Ch 9
Viewers 2k

အခန်း(9): ဒီရက်တွေမှာ သေခြင်းတရားကို တွေ့ဆုံဖို့ အလျင်လိုနေတဲ့လူတွေ ရှိနေပြီလား?(2)




 




 




ထျန်းမင်က ပြားချပ်တဲ့နှာခေါင်းနဲ့ မွေးဖွားလာခဲ့တဲ့သူပဲ။ ဒါကြောင့်ပဲ သူက တောင်အောက်ကို ဆင်းသွားခဲ့တာ။ အလှအပကုသမှုပေါင်း မြောက်မြားစွာကို ခံယူပြီးနောက် သူက ချောမောတဲ့ ဘလော့ဂါတစ်ဦးဖြစ်လာပေမဲ့ သူက သူ့ရဲ့ နောက်ခံတွေကိုတော့ ဖုံးကွယ်ထားခဲ့တယ်။




 




အခု သူ့ရဲ့ နှာခေါင်းခွဲစိတ်မှု အဖော်ခံလိုက်ရတာကို ကြားလိုက်ရချိန်မှာ  ထျန်းမင်က ဒီထက်ပိုပြီး သည်းမခံနိုင်တော့ဘူး။ သူ့နှလုံးသားထဲက မလွယ်ကူမှုတွေနဲ့ သံသယစိတ်တွေက ပိုပိုပြီး ပြင်းထန်လာခဲ့ကာ  အော်ဟစ်လာတော့တယ်။




 




“မင်း ဘယ်လိုသောက်စကားတွေပြောနေတာလဲ! ယုံချင်ယုံ မယုံချင်နေ.. ငါ မင်းကို အသရေဖျက်မှုနဲ့ တရားစွဲလို့ရတယ်နော်!”




 




သူ့ရဲ့ နှာခေါင်းခွဲစိတ်မှုအကြောင်းကို သိတဲ့လူ အများကြီးမရှိဘူး! သူမ ဘယ်ကနေ ကြားခဲ့တာလဲ?!




 




သူ့ရဲ့  အလွန်အမင်း စိတ်လှုပ်ရှားမှုကြောင့် ထျန်းမင်က စားပွဲကို ပြင်းထန်စွာ ရိုက်ချလိုက်ပြီး သူ့နဂိုမူလ ဖော်ပြထားတဲ့ ဂုဏ်သိက္ခာရှိမှုကိုလည်း မထိန်းနိုင်တော့ဘူး။




 




သူ့အမူအရာက အနည်းငယ် ကြမ်းတမ်းရက်စက်နေခဲ့ပြီး တိုက်ရိုက်ထုတ်လွှင့်မှုကိုကြည့်ရှုနေကြတဲ့ လူတွေကို အံ့ဩသွားစေခဲ့တယ်။




 




[ဘုရားရေ ..ငါက သူက ပညာတတ်ပြီး ချောမောတဲ့လူလို့ ထင်ထားခဲ့တာ.. ဒါပေမဲ့ filter က တစ်စစီ ကျိုးပဲ့သွားခဲ့ပြီ...]




 




[ငါ့ရဲ့ယောကျာ်းသားတွေကို နားလည်မှုအရ ဒီလူက အတော် ဒေါသထွက်သွားတာပဲ.  ဖြစ်နိုင်တာက တိုက်ရိုက်ထုတ်လွှင့်သူ ပြောတာက အမှန်ဖြစ်နိုင်တယ်!]




 




[???.. ငါ ဆွံ့အသွားရပြီ..  ကုကျစ်စုန့်က သူ့အပေါ် ဆိုးဝါးတဲ့ ဆဲဆိုချက်တွေကို လက်တုံ့ပြန်ဖို့ ဒီအချိန်ကို အခွင့်အရေးယူနေတာပဲ.. ဟုတ်တယ်မလား? ချင်းဖုန်း ယွဲ့မင်က ဒေါသထွက်နေပြီ .. ငါကတော့ သူ့ကို တရားစွဲဖို့ အားပေးတယ်!]




