကယ့်နာမည်အရင်း, ထျန်းမင်က မင်းသမီး ယွီဖုန်းချင်းရဲ့ အမာခံပရိတ်သတ်တစ်ယောက်ဖြစ်လေတယ်။
သူက သူမ ပွဲဦးစထွက်ပြီးကတည်းက သူမရဲ့ ပရိသတ်ဖြစ်လာတာပဲ။ ပိုက်ဆံပစ်ပေါက်ရမဲ့ကိစ္စတွေပဲဖြစ်ဖြစ် ၊သူမရဲ့ ရန်သူတွေကို ဆွဲဖြဲရတာပဲဖြစ်ဖြစ် သူက အမြဲတမ်း ရှေ့တန်းမှာရှိနေခဲ့တယ်။
ဒါကြောင့်နဲ့ ‘ချင်းဖုန်း ယွဲ့မင်’ က ပိုပြီးတော့ လူသိများထင်ရှားလာခဲ့တယ်။
ပြီးတော့ ကုကျစ်စုန့်က သူ အများဆုံး ကြိမ်းမောင်းဆဲဆိုတတ်တဲ့ အမျိုးသမီးအနုပညာရှင်ဖြစ်လေတယ်။
တိုက်ရိုက်ထုတ်လွှင့်မှု မျက်နှာပြင်မှာတော့ ကုကျစ်စုန့်က ပြောလာတယ်။
“တိုက်ရိုက်ပဲ စလိုက်ရအောင်.. ရှင့်ရဲ့ အချက်အလက်တွေကို တွက်ချက်နိုင်ဖို့အတွက် ကျေးဇူးပြုပြီး ကျွန်မကို သီးသန့်message ထဲကို ရှင့်ရဲ့ မွေးသက္ကရာဇ် ဒါမှမဟုတ် ဓာတ်ပုံတစ်ပုံပို့ပေးပါ.. တကယ်လို့ ရှင်သာ ဆန္ဒရှိမယ်ဆိုရင် ဗီဒီယိုကောအဖြစ်လည်း တိုက်ရိုက် ဆက်သွယ်လို့ရတယ်”
“မွေးသက္ကရာဇ်လေး သိရုံလောက်နဲ့ အကြောင်းအရာတွေကို ကြိုပြီးဟောပြောနိုင်တယ်ဆိုတာ ဖြစ်နိုင်လို့လား? မစ်စ်ကုက အရမ်းအံ့ဩစရာကောင်းတာပဲ!”
ထျန်းမင် အံ့ဩသလိုမျိုး ပြောလာတယ်။
“ကျွန်တော့်အထင်တော့ အရင်ရာသီတုန်းက ဗေဒင်ဟောကြားတဲ့ဆရာသခင် ကိုပါ အခုရာသီနဲ့အတူ ပူးတွဲပြီး ကြည့်ဖို့လိုနေပြီထင်တယ် “
ရှန်းရွမ်ကျီက “ဝိဉာဉ်ရေးရာ” ရဲ့ နောက်ဆုံးရာသီထဲမှ ထိပ်ဆုံးပြိုင်ပွဲဝင်လေးယောက်ထဲက တစ်ယောက်ပဲ။ သူက သူ့ရဲ့ ကံတရားကိုဟောပြောခြင်းဆိုတဲ့ စွမ်းရည်နဲ့ အောင်မြင်ကျော်ကြားလာခဲ့တယ်။
ဒါပေမဲ့ ပရိုဂရမ်ရဲ့နောက်ဘက်ပိုင်းမှာတော့ တစ်စုံတစ်ယောက်က သတင်းတွေကို ဖောက်ဖျက်ပေးလာခဲ့တယ်။ သူ တွက်ချက်ပေးခဲ့တဲ့လူတွေက ပရိုဂရမ်ရဲ့စီစဉ်သူတွေ ငှားထားတဲ့ သရုပ်ဆောင်တွေသာဖြစ်ပြီး ဒါက ဇာတ်ညွှန်းရဲ့တစ်စိတ်တစ်ပိုင်းဖြစ်တယ်တဲ့။
