Ch 1
Viewers 769

🏔️ Chapter 1



စူးရှပြီး ရေခဲသဖွယ် အေးစက်သော လူသားအရေပြားနှင့် ဖိကပ်မိသောအခါ ကျန်းချိုးက အေးခဲကာ တုန်ယင်နေခဲ့သည်။ မျက်လုံးနှစ်ဖက်လုံးက မိန်းမောမှင်တက်နေသော်လည်း သူ၏ အတွေးများက အလွန်ကြည်လင်နေသည်။ နူးညံ့သော်လည်း ရေခဲကဲ့သို့ အေးစက်သော နှုတ်ခမ်းများက သူ့မျက်နှာဘေးမှတစ်ဆင့် လည်ပင်းနှင့် လည်တိုင်တစ်လျှောက်သို့ ဆောင်းခိုနေသော မြွေတစ်ကောင်ကဲ့သို့ ဖြည်းညှင်းစွာ တရွေ့ရွေ့ဆင်းသွားသည်။ တိတ်ဆိတ်ငြိမ်သက်နေသော နေရာ၌ ကြားရသည့် တစ်ခုတည်းသော လူသားအသံမှာ သူ၏ အသက်ရှုသံပြင်းပြင်းသာ ဖြစ်သည်။ တစ်ဖက်လူက အသေးငယ်ဆုံးသော အသံကိုပင် ထုတ်လွှတ်မနေပေ။


လူသားနဲ့ မတူဘူး…


အရိုးအတွင်းထိ စိမ့်ဝင်အေးခဲနေသော မြွေက သူ့အား အမှောင်ထဲသို့ ဝါးမျိုပစ်ချင်သကဲ့သို့ ရစ်ပတ်ထားခဲ့သည်။


လျှပ်တစ်ပြက်အတွင်း အမှောင်ထုထဲတွင် တောက်ပပြီး အေးစက်ကာ အရာရာကို လျစ်လျူရှုဟန်ရသော မျက်ဝန်းတစ်စုံက ထင်ရှားပေါ်လာသည်။


ကျန်းချိုးက ခုတင်ပေါ်တွင် ရုတ်တရက် ထထိုင်လိုက်သည်။ သူ၏ စိတ်ရှုပ်ထွေးနေသော မျက်လုံးများက ပတ်ဝန်းကျင်ကို ကြည့်လိုက်ပြီး ရင်းနှီးနေသည်ကို မြင်သောအခါမှအနည်းငယ် စိတ်သက်သာရာ ရရှိခဲ့သည်။


“ဒီအိပ်မက်ပဲ ထပ်မက်ပြန်ပြီ…”


ကျန်းချိုးက နဖူးပေါ်ရှိ ချွေးစေးများကို သုတ်ရန် လက်မြှောက်လိုက်သည်။ ရုတ်တရက် အော့အန်ချင်စိတ်များ ပေါ်ပေါက်လာကာ ပျို့တက်လာသောကြောင့် ဖိနပ်မပါဘဲ ရေချိုးခန်းဆီသို့ သွားခဲ့သည်။ သူက အိမ်သာခွက်ကို မှီကာ အူအသည်းများ ထွက်ကျလာမတတ် အန်နေခဲ့သည်။


အခန်းမီးများအားလုံးကို ဖွင့်ထားပေသည်။


ကျန်းချိုး၏မျက်နှာက ဖြူဖျော့နေခဲ့သည်။ သူက ဆီးသီးချဥ်တစ်လုံးကို ပါးစပ်ထဲထည့်ဝါးလိုက်သော်လည်း ဝမ်းဗိုက်ထဲရှိ မအီမသာဖြစ်မှုကို ခေတ္တမျှသာ ဖိနှိပ်နိုင်ခဲ့သည်။


စက္ကန့်အနည်းငယ်ကြာပြီးနောက် သူ့မျက်ခွံများက နောက်တစ်ကြိမ် ပြန်ပိတ်ကျလာပြီး အိပ်မက်ဆိုး မြင်မက်ပြန်သည်မှာ သိသာထင်ရှားပေသည်။ ရလဒ်အနေဖြင့် နောက်ထပ်တစ်စက္ကန့်မျှပင် အိပ်မပျော်တော့ပေ။


ငိုက်မျည်းခြင်း၊ ပျို့အန်ခြင်းနှင့် ချဉ်သောအရာများကို စားသုံးခြင်းများ…


ယခင်က ချဉ်သောအရာများကို သူ အလွန်မုန်းတီးခဲ့သည်ကို ဘုရားသခင်သာ သိလိမ့်မည်။


ကျန်းချိုးက သူ တစ်ခုခု လွဲချော်နေသည်ဟု ခံစားရသည်။ သူက ပါးစပ်ထဲရှိ ဆီးသီးကို ဝါးနေလျက် စောင်ကိုပတ်၍ ခုတင်ပေါ်တွင် စဉ်းစားနေခဲ့သည်။ ၎င်းမှာ သင်္ချိုင်းဂူမှ ပြန်ထွက်လာပြီး တစ်လကျော်ခန့်မှ စတင်ခဲ့သည်ဟု ထင်ရသည်။


.......


