Chapter12
Viewers 1k

အခန်း(၁၂)သွေးနီရောင်မှဲ့


ဝမ်မင်ယွီဟာ ဉာဏ်ကောင်းသည့်အပြင် စာလည်းကြိုးစား၍ ကုံးရွှယ်မှာ သူ့ကို ပို၍ပို၍ သဘောကျလာကာ တပည့်ရင်းတစ်ဦးကဲ့သို့ပင် ဆက်ဆံတော့သည်။


အစပိုင်းတွင် ဝမ်မင်ယွီမှာ မုကျန့်က "လဝက်အတွင်း ပြီးအောင် သင်ယူရမယ်" ဟု ပြောထားသောကြောင့် အလွန် စိုးရိမ်ပူပန်ခဲ့ပြီး အထက်တန်းကျောင်းသားတစ်ဦးထက်ပင် ပို၍ ကြိုးစားပမ်းစား သင်ယူခဲ့‌ လေသည်။ ညဘက် အိပ်နေစဉ်မှာပင် ယောင်ယမ်း၍ စာလုံးများကို လက်ချောင်း‌ေလးဖြင့် ရေးခြစ်‌ေနမိသည်အထိ ဖြစ်ခဲ့၏။ သို့သော် တစ်လကြာပြီးနောက်အထိ မုကျန့်က ထိုအကြောင်းကို ထပ်မပြောတော့ဘဲ မေ့လျော့သွားဟန် ရှိသည်။


ထိုအခါမှ ဝမ်မင်ယွီခမျာ သက်ပြင်းချနိုင်ကာ ဤမင်းဆိုးမင်းညစ်ကြီးတွင် လူသားဆန်မှု အနည်းငယ် ကျန်သေးသည်ဟု တွေးလိုက်မိသည်။ သို့သော် သူဟာ ပေါ့ဆမသွားဘဲ ဆက်လက် ကြိုးစား သင်ယူနေခဲ့၏။ အဘယ်ကြောင့်ဆိုသော် ဤအခွင့်အရေးဟာ သူ့ဆီသို့ အရောက်လာသော အဖိုးတန်အခွင့်အရေး ဖြစ်နေသောကြောင့် ဖြစ်သည်။ ဤခေတ်၏ တော်ဝင်ကျောင်းတော်ဆိုသည်မှာ နိုင်ငံ့ထိပ်သီးတက္ကသိုလ်နှင့် အတူတူပင်ဖြစ်ပြီး ကုံးရွှယ်ဆိုသည်ကလည်း ထိုနေရာမှ ပါရဂူတစ်ဦးဖြစ်၏။ ထိုသူ၏ လမ်းညွှန်သင်ကြားခြင်းခံရဖို့မှာ လူတကာ အိပ်မက်မက်ရန်ပင် မလွယ်ကူသည့် ကိစ္စဖြစ်‌ေလသည်။


ကြယ်တာရာခေတ်က ဝမ်မင်ယွီမှာ သူ၏လိင်ခွဲခြားမှုကို ဖုံးကွယ်ဖို့အတွက် မည်သည့်ကိစ္စတွင်မှ ထင်ပေါ်ကျော်ကြားအောင် မလုပ်ရဲခဲ့ပေ။ မလိုအပ်သော ပြဿနာများ ဖြစ်ပွားမည်ကိုလည်း စိုးရိမ်ခဲ့‌ရသည်။ စာမေးပွဲ အမှတ်များကိုပင် လျှော့‌ေဖြခဲ့ရပြီး မြို့ငယ်လေးရှိ သာမန် အထက်တန်းကျောင်းသို့သာ တက်ရောက်ခဲ့ရာ ပညာရေးအရင်းအမြစ်များမှာလည်း မြို့တော်နှင့် ယှဉ်လျှင် အလိုအလျောက်ကို နိမ့်ကျခဲ့၏။ ယခုမူ ဘယ်အရာကိုမျှ ဖုံးကွယ်ရန် မလိုအပ်တော့ဘဲ လွတ်လပ်စွာ နေနိုင်ပြီဖြစ်ရာ ဤအခွင့်အရေးကို အဘယ်ကြောင့် မဆုပ်ကိုင်သင့်သနည်း။


ဝမ်မင်ယွီက အရာအားလုံး အစကနေ စတင်ရမည့် အသိပညာမဲ့ ကလေးတစ်ဦး မဟုတ်ပေ။ သူ့တွင် တစ်ခေါက်ဖတ်ရုံနှင့်မှတ်မိနိုင်သည့် ဉာဏ်ရည်ရှိပြီး အခြေခံ စာလုံ‌းရေးနည်းသင်ခန်းစာများကိုလည်း အကြာကြီး လေ့လာသင်ယူထားပြီးဖြစ်၏။ ယခုအခါတွင် သူဟာ ပညာရှိများအတွက် မရှိမဖြစ်လိုအပ်သည့် သင်ခန်းစာ အမျိုးမျိုးကိုပင် သင်ယူနေပြီဖြစ်ပြီး "စာအုပ်လေးအုပ်နှင့် ကျမ်းငါးစောင်" မှာလည်း ထိုအထဲမှ အနည်းငယ်မျှသာ ဖြစ်‌လေသည်။ သူ့တွင် အသိပညာမှန်သမျှကို ရေမြှုပ်တစ်ခုကဲ့သို့ အလျင်အမြန် စုပ်ယူကာ မိမိကိုယ်ပိုင်အဖြစ် ပြောင်းလဲနိုင်စွမ်းရှိနေသည်။