ထျန်းမင်ရဲ့စကားလုံးတွေက စည်းချက်ကို တိတ်တဆိတ်သွားထိနေခဲ့တယ်။ သေချာတာပေါ့။ ကံတရားကိုတွက်ချက်တဲ့ ဗေဒင်ဟောဆရာတွေကို သဘောကျကြိုက်နှစ်သက်တဲ့ တချို့သောကြည့်ရှုတွေက ထေ့ငေ့ါလှောင်ပြောင်တဲ့ မှတ်ချက်တွေ ရေးလာကြတော့တယ်။
တိုက်ရိုက်ထုတ်လွှင့်မှုအတွင်းမှာရှိတဲ့ ကုကျစ်စုန့်ရဲ့ တည်ငြိမ်တဲ့ အမူအရာကိုမြင်တော့ သူက နှလုံးသားထဲကနေ နှာခေါင်းရှုံ့လိုက်ပြီး တစ်ဖက်လူက တည်ငြိမ်ချင်ယောင်ဆောင်နေတယ်လို့ တွေးတောနေခဲ့တယ်။
“ဒါဆိုလည်း ဗီဒိုယိုကောနဲ့ ဆက်သွယ်ရအောင်.. ဗီဒီယိုကောက ပိုပြီးတိကျတယ်”
သူပြောခဲ့သလိုပဲ မကြာခင်မှာ ကုကျစ်စုန့်ရဲ့ တိုက်ရိုက်ထုတ်လွှင့်မှုစမျက်နှာနှာပြင်က နှစ်ပိုင်းကွဲသွားခဲ့ပြီး တခြားသောမျက်နှာပြင်တစ်ခုပေါ်မှာ အနက်ရောင်ရှပ်အင်္ကျီဝတ်ထားတဲ့ အသက်ငယ်ရွယ်ပြီး ကြည့်ကောင်းတဲ့ လူငယ်တစ်ယောက် ပေါ်လာခဲ့တယ်။ ထိုလူငယ်ကတော့ ထျန်းမင်ကလွဲပြီး ဘယ်သူမှမဖြစ်နိုင်ဘူး။
“အားလုံးပဲ မင်္ဂလာပါ.. ကျွန်တော်က ‘ချင်းဖုန်း ယွဲ့မင်’ ပါ “
[ဝိုး ငါ့ရဲ့တိတိက အတော်လေးချောတာပဲ.. သူ့ကို ကြည့်ရတာ အောင်မြင်နေတဲ့ နာမည်ကြီးတစ်ယောက်နဲ့တူတယ်]
[မင်း အစ်ကိုကြီး ‘ချင်းဖုန်း ယွဲ့မင်’ ကိုသိရင်လည်း ဒီတိုက်ရိုက်ထုတ်လွှင့်မှုအခန်းမှာ လာပြောပြီး ကူကျစ်စန်းကို သတင်းအချက်အလက်တွေ ထောက်ပံ့မနေနဲ့]
တိုက်ရိုက်ထုတ်လွှင်မှုအခန်းထဲမှာတော့ ကုကျစ်စုန့်က ထျန်းမင်ရဲ့မျက်နှာကို စိုက်ကြည့်နေခဲ့ပြီး သူမရဲ့ အကြည့်တွေက အနည်းငယ် အေးစက်လာခဲ့ကာ တည်ငြိမ်စွာ ပြောလိုက်တယ်။
“မင်း ဘာကို တွက်ချင်တာလဲ?”