လွန်ခဲ့သော တစ်လကျော်ခန့်က…


ချင်းလင်တောင်တန်းများတွင် တောင်ပေါ်အပန်းဖြေစခန်းတစ်ခုကို တည်ဆောက်နေခဲ့သည်။ မြေကြီးကို တူးဖော်စဉ် ရှေးဟောင်းဂူသင်္ချိုင်းတစ်ခုကို မတော်တဆ တွေ့ရှိခဲ့သည်။ မြေတူးစက်က ဂူပေါက်ဝကို တည့်တည့်တူးလိုက်ရာ ရိုးရှင်းသော ပုံစံဖြင့် ထွင်းထုထားသည့် ကျောက်စာမှတ်တမ်းပြားတစ်ခု ပေါ်ထွက်လာသည်။


ဂူအတွင်းသို့ ပထမဆုံးဝင်ရောက်သူများမှာ ရှန်းပေါ် အမည်ရသည့် ရှေးဟောင်းသုတေသနအဖွဲ့နှင့် သူတို့၏ ပါမောက္ခ ဖြစ်သည်။ ရှေးဟောင်းကြေးထည်ပစ္စည်းများပေါ်မှ ကျောက်စာများနှင့် နတ်ဟောကိန်းကျမ်းစာများကို အထူးပြုလေ့လာသော ထိုပါမောက္ခက ရှန်းရှီးစီရင်စု၏ ရှေးဟောင်းသုတေသနအသိုင်းအဝိုင်းတွင် အလွန်ထင်ရှားကျော်ကြားသူ ဖြစ်သည်။


ရှန်းပေါ် ၏ ရှေးဟောင်းသုတေသနအဖွဲ့နှင့် ပူးပေါင်းခြင်းမှာ သူ့အား အတွေ့အကြုံများ ကြွယ်ဝစေရန်အတွက် ကမ္ဘာသစ်တစ်ခုကို လာရောက်ကြည့်ရှုရသလို ဖြစ်‌ခဲ့သည်။ သူက သီအိုရီဆိုင်ရာ ဗဟုသုတများကို လက်တွေ့လုပ်ဆောင်ခြင်းဟုလည်း ယူဆခဲ့သည်။


ထိုသင်္ချိုင်းဂူက ခိုးယူဖောက်ထွင်းခြင်း မခံခဲ့ရပေ။ ယခုတစ်ကြိမ် မတော်တဆ တူးဖော်တွေ့ရှိခြင်း မရှိပါက ချင်းလင်တောင်တန်းများတွင် မည်မျှကြာအောင် တည်ရှိနေဦးမည်ကို မသိနိုင်ပေ။ ခြေလျင်လျှောက်သူများက ဂူပေါက်ဝမှ သတိထား၍ ဝင်ရောက်ခဲ့ကြသည်။ ဇွန်လနေ့လယ်ခင်း ဖြစ်သည်မှာ ထင်ရှားသော်လည်း ဂူထဲဝင်ရောက်တော့မည့် ကျန်းချိုးက အေးစက်မှုကို ခံစားနေရသည်။ လေတိုက်ခြင်းမရှိသော်လည်း သူ့နားထဲတွင် အသံမြည်နေသည်ဟု အမြဲတမ်း ခံစားရသည်။ သူက ပါမောက္ခ၏နောက်မှ လိုက်ပါသွားခဲ့ပြီး စိတ်လှုပ်ရှားမှုအရိပ်အယောင်အပြင် စိုးရိမ်ပူပန်သောအမူအရာ ရှိနေသည်။ သူ့လှုပ်ရှားမှုများက အလွန်သတိကြီးစွာရှိပြီး စကားတစ်ခွန်းမျှပင် မပြောဝံ့ဘဲ အလင်းရောင်မှိန်မှိန်ကို အသုံးပြု၍ ပတ်ပတ်လည်ကို သေချာစွာ ကြည့်ရှုနေသည်။