အကယ်၍ ကုံးရွှယ်အနေဖြင့် ထိုမျှ ထူးချွန်လှသော တပည့်‌ေလးကို အပြစ်ရှာရမည်ဆိုပါက သူ၏အားနည်းချက်မှာ လက်ရေးလှ ပညာသာဖြစ်၏။ အဘယ်ကြောင့်ဆိုသော် ဝမ်မင်ယွီ မည်မျှပင် အတတ်မြန်စေကာမူ ဤသည်မှာ သူ့အနေနှင့် စုတ်တံကို ပထမဆုံးအကြိမ် ကိုင်ဖူးခြင်းဖြစ်ပြီး မည်သို့မျှ အသားမကျသေးပေ။ ဤသည်မှာလည်း နှစ်ပေါင်းများစွာ လေ့ကျင့်မှု လိုအပ်သောကြောင့် တစ်ညတာအတွင်း ကျွမ်းကျင်နိုင်သည့် ကိစ္စမဟုတ်ပေ။


ထို့ကြောင့် ပုံမှန်သင်ခန်းစာများ ပြီးသည့်အခါတိုင်းတွင် ကုံးရွှယ်က သူ့ကို လက်ရေးလှ လေ့ကျင့်ဖို့အတွက် အိမ်စာများ ပေးလေ့ရှိသည်။ ဝမ်မင်ယွီသည်လည်း ဆရာဖြစ်သူ၏ လှပသော လက်ရေးကို လေးစားလွန်း၍ ပိုမိုကြိုးစား လေ့ကျင့်ရှာသည်။


ထိုနေ့က ထုံးစံအတိုင်း စာကြည့်ခန်း၌ လက်ရေးလှ လေ့ကျင့်နေစဉ် တစ်ယောက်ယောက်ဝင်လာသော ခြေသံများကို ကြားရသောအခါ ကုံးရွှယ်ဖြစ်မည်ဟုပဲ ထင်လိုက်မိ‌ေလသည်။ သူက မော့မကြည့်ဘဲ မေးလိုက်မိ၏။


"ဆရာကြီး ကျွန်တော့်ရဲ့ လက်ရေးကို ဘယ်လိုမြင်ပါသလဲ"


ထိုလူက တစ်လှမ်းချင်း နီးကပ်လာပြီး သူ့ဘေးတွင် ရပ်လိုက်သော်လည်း စကားမပြောပေ။


ဝမ်မင်ယွီက မျက်လုံးထောင့်မှ နဂါးပန်းထိုးပုံ ဝတ်ရုံလက်ဖျားကို သတိပြုမိလိုက်ရာ မည်သူဖြစ်သည်ကို ချက်ချင်း သိလိုက်ပြီး အံ့အားသင့်သွားသောအသွင်ဖြင့် မော့ကြည့်ကာ မေးလိုက်သည်။


"အရှင်မင်းကြီး ကျွန်တော့်ဆီကို အထူးတလည် ကြွလာခဲ့တာလား"


သူ၏ လှပသော မျက်လုံးများဟာ နက်မှောင်ပြီး စိုစွတ်ကာ ကြည်လင်တောက်ပနေသည်။ သူက မုကျန့်ကို ကြည့်လိုက်သောအခါ အရောင်တလက်လက် တောက်နေပြီး သူ့မျက်လုံးထဲတွင် မုကျန့်တစ်ဦးတည်းသာ ရှိနေကာ မုကျန့်ကြောင့် ဖြစ်ပေါ်လာသော ဝမ်းသာပီတိနှင့် မျှော်လင့်ချက်များဖြင့် ပြည့်နှက်နေ၏။ မုကျန့်ကသာ ကမ္ဘာပေါ်တွင် အရေးအကြီးဆုံး ပုဂ္ဂိုလ်ဖြစ်သည့်အလား...


ဘယ်သူကများ ဒီလိုလူကို မနှစ်သက်ပဲ နေနိုင်မှာလဲ?


မုကျန့်က ကိုယ်တိုင်တောင် မသိလိုက်ခင် မျက်တောင်မြန်မြန်ခတ်မိသွား‌တော့၏။ ဝမ်မင်ယွီထံမှ အကြည့်လွှဲကာ ရွှမ်စာရွက်ကိုသာ ကြည့်လိုက်ပြီး တည်ငြိမ်စွာ ပြောသည်။


"တိုးတက်လာသားပဲ"


ဝမ်မင်ယွီ၏ မျက်လုံးလေးများ အရောင်တောက်သွားပြီး နှုတ်ခမ်းများကလည်း ပြုံးသွားကာ မုကျန့်ကို ပွတ်သပ်ပစ်ချင်သည့် တိရစ္ဆာန်ဗီဇကိုပင် မထိန်းချုပ်နိုင်လုနီးပါးထိ ဖြစ်သွားသည်။

ချီးကျူးခံရတာ မကြိုက်တဲ့လူ ဘယ်မှာရှိလို့လဲ?