ထျန်းမင်က ပြန်ဖြေလာယ်။
“ပုံမှန်ဆိုရင် ဗေဒင်ဟောဆရာတွေက သူတို့လက်ချောင်းတွေဆိတ်ပြီး မင်း ဒီနေ့ အတော်လေးဆိုးရွားတဲ့ ဒုက္ခရောက်လိမ့်မယ်ဆိုတာမျိုးတွေ ပြောကြတာမဟုတ်ဘူးလား.. မစ်စ်ကု ရှာတွေ့တာကို ပြောလို့ရတယ်”
“ကောင်းပြီလေ”
အစကနေ အဆုံးထိ ကုကျစ်စုန့်က သူ့ကို ခပ်တိမ်တိမ်တစ်ချက်လောက်ပဲ စိုက်ကြည့်ခဲ့ပြီး ထို့နောက်မှာတော့ မျက်နှာပြင်ပေါ်မှာ မျက်စိဖမ်းစားစေနိုင်တဲ့အရာ ဘာမှမရှိတော့တဲ့အလား မျက်နှာပြင်ကို ပြန်မကြည့်တော့ဘူး။
သီးသန့်မက်ဆေ့ခ်ျဆီကနေ ထျန်းမင်ရဲ့နေ့နာမ်ရှစ်လုံးကို ရရှိပြီးနောက် သူမက မျက်လုံးပင့်လာခဲ့ပြီး မှတ်ချက်တွေကို စိုက်ကြည့်ရင်း ပြောလာတယ်:
“ငါ မင်းတို့ကို ရုပ်လွန်ပညာရပ်ရဲ့ အခြေခံဗဟုသုတ နည်းနည်းလောက်ကို ပြောပြပေးမယ်.. ရုပ်လွန်ပညာရပ်မှာ နည်းလမ်း ငါးမျိုးရှိပြီး ကံတရားကို ဟောတာက အဲဒီငါးမျိုးထဲက တစ်မျိုးပဲ.. ‘ကံတရားကို ဟောပြောတယ်’ ဆိုတာက မင်းတို့သိထားသလိုမျိုး ဗေဒင်ဟောတာ ဒါမှမဟုတ် ဗေဒင်တွက်ချက်တာလို့ သိထားတဲ့အရာပဲ”
ကုကျစ်စုန့်က ပြောနေရင်းနှင့် သူမက သူမရဲ့ အင်္ကျီအိတ်ကပ်ထဲမှ ကြေးပြားစေ့သုံးပြားကို ဖြည်းညင်းစွာ ထုတ်ယူလိုက်ပြီး သူတို့ကို တစ်ခုချင်းစီ စားပွဲပေါ်ကို ပစ်ချလိုက်တယ်။” ဗေဒင်ဟောတာကို လုပ်ဆောင်ဖို့ နည်းလမ်းတွေ အများကြီး ရှိတယ်.. ဝါးတုတ်တွေနဲ့ တူတွေတောင်မှ သင့်တော်တဲ့ဆရာသခင်တွေ သုံးရင် ကောင်းကျိုးနဲ့ ဆိုးကျိုးတွေကိုပဲဖြစ်ဖြစ် ဒါမှမဟုတ် ရှင်သန်ခြင်းနဲ့သေဆုံးခြင်းတို့ကိုပဲဖြစ်ဖြစ် လျော့ချလိုက်နိုင်တယ်..
ငါကတော့ သယ်ယူဖို့ လွယ်ကူပြီး ရိုးရှင်းတဲ့ ဒီကြေးပြားတွေကိုပဲ သုံးရတာ သဘောကျတယ်.. ဒီနေရာမှာ ဘယ်လို ငွေဒင်္ဂါးပြားမျိုးကိုမဆို သုံးနိုင်တယ်”
သေချာတာပေါ့။ ဒါက သူမကိုယ်တိုင်ကိုပဲ ရည်ညွှန်းတာပဲ။
တောက်ဓမ္မဂိုဏ်းတွေက အရည်အချင်းကို အလေးထားတယ်။ တပည့်တော်တော်များများက သူတို့တစ်ဘဝလုံး ကုန်ဆုံးသွားတဲ့အထိ လေ့ကျင့်ခဲ့တာတောင် ဒီနယ်ပယ်ရဲ့ တံခါးလေးကိုသာ ခက်ခက်ခဲခဲခြေချနိုင်ရုံသာဖြစ်ခဲ့တယ်။
ဒါကြောင့် သူတို့စွမ်းရည်တွေကို တိုးမြှင့်နိုင်စေဖို့အတွက် အဆင့်မြင့်မှော်လက်နက်တွေကို လိုက်လံရှာဖွေနိုင်ရုံသာ တတ်နိုင်ထဲ့ကြတယ်။