 




ကုကျစ်စုန့် သူမရဲ့ မေးစေ့ကို ကိုင်ရင်း ဖြေးဖြေးချင်း ပြောလာတယ်:




 




“ဘယ်အရာက မှန်တယ် ၊မှားတယ်ဆိုတာကို မင်းကိုယ်တိုင်  ကောင်းကောင်း သိမှာပါ..  ‘မျက်နှာကို ဖတ်တာ’က လူတွေကို ဘယ်တော့မှ မလှည့်စားဘူး”




 




ထျန်းမင် အသက်ကို ပြင်းထန်စွာ ရှူလိုက်ပြီး အံ့ကိုတင်းတင်းကြိတ်ကာ ကွန်ပျူတာမျက်နှာပြင်ကို ဖြတ်ပြီး စိုက်ကြည့်လိုက်တယ်။ ထို့နောက် သူ့ရဲ့ခေါင်းပေါ်ကို ရေခဲရေတစ်ပုံးနဲ့ လောင်းချခံလိုက်ရသလိုမျိုး ရုတ်တရက် အနောက်ကို ကျုံ့သွားခဲ့တယ်။




 




သူ ဒီ ကံတရားကိုဟောပြောတဲ့အပိုင်းထဲ မပါဝင်ခင်မှာ  ကိုယ်ရေးကိုယ်တာအပေါ် ဖော်ပြနိုင်ကြောင်း စွန့်လွှတ်မှုအဖြစ် လက်မှတ်ထိုးခဲ့တာကို မှတ်မိသွားခဲ့ရတယ်။




 




ထိုအချိန်တုန်းက ပရိုဂရမ်စီစဉ်သူတွေရဲ့ သရုပ်ဆောင်ချက်က အတော်လေး ပြည့်စုံတယ်လို့သာတွေးခဲ့ပြီး သာမန်ကာလျှံကာပဲ ရေးထိုးခဲ့တယ်။




 




အင်တာနက်ဆယ်လီ ဘလော့ဂါတစ်ယောက်အနေနဲ့ သူသာ ကူကျစ်စန်းလို ကြယ်ပွင့်မျိုးနဲ့ ယှဉ်ပြိုင်ပြီး အနိုင်ယူရင် အတော်လေး ကြီးမားတဲ့ trafficတစ်ခု ဖြစ်လာပြီး သူသည်လည်း အောင်မြင်ကျော်ကြားလာမှာကို သိထားတယ်။ ဒါကြောင့်ပဲ သူက တိုက်ရိုက်ထုတ်လွှင့်မှုဆီကို အပြေးလာပြီး ကျော်ကြားမှုတွေကို လာရောက်ခဲ့ပေမဲ့ အခုတော့ သူ နောင်တတွေပဲရနေခဲ့ပြီ။




 




ကုကျစ်စုန့်ကတော့ ဆက်ပြောလာတယ်။




 




“မင်းရဲ့နဖူးက ပြားပြီး အရေးကြောင်းတွေလည်း ရှိနေတယ်




.. ဒါက မင်းရဲ့မိဘတွေနဲ့ ဆက်ဆံရေးအရမ်းကိုဆိုးရွားဘူးဆိုတာကို ပြနေတာပဲ..  ဒီကိစ္စက မင်းရဲ့ကလေးဘဝကတည်းက မင်းရဲ့ နှလုံးသားထဲမှာ အမြစ်တွယ်နေပြီး အခုထိ မင်းကို ပိုပိုပြီး ခါးသီးနေစေတုန်းပဲ..




 




မင်းရဲ့ကောင်းကင်ဘုံ စက်ဝိုင်းက မင်းနဲ့ နီးကပ်နေတယ်..  မင်းက သက်ရှိအသိုင်းအဝိုင်းမှာ အပြုအမူအမှားတွေ လုပ်ထားတယ်ဆိုတာကို ပြနေတာပဲ.. မင်းကို တိရစ္ဆာန်တွေအများကြီးက မုန်းတီးနေပြီး မင်းရဲ့ကမ္ဘာမြေနန်းတော်တံခါးကလည်း မချောမွေ့ဘူး...’




 




သူမ ထိုစကားကိုပြောတော့ ထျန်းမင် ရဲ့ မျက်လုံးတွေက ပိုကျယ်လာပြီး သူ့ဘဝရဲ့ အလျှို့ဝှက်ဆုံးအရာကို ထိုးနှက်ခဲ့ရသလိုမျိုး သူ့လက်တွေက သတိမဲ့စွာ တုန်ယင်လာရတယ်။




 




သူက ဆတ်ခနဲ ထရပြီး အော်ဟစ်လာတယ်။




 




“ပါးစပ်ပိတ်ထားစမ်း! မင်း! မိုက်ရိုင်းတဲ့အတုအယောင်ဆရာ! ငါ မင်းကို တရားစွဲဖို့ သောက်ရှေ့နေတစ်ယောက်ကို လွှတ်လိုက်မယ်!”