မင်းဆိုးမင်းညစ်ကြီးက သူ့ကို ချီးမွမ်းနေခြင်း ဖြစ်ရာ သူဟာ မယုံနိုင်လောက်အောင်ပင် စိတ်ချမ်းသာနေ‌ေတာ့သည်။


ဝမ်မင်ယွီ အနည်းငယ်ဂုဏ်ဆာမိသွားပြီး သူ၏ အမြီးလုံးလေးသည်လည်း ဝတ်ရုံအောက်တွင် တလှုပ်လှုပ်ဖြစ်နေစဉ် မုကျန့်က ဆက်ပြောလိုက်သည်။

"သုံးနှစ်အရွယ် အဆင့်ကနေ ငါးနှစ်အရွယ် အဆင့်ကို ရောက်လာပြီ"


ဝမ်မင်ယွီ တောင့်ခဲသွားပြီး သူ့မျက်နှာပေါ်မှ အပြုံးလည်း ချက်ချင်း ပျောက်ကွယ်သွားတော့သည်


ဒါ စော်ကားလိုက်တာ


လုံးဝ! တကယ်ကြီးကို စော်ကားလိုက်တာ


ဝမ်မင်ယွီ ချက်ချင်းလက်ငင်း သူ့ကို ခေါင်းနဲ့ တိုက်သတ်ပစ်ချင်စိတ်တောင် ပေါက်သွားရတယ်


သူသာ ဧကရာဇ်တစ်ပါး မဟုတ်ခဲ့ရင် ဒီအချိန်မှာ တကယ် သေ‌ပြီ


တကယ် သေနေ‌ပြီ


မုကျန့်ကမူ မတုန်မလှုပ်ဖြစ်‌နေဆဲဖြစ်ပြီး X-Ray လို စူးစိုက်ကြည့်နေသည့် အကြည့်ကတောင် သူ့အ‌ပေါ် နည်းနည်းမှ သက်ရောက်မှု မရှိ


"အရှင်မင်းကြီး မှန်ပါတယ်။ ကျွန်တော်က ဒီကဏ္ဍမှာ တော်တော်လေးကို အားနည်းနေတာမို့ ဆရာကြီးကုံးဆီကနေ ပိုပြီး သင်ယူဖို့ လိုအပ်ပါတယ်


ဝမ်မင်ယွီမှာ ခေါင်း‌ေလးငုံ့ကာဖြင့် ဝမ်းနည်းနေပုံရပြီး သနားချင်စဖွယ် အငွေ့အသက်ကို ထုတ်လွှတ်လိုက်သည်


မုကျန့်က ရုတ်တရက် ဖြတ်ပြောလိုက်


"သူ့ကို ရှာစရာ မလို‌ေတာ့ဘူး၊ကိုယ်တော် ကိုယ်တိုင် သင်ပေးမ


ဝမ်မင်ယွီ လုံးဝ အံ့အားသင့်သွားရပြီး တုန်လှုပ်စွာဖြင့် မော့ကြည့်လိုက်မိသည်။ ဧကရာဇ်ဟာ လက်ရေးလှပညာတွင် အလွန် ထူးချွန်သူဖြစ်ကြောင်း ကုံးရွှယ် အကြိမ်များစွာ ပြောဖူးသည်ကို သူကြားဖူးခဲ့၏။ ထို့ကြောင့် သူ့တွင် စူးစမ်းလိုစိတ် အနည်းငယ်ရှိခဲ့ပါသော်လည်း ထိုမင်းဆိုးမင်းညစ်ကြီးသာ ဆရာလုပ်မည်ဆိုလျှင် သူ စိတ်တိုင်းမကျသည်နှင့် တပည့်များကို ခေါင်းဖြတ်ပစ်တော့မည်မဟုတ်လား။ ဤသည်မှာ ပညာသင်ဖို့ အသက်ကိုရင်းရခြင်းနှင့်ပင် တူနေလေပြီ


"... အရှင်မင်းကြီးက တိုင်းပြည်ရေးရာ ကိစ္စတွေနဲ့ အလုပ်ရှုပ်နေတာဆိုတော့ ဒီလို ကိစ္စသေးသေးလေးအတွက်နဲ့ အရှင်မင်းကြီးကို ဒုက္ခမပေးသင့်ပါဘူး။ ကျွန်တော် ကိုယ့်ဘာသာ ပိုလေ့ကျင့်ပြီး မသိတာရှိမှ ဆရာကြီးကုံးကို မေးမြန်းလိုက်ပါ့မ


ဝမ်မင်ယွီက ယဉ်ကျေးစွာ ငြင်းဆိုလိုက်သည်


မုကျန့်၏ မျက်လုံးများ မှေးကျဉ်းသွားတော့


"မင်းက ကိုယ်တော်သင်ပေးတာကို မလိုချင်လို့လ


သူ၏အသံတွင် မကျေမနပ်မှုများ ပြည့်နေပြီး အန္တရာယ်အငွေ့အသက်များပင် ရောယှက်နေသည်


ဝမ်မင်ယွီ တုန်ယင်သွားပြီး ချက်ချင်း ခေါင်းယမ်းလိုက်ကာ ချိုသာစွာ ပြုံးပြီး ပြောလိုက်သ


"ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ ဒါက ကျွန်တော့်အတွက် ဂုဏ်ယူစရာပါ။ ဒါပေမဲ့ ကျွန်တော်က ဥာဏ်နည်းတဲ့အတွက် အရှင်မင်းကြီးရဲ့ အရေးကြီး ကိစ္စတွေကို နှောင့်နှေးစေမှာ စိုးလို့ပ


"ကိုယ်တော် ဂရုမစိုက်ဘူ


"ဒါဆိုလည်း ကောင်းတာပေါ့...ကျွန်တော် တကယ့်ကို ဝမ်းမြောက်မိပါတယ်


ဝမ်မင်ယွီက နာခံမှုရှိစွာဖြင့် တိုးကပ်လာပြီး မျက်လုံးများကလည်း တောက်ပနေကာ ဝံပုလွေမွေး စုတ်တံကို လက်နှစ်ဖက်ဖြင့် ကမ်းပေးလိုက်သည်။ အပြင်ပန်းတွင် အင်မတန်‌ပြုံးရွှင်နေသော်လည်း သူ၏ စိတ်ထဲတွင်မူ ခွေးဧကရာဇ်၏ ဦးခေါင်းကို ရိုက်ခွဲပစ်ဖို့ပင် တွေးပြီး‌လေပြီ


သို့သော် မုကျန့်က စုတ်တံကို မယူခဲ့ပေ။ ထိုအစား သူက ဝမ်မင်ယွီ၏နောက်တွင်သာ ရပ်နေပြီး ဝမ်မင်ယွီရေးသည်ကို ကြည့်ကာ အမှားရှာပေးနေ


သူ့နောက်တွင် ရပ်နေသော မုကျန့်ဟာ စကားတစ်ခွန်းမှ မပြောသော်လည်း လျစ်လျူရှု၍ မရအောင်အထိ စူးစူးဝါးဝါးစိုက်ကြည့်နေကာ အလွန်အားကောင်းသော တည်ရှိမှုကို ပေးစွမ်းနေသည်ဟုပင် ပြောရမည်


ဝမ်မင်ယွီခမျာ စာမေးပွဲ စစ်ဆေးသူတစ်ဦး ဘေးတွင် ရပ်နေသလို ဖိအားကို ကျိန်းသေ ခံစားလိုက်ရပြီး စုတ်တံကို ကိုင်ထားလျက်ပင် စိတ်လှုပ်ရှားနေ‌ေတာ့သည်။ သူ့နောက်တွင် လုံးဝကို မည်သူမျှ မရှိဘဲ သူ မြင်နိုင်သမျှမှာ စာလုံးများသာ ဖြစ်သည်ဟု ကိုယ့်ကိုယ်ကို အယုံသွင်းနိုင်ရန် မနည်း ကြိုးစား‌ခဲ့


ထိုစကားလုံးများကို အကြိမ်အနည်းငယ် ရွတ်ဆိုပြီးနောက် အကျိုးသက်ရောက်မှု အချို့ ရှိလာခဲ့သည်။ သူဟာ တဖြည်းဖြည်းနှင့် ပိုမို သဘာဝကျလာပြီး သူ၏ စုတ်ချက်များလည်း ပိုမိုချောမွေ့လာသည်။ သို့သော် ဤသည်မှာ မုကျန့် တစ်စုံတစ်ခု မလုပ်လိုက်ခင်အထိသာ ဖြစ်


သူ ရေးနေစဉ်မှာပင် မုကျန့်က ရုတ်တရက် လက်လှမ်းကာ ဝမ်မင်ယွီ၏ ညာဘက်လက်ကို ဆုပ်ကိုင်လိုက်ပြီး ဝံပုလွေမွေး စုတ်တံရော၊ သူ့လက်ကိုပါ သဘာဝအတိုင်း ထိန်းချုပ်လိုက်သည်။ ဤလုပ်ဆောင်ချက်က လူနှစ်ဦးကြားရှိ အကွာအဝေးကိုလည်း ချက်ချင်း နီးကပ်သွားစေခဲ့၏။ ဝမ်မင်ယွီက ထိုင်မြဲ ထိုင်နေသော်လည်း မုကျန့်၏လက်မောင်းကြား ရောက်နေသဖြင့် မုကျန့် ငုံ့လိုက်သည်နှင့် ဝမ်မင်ယွီကျောပေါ်သို့ ခပ်ဖွဖွ ဖိလိုက်သကဲ့သို့ ဖြစ်သွားသည်


သူ့ကို လက်ထဲတွင် ပွေ့ဖက်ထားသည့်အလာ


ဤသည်မှာ ဝမ်မင်ယွီအနေဖြင့် မုကျန့်နှင့် အနီးကပ်ဆုံး ရှိဖူးခြင်းဖြစ်သည်။ သူဟာ ယခင်က မည်သူနှင့်မျှ ဤမျှလောက် နီးနီးကပ်ကပ် မရှိခဲ့ဖူး၍ အလွန်ပင် စိတ်မသက်မသာ ဖြစ်သွားရတော့