ကူကျစ်စန်းလို့မျိုး မွေးကတည်းက ယင်နဲ့ယန်ကိုကျွမ်းကျင်ပြီး ပင်ကိုယ်ပါရမီရှိတဲ့ ဉာဏ်ကြီးရှင် အနည်းငယ်လောက်ကတော့ သန်မာလာခဲ့ကြတယ်။
သူတို့တွေက အဆင့်မြင့်မှော်လက်နက်တွေကို မပြောနဲ့ လက်ဗလာနဲ့တောင် ဟောပြောနိုင်တယ်။
ကုကျစ်စုန့် ဒီတစ်ကြိမ် ပစ်ချလိုက်တဲ့ ကြေးပြားသုံးပြားက ရှိုးပွဲမစခင်ကမှ သူမ ထုံပေါင်ကနေ ဝယ်လာခဲ့တဲ့ ဧကရာဇ်ကြေးပြားတွေပဲ။ အင်ပါယာ ချမ်လုံ၊ ကျားချင် နဲ့ တောက်ကွမ်းတို့ရဲ့ ကြေးပြားငါးပြားမှာ သုံးပြားဝယ်ရင် ပို့ဆောင်ခအလကားဖြစ်ပြီး အလွန်ဈေးသက်သာတယ်။
ဗေဒင်တွက်ချက်မှုကို တစ်ကြိမ်ဖတ်လိုက်ပြီးနောက် သူမက ထျန်းမင်ကို ကြည့်လိုက်ကာ တ၀်ဝက်လောက်ပြုံးရင်း ပြောလိုက်တယ်။
“မင်းရဲ့မျက်နှာကို ကြည့်ရင် မင်းက ရေနဲ့အနီးအနားမှာ မွေးတယ်ဆိုတာကို ငါ ပြောနိုင်တယ်.. ဒါပေမဲ့ မင်းပို့ထားတဲ့မွေးနေ့မှာပါတဲ့ ထိုက်ရိရဲ့ယင်နဲ့ ယန်အရ မင်းက မီးရဲ့ ဒုတိယဂိတ်မှာမွေးတာလို့ ပြနေတယ်.. ဒီတော့ မင်းရဲ့ မွေးနေ့က မှားနေတာပဲ”
ထျန်းမင်ရဲ့ ပြုံးနေတဲ့ မျက်နှာက အေးခဲသွားပြီး အံ့သြထိတ်လန့်မှုကြောင့် အသံတောင်ထွက်မိလုနီးပါးပဲ။ သူရဲ့မသိစိတ်အရာ တုံ့ပြန်လိုက်တယ်။
“မစ်စ်ကု အမှားတစ်ခုလုပ်မိသွားပြီပဲ.. ကျွန်တော်က ဘယ်လိုလုပ်ပြီး ကျွန်တော့်ရဲ့မွေးနေ့ကို မှားရေးမိမှာလဲ?”
သူပြောပြီးတာနဲ့ ချက်ချင်းပဲ နောင်တရသွားခဲ့တယ်။ ဘာလို့လဲဆိုတော့ သူက ကုကျစ်စုန့်ကို ပေါက်ကရမွေးနေ့အမှားတွေ လုပ်ထားတာလေ။
ဟိုးအစကတည်းက ထျန်းမင်က ကုကျစ်စုန့် အရှက်ခွဲချင်နေခဲ့တာ။ ဒီလိုဆိုရင် သူမဘယ်လိုပဲ စီစဉ်ထားပါစေ ကောင်းကောင်းလုပ်နိုင်တော့မှာမဟုတ်ဘူးလေ။
သူမလို ကင်ဆာအမျိုးအစားက အနုပညာအသိုင်းအဝိုင်းထဲကနေ ထွက်သွားသင့်တယ်။
ဒါကြောင့် သူက မွေးနေ့အတုကို ပေးလိုက်ပြီး တစ်ဖက်လူက သူမရဲ့ဇာတ်ညွှန်းကို ပြောလာမှာကို စောင့်နေခဲ့တယ်။ ပြီးသွားတော့မှ သူက ထိုနေ့နာမ်က သူ့ရဲ့မွေးနေ့မဟုတ်ကြောင်း လူသိရှင်ကြားဖော်ပြလိုက်မှာဖြစ်တယ်။
မမျှော်လင့်စွာနဲ့ ကုကျစ်စုန့်က အကြည့်လေးတစ်ချက်လောက်နဲ့ ထိုပြဿနာကို ဖော်ထုတ်လိုက်တယ်။
ထျန်းမင် သူ့ရဲ့နှုတ်ခမ်းတွေကို တင်းကျပ်စွာ ဖိကိုက်မိတယ်။ သူမက ရုပ်လွန်ပညာရပ်ကို အမှန်တကယ် နားလည်နေတာများ ဖြစ်နိုင်မလား?!