ယခုတစ်ကြိမ်ကမူ အလျင်အမြန် ပြုပြင်တည်ဆောက်ထားပုံရသော သင်္ချိုင်းဂူဖြစ်ပြီး ပါးစပ်ကဲ့သို့ ကြီးမားသော အပေါက်တစ်ခု ပါရှိသည်။ ဤဂူပိုင်ရှင်က မည်သူဖြစ်ကာ အတွင်းရှိ သမိုင်းဝင် အမွေအနှစ်များက သေဆုံးသူနှင့်အတူ မြှုပ်နှံထားသည့် မြေထည်စစ်သည်ရုပ်များနှင့် မြင်းရုပ်များကဲ့သို့ ဖြစ်လိမ့်မည်လားဆိုသည်ကို ဘုရားသခင်သာလျှင် သိပေလိမ့်မည်။ လေဝင်လေထွက်ကြောင့် ဖြစ်ပေါ်လာသည့် မည်သည့် ပျက်စီးမှုမျိုးကိုမျှ ပြန်လည်ပြုပြင်၍ မရနိုင်ပေ။


သင်္ချိုင်းဂူက လေးထောင့်ပုံစံရှိပြီး အလွန်ကြီးမားကာ အပေါ်၌ အလွှာတစ်ခု ရှိသည်။ အပြင်ဘက်ဆုံးရှိ သစ်သားက အနည်းငယ် ဝါနေသည်။ အလင်းရောင်ကြောင့်လား သို့မဟုတ် အမှန်တကယ် ဝါနေခြင်းလားဆိုသည်ကို သူ မသိပေ။ သစ်သားက အလွန်ခိုင်ခံ့ပုံရပြီး ပျက်စီးမှု တစ်စုံတစ်ရာ မရှိခဲ့ပေ။


“ငါးလွှာပဲ…”

ပါမောက္ခ၏ အသံထွက်လာပြီး သူ့အသံထဲတွင် မထိန်းချုပ်နိုင်သော စိတ်လှုပ်ရှားမှုများ ပါဝင်နေသည်။

“ဒါပေမဲ့ ဒီဟာက မှူးမတ်နဲ့ ဘုရင်အဆင့်အတွက် သင်္ချိုင်းဂူပဲ…”


ရှေးဟောင်းသုတေသနအဖွဲ့မှ လက်ဦးမှုယူ၍ ပြောလိုက်သည်။

“《ဆရာကုရဲ့ ဓလေ့ထုံးတမ်းဆိုင်ရာ ဆောင်းပါး》မှာတော့  ‘ မိုးမြေကိုအုပ်ချုပ်သူ ဧကရာဇ်မင်းမြတ်ဆိုရင် အတွင်းနဲ့အပြင် ခေါင်းတလား ဆယ်လွှာ၊ မှူးမတ်တွေက ငါးလွှာ၊ အကြီးတန်းမှူးမတ်တွေက သုံးလွှာ၊ စစ်သည်တွေက နှစ်လွှာ’ လို့ ပြောထားတယ်… သစ်သားအရောင်ကို ကြည့်ရတာတော့ ဆိုက်ပရက်စ်(ထင်းရှူးပင်တစ်မျိုး)နဲ့ တူတယ်… ပြီးတော့ အထဲမှာ အဝါရောင်အူလို အကန့်နဲ့ မှတ်တမ်းတင်ထားတာကို တွေ့ရတယ်… ဒါပေမဲ့ ဘယ်မင်းဆက်ခေတ်ကလဲဆိုတာတော့ မသိဘူး…"


အလင်းရောင်က ထိပ်ဆုံးအလွှာရှိ ကျောက်ပြားပေါ်သို့ ကျရောက်နေသည်။

“ကြည့်ပါဦး၊ ကျောက်စာတစ်ခု ရှိတယ်၊ ဒီစာလုံးလေးပဲ—”


ပါမောက္ခက ကျောက်ပြားကို ကြည့်ရှုရန် ရှေ့တိုးလာသောအခါ ကျန်းချိုးက အလျင်စလို ရှေ့သို့ မတိုးခဲ့ပေ။ သူက ရှေ့ဆုံးသို့ ရောက်ရန် အရည်အချင်း မပြည့်မီသေးပေ။ သူက ပါမောက္ခ၏မျက်နှာကိုသာ ကြည့်နေခဲ့သည်။ ယခုအချိန်တွင် သူက ၎င်းနေရာတွင်မရှိသည့်လူတစ်ယောက်အဖြစ်သာ နေရန် လိုအပ်သည်။

 

“ဒီ… ဒီစာလုံးက...”

ပါမောက္ခ၏ စိတ်လှုပ်ရှားသံက တုန်ယင်နေသည်။ သူက စိတ်ကို ထိန်းချုပ်ကာ ပြောသည်။

“ရှန်မင်းဆက်ခေတ်ကလိုပဲ…ဒါပေမဲ့ ကွဲပြားမှုတချို့လည်း ရှိနေတယ်…မင်းတို့ ဒီစာလုံးတွေကို ကြည့်ပါဦး—”  


ပါမောက္ခက ထိုစာလုံးကို တိုးတိုးလေး အသံထွက်နေသည်။ စက္ကန့်အနည်းငယ် စောင့်ဆိုင်းပြီးနောက် ပါမောက္ခက နောက်ဆုံးတွင် အတည်ပြုလိုက်သည်။ သူ့မျက်လုံးများမှ အံ့အားသင့်မှုကို မဖုံးကွယ်နိုင်ပေ။