 




ကူကျစ်စန်းက ဆက်ပြောနေရင်း သူမလေသံက ပိုပြီး အေးစက်သထက် အေးစက်လာခဲ့တယ်: 




 




“.... ဆိုလိုတာက မင်းရဲ့လက်တွေက သွေးစွန်းနေပြီ.. ပြီးတော့ မင်းရဲ့နောက်မှာလည်း တစ္ဆေတွေ ပြည့်နေတယ်!”




 




[သေစမ်း သူမက ဘာကို ပြောချင်တာလဲ?]




 




[ဘုရားရေ .. ဒီနေ့ တိုက်ရိုက်ထုတ်လွှင့်မှုက တကယ် အံ့ဩစရာပဲ.. ငါတော့ အခုလေးတင် ကုကျစ်စုန့် ပြောတာ အမှန် ဟုတ်လား မဟုတ်လား သိချင်နေပြီ.. ဒီအကြောင်းတွေကို သိတဲ့လူတစ်ယောက်ယောက်များ ရှိလား.. ရှိရင် ကျေးဇူးပြုပြီး ထွက်လာပြီး ဖြေပေးပါဦး]




 




ကုကျစ်စုန့်က bullet screen ကို ကြည့်ပြီး  ရှင်းပြလိုက်တယ်:




 




“ဆိုလိုတာက သူ့လက်ထဲမှာ ဖြစ်ပျက်သွားတဲ့ သတ်ဖြတ်တဲ့  အရေးအခင်းတွေ ရှိတယ်..  သေချာတာပေါ့..  သူတို့က လူတွေတော့မဟုတ်ဘူး.. အကုန်လုံးက အိမ်မွေးတိရစ္ဆာန်တွေပဲ..အရေအတွက်ကတော့ နှစ်ဆယ်ထက် ပိုလိမ့်မယ်””တွက်ချက်မှုသာ မှန်မယ်ဆိုရင် မင်းရဲ့နန်းတော်ဂိတ်ထဲမှာ အသက်နှစ်သက်ရှိနေသေးတယ်.. မင်း သူတို့ကို လွှတ်ပေးလိုက်ပြီး ကိုယ့်ကိုယ်အတွက် ကောင်းမှုတွေလုပ်တာ ပိုကောင်းလိမ့်မယ်”




 




ကုကျစ်စုန့်က ထူးမခြားနားတဲ့မျက်လုံးတွေနဲ့ ထုတ်လွှင့်မှုမျက်နှာပြင်ကို ကြည့်လိုက်တယ်။




 




ထျန်းမင်ရဲ့ဘေးနားမှာဝိုင်းနေတဲ့ ပုံသဏ္ဍာန်မဲ့တစ္ဆေတွေက အလွန်အမင်းပြင်းထန်စွာ နာကျင်ခံစားရပြီးခးမှ သေသွားရတဲ့ တိရစ္ဆာန်တွေရဲ့ ဝိဉာဉ်တွေပဲ။ ဒါကြောင့် သူတို့က အနားယူပြီး ပျောက်ကွယ်သွားဖို့အတွက် ဆန္ဒမရှိကြဘူး။




 




ပြန်လည်ဝင်စားခြင်းရဲ့ ကောင်းကျိုးနဲ့ ဆိုးကျိုးတွေနဲ့ ပတ်သက်ရင်လူသားတွေက တိရစ္ဆာန်တွေထက် ပိုပြီးတော့ ခုခံနိုင်စွမ်းရှိကြတယ်။ တိရစ္ဆာန်တွေက သေသွားတာနဲ့ သူတို့ဝိဉာဉ်က အားနည်းလာကာ လူသားတွေကို အန္တရာယ်ပြုနိုင်ဖို့ ခက်ခဲလွန်းတယ်။ 




 




ဒါက ထျန်းမင် အခုချိန်ထိ သက်သာရာရနေဆဲဖြစ်နေတဲ့ အကြောင်းအရင်းပဲ။




 




ဒါပေမဲ့ နာကြဉ်းမှုတွေက အများကြီးစုပြုံလာခဲ့ပြီလေ။ ဒီတော့ အခုချိန်မှာ နာကြည်းမှုဝိဉာဉ်တွေရဲ့ သက်ရောက်မှုအောက်မှာ ထျန်းမင်ရဲ့ပခုံးပေါ်က အားပြင်းတဲ့ ဝိဉာဉ်နှစ်ခုက ခပ်မှိန်မှိန်တည်ရှိနေခဲ့တယ်။ 




 