ဆန့်ကျင်ဘက်အားဖြင့် မုကျန့်ကမူ ပို၍ပင် တည်ငြိမ်လာပုံရသည်။ သူက စာသင်ပေးရန်အတွက်သာ အမှန်တကယ် ရောက်ရှိနေသကဲ့သို့ ဖြစ်ပြီး တစ်လျှောက်လုံး ဝမ်မင်ယွီကို ကိုယ်တိုင် လမ်းညွှန်သင်ကြားပေးနေသည်။ ဝမ်မင်ယွီမှာ သူ၏ ညာဘက်လက်က သူ့အပိုင်မဟုတ်တော့ဘဲ အခြားသူတစ်ဦးက ထိန်းချုပ်ထားသကဲ့သို့ပင် ခံစားလိုက်ရ၏။ စုတ်ချက်တိုင်းက တိမ်တိုက်များလို၊ ရေစီးကြောင်းတစ်ခုလို ချောမွေ့စွာ စီးဆင်း‌ေနပြီး မကြာမီ စက္ကူပေါ်၌ စာလုံးနှစ်လုံး ပေါ်လာ‌ေတာ့သည်။

လက်ရေးလက်သားမှာ ကူးလူးနေသော နဂါးတစ်‌ ကောင်ကဲ့သို့ ခွန်အားကြီးမားပြီး အားပါကာ စုတ်ချက်များကလည်း ပြတ်သားနေသည်။ ၎င်းမှာ ဧကရာဇ်၏ အမည်ဖြစ်သော "မုကျန့်" ဟူသည့် စာလုံးနှစ်လုံးကို ရေးသားထားခြင်း ဖြစ်သည်။


ရေးပြီးနောက် မုကျန့်က သူ၏လက်ကို လွှတ်ပေးလိုက်သည်။


ဝမ်မင်ယွီဟာ အံ့ဩ‌နေရာမှ ရုန်းထွက်လိုက်ပြီး ချက်ချင်းပင် အရှင်မင်းကြီးအား ချီးမွမ်းခန်း ဖွင့်လိုက်‌တော့၏။


"ဆရာကြီးဆီကနေ အရှင်မင်းကြီးရဲ့ လက်ရေးလှပညာ ထူးချွန်ကြောင်း ကြားဖူးထားတာကြာပါပြီ။ ဒါ့ကြောင့် အမြဲတမ်း ကြည့်ချင်‌ေနခဲ့တာ...တကယ့်ကို အံ့မခန်းပါပဲ။ ကျွန်တော် ဒါကို ရတနာတစ်ပါးလို သိမ်းထားပြီးတော့တောင် အချိန်ရတိုင်း ထုတ်ပြီး ကြည့်ချင်မိတယ်"


လူတိုင်း အရည်အချင်းရှိပြီး ထူးချွန်သည့်သူကို လေးစားအားကျတတ်ကြသည်မှာ သဘာဝပင်ဖြစ်၏။ ဝမ်မင်ယွီ၏ ဒီတစ်ကြိမ်ချီးကျူးသံက အလွန်ချဲ့ကားလွန်းနေပြီး သဘာဝမကျဟု ထင်ရနိုင်သော်လည်း အရင့်အရင်က သူ၏ အပေါ်ယံ ဟန်ဆောင်ချီးကျူးသံများနှင့် ယှဉ်လိုက်လျှင် စိတ်ရင်းအမှန်ဖြစ်ကြောင်း သိသာလေသည်။ မုကျန့်၏ လက်ရေးကို သူ အမှန်တကယ် သဘောကျနေပြီး တစ်နေ့မှာ ထိုသူ့အတိုင်း ရေးနိုင်ဖို့ မျှော်လင့်နေမိ၏။


"ဘာပဲဖြစ်ဖြစ်"


မုကျန့်က စုတ်တံကို ပြန်ပေးလိုက်ပြီး အေးဆေးတည်ငြိမ်စွာ ပြောသည်။


"အခု မင်းအလှည့်ပဲ...စမ်းရေးကြည့်"


ဝမ်မင်ယွီ အံ့အားသင့်သွားရသည်။ ဤသည်မှာ ဧကရာဇ်၏ အမည်ကို ရေးသားထားခြင်းဖြစ်၏။


ရှေးခေတ်က ဥပဒေတွေမှာ ဧကရာဇ်နာမည်ကို သာမန်လူတွေ မ‌ပြောဖို့အတွက် တင်းတင်းကြပ်ကြပ် တားမြစ်ထားတယ် မဟုတ်ဘူးလား။


သူ ဒီတိုင်း ချရေးလို့ ရရဲ့လား။


သို့သော် မင်းဆိုးမင်းညစ်ကြီးဆိုသည်မှာ အာဏာရှင်ကြီးပင်ဖြစ်ပြီး စည်းမျဉ်းစည်းကမ်းကို လုံးဝ ဂရုမစိုက်ပေ။ သူ မလှုပ်ရှားသည်ကို မြင်သောအခါ ထိုသူက စားပွဲကိုတောင် လက်ဖြင့် ခေါက်လိုက်ကာ တင်းကြပ်သော ဆရာတစ်‌ေယာက်၏ဟန်ပန်ကို ပြသလာ၏။


