Ch 20
Viewers 2k

အခန်း(20) ကျိန်စာ(2)




 




“မင်းအဖေရဲ့ဝိဥာဥ်ကို မင်းကိုယ်တိုင်ချုပ်နှောင်ထားခဲ့တယ်”




ကုကျစ်စုန့် သူမ၏ လက်ကို ပြန်လည်ငုံ့ကြည့်လိုက်သော် လက်ချောင်းထိပ်တွင် မည်သည့် ဒဏ်ရာအနာတရကိုမျှ မမြင်တွေ့ခဲ့ရချေ။  နာကျင်မှုများနဲ့ ထုံထိုင်းသည့်အာရုံများမှာ သူမ၏ စိတ်အာရုံထဲမှ ကယောင်ခြောက်ခြားဖြစ်မှုသက်သက်လိုဟုသာ ထင်ရသည်။




 




 




သို့သော်လည်း ကုကျစ်စုန့်သည်ကား သူမ မြင်တွေ့ခဲ့ရသည်များမှာ အာရုံခြောက်ခြားမှုသက်သက် မဟုတ်ခဲ့ဘဲ  ဤနေရာတွင် အမှန်တကယ်ဖြစ်ပျက်သွားခဲ့သည်များဖြစ်ကြောင်းကို အသေအချာသိနေခဲ့သည်။ 




 




ကုကျစ်စုန့် မျက်မှောင်ကျုံ့လိုက်မိပြီး အချိန်ခဏမျှတုံ့ဆိုင်းရင်း ပြောလိုက်ချေသည်။ 




 




“....အားယွဲ့ဆိုတာက ဘယ်သူလဲ..???”  




 




သို့သော်လည်း သူမ ပြောလိုက်ပြီးသည်နှင့် ခေါင်းကို အသာ ခါရမ်းလိုက်မိသည်။ ဤနေရာတွင် ဖြစ်ပျက်ခဲ့သည်များမှာ နှစ်ပေါင်းများစွာ ကြာမြင်ခဲ့ပြီဖြစ်၍ ပရိုဂရမ်၏ထုတ်လုပ်ရေးအဖွဲ့မှ သိရှိနိုင်မည်မဟုတ်ပါချေ။ 




 




ထို့ကြောင့် ကုကျစ်စုန့် နောက်ထပ် တွက်ချက်မှုတစ်ခု ပြုလုပ်ခဲ့ပြီး သူမ၏ လက်ချောင်းထိပ်နှစ်ခုကို ခပ်တင်းတင်းပူးကပ်၍ဖိထားလိုက်သည်။ ပြီးနောက် ရုတ်တရက် ခေါင်းကိုမော့ကြည့်လိုက်ပြီး ကင်မရာဆီသိုး တည့်တည့်စိုက်ကြည့်ကာ ပြောလာလေ၏။ 




 




“တကယ်လို့  ကျွန်မရဲ့တွက်ချက်မှုသာ မမှားဘူးဆိုရင် အခုလက်ရှိ ဒီစံအိမ်ရဲ့ပိုင်ရှင်က ဒြပ်ကြီးငါးပါးထဲက သစ်သားဒြပ်စင်နှင့် မွေးဖွားလာခဲ့တဲ့လူဖြစ်နိုင်တယ်..  ပြီးတော့ သူ့ကို ၁၉၈၀ ရဲ့ ပထမဆုံးရက်ထပ်နှစ်မှာ မွေးတာဆိုတော့ အခုချိန်မှာ သူက ...”




 




“ဒီအစီအစဉ်ရဲ့ တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်နေခဲ့တယ် ..”




 




နားနေခန်းထဲမှာထိုင်နေသည့် ကွမ်းကျစ်၏ အမူအရာမှာ ချက်ချင်းပြောင်းလဲသွားခဲ့ပြီး ရုတ်တရက် မတ်တပ်ရပ်လိုက်လေသည်။ သူ၏ ရုတ်တရက် ထရပ်လိုက်မှုကြောင့် အခန်းတွင်းမှ ကျန်ရှိသည့် အဖွဲ့သားများအားလုံး၏ အာရုံသည်လည်း သူ့ဆီသို့ ရောက်ရှိလာခဲ့ကြသည်။ 




 




“ဒီစံအိမ်ကိုပိုင်ခဲ့တဲ့ အရင်ပိုင်ရှင်ဟောင်းရဲ့ ဝိဉာဉ်က ဒီအိမ်မှာပဲ ရှိနေသေးတယ်..  ပြီးတော့ သူ့ရဲ့ဝိဥာဥ်ကို ရှင်ကိုယ်တိုင် ရှင့်ရဲ့လက်နဲ့ ချုပ်နှောင်ထားခဲ့တာပဲ..”