နဂိုမူလ သူပိုင်ဆိုင်တဲ့ အခွင့်အရေးတွေကလည်း ‌ပျောက်ဆုံးနေပြီဖြစ်ကာ သူ့ရဲ့အခြေအနေတွေက ပိုပိုပြီး ဆိုးဝါးလာလိမ့်မယ်။




 




အခုချိန်ထိ သူ မရပ်တန့်သေးဘူးဆိုရင် ကံဆိုးမှုတွေနဲ့အတူ သေခြင်းတရားက သူ့ဆီကို မကြာခင်အချိန်မှာပဲ ရောက်ရှိလာလိမ့်မယ်။




 




[မင်တို့တွေ  ချင်းဖုန်းယွဲ့မင် ဘယ်အလုပ်ကို လုပ်တာလဲဆိုတာသိကြလား...  သူက အိမ်မွေးတိရစ္ဆာန်ဘလော့ဂါတစ်ယောက်ပဲ.. ပရိသတ်သောင်းချီပြီး ရှိနေတဲ့ သေချာတဲ့နေရာတစ်ခုရှိနေပြီးသား တစ်ယောက်လေ..  သူ့မှာ Golden retriever တစ်ကောင်နဲ့ ကြောင်လေးတစ်ကောင်ရှိတယ်.. သူတို့လေးတွေ ဘာဖြစ်သွားတာလဲ!]




 




[  ဒီတာ့ကောကသာ သားသတ်သမား ဒါမှမဟုတ်  တိရစ္ဆာန်ဆရာဝန်မဟုတ်ဘူးဆိုရင် ဒါက နည်းနည်း ကြောက်စရာပဲ....]




 




[တိုက်ရိုက်ထုတ်လွှင့်သူက ဒီလူကို တိရစ္ဆာန်တွေကို ညှင်းပန်းနှိပ်စက်ပြီး သတ်ခဲ့တယ်လို့ ပြောချင်တာလား? မင်း ဒီလိုအရာမျိုးကို ဒီတိုင်းလေး ပြောလိုက်လို့မရဘူးလေ.. မင်းမှာ သေချာတဲ့ သက်‌သေရှိလို့လား?]




 




[မင်းတို့တွေက  ဒီလိမ်ညာရတာကို အလေ့အကျင့်ရှိတဲ့ လူတစ်ယောက်ရဲ့ စကားတွေကို ယုံနေကြတာလား? ချင်းဖုန်းယွဲ့မင်က ဒီလိုလူမျိုးဆိုတာ ငါ မယုံဘူး..  သူက ကြောင်လေးတွေ ခွေးလေးတွေ ရဲ့ ချစ်စရာကောင်းတဲ့ ဗီဒီယိုတွေကို အမြဲတမ်း ရိုက်ပြတတ်တယ်.. နောက်ပြီး သူ့ရဲ့ အမွှေးပွကောင်လေးတွေအတွက် အစားအသောက်တွေကလည်း အရမ်းကောင်းတယ်!]




 




[ငါတို့မြင်တွေ့နိုင်အောင် သူ့ရဲ့တိရစ္ဆာန်လေးတွေကို ပြသတာက မလုံလောက်သေးဘူးလား? တိရစ္ဆာန်တွေက  စိတ်ခံစားချက်ထိရှလွယ်သလို သစ္စာလည်းရှိတယ်..  သူတို့က မင်းကို ကြိုက်မှ မင်းနဲ့ နီးနီးကပ်ကပ်နေမှာပဲ....]




 




အပြင်ဘက်မှာရှိနေတဲ့ ပရိုဂရမ်ရိုက်ကူးရေးအဖွဲ့ဝင်တွေကတော့ စီစဉ်သူတွေကတော့ အပြင်ကနေ လူတွေ အဆက်မပြတ် စုပြုံပြီးဝင်လာပြီး ရူးသွတ်လုမတတ် ဝင်ရောက်လာနေတဲ့ မှတ်ချက်တွေကို ကြည့်ရင်း   မူးဝေသွားသလို ခံစားနေကြရတယ်။




 




လက်ထောက်ဒါရိုက်တာက မျက်ရည်မကျဘဲ ငိုချင်နေပြီ။




 




“ လီကော.. ကောသာ ဒီကိစ္စကို မထိန်းချုပ်ဘူးဆိုရင် hot searchထဲကို ထပ်ပြီး ရောက်သွားတော့မှာနော်..  ဒီတစ်ယောက်က အကုန်လုံးကို ပြောရဲနေတယ်.. ကျွန်တော်တော့ သူ့ရဲ့စကားတွေကိုနားထောင်ပြီး ကြောက်နေပြီ..  ဒါကပြဿနာမှတော့ ဖြစ်စေတော့မှာမဟုတ်....”