ဝမ်မင်ယွီမှာ ရွေးချယ်စရာမရှိ‌ေတာ့ဘဲ မုကျန့်၏ လက်ရေးကို ကူးရေးလိုက်ရတော့သည်။ ဧကရာဇ်၏ အမည်မှာ အနည်းငယ် ထူးဆန်းသော်လည်း မုကျန့်က အဖိအဖော့ မလုံလောက်သည့်နေရာနှင့် စုတ်ချက်များ စောလွန်းစွာ အဆုံးသတ်သွားသည့်နေရာများကို ထောက်ပြပေးခဲ့သည်။


မသိလိုက်မီမှာပင် မုကျန့်က သူ့ကို စာရွက်များစွာ၌ အပြည့်ရေးခိုင်းပြီးသွားလေပြီ။ အစပိုင်းတွင် သူဟာ စုတ်တံကို ကောင်းစွာ မထိန်းချုပ်နိုင်ဘဲ မင်များပင် စက္ကူနောက်ကျောသို့ ပေါက်ထွက်သွားအောင်အထိ အားစိုက် ရေးခဲ့မိ၏။


ထိုစာရွက်များကို လှမ်းကြည့်လိုက်သောအခါ ဝမ်မင်ယွီအနေဖြင့် သူ့ကိုယ်သူ မုကျန့်ကို စွဲလမ်းနေသော လူယုတ်မာတစ်ဦးကဲ့သို့ပင် မသိစိတ်မှ ခံစားလိုက်ရလေသည်။ ဤအကြောင်းကို တွေးမိသောအခါ၌ သူ ချက်ချင်း တုန်လှုပ်သွားပြီး အနည်းငယ်လည်း ထိတ်လန့်သွားရ၏။


ကိုယ်တိုင်ပင် ဘာကြောင့်မှန်း မသိလိုက်သော်လည်း မသိစိတ်အရ နောက်သို့ ခြေလှမ်းသေးသေးလေး တစ်လှမ်း ဆုတ်မိသွားသည်။


မုကျန့်က သူ့အတွေးများကို မျှဝေလိုခြင်းမရှိသည်မှာ ထင်ရှား‌ေလသည်။ သူက ဝမ်မင်ယွီ၏ လေ့ကျင့်မှုရလဒ်များကိုသာ ငုံ့ကြည့်လိုက်ပြီးနောက် ရှားပါးလှစွာသော အပြုံးလေးတစ်ခုကလည်း သူ၏ နှုတ်ခမ်းထက်တွင် ပေါ်လာ၏။


မုကျန့်က ခေါင်းအသာညိတ်၍ ဆိုသည်။


"တော်တယ်"


ဝမ်မင်ယွီက ရယ်ပြရန် မော့ကြည့်လိုက်သော်လည်း မမျှော်လင့်ဘဲ မုကျန့်၏ လက်က သူ၏ ပါးပြင်ပေါ်သို့ ရုတ်တရက် ရောက်လာခဲ့သည်။ သူ၏ နားရွက်ဖျားကိုပင် ညင်သာစွာ ညှစ်လိုက်သေးပြီး‌ ဆော့ကစားနေသည့်အလား ဖြည်းညှင်းစွာ ပွတ်သပ်နေ‌ေတာ့သည်။


ဝမ်မင်ယွီ ချက်ချင်း တောင့်တင်းသွားပြီး လန့်ဖျပ်သွားရသည်။ သူက လျှောက်တွေးနေတော့၏။


ဒီမင်းဆိုးမင်းကြီးက ရုတ်တရက် သူ့ကို စိတ်ဝင်စားသွားပြီး ကိုယ်လုပ်တော်အနေနဲ့ အိပ်ရာထဲမှာ အလုပ်အကျွေးပြုစေချင်လို့များလား...


ကံကောင်းစွာဖြင့် မုကျန့်တွင် ထိုရည်ရွယ်ချက်မျိုး ရှိပုံမရပေ။ ဝမ်မင်ယွီ၏ နားရွက်ဖျားကို ညှစ်နေသည်မှာ အရုပ်အသစ်ရထားသည့် ကလေးငယ်တစ်ဦးက ထိုအရုပ်ကို စူးစမ်းလိုစိတ်နှင့် အတော်လေး စိတ်ဝင်စားနေသကဲ့သို့သာ ဖြစ်နေသည်။ သူက ဖြည်းညှင်းစွာ ပြောလိုက်သည်။


"မင်း နားရွက်မှာ သွေးနီရောင် မှဲ့တစ်ခု ရှိတာပဲ။ အရင်က ကိုယ်တော် ဘာလို့ သတိမထားမိတာပါလိမ့်"


ဝမ်မင်ယွီ၏ နားရွက်များသည် အထိမခံနိုင်သော နေရာများဖြစ်၍ မုကျန့်၏ ထိတွေ့နေမှုကြောင့် ကျင်တက်လာတော့သည်။ သည်းမခံနိုင်တော့၍ မုကျန့်၏ လက်ကို အဝေးသို့ ဖယ်ထုတ်ပစ်လိုက်ချင်သော်လည်း ထိုဧကရာဇ်ကြီးကို နာကျင်အောင် လုပ်မိသွားမည်ကိုလည်း စိုးရိမ်ရ၏။ ထို့ကြောင့် သူ၏လက်က လေထဲတွင်သာ ရပ်တန့်သွားပြီး နေရခက်စွာ ပြောလိုက်သည်။


"...မှဲ့က သေးသေးလေးဆိုတော့ သတိထားမိဖို့ မလွယ်ပါဘူး။ အရှင် မတွေ့မိတာ သဘာဝပါပဲ"


"ဟုတ်လား?"