 




သူ့ သူငယ်ချင်း၏ စိတ်လှုပ်ရှားနေသည့်အမူအရာကို ကြည့်ပြီး လီချန်ဟဲ သူ့အနားသို့ တိုးကပ်လာခဲ့ပြန်သည်။




 




 




“လောင်ကွမ်း  ..စိတ်မဆိုးပါနဲ့၊ သူက ဒီတိုင်း အဓိပ္ပါယ်မရှိတာတွေပြောနေတာ...  “ 




 




သူ၏  စကားအဆုံးမသတ်ရသေးခင်တွင် ကွမ်းကျစ်မှ သူ့၏လက်မောင်းကို လှမ်းဆွဲလာခဲ့ချေသည်။ သူ့၏မျက်လုံးများက အလွန် နီရဲနေခဲ့ပြီး လေသံသည်လည်း တုန်ယင်နေခဲ့က် အလွန်အမင်း စိတ်လှုပ်ရှားနေပုံရသည်။ 




 




“ချန်ဟဲ! ဒီကုတောက်ကျန့်ကို မင်း ဘယ်ကနေ ဖိတ်ခေါ်လာတာလဲ?! ငါ သူမနဲ့ တွေ့ချင်တယ်!”




 




လီချန်ဟဲ : “???”




 




ကွမ်းကျစ်က သူ့ရဲ့လက်နှစ်ဖက်ကိုစိတ်လှုပ်ရှားစွာ ဖြစ်ညှစ်နေခဲ့သည်။




 




“ငါဘယ်အချိန်မှာ  မွေးခဲ့တာလဲဆိုတာကို မင်းမှတ်မိသေးလား? ၁၉၈၀ ခုနှစ်တုန်းက ငါမွေးတဲ့ အချိန်မှာ ငါ့အဖိုးက ငါ့အတွက် ဆရာသခင်တစ်ယောက်ကို တွက်ချက်ခိုင်းခဲ့တယ်..




 




ငါ့ရဲ့ ဒြပ်စင်တွေက သစ်သားဖြစ်တာကြောင့် ချမ်းသာကြွယ်ဝနိုင်တယ်တဲ့..  ဒါပေမယ့် သစ်ပင်တွေကြားမှာ ပိုမိုထူးခြားပြီး လှပနေတဲ့ သစ်ပင်က လေရဲ့ ဖျက်ဆီးခြင်းခံရနိုင်တာကြောင့် ငါ့ကို တောင်တွေထဲမှာ ပုန်းနေရမယ်လို့ပြောခဲ့တယ်.. ဒါကြောင့် သူတို့က ငါ့နာမည်ကို ‘ကျစ်’ လို့ ပေးခဲ့ကြတာ !!”




 




လီချန်ဟဲသည်လည်း မင်သက်သွားခဲ့ရသည်။ ရက်ထပ်နှစ်မှာ လေးနှစ်တစ်ခါဖြစ်ပြီး ၁၉၈၀သည်လည်း ရက်ထပ်နှစ်ပဲဖြစ်ချေသည်။




 




ဒါက မှန်နေတာပဲ!




 




ကွမ်းကျစ်က ခဏမျှနားပြီး ဆက်ပြောခဲ့သည်။ 




 




“ငါ မင်းကို ငါ့မိဘတွေက မီးလောင်မှုမှာ သေသွားခဲ့တယ်လို့ပဲ ပြောထားခဲ့တယ်၊ တကယ်တော့ သူတို့က အဲဒီပင်မခန်းမထဲက ရှေးဟောင်းတန်ဆာပလာတွေထားတဲ့ စင်ရှေ့မှာ သူ့ဘယ်သာသူ မီးရွို့မှုကြောင့် လောင်သွားခဲ့တာ.. ပြီးတော့ ငါ့အဖေရဲ့ အရိုးတွေတောင် ပြန်မရခဲ့ဘူး!!”