 




လီချန်ဟဲ မျက်မှောင်ကြုတ်ပြီး ပြောလိုက်တယ်: 




 




“နည်းနည်းလောက် ဆက်ကြည့်ရအောင်”




 




သူက မော်နီတာပေါ်က အနက်ရောင်ဆံပင်တွေနဲ့ နှင်းလိုဖြူဖွေးတဲ့အသားအရည်ကိုပိုင်ဆိုင်ထားတဲ့ အမျိူးသမီးကို စိုက်ကြည့်နေခဲ့တယ်။ သူ့ရဲ့စိတ်ထဲမှ သူမက အာရုံစိုက်မှုတွေကို လိုချင်ရုံသက်သက်နဲ့ စကားကိုအထိန်းအချုပ်မရှိပြောနေတာမဟုတ်ဘူးလို့ သူ ခံစားနေမိတယ်။




 




ဒါပေမဲ့ တကယ်လို့ ကူကျစ်စန်းက ကိစ္စတွေကို ကြီးအောင်လုပ်ခဲ့မယ်ဆိုရင် ဒီပရိုဂရမ်အဖွဲ့သားတွေလည်း ဒီတစ်ကြိမ်မှာ အကြိမ်းမောင်းခံရမယ်ဆိုတာ သူ သိနေခဲ့တယ်။




 




·       




 




 




တဟုန်တိုးမြင့်တက်လာတဲ့ မှတ်ချက်နေရာမှ ပြင်းထန်မှုကိုကြည့်ရင်း ထျန်းမင်တစ်ယောက် ပရိသတ်က သံသယဝင်နေပြီဆိုတာကို သိနေခဲ့တယ်။ တကယ်လို့ သူသာ သက်သေမပြနိုင်ခဲ့ရင် ဝန်ခံလိုက်သလိုဖြစ်သွားတော့မှာပဲ။




 




ဒီတော့ သူ အော်ခေါ်ရုံသာ တတ်နိုင်ခဲ့တယ်။




 




“ထွမ်ယွမ် ငါ့ဆီလာခဲ့”




 




ထွမ်ယွမ်က သူ့ရဲ့ Golden retriever ခွေးလေးပဲ။  သူက ရှက်တတ်ပြီး နာခံတတ်တယ်။ ဒါပေမဲ့ အခုချိန်မှာတော့ သူ ကြိမ်ဖန်များစွာ လှမ်းအော်ခေါ်နေတာတောင် ခွေးလေးရောက်လာတာကို မမြင်ခဲ့ရဘူး။




 




ထျန်းမင် အံတင်းကြိတ်လိုက်သည်။




 




“သူ အိပ်နေတာဖြစ်နိုင်တယ်.. ငါ မင်းတို့ ကြည့်လို့ရအောင် ခေါ်သွားပေးမယ်”




 




သူက  ပြောနေရင်းနဲ့ပဲ   တိုက်ရိုက်ထုတ်လွှင့်နေတဲ့ ဖုန်းကို ယူလိုက်ပြီး ဧည့်ခန်းထဲကို လျှောက်သွားခဲ့တယ်။ သို့ပေမဲ့ သူ တံခါးကို ဖွင့်လိုက်တဲ့အချိန်ကျမှ သူ လွန်ခဲ့တဲ့ နှစ်ရက်အတွင်း ဗီဒီယို မရိုက်ရသေးတာကို သူ ရုတ်တရက် မှတ်မိသွားရတယ်။ဒီတော့ သင့်တော်မှုမရှိတဲ့အရာတစ်ချို့က ကင်မရာထဲမှာ ပေါ်လာခဲ့တော့တယ်။ ဒါပေမဲ့ သူမှာ ရိုက်ကူးဖို့ အထူးနေရာတွေ ပြောင်းနေဖို့ အချိန်မရှိတော့ဘူး။




 




  အခုချိန်မှာတော့ နောက်ဆုတ်ဖို့ နောက်ကျသွားပြီ ဖြစ်တာကြောင့်ပြီး သူက ကျည်ဆန်ကိုကိုက်ကာ ထောင့်နားမှ ညစ်ပတ်နေတဲ့ ခွေးလှောင်အိမ်ဆီသို့ သွားလိုက်ပြီး ဖြစ်ညှစ်ပြုံးလိုက်တယ်။




 




“ထွမ်ယွမ် ..မင်း ဘာလို့ ဒီလောက်ထိဆိုးသွမ်းနေရတာလဲ? မင်း ဘာလို့ အမှိုက်ပုံးတွေကို ဆွဲပြီး ဖွထားရတာလဲ?”