မုကျန့်က ခဏကြာအောင် ပွတ်သပ်‌ေနပြီးမှ သူ၏လက်ကို ဖြည်းညှင်းစွာ ပြန်ရုတ်လိုက်ပြီး အဓိပ္ပာယ်ပါသော လေသံဖြင့် ပြောလိုက်သည်။


"ဒီမှဲ့ရှိတဲ့ နေရာက တော်တော် ကောင်းတယ်"


ဝမ်မင်ယွီ အနည်းငယ် ရှုပ်ထွေးသွားသည်။ ထိုသူက အဘယ်ကြောင့် ရုတ်တရက်ကြီး မှဲ့ကိစ္စကို အာရုံစိုက်နေရသနည်း။ သို့သော် မည်သို့ ကိုင်တွယ်ရမည်ကို မသေချာသောအခါတွင် ချီးမွမ်းခြင်းသည်သာ အကောင်းဆုံး နည်းလမ်းဖြစ်၏။

"ဒါပေမဲ့ အရှင်မင်းကြီးရဲ့ မှဲ့က ပိုလှတယ်လို့ ထင်ပါတယ်။ ဒီနေရာမှာပါ"


ဝမ်မင်ယွီက နွေးထွေးတောက်ပစွာ ပြုံးပြပြီး ထိုသူ၏ လည်ပင်းကို ညွှန်ပြလိုက်သည်။


ဝမ်မင်ယွီမှာ ဖိအားကြောင့် မုကျန့်မျက်နှာကို မကြည့်ရဲဘဲ အကြည့်များကို ထိုသူ၏ မေးဖျားတွင်သာ ထားထားလိုက်ရသည်။ ထို့ကြောင့် မုကျန့်၏ လည်တိုင်ရှည်ကို အလိုလိုသတိထားမိသွားပြီး ထင်ရှားသော‌လည်စေ့ကြီးနှင့် ထိုဘေးက မှဲ့လေးကိုပါ မြင်သွားခြင်းဖြစ်၏။ မုကျန့်ပုံမှာ အလွန်ယောက်ျားပီသလွန်း၍ ခေတ်သစ်တွင်ဆိုပါက ထိုသူဟာ ပရိသတ်ပေါင်းများစွာက သွားရေတမြမြဖြစ်နေမည့် ကြယ်ပွင့်တစ်ပွင့် သေချာပေါက် ဖြစ်နေလိမ့်မည်။


မုကျန့်က ထိုချီးမွမ်းစကားကို မှတ်ချက်မပေးဘဲ နားထောင်နေသည်။ သူ၏ လည်ပင်းပေါ်ရှိ မှဲ့ကို လုံးဝ သတိမထားမိခဲ့သည့်အလား၊ လုံးဝဂဂရုမစိုက်သည့်အလားပင်။


စာကြည့်ခန်းတွင် ဝမ်မင်ယွီက လက်ရေးလှကို ကြိုးစား လေ့ကျင့်နေပြီး မုကျန့်က လမ်းညွှန်မှုနှင့် အကြံဉာဏ်များ ပေးေနခဲ့သည်။ သူတို့နှစ်ဦး စကားများများစားစား မပြောဘဲ ရံဖန်ရံခါမှ အနည်းငယ်သာ ပြောဆိုခဲ့ကြသော်လည်း လေထုမှာ အံ့ဩစရာကောင်းလောက်အောင်အထိ သဟဇာတ ဖြစ်နေခဲ့သည်။


ညနက်လာသည်နှင့် အိပ်ရာဝင်ချိန် ရောက်လာတော့၏။


ဝမ်မင်ယွီက မရည်ရွယ်ဘဲ နေ့လယ်က စကားဝိုင်းကို ပြန်အမှတ်ရမိသွားပြီး သူ၏ မျက်နှာအမူအရာလည်း ပြောင်းလဲသွား‌ေတာ့သည်။ မှန်ဘက်သို့ ခြေလှမ်းအနည်းငယ် လှမ်းသွားပြီး ကြည့်လိုက်သည့်အခါ သူ၏ ဘယ်ဘက် နားရွက်ဖျားတွင် သွေးနီရောင် မှဲ့ငယ်လေးကို မြင်လိုက်ရသည်။ ထိုမှဲ့လေးက အနီရောင်တောက်တောက်ဖြင့် စွဲမက်ဖွယ်ကောင်းသော ခံစားချက်ကို ပေးစွမ်းနေသည်။


သို့သော် အရေးအကြီးဆုံးမှာ ဤခန္ဓာကိုယ်၏ မူလပိုင်ရှင်တွင် သည်မှဲ့ မရှိခဲ့ဘဲ သူ့တွင်သာ ရှိခဲ့သည်ကို သူ သတိရလိုက်ခြင်း ဖြစ်သည်။