မဟုတ်ဘူး။ အဲလို မဖြစ်နိုင်ဘူး။
သူမက ကြောင်မျက်ကန်း ကြွက်သေဆီကိုပြေးသွားမိတာဖြစ်လိမ့်မယ်။
သူ လျင်မြန်စွာ ငြင်းဆန်လိုက်တာကို မြင်တော့ မှတ်ချက်မျက်နှာပြင်တစ်ခုလုံးမှာ ကုကျစ်စုန့်ရဲ့ ဟောပြောမှုကို ထေ့ငေါ့လှောင်ပြောင်တဲ့စကားတွေနဲ့ ပြည့်နှက်သွားခဲ့တယ်။
တကယ်လို့ သူသာ ဒါကို ဝန်ခံလိုက်ရင် သူမအတွက် အရှိန်တစ်ခုရအောင် ပြုလုပ်ပေးလိုက်သလို ဖြစ်သွားမှာ မဟုတ်ဘူးလား? ထျန်းမင် ကျည်ဆံကို ကိုက်ခဲပြီးတော့သာ ဆက်ပြောဖို့ ရွေးချယ်လိုက်တယ်။
ကုကျစ်စုန့်: “ကောင်းပြီလေ မင်းက ဒါကို လက်မခံဘူးဆိုမှတော့ တခြားတစ်ခုကိုပဲ ဆက်ပြောကြရအောင်.. မင်းက မင်းရဲ့မွေးနေ့နေ့နာမ် ရှစ်လုံးကို မပေးရင်တောင် ကံတရားကိုဟောပြောဖို့က ဖြစ်နိုင်ပါသေးတယ်”
“မင်းက ရွှေရောင်ရေနဲ့ မွေးဖွားလာတာ.. မင်းမွေးတဲ့နေရာက မြစ်ကြီးတစ်စင်းအနီးမှာ ဖြစ်ရမယ်.. သုံးနေရာမြောက်ကြားက အနည်းငယ်မြင့်တက်နေတာက ဒီနယ်မြေက အတော်လေးမြင့်ကြောင်းကို ပြနေတယ်.. ခဏလေး စောင့်ဦး...”
ကြည့်ရှုသူ နှစ်သိန်းထက်ပိုတဲ့ လူတွေရဲ့ ရှေ့မှောက်မှာ သူမက ဖုန်းကို ထုတ်ယူလိုက်ပြီး နိုင်ငံရဲ့မြေပုံကို ဖွင့်လိုက်တယ်။
မြေပုံကို ကြည့်ပြီးနောက်မှာ သူမက ဆက်ပြောလာတယ်။
“ကောင်းပြီ သင့်တော်တဲ့ခရိုင်က တစ်ခုပဲရှိတယ် .. ချုံးမြို့ပံ”
ထျန်းမင်က ပြုံးလိုက်တယ်:
“မစစ်စ်ကု.. ခင်ဗျား အွန်လိုင်းပေါ်ကိုသွားပြီး ကျွန်တော့်ရဲ့ ဆိုရှယ်မီဒီယာအကောင့်ကို သွားရှာတာတော့ မဟုတ်ဘူးမလား? ကျွန်တော့်အကောင့်ထဲမှာ ချုံးမြို့မှာ ရိုက်ထားတဲ့ ဓာတ်ပုံတွေ သေချာပေါက် ရှိတယ်လေ”
ကုကျစ်စုန့် ပြန်မဖြေဘဲ ဆက်ပြောလိုက်တယ်:
“ဆဠမမြောက်ကောင်းကင် ဟောကြားချက်အရ မင်းအသက်က 28 နှစ်ဖြစ်သင့်တယ်..
မင်းရဲ့နဖူးက နှစ်ဖက်လုံး ပြောင်နေတာကိုကြည့်ရင် မင်းက ငယ်ငယ်လေးကတည်းက အိမ်နဲ့အဝေးမှာနေလာရတာပဲ.. ပြီးတော့ မင်း အခု နိုင်ငံခြားတိုင်းပြည်မှာ နေထိုင်နေတယ်..ဒါပေမဲ့ မင်းရဲ့ လက်ထပ်ထိမ်းမြားခြင်းနန်းတော်ကတော့ တိမ်မြှပ်နေတယ်.. ဒီလိုဖြစ်နေပေမဲ့ မင်းရဲ့အောက်မျက်ခမ်းတွေက ပြာနေတယ်ဆိုတော့ မင်းမှာ များပြားတဲ့ အချစ်ရေး အရှုပ်အထွေးတွေ ရှိနေတာပဲ..