“ ကုမုတိုင်းပြည် တကယ်ကိုပဲ ကုမုတိုင်းပြည်လား…”


ကျန်းချိုးက ပါမောက္ခ၏ ပုံစံကြောင့် လန့်ဖျပ်သွားခဲ့သည်။ သူက ကျောင်းကို လွန်ခဲ့သောစာသင်ကာလကမှ စတင်တက်ရောက်ခဲ့ခြင်း ဖြစ်သည်။ ပါမောက္ခက ထိုကဲ့သို့ အမူအရာဖြစ်နေသည့်အချိန်ကို သူ မမြင်ဖူးခဲ့ပေ။


ကုမုတိုင်းပြည်လား…


ကျန်းချိုးက နားမလည်နိုင်ခဲ့ပေ။ သူ့ဘေးမှ ရှေးဟောင်းသုတေသနကျောင်းသား အတော်များများကမူ နားလည်သွားကြပြီး သူတို့၏ မျက်နှာများက ပါမောက္ခနှင့် ထပ်တူ ဖြစ်နေသည်။


ထို့နောက် ရှေးဟောင်းသုတေသနအဖွဲ့က လုပ်ငန်းစဉ်ကို အရှိန်မြှင့်တင်ကာ အလွှာများကို စတင်ကိုင်တွယ် ဖြေရှင်းခဲ့ကြသည်။ သူတို့က နှစ်ပေါင်း ၃,၀၀၀ ကျော်ကြာ မြှုပ်နှံထားသည့် ဂူပိုင်ရှင်၏ အထောက်အထားကို သိရှိရန် စိတ်အားထက်သန်နေကြသည်။ 


ပါမောက္ခ၏ စိတ်လှုပ်ရှားနေသော မျက်နှာက နီရဲနေပြီး ကျန်းချိုးကမူ 'မကြာမီ ဖွင့်လှစ်တော့မည့်' အပြင်ဘက်ဆုံး ဂူကို စိုက်ကြည့်နေခဲ့သည်။ သူ၏ ညာဘက်မျက်ခွံက တဒိန်းဒိန်းနှင့် ပိုမိုမြန်ဆန်စွာ ခုန်နေသည်မှာ ရပ်တန့်ခြင်းမရှိပေ။


“ဖွင့်လိုက်…ဖွင့်လိုက်တော့…”


“အားးးး”


“အရိုးစုတွေက ဘယ်လောက်တောင်လဲ…”


ရှေ့ကို တိုးသွားသူများက နောက်ကိုပြန်လှည့်ကြည့်၍ အော်ဟစ်ခဲ့ကြပြီး မီးရောင်များမှာလည်း လင်းလိုက် မှိန်လိုက် ဖြစ်နေစဥ် ကျန်းချိုးကို လူတစ်ယောက်က တွန်းလိုက်သည်။ သူ့တစ်ကိုယ်လုံး ခြေနှစ်လှမ်းခန့် နောက်ဆုတ်ပြီး ထောင့်တစ်နေရာသို့ မှီလဲကျသွားသည်။ မည်သည့် အရာဝတ္ထု၏ အလေးချိန်ကို ဖိထားမိသည်ကို မသိဘဲ၊ သူက အောက်သို့ တည့်တည့်ပြုတ်ကျသွားတော့သည်။


အကူအညီတောင်းခံသံများ မထွက်ပေါ်နိုင်မီမှာပင် ကျန်းချိုးက မေ့မြောသွားခဲ့သည်။ သူ သတိမေ့မသွားမီတွင် အေးစက်ပြီး နီရဲနေသော မျက်ဝန်းတစ်စုံကို မြင်လိုက်ပုံရသည်။


သူ ပြန်နိုးလာသောအခါ ကိုယ်လုံးတီးဖြစ်နေပြီး ဆီမီးခွက်များ ဝိုင်းရံထားသော အလွန်ကြီးမားသည့် ကျောက်စိမ်းခုတင်ပေါ်တွင် လှဲလျောင်းနေသည်။ သူ အံ့အားသင့်သွားပြီးနောက် ကြောက်ရွံ့သွားကာ သူ့ခန္ဓာကိုယ်တွင် ကြက်သီးမွေးညင်းများ ထောင်လာသည်။ သူ အောက်ငုံ့ကြည့်လိုက်ရာ ရင်ဘတ်ပေါ်တွင် အနီရောင် အမှတ်အသားကြီးတစ်ခုကို မြင်လိုက်ရသည်။ ခြေထောက်နှစ်ဖက်ကြားရှိ နေရာသည်လည်း—