 




ထိုအကြောင်းကို ပြန်ပြောရင်းဖြင့် သူ့၏မျက်လုံးများက နီရဲလာပြန်သည်။ 




 




“ဒီကိစ္စက ငါတို့မိသားစုရဲ့ လျှို့ဝှက်ကိစ္စပဲ၊ လူတစ်ယောက်ကလွဲရင် နောက်ထပ် ဘယ်သူတစ်ယောက်ကမှ ဒီကိစ္စကို ထပ်မသိနိုင်ဘူး.. သိနေတဲ့လူကလည်း တခြားလူကို ပြန်ပြောမှာမဟုတ်ဘူး”




 




လီချန်ဟဲက အလွန်အမင်း အံ့ဩနေခဲ့ပြီ ဖြစ်သဆာ်လည်း သူ့၏သူငယ်ချင်းမှ ဆက်ပြောလာခဲ့ပြန်သည်။




 




 




“ငါပိုပြီး အသိချင်ဆုံးက အဖေက အမေ့ကို ခေါ်တဲ့ နာမည်ပဲ.. ငါ့အမေရဲ့ အပျိုဘဝတုန်းက မိသားစုအတွင်းခေါ်ခဲ့တဲ့ နာမည်က အားယွဲ့တဲ့! ငါတောင် အဲဒီနာမည်ကို မေ့လုနီးနီးဖြစ်နေပြီ..  ချန်ဟဲ.. မင်းက အခုချိန်ထိ ငါ အရမ်း အပိုလုပ်နေတယ်လို့ ထင်နေတုန်းလား?? ဒီတောက်ကျန့်လေးက သေချာပေါက် တစ်ခုခုကို ရှာတွေ့သွားပြီ! ငါသူနဲ့ တွေ့ပြီး မေးမြန်းချင်တယ်!”




 




သူ့မိသားစုဝင်များ၏ တစ်ယောက်ပြီး တစ်ယောက်သေဆုံးမှုမှာ သူ့၏နှလုံးသားအတွင်း တစ်ချိန်လုံး အစိုင်အခဲအဖြစ် ချည်နှောင်ခံထားခဲ့ရသည်။ 




 




“လောင်ကွမ်း.. အရမ်း စိတ်မလှုပ်ရှားပါနဲ့..” 




 




လီချန်ဟဲ ဆက်ပြောလိုက်သည်။




 




“ဒီပြိုင်ပွဲက အခုတိုက်ရိုက်လွှင့်နေတုန်းပဲလေ.. ဒီည ရိုက်ကူးရေးပြီးသွားတဲ့ အချိန်ကျမှ ငါ မင်းကို သူမနဲ့မိတ်ဆက်ပေးမယ်ဆိုရင်လည်း နောက်မကျသေးပါဘူး..”သူက ထိုစကားကိုပြောပြီး ကွမ်းကျစ်ကို စိတ်တည်ငြိမ်အောင် ဖြောင်းဖြလိုက်နိုင်ခဲ့သည်။ သို့သော်လည်း လီချန်ဟဲကိုယ်တိုင်သည်ကား တည်ငြိမ်‌မှုများ  ရှိမနေတော့ပါချေ။




 




 




ကွမ်းကျစ်၏ဆွေမျိုးများထဲတွင် သူ့၏ဦးလေးမိသားစုတစ်ခုတည်းသာ ကျန်ရှိတော့သည်။ သို့သော်လည်း ထိုမစ်စတာကွမ်းမှာ  ကွမ်းလုပ်ငန်းစု၏ လက်ရှိခေါင်းဆောင်ဖြစ်ပြီး တောင်ပေါ်မြို့အတွင်းအချမ်းသာဆုံးသောပုဂ္ဂိုလ်လည်းဖြစ်သည်။ ထိုကဲ့သို့လူမျိုးက ကုကျစ်စုန့်ကဲ့သို့ ကြယ်ပွင့်အသေးလေးများ သွားရောက်ထိတွေ့၍မရနိုင်သည့် သူမျိုးလည်းဖြစ်နေသေးသည်။ 




 




ဒါဆို ကုကျစ်စုန့်က တကယ်ပဲ ဒီလို လူမသိတဲ့အကြောင်းအရာတွေကို  တွက်ချက်ရုံလောက်နဲ့ ဖော်ထုတ်နိုင်ခဲ့တာလား? 