သူတို့ထဲက တချို့ကတော့ အကြာကြီးတည်ရှိခဲ့ပေမဲ့ တချို့ကတော့ ခဏတာလောက်ပဲ.. အဲတာကြောင့်ပဲ ဇနီးမောင်နှံ နှစ်ယောက်ကြားက ဆက်ဆံရေးက ပြိုကွဲလာခဲ့ပြီး ဖြည်းဖြည်းချင်း ကွာရှင်းတဲ့ဆီမှာ အဆုံးသတ်သွားတယ်”
သူမ ထိုစကားတွေကို ပြောနေချိန်မှာ ထျန်းမင်ရဲ့အမူအရာတွေက ပြောင်းလဲလာခဲ့ပြီး သူ့ရဲ့လက်ဖဝါးတွေက ချွေးအေးတွေနဲ့ ဖုံးလွှမ်းသွားခဲ့တယ်။
မျက်နှာပြင်ပေါ်မှ မှတ်ချက်တွေကလည်း လုံးဝပေါက်ကွဲသွားခဲ့ပြီ။
အခုလေးတင် ကုကျစ်စုန့် ပြောခဲ့တာတွေက ပေါက်ကွဲအားပြင်းလွန်းတယ်လေ။
သူမ ပြောပုံအရ ဒီ “ချင်းဖုန်း ယွဲ့မင်’ က သူ့ဇနီးအပေါ်မှာ ဖောက်ပြန်ရုံတင်မကဘဲ အပြင်မှာလည်း ချစ်သူတွေ အများကြီး ထားသေးတယ်။ ဒါက ပေါက်ကွဲစရာမကောင်းဘူးလား?!
“မင်းရဲ့ နှာခေါင်းက အရှေ့ကို ငေါထွက်နေတာဆိုတော့ မင်းမှာ ငွေကြေးကံကောင်းတယ်လို့ ပြောလို့ရတယ်.. ဒါပေမဲ့ ဒါက မပြည့်စုံတဲ့ချမ်းသာမှုမျိုးပဲ.. အွန်လိုင်းဈေးရောင်းတာနဲ့ ဆက်နွှယ်နေတာ ဖြစ်လောက်တယ်..
တောင်တန်းတွေနဲ့ ဆက်နွှယ်နေတဲ့ အသက်နန်းတော်ဂိတ်ဝက ပြားနေသင့်ပေမဲ့ အခုတော့ အပေါ်ကို တက်နေတယ်.. အာ?
မင်း ဘာလို့ အဲဒါကို ဖြတ်တောက်လိုက်ပြီး မင်းရဲ့နှာခေါင်းကို ကြိုးတစ်ချောင်း ထိုးထည့်ခဲ့တာလဲ?
မင်းက သီလသမာဓိလည်း မစောင့်ထိန်းတာကြောင့် မင်းရဲ့အသက်ဂိတ်ဝက ပိတ်ဆို့ခံလိုက်ရပြီ.. နောက်ပြီး အခု မင်းရဲ့အသက်ဂိတ်ဝက ကျိုးပဲ့ပြီး စိတ်ဖိစီးမှုက မင်းကို ငြိတွယ်နေတယ်..
ဘယ်လိုတောင် ထူးဆန်းတာလဲ.. အခုခေတ် လူတွေက သေခြင်းတရားကို ရှာဖွေဖို့ အဲလောက်တောင် လောနေကြပြီလား?”
ကုကျစ်စုန့် နားမလည်နိုင်ဘူး။
သူမ ထျန်းမင်ကို ပထမဆုံးမြင်လိုက်ရတဲ့အချိန်ကတည်းက ဒီလူက ကောင်းတဲ့လူမဟုတ်ဘူးဆိုတာကို သူမ သိတယ်။
ကွန်ပြူတာမျက်နှာပြင်ကို ဖြတ်ပြီးတော့တောင် သူ့ရဲ့အနားမှာဝိုင်းနေကြတဲ့ အားနည်းတဲ့ယင်ဝိဉာဉ် အနည်းဆုံး တစ်ဒါဇင်လောက်ကို သူမ မြင်တွေ့နေရတယ်။
နောက်ပြီး သူက အသက်ဂိတ်လိုမျိုး အရေးပါတဲ့နေရာကိုတောင် ဖျက်စီးရဲပြီး နေမကောင်းမှုကို ရွေးချယ်ခဲ့တယ်။
သို့ပေမဲ့ ထျန်းမင်က ပလက်စတစ်ဆာဂျရီလုပ်ထားတယ်ဆိုတာကိုတော့ သူမက ဘယ်လိုလုပ်ပြီး သိနိုင်မှာတဲ့လဲ?