ကျန်းချိုးက သူ့အိပ်မက်ထဲက အကြောင်းအရာများကို တွေးမိသွားသည်။ သူ့မျက်နှာက ခဏတာအတွင်း နီရဲတက်လာခဲ့သည်။ သူက အံကြိတ်ရန် အချိန်မရလိုက်ပေ။ ခြေသံများနှင့်အတူ သူ့ကို ခေါ်နေသော အသံကို ကြားလိုက်သည်။ ထို့ကြောင့် သူ၏ တီရှပ်နှင့် ဘောင်းဘီရှည်ကို အမြန်ဝတ်ဆင်လိုက်သည်။ 


“ မင်းကို ရှာတွေ့လို့ မိုးနတ်မင်းကြီးကို ကျေးဇူးတင်ရမယ်…”

ရှေးဟောင်းသုတေသနပညာရှင်များက ကျန်းချိုးကို ဘေးကင်းစွာ မြင်လိုက်ရသောအခါ ပတ်ဝန်းကျင်ကို သတိမပြုမိမီ စိတ်သက်သာရာ ရသွားကြသည်။


ကျန်းချိုးက သူ့အနောက်ဘက်မှ စိုစွတ်မှုကို ခံစားလိုက်ရပြီး ဘာဖြစ်သည်ကို ခန့်မှန်းမိသောအခါ ရုတ်တရက် သူ့မျက်နှာက အရုပ်ဆိုးသွားခဲ့သည်။ ကံကောင်းထောက်မစွာ နောက်မှ ဝင်ရောက်လာသော ရှေးဟောင်းသုတေသနအဖွဲ့က ဤနေရာ၏ ပတ်ဝန်းကျင်ကိုသာ အာရုံစိုက်နေကြသည်ကို တွေ့ရသည်။


“ဘုရားရေ… ဒီက မီးတိုင်က အခုထိ လောင်နေတုန်းပဲ…”


“ခေါင်းဆောင်… ဒီကျောက်စိမ်းခုတင်ကို ကြည့်ပါဦး...”


ကျန်းချိုးက ပတ်ပတ်လည်ကို ကြည့်လိုက်သော်လည်း သူ သတိမေ့သွားမီက မြင်ခဲ့ရသည့် အနီရောင် မျက်ဝန်းရှိသော ထိုလူကို မမြင်ရပေ။ သူက စိုးရိမ်ပူပန်မှုများဖြင့် လွှမ်းမိုးနေပြီး ပခုံးများ လေးလံလာသည်ဟု ခံစားရသည်။ သူက ကြောက်လန့်ကာ တစ်ကိုယ်လုံးထုံကျဉ်နေပြီး ပါမောက္ခဖန်ကို မြင်သောအခါမှ စိတ်သက်သာရာ ရသွားသည်။


ပါမောက္ခဖန်က စိုးရိမ်ပူပန်နေသော အမူအရာဖြင့် သူ့အား ကြည့်လာသည်။

“ရှောင်ချိုး၊ အဆင်ပြေရဲ့လား…”


ကျန်းချိုးက ထိုအိပ်မက်၏ အစအနများနှင့် သူ့ခန္ဓာကိုယ်ပေါ်က အရာများကြောင့် စိတ်သောက ရောက်နေဆဲဖြစ်သော်လည်း ဘာမှ မပြောနိုင်ခဲ့ပေ။ သူက အိပ်မက်ထဲတွင် အခြားယောကျာ်းတစ်ယောက်နှင့် အတူရှိခဲ့မိသောယောကျာ်း ဖြစ်သည်။ ထိုယောကျာ်းက  လူလား၊ သရဲလား ဆိုသည်ကို သူ အခုထိ မသိသေးပေ။


သူက မပီမသ ပြောခဲ့သည်။

“ဘာမှမဖြစ်ပါဘူး… နည်းနည်း အေးနေလို့ပါ…” 


ထို့နောက်  စကားလမ်းကြောင်းလွှဲကာ မေးလိုက်သည်။

“ပါမောက္ခတို့အကုန်လုံး ဘာလို့ ဒီကို ရောက်လာကြတာလဲ…” 


“မင်း ပျောက်နေတာကို ငါသိတော့ အားလုံးက အသည်းအသန်ရှာကြရင်း အဓိကဂူထဲက ထောင့်တစ်နေရာမှာ လျှို့ဝှက်လမ်းတစ်ခု ရှိတာကို တွေ့လိုက်ရတယ်လေ… အဲဒါ အောက်ကို ဆင်းသွားတဲ့ လမ်းပဲ…”