 




*




 




ကုကျစ်စုန့်သည်ကား ပင်မခန်းမထဲ၌ ပြောစရာစကား အနည်းငယ်ခန့်ကို ပြောခဲ့ပြီး၊ မေးခွန်းလွှာပေါ်၌လည်း အဖြေများ ရေးပေးထားပြီးပြီဖြစ်သောကြောင့် ပရိုဂရမ်အဖွဲ့ဆီသို့ သူမ၏ စစ်ဆေးကြည့်ရှုမှု ပြီးစီးသွားပြီဖြစ်ကြောင်း အတည်ပြုခဲ့ကာ စောင့်ဆိုင်းခန်းမထဲကို ပြန်ဝင်လာခဲ့ချေသည်။ 




 




သူမ ရောက်ရှိသည့်အချိန်တွင် ခန်းမထဲ၌ လူနှစ်ယောက်ရှိနေပြီဖြစ်ကာ တစ်ယောက်မှာ နတ်ဆရာမအတုဖြစ်ကာ နောက်တစ်ယောက်သည်ကား  ပြိုင်ပွဲဝင်အမှတ် (၃) ၊ မီးခိုးရောင်ဝတ်ရုံနဲ့ ဘုန်းကြီးအိုတစ်ပါးဖြစ်လေသည်။ 




 




သူတို့က တစ်ယောက်ကို တစ်ယောက်ခေါင်းငြိမ့်ပြကာ နှုတ်ဆက်ခဲ့ကြပြီး ကုကျစ်စုန့်လည်း သက်သောင့်သက်သာရှိနိုင်မည့် တစ်နေရာတွင် ဝင်ထိုင်ခဲ့သည်။




 




ထိုအချိန်တွင် ရိုက်ကူးရေး အဖွဲ့သားတစ်ယောက်မှ သူမအား ပရိုဂရမ်ပြိုင်ပွဲအတွင်း သုံးစွဲ၍ရသည့် ဖုန်းတစ်လုံးကို လာပေးခဲ့သည်။




 




“စုန့်ကျဲ.. ပရိတ်သတ်နဲ့ အပြန်အလှန်ဆက်သွယ်ပြီး စကားပြောဦးမလား?” 




 




ကုကျစ်စုန့်က ပျင်းရိပျင်းတွဲနှင့် ပြန်ပြောလိုက်တယ်။




 




“မပြောဘူး..”




 




တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်ရှုနေကြတဲ့ပရိတ်သတ်များ :”???”




 




[ဒီတိုက်ရိုက်ထုတ်လွှင့်နေတဲ့ တစ်ယောက်.. ကိုယ့်‌နေရာကိုယ် သိစမ်းပါ၊ ငါတို့က မင်းဆက်နေရမလား မနေရဘူးလားဆိုတာကို ဆုံးဖြတ်ပေးရမယ့် မိဘတွေကွ!]




 




[သောက်ရမ်းရယ်ချင်နေပြီ.. မင်းရဲ့ မျက်နှာက  မာစတာရှင်း ရိုက်တာခံရလို့ ရောင်ကိုင်းနေပြီလား? ခုချိန်ထိ အရှက်မရှိဘဲ ဒီနေရာမှာ ရှိနေတုန်းပဲလား]




 




ကုကျစ်စုန့် ပြိုင်ပွဲ၏ စည်းမျဉ်းစည်းကမ်းများအကြောင်းကို ခဏလောက်ပြန်စဉ်းစားကြည့်လိုက်ပြီး ကြည့်ရှုသူပရိသတ်များကို အနည်းငယ် အပေါ်ယံဆန်စွာ ပြန်ပြောခဲ့သည်။ 




 




“ငါပြောခဲ့တဲ့စကားတွေက  အမှန် ဟုတ်မဟုတ်ကို အဖြေတွေ ပေါ်ထွက်လာတဲ့အချိန်ကျရင် မင်းတို့သိရလိမ့်မယ်”




 




“တကယ်လို့  ငါမင်းတို့တွေကို ရှင်းပြပေးမယ်ဆိုရင်တောင် မင်းတို့က နားမလည်သလို ယုံကြည်နိုင်ကြမှာမဟုတ်ဘူးလေ.. 




