အပိုင်း ၁၅၂ (End)
Viewers 16k

Chapter 152 ( End of Extra )


အချိန်ကမောက်ကမဖြစ်မှုနှင့် ဆိုင်သော ကိစ္စရပ်များတွင် ကြယ်တာရာနည်းပညာများဖြင့်ပင် မဆောင်ရွက်နိုင်ပါက အကောင်းဆုံးနည်းမှာ ရှုထောင့်တစ်ခုအား အရင်ရှေ့တန်းတင်လိုက်ခြင်းပင်ဖြစ်သည်။ ထို့နောက်တွင်မှ တစ်ဆင့်ပြီးတစ်ဆင့် ပြည့်စုံလာမည်ဖြစ်သည်။


ဤအရာမျိုးက အချိန်ယူရသည်။


သို့သော် ကျွင်းချင်ယွီသည် ကိရိယာပစ္စည်းများနှင့် အခြားအရာများကို အားမကိုးပေ။သူက နေရာလွတ်ကိုသာ အားကိုးသည်။


၄င်းက ဉာဏ်မမှီဘဲ မကြာခဏကြိုးစားကြည့်ရန် မကောင်းပေ။အမှားဖြစ်နိုင်ချေ အလွန်မြင့်မားသည်။


ကျွင်းချင်ယွီသည် ဖုယွမ်ချွမ်း၏ ပခုံးကို မှီကာ ဒေတာအပါအဝင် သူ့လက်ထဲမှ စမ်းသပ်မှု မှတ်တမ်းများကို တစ်ချက်ကြည့်လိုက်သည်။


အထက်ဖော်ပြပါ စကားလုံးများသည် သူ့ဒေါသအားပိုတိုးလာစေသည်ကို တွေ့လိုက်ရပြီး ခွဲခြမ်းစိတ်ဖြာချက်အချက်အလက်များကလည် ပို၍ ဝေးသထက်ဝေးကွာလာသည်။ အိပ်မက်တွေအကြောင်းပြောရသည်မှာ ကောင်းကင်မှပိုင်မုန့်ကြီး ပြုတ်ကျလာသလိုပင် လုံးဝအစစ်အမှန်မဟုတ်သည့် ခံစားချက်ကို ပေး၏။


အဆုံးကိုကြည့်လိုက်ရာ


နောက်ဆုံးစာကြောင်းသည် ဤသို့ဖြစ်၏။ သီအိုရီက အလုပ်မဖြစ်ပါ။ 


ကျွင်းချင်ယွီ : "..."


ကျွင်းချင်ယွီက စမ်းသပ်မှုအချက်အလက်များကို မထူးခြားသကဲ့သို့ ခြုံငုံပြီး ကြည့်လိုက်သည်။


အမြင်အာရုံခန့်မှန်းခြေသည် တစ်ဆယ်စင်တီမီထက်ပိုသည်။


သီအိုရီအလုပ်မဖြစ်ခြင်း၏ အယူအဆကိုလည်း ၄င်းတွင် ထည့်သွင်းထားသေးသည်။


သူက အချိန်အတော်ကြာအောင် အလကားသက်သက် ကြည့်နေခဲ့ခြင်းပင်။.


ကျွင်းချင်ယွီသည် စမ်းသပ်မှုအချက်အလက်များကို စားပွဲပေါ်တင်လိုက်ပြီး ထပ်မကြည့်ချင်တော့ပေ။


ဖုယွမ်ချွမ်းက သူ့လက်ကို မြှောက်လိုက်ပြီး ငါးငယ်လေး၏ဆံပင်ကို ပွတ်လိုက်ကာမေး၏။ "ဘာဖြစ်လို့လဲ?"


"အရမ်းဒုက္ခများတာပဲ..." ကျွင်းချင်ယွီက မျက်တောင်အသာအယာခတ်လိုက်သည်။


အချိန်ကမောက်ကမဖြစ်ခြင်း၏အယူအဆအား မဆုပ်ကိုင်မိသေးပေ။ ယခင်က ဖြစ်ပျက်ခဲ့သည့်အရာများက အိပ်မက်မဟုတ်ကြောင်း မခွဲခြားနိုင်ပါက ရှုပ်ထွေးသည့်မဆုံးသော သံသရာထဲသို့ ကျရောက်သွားနိုင်သည်။


ဖုယွမ်းချွမ်းက နှစ်သိမ့်စကား ပြောလိုက်သည်။ "စိတ်မပူပါနဲ့"


ဤပြဿနာအတွက် ရည်စူးထားသော စမ်းသပ်အဖွဲ့များစွာရှိပေသည်။


လူပေါင်းများစွာ ကျော်ဖြတ်ပြီးနောက်တွင် ယင်းက ရိုးရိုးရှင်းရှင်းနှင့် လွယ်လွယ်ကူကူ ဖြေရှင်းလို့ရသည့် အရာမဟုတ်ဘူးဆိုတာ သိသာသည်။


"ဖြေးဖြေးလုပ်ပါ။" ဖုယွမ်ချွမ်းသည် ထိုအ ကြောင်းကို တွေးခဲ့သည်။ ငါးငယ်လေး၏ သုတေသနအများစုသည် နေရာလွတ်အသုံးပြုမှုအပေါ် မူတည်နေမည်ဖြစ်သည်။ ထို့ကြောင့် အချိန်ကိုလေ့လာရန်အတွက် ဓာတ်ခွဲခန်းတစ်ခုမတည်ဆောက်