ပါမောက္ခက တစ်လုံးချင်းစီ ပြောပြသည်။


မူလက အဓိကဂူ၏ ငါးလွှာတွင် စိမ်းလဲ့လဲ့ အရောင် တောက်ပနေသော ရုပ်အလောင်းတစ်ခု ပေါ်ထွက်လာသည်ကို တွေ့ရှိခဲ့သည်။ ၎င်းက အမှောင်ထုထဲမှ အလင်းရောင်တစ်ခုသဖွယ် ဖြစ်သည်။ ထိုအချိန်က လူများကို ကြောက်လန့်သွားစေပြီး အနည်းငယ် ထိတ်လန့်မှု ဖြစ်စေခဲ့သေးသည်။ ရှေးဟောင်းသုတေသနအဖွဲ့က အရိုးစုများ အဆိပ်သင့်နေမည်ကို စိုးရိမ်သောကြောင့် အမြန်ဆုံး အကူအညီ တောင်းခံခဲ့သည်။


အကယ်၍ ၎င်းက ကုမုတိုင်းပြည်၏ သင်္ချိုင်းဂူသာ အမှန်ဖြစ်ပါက နှစ်ပေါင်း ၃,၀၀၀ ကျော်ကြာသည့်တိုင် ရုပ်အလောင်းကို  ကောင်းမွန်စွာ ထိန်းသိမ်းခံထားရခြင်း ဖြစ်သည်။ အရိုးများ ကောင်းမွန်စွာ ရှိနေပြီး စိမ်းလဲ့လဲ့အလင်းရောင် ထွက်ပေါ်နေပုံမှာ အလွန်ထူးဆန်းလှသည်။


အထက်မှ အမိန့်ကို စောင့်ဆိုင်းပြီးနောက် ပါမောက္ခက ကျန်းချိုး ပျောက်ဆုံးနေသည်ကို သိရှိခဲ့သည်။ သူက သဲလွန်စများ ရှာဖွေပြီးနောက် လျှို့ဝှက်လမ်းကို တွေ့ခဲ့သည်။ သူက ချက်ချင်း အောက်သို့ ဆင်းလာခဲ့သော်လည်း ငါးနာရီ နောက်ကျသွားခဲ့သည်။


“ပါမောက္ခဖန်က တွေ့ခဲ့တာပါ…”

ခေါင်းဆောင်က ပါမောက္ခကို ချီးကျူးလိုက်သည်။


ပါမောက္ခက ကျန်းချိုးကို သူ့နောက်မှ အနီးကပ်လိုက်ရန်နှင့် ထပ်မပျောက်သွားရန် ပြောခဲ့သည်။ ကျန်းချိုးက နောက်မှ လိုက်လာခဲ့ပြီး အနည်းငယ် ထူးဆန်းစွာဖြင့် လမ်းလျှောက်နေသည်။ သူက ခြေထောက်နှစ်ဖက်ကို တင်းတင်းကြပ်ကြပ် စေ့ကပ်ထားပုံရပြီး သူကိုယ်တိုင်ပင် အချိန်တော်တော်ကြာအောင်စိတ်မသက်မသာ ခံစားနေရသည်။ သို့သော် သူ့ကို မည်သူမျှ အာရုံမစိုက်သည်ကို သူ သိလိုက်ရပေသည်။ ပါမောက္ခက ခေါင်းဆောင်ကို ပြောလိုက်သည်။

 â€œá€’ဍတွ္က ရှေးဟောင်း ဓလေ့ထုံးတမ်းဆိုင်ရာ စာလုံးတွေလိုပဲ… ငါ နားမလည်ဘူး…” 


ကျန်းချိုးက ကျောက်စိမ်းခုတင်ပတ်လည်ရှိ အရပ်ကိုးမျက်နှာ၌ အဖြူအမည်းစာလုံးများ ထွင်းထုထားသော ကျောက်တိုင်များ ရှိနေသည်ကို တွေ့ခဲ့ရသည်။


“ဒီသင်္ချိုင်းဂူက နေရာတိုင်းမှာ ထူးဆန်းမှုတွေနဲ့ ပြည့်နေတယ်…  အဓိကဂူထဲမှာဆိုရင် ငိုနေတဲ့ ရုပ်အလောင်းတွေ အပြည့်ပဲ… အဓိကဂူအောက်က မြေပြင်ကလည်း အလွတ်ကြီးဖြစ်နေတယ်…”


ခေါင်းဆောင်က ရုတ်တရက် ကျန်းချိုးကို သတိရကာ လှည့်မေးလိုက်သည်။

“ကျောင်းသားလေး… မင်း ပြုတ်ကျလာတုန်းက ဘာတွေ တွေ့လိုက်လဲ…”


ကျန်းချိုးက အမှန်အတိုင်း ပြောပြရန် ချီတုံချတုံ ဖြစ်နေသည်။ သူ သတိမေ့သွားမီက မျက်လုံးတစ်စုံကို မြင်ခဲ့ရသည်။ ဤနေရာတွင် လူတစ်ယောက် ရှိနေသင့်ပေသည်။ သူ့နောက်မှ လူတစ်ယောက်ပြောသည်ကို သူ ကြားလိုက်သည်။ 