 




ဒါပေမယ့်လည်း နားလည်ပေးလို့ ရပါတယ်၊ တစ်ချို့ ကျွမ်းကျင်ပညာရှင်တွေတောင် သေချာစူးရှတဲ့အမြင်မရှိရင် အပေါ်ယံပဲ မြင်ကြရတာလေ ၊ မင်းတို့ဆိုရင် ပိုလို့တောင် ဝေးကွာလွန်းနေမှာပေါ့ “ 




 




[???? သူမက အရမ်းကို မောက်မာပြီး မာန ကြီးပြနေတာမဟုတ်ဘူးလား.. သူမက ပရိတ်သတ်ကိုလည်း အထင်သေးပြီး နှိမ့်ချင်တဲ့ ပုံစံနှင့်ပြောနေသေးတယ်၊ ဒါပေမယ့် သူမက အရမ်းလှနေတော့ မာနကြီးတဲ့ ကြောင်မလေးလိုပဲ..]




 




[အိုး.. သူမက ပြိုင်ပွဲဝင် နံပါတ် (၁) ၊ တောက်ကျန့် ရှင်းရိချင်းနဲ့  ဆက်ဆံ‌ရေးကို  လုံးဝကြီး ဆုတ်ဖြဲလိုက်ပြီမလား?]




 




နောက်ထပ်အချိန်အနည်းငယ်လောက်အတွင်း ပြိုင်ပွဲဝင်များက တစ်ယောက်ပြီး တစ်ယောက် အခန်းထဲသိာ့ ဝင်လာခဲ့ကြသည်။ 




 




အရှိန်ပြင်းပြင်းနှင့် ပေါက်ကွဲသွားစေနိုင်သည့် ယမ်းမှုန့်များကို  ကျေးဇူးတင်ရလိမ့်မည်။ ကုကျစ်စုန့်က စကားအများအပြား မပြောခဲ့သော်လည်း သူမ၏ တိုက်ရိုက်ထုတ်လွှင့်မှုခန်းတွင်တော့ ကြည့်ရှုနှုန်းများက အရှိန်အဟုန်းမြင့်မားနေဆဲရှိနေသေးသည်။




 




ကြည့်ရှုသူအများစုမှာ သူမ ပြန်လည်ပြုတ်ကျမယ့် အချိန်ကို စောင့်‌မျှော်နေခဲ့ကြခြင်းဖြစ်နိုင်သည်။




 




 




ရှင်းယိချင်း အခန်းထဲသို့ဝင်လာချိန်တွင်တော့ သူမဆီကို မနှစ်မြို့သည့်အကြည့်များဖြင့် ကြည့်လာခဲ့ကာ  သူမ၏အနားတွင် ရှိနေရပါက သူ့အား ရွံရှာစေသကဲ့သို့ သူမနှင့်အဝေးဆုံးဖြစ်သည့် တခြားတစ်ဖက်မှ အစွန်ဆုံးနေရာကို သွား၍ထိုင်နေခဲ့သည်။




 




ဒေစီကတော့ အခန်းထဲသို့ ဝင်လာသည်နှင့် ကုကျစ်စုန့်၏ဘေးနားတွင် ကပ်ထိုင်လာခဲ့ပြီး မျက်စိတစ်ဖက်ကိုမှိတ်ပြ၍ ပြောလာသည်။




 




“ငါ မင်းကို ထောက်ပံ့ပေးနေမယ် “




 




နောက်ဆုံးသောပြိုင်ပွဲဝင်မှာ စစ်ဆေးကြည့်ရှူချိန်ကို လုံးဝအပြည့်အစုံသုံးပြီး နောက်ဆုံးသောစက္ကန့်ကိုရောက်မှ ဝင်လာခဲ့သည်။ ထိုအချိန်တွင် ကောင်းကင်ကလည်း မှောင်သွားပြီဖြစ်ကာ တချို့သောပြိုင်ပွဲဝင်များမှာလည်း စိတ်မရှည်နိုင်ဖြစ်နေကြပြီ။ 




 




ရိုက်ကူးရေးဝန်ထမ်းများက ကျောက်သင်ပုန်းတစ်ချပ်ကို ဆွဲယူလာခဲ့ကြပြီး ကင်မရာမင်းအုပ်စုနဲ့အတူ အခန်းထဲကို ဝင်လာခဲ့ကြသည်။ အစီအစဉ်တင်ဆက်သူ လျို့သည်လည်း အခန်းထဲသို့ လျှောက်လာခဲ့ပြီး :




 