ဝမ်မင်ယွီက သူ၏ လက်ချောင်းထိပ်ဖျားများဖြင့် နားရွက်ဖျားကို ပြင်းပြင်းထန်ထန် ပွတ်တိုက်လိုက်သော်လည်း သွေးနီရောင် မှဲ့မှာ ထင်ရှားစွာ ရှိနေဆဲပင်။


စန်းရှီက စိတ်ရှုပ်ထွေးစွာ မေးလာ၏။


"ဘာများဖြစ်လို့လဲ သခင်လေး"


ဝမ်မင်ယွီက သူ့ထံလှည့်၍ မေးလိုက်သည်။


"စန်းရှီ...ငါ နန်းတော်ထဲ ဝင်ကာစတုန်းက နားရွက်ပေါ်မှာ ဒီမှည့်ရှိမရှိ မင်းမှတ်မိလား"


စန်းရှီက ခဏတာ စဉ်းစားလိုက်ပြီးနောက် သူ့လေသံက မရေမရာ ဖြစ်သွားသည်။


"မရှိဘူးလို့ ထင်ပါတယ်? ကျွန်တော် သတိမထားမိခဲ့ဘူး... သခင်လေး ဒီမှဲ့ကို မကြိုက်လို့လား။ ဒါပေမဲ့ ဒါက ကံကောင်းခြင်းရဲ့ လက္ခဏာ၊ အလှအပ မှဲ့ပါ။ ပိုပြီးကြည့်ကောင်းစေတယ်လို့ ကျွန်တော် ကြားဖူးပါတယ်"


ဝမ်မင်ယွီက သေချာနားမထောင်ဘဲ ခေါင်းရမ်းပြကာ ဘာမှ မဟုတ်ကြောင်း ပြောလိုက်ပြီးနောက် စန်းရှီအား နှုတ်ဆက်ကာ အိပ်ရာဝင်လိုက်သည်။


သို့သော် သူဟာ ထိုအကြောင်းကို ဆက်တွေးနေဆဲဖြစ်သည်။


အရင်က မရှိခဲ့ဘဲ အခုမှ ပေါက်လာတယ်... ပြီး‌တော့ ငါ့ခန္ဓာကိုယ်နဲ့ တစ်နေရာတည်းမှာလည်း ဖြစ်နေ‌ေသးတယ်။ ဒီခန္ဓာကိုယ်က တကယ်ပဲ ငါ့ခန္ဓာကိုယ် ဖြစ်လာပြီလား။


မမျှော်လင့်ဘဲ ရှေးခေတ်သို့ အချိန်ခရီးသွားလာခဲ့ရသော ဝမ်မင်ယွီမှာ တစ်နေ့နေ့၌ မူလအချိန်သို့ ပြန်ပြီးခရီးသွားနိုင်ခြေရှိမရှိကို စဉ်းစားခဲ့ဖူးသော်လည်း ယခုမူ သူဟာ ဤကမ္ဘာနှင့် တဖြည်းဖြည်း ပေါင်းစည်းလာနေပုံရလေသည်။


ဘယ်‌ေသာအခါမှ မူလကမ္ဘာသို့ ပြန်ပြီး အချိန်ခရီးသွားနိုင်‌ေတာ့မည် မဟုတ်ကြောင်း သိလိုက်ရသော်လည်း ဝမ်မင်ယွီအနေနှင့် အလွန်အမင်း စိတ်ပျက်မသွားခဲ့ပေ။ အမှန်စင်စစ်တွင် သူဟာ တစ်‌ေကာင်ကြွက်ဖြစ်ခဲ့ပြီး ထိုကမ္ဘာနှင့် ပတ်သက်၍ လွမ်းဆွတ်စရာလည်း ဘာမှ မရှိခဲ့သောကြောင့် ဖြစ်လာသမျှကိုသာ လက်ခံလိုက်‌ေတာ့၏။


ဤခန္ဓာကိုယ်၏ မူလပိုင်ရှင် ဝမ်မင်ယွီသာ အမှန်တကယ် သူနှင့် ခန္ဓာကိုယ်ချင်း လဲလှယ်ခဲ့သည်ဆိုပါက အခြားတစ်ဖက်ရှိ ဝမ်မင်ယွီ အဆင်ပြေပြေ ရှိနေပါစေဟုသာ သူ တွေးနေမိသည်။ မြို့စားကွမ်းယန်၏အိမ်ကဲ့သို့ ကြောက်မက်ဖွယ် မိသားစုမှ ကင်းဝေးကာ သူ့ဘဝကို လွတ်လပ် ပေါ့ပါးစွာ နေထိုင်နိုင်ပါစေဟု ဆုတောင်း‌ပေးနေခဲ့‌၏။


။၏။း။။ ၏။ရ၏။။သည်။။"း"ါ"ည်။။ား"၏။။ယ်"။ယ်"၏။။" ပေ။!ပဲ!!!!ပဲ!။ဆင်း‌ေနပြီး မကြာမီ စက္ကူပေါ်၌ စာလုံးနှစ်လုံး ပေါ်လာ‌ေတာ့သည်။