 â€œá€á€ąá€Ťá€„်းဆ္ဏင် ကျွန်တော်တို့ သေချာ စစ်ဆေးပြီးပြီ… ရုပ်အလောင်းတွေ မရှိဘူး… မြှုပ်ထားတာလည်း ဘာမှမရှိဘူး…” 


“ငါပဲ အတွေးလွန်သွားတာပဲ… တကယ်လို့ နှစ် ၃,၀၀၀ ကျော်တုန်းက တစ်ခုခုရှိခဲ့ရင်တောင် ခြေထောက်ရှည်ကြီး ပေါက်လာပြီး ထွက်ပြေးသွားဖို့တော့ မဖြစ်နိုင်ဘူးမဟုတ်လား…”

ခေါင်းဆောင်က သူ့ကိုယ်သူ အတွေးလွန်သည်ဟု ရယ်မောကာ ခေါင်းလှည့်ပြီး သင်္ကေတများကို လေ့လာခြင်းတွင် အာရုံနှစ်မြှုပ်ထားသည်။


ကျန်းချိုးကလည်း ဘာမှ မသိနားမလည်သူသဖွယ် နေခဲ့သည်။ ထိုမျက်လုံးများမှာ တကယ့်အပြင်လောကမှ ဖြစ်ပြီး ခန္ဓာကိုယ်ပေါ်က အမှတ်အသားများကလည်း အမှန်ဖြစ်ခဲ့ပါလျှင်…


အဲဒီလူက ဘာကြီးပါလိမ့်…

 

*


အိပ်ငိုက်နေသော်လည်း ကျန်းချိုးမှာ ကောင်းစွာ အိပ်မပျော်ခဲ့ပေ။ သူက လွန်ခဲ့သော တစ်လကျော်ခန့်ကစပြီး အိပ်မက်များ ပြတ်တောင်းပြတ်တောင်းမက်ခဲ့ရာ တစ်ညတွင် ရှစ်ကြိမ်ထက်မနည်း နိုးခဲ့သည်။


သူ့ပါးစပ်ထဲတွင် ခါးသက်နေပေသည်။ ညက စားခဲ့သော ဆီးသီးချဉ်၏အစေ့က သူ့ပါးစပ်ထဲတွင် ရှိနေသေး၍ ချက်ချင်း ထွေးထုတ်လိုက်သည်။ သွားတိုက်စဉ်တွင် ပျို့အန်ကာ ချဉ်သော အရည်များအားလုံးကို အန်ထုတ်လိုက်သည်။


ထို့နောက် သူ ဓာတ်ခွဲခန်းတံခါးဝသို့ မောဟိုက်စွာ ရောက်ရှိလာသည်။ သူ အသက်ကို အနည်းငယ်မျှ ထပ်မရှူရသေးမီမှာပင် တံခါးကို တွန်းဖွင့်လိုက်ကြ၍ အတွင်းမှ လူများက သူ့ကို ထိုပုံစံအတိုင်း မြင်လိုက်သည်။

“ဘာဖြစ်လို့ မျက်နှာက ဒီလောက် ဖြူနေရတာလဲ… နေမကောင်းဘူးလား…”


“စီနီယာဟွားတင်း” ဆိုသူမှာ ယခင်က ပေကျင်းတွင် စာသင်ခဲ့ဖူးသော ထူးချွန်ကျောင်းသားတစ်ဦး ဖြစ်သည်။ ကျန်းချိုးက ယခုအချိန်တွင် သူ မည်သို့ဖြစ်နေသည်ကို မသိခဲ့ပေ။ သူက မကြာသေးမီက အများကြီး အိပ်ခဲ့သော်လည်း အိပ်ရေး မဝခဲ့ပေ။

“ပြေးလာတာ မြန်သွားလို့ ဖြစ်မယ်… ပါမောက္ခ ဘယ်မှာလဲဟင်…”


ဟွားတင်းက ရေနွေးတစ်ခွက်ငှဲ့ကာ ကျန်းချိုးကို ကမ်းပေးလိုက်သည်။

“ပါမောက္ခက ရှန်းရှီးစီရင်စုကို သွားတယ်… မင်းကို အိမ်ပြန်ပြီး ကောင်းကောင်းအနားယူဖို့လည်း ပြောခိုင်းလိုက်တယ်…”