“အားလုံးပဲ  နေ့လည်ခင်းပြိုင်ပွဲကတော့ ပြီးသွားပါပြီ၊ ပြိုင်ပွဲဝင်အားလုံး ဖြေဆိုခဲ့တဲ့ အဖြေတွေကလည်း ကျွန်တော့်ရဲ့ နောက်ကျောဘက်မှာရှိနေတဲ့ ကျောက်သင်ပုန်းပေါ်မှာ ရောက်ရှိနေပါပြီ~အခုကတော့ အဖြေမှန်တွေကို ပြသဖို့ အချိန်ပါပဲ.. ဘယ်သူက အစစ်အမှန် စွမ်းအားရှိတာလဲ? ဘယ်သူကရော ဒီပရိုဂရမ်ရဲ့ တကယ့် ရုပ်လွန်စွမ်းအားတွေကို ပိုင်ဆိုင်ထားတဲ့ပညာရှင်ဖြစ်နေလောက်မလဲ? အားလုံးပဲ ..ကြည့်လိုက်ကြရအောင်ပါ!” 




 




အစီအစဉ်တင်ဆက်သူလျို့က ပြောပြီးသည်နှင့် သူ့ရဲ့အနောက်ဘက်တွင်ရှိသည့် ကျောက်သင်ပုန်းကို ဖုံးထားသောအဝတ်ကို ဖယ်ရှားလိုက်သည်။ အဖြေလွှာတိုင်းရဲ့အောက်တွင် ပြိုင်ပွဲဝင်များ၏ နံပါတ်‌ကို ရေးသားထားခဲ့လေသည်။ 




 




သင်ပုန်းပေါ်တွင်ရှိနေသော အဖြေများက တစ်ခုနဲ့တစ်ခုကွဲပြားနေခဲ့သည်။ တစ်ချို့လူများ၏ အ‌ဖြေတွေက တူညီနေခဲ့ပြီး အချို့ကတော့ လုံးဝကွဲထွက်နေခဲ့သည်။ 




 




တင်ဆက်သူ လျို့: 




 




“ နောက်လာမဲ့ အစီအစဉ်အတွက် ဒီဗီလာကြီးရဲ့ ပိုင်ရှင်ကို ဖိတ်ခေါ်လိုက်ရအောင်.. လူတိုင်းကို အဖြေမှန်တွေ သိရှိနိုင်အောင် ပြောပေးဖို့အတွက် ဗီလာပိုင်ရှင်ကို ဖိတ်ခေါ်ပါတယ်!!” 




 




သူပြောပြီးသည့်နောက် ဝတ်စုံပြည့်ကိုဝတ်ဆင်ကာ သားရေဖိနပ်စီးထားသည့် သက်လတ်ပိုင်းအရွယ်အမျိုးသားတစ်ဦးက အလွန် စိတ်လှုပ်ရှားနေသည့် အမူအရာဖြင့် အခန်းထဲသို့ ဝင်လာခဲ့ပြီး လက်‌ထဲမှ အဖြေလွှာကို မြှောက်ပြလာခဲ့သည်__




 




[မာစတာရှင်းက အရမ်းမိုက်တာပဲ၊ အကုန်လုံးနီးပါးကို  တွက်ချက်နိုင်ခဲ့တယ်!]




 




[ကယ်ပါဦး..  ပြိုင်ပွဲဝင်နံပါတ် (၃) က အရမ်းကိုရိုးသားတာပဲ! သူက ‌အဖြေလွှာကို ဗလာပဲ တင်ထားခဲ့တယ်! ပြိုင်ပွဲဝင်နံပါတ် ၈ ရဲ့ ‌အဖြေတွေကလည်း အရမ်း ရယ်ရတာပဲ! မြင်းပါးစပ်နဲ့ မြည်းနှုတ်ခမ်းက မလိုက်ဖက်ဘူး*..] 




 




(T/n_  မဖြစ်နိုင်တာတွေကို ပြောနေတယ်)




 




[ဘုရားရေ! ကုကျစ်စုန့်ရဲ့ရေးထားတာတွေက အကုန်အဖြေမှန်တွေချည်းပဲ! အထူးဆန်းဆုံးက သူမက  တခြားလူတွေအားလုံးကိုကျော်ပြီး အဖြေမှန်အများဆုံးဖြစ်နေတာပဲမလား!?!]