 




ဘယ်လိုပဲဖြစ်ဖြစ် တိရစ္ဆာန်တွေက စိတ်ခံစားချက် ထိလွယ်ရှလွယ်တဲ့သူတွေပဲ။ ဒါကြောင့် သူတို့တွေ သဘာဝကျစွာနှင့် ထျန်းမင်ရဲ့လေသံထဲက ဒေါသသံကို ကြားနိုင်နေခဲ့တယ်။ 




 




Golden retriever လေးက နောက်ထပ် အပြစ်ပေးတဲ့အနေနဲ့ အရိုက်ခံရမှာကို ကြောက်နေခဲ့တာကြောင့် သူ့ရဲ့ လှောင်အိမ်လေးထဲကနေ တုန်ယင်စွာ ထွက်လာပြီး ထျန်းမင်ရဲ့အနားကို ဖြေးဖြေးချင်း ချဉ်းကပ်လိုက်ခဲ့တယ်။




 




သူ့ခြေထောက်တွေက အနည်းငယ် ကွေးနေခဲ့ပြီး လမ်းလျှောက်တဲ့အချိန်မှာလည်း သူ့အမြှီးက ခြေထောက်တွေကြားမှာ ရှိနေခဲ့တယ်။ ခန္ဓာကိုယ်ကလည်း သိသိသာသာ တုန်ယင်နေခဲ့တယ်။ 




 




သူက ထျန်းမင်ကို တောင်းဆိုနေသလိုမျိုး ဘောင်းဘီတွေကို ပွတ်သပ်လာခဲ့သလို သူ့ဆီက အချိန်မရွေးရှောင်ချင်နေသလိုမျိုးလည်း သတိထားနေခဲ့တယ်။




 




ထျန်းမင် သူ့ကိုယ်သူ ဘယ်လောက်ပဲ သက်သေပြချင်နေပါစေ ခွေးက သူ့ကို ကြောက်မနေဘူးဆိုတာကို မပြနိုင်တော့ဘူး။




 




သူ ဆတ်ခနဲထရပ်လိုက်တော့ သူ့ရဲ့ ခြေထောက်နားမှာရှိနေတဲ့ Golden retrieverလေးက ကြောက်လန့်တကြားနဲ့  ဘေးကို ပုန်းရှောင်သွားခဲ့တယ်။ 




 




ထိုအခိုက်မှာပဲ လူတွေက ကြောင်လေး မိန်သွမ့် ဘီဒိုဘေးကနေ ချောင်းကြည့်နေတာကို မြင်တွေ့လိုက်ရတယ်။  ထိုလူရဲ့ ရှုံ့မဲ့နေတဲ့  မျက်နှာကို မြင်တော့ ကြောင်လေးက အလွန်ကြောက်လန့်သွားခဲ့ပြီး “မြောင်”ခနဲအော်ကာ  ဆိုဖာအောက်သို့ ပြေးဝင်သွားတော့တယ်။




 




‘ဖြတ်’ ဆိုတဲ့အသံနဲ့အတူ ထျန်းမင်ရဲ့ တိုက်ရိုက်ထုတ်လွှင့်တဲ့ မျက်နှာပြင်က မဲမှောင်သွားခဲ့လေတယ်။ သူက သူ့ဘာသာသူ ပိတ်ချလိုက်တာပဲ။




 




[ဒီလူက အိမ်မွေးတိရစ္ဆာန်တွေကို မနှိပ်စက်ဘူးလို့ ဘယ်သူပြောခဲ့တာလဲ? သူသာ မနှိပ်စက်ဘူးဆိုရင် အမွှေးပွကောင်လေးတွေက ဘာလို့ အခုလိုမျိုး  သူ့ကို ကြောက်နေမှာလဲ?]




 




[ကယ်ကြပါဦး.. ကင်မရာပြုတ်မကျသွားခင် အဆုံးသတ်နားမှာ ထျန်းမင်ရဲ့ မျက်နှာက အရမ်းကြောက်ဖို့ကောင်းတာပဲ.. ငါတောင် အရမ်း ကြောက်သွားတာ ကလေးလေးတွေဆို ဘယ်လိုနေကြမလဲ!!!]




 




**