ကျောင်းပိတ်ရက်မှာ လွန်ခဲ့သော သုံးရက်ကတည်းက စတင်ခဲ့ပြီး ဖြစ်သည်။ ကျန်းချိုး  မူလက ပါမောက္ခနှင့်အတူ နေပြီး ချင်းလင်တောင်တန်းရှိ ကုမုတိုင်းပြည်၏ သင်္ချိုင်းဂူများအကြောင်း ပိုမိုလေ့လာရန် ရည်ရွယ်ခဲ့သည်။ သင်္ချိုင်းဂူများက နေရာအနှံ့တွင် ရှိနေပြီး အဓိက ဂူဗိမာန်ကြီးကို တူးဖော်ကြည့်လိုက်သည့်အခါ စိမ်းလဲ့လဲ့ ရုပ်အလောင်း ၁,၈၀၀ ခန့်ကို တူးဖော်တွေ့ရှိခဲ့သည်။ 

အဓိက သင်္ချိုင်းဂူအောက်တွင် ကျောက်စိမ်း ခုတင်တစ်ခုကို တွေ့ရှိခဲ့သော်လည်း ဂူပိုင်ရှင်ကား မရှိခဲ့ပေ။ ထိုနေ့တွင် သူက ဆေးခြောက်များ သောက်သုံးခဲ့၍ ထိုအရာများက စိတ်အာရုံခြောက်ခြားမှုဖြစ်နေခြင်းလားဟု ကျန်းချိုး ယခုအခါ သူ့ကိုယ်သူ  စတင်သံသယဝင်နေသည်။


သို့သော် သူက တစ်ခါတရံတွင် အော့အန်ခြင်း၊ အော်ဂလီဆန်ခြင်းများ ဖြစ်နေကာ တစ်ခုခု မှားယွင်းနေ၍ အားတင်းမနေချင်တော့ပေ။ သူက ခေါင်းညိတ်ပြလိုက်သည်။ 

“ဒါဆိုရင် ပါမောက္ခကို ကျေးဇူးတင်ကြောင်း ကူပြောပေးဖို့ စီနီယာဟွားတင်းကိုပဲ အားကိုးရတော့မယ်…”


“ မင်း စိတ်ဝင်စားနေတာကို ငါသိပါတယ်… တိုးတက်မှုအသစ်တစ်ခုခုရှိတာနဲ့ မင်းဆီကို ပို့ပေးလိုက်မယ်…”


ကျန်းချိုးက ရှက်ပြုံးလေးပြုံးပြီး ပြောလိုက်သည်။

"စီနီယာ့ကို ကျေးဇူးတင်ရတော့မှာပဲ…" 


သူက အဆောင်တွင် မနေဘဲ ကျောင်းပြင်ပတွင် အိမ်ငှားနေခြင်းဖြစ်သည်။ ခရီးဆောင်အိတ်များကို ရိုးရိုးရှင်းရှင်း ထုပ်ပိုးပြီးသည်နှင့် ကျန်းချိုးက အမြန်ရထားဘူတာကို တန်းသွားပြီး ယွင်ချန်းမြို့သို့ ပြန်ရန် လက်မှတ် ဝယ်လိုက်၏။


သုံးနာရီကြာပြီးနောက် ကျန်းချိုးက ယွင်ချန်းမြို့သို့ ရောက်ရှိလာခဲ့သည်။ ရထားပေါ်က ဆင်းလိုက်သောအခါ သူ့တစ်ကိုယ်လုံး မူးနောက်နောက်နှင့် မငြိမ်မသက်ဖြစ်ပြီး ချွေးစေးများပါ ထွက်လာသည်။ သူ၏ သေလုမျောပါးဖြူဖတ်နေသည့်မျက်နှာကို ဘေးနားမှ ဝန်ထမ်းများက မြင်သောအခါအခြေအနေကို မေးမြန်းလာသည်။ ကျန်းချိုးက သူတို့စေတနာကို ကျေးဇူးတင်လိုက်သည်။

 â€œá€›á€•ဍတယ်‌ကဝွန်တ္ဏအ်ကို လာကြိုမယ့်သူ ရှိပါတယ်…”


မော့ကြည့်လိုက်သောအခါ သူ့အဖေကို မြင်လိုက်ရသည်။


“ပါပါး”

သူ့ကို စိုက်ကြည့်လျက် အဝေးမှလျှောက်လာသည့် သူ့အဖေကို မြင်လိုက်ရသောအခါ ကျန်းချိုးက ပျော်ရွှင်စွာ အော်လိုက်သည်။


သူ့အဖေက အနားရောက်လာလေလေ၊ မျက်နှာမကောင်းသည့်ပုံ ပိုပေါက်လာလေလေ ဖြစ်ကာ နောက်ဆုံးတွင် သူ့ဗိုက်ကို တစ်ချက်ဝေ့ကြည့်လိုက်သည်။ ကျန်းချိုးက မမေးရသေးမီမှာပင် သူ့အဖေက ပါးစပ်ဟ၍ ပြောလိုက်သည်။


“မင်းရဲ့ ဗိုက်က—”



🏔️🏔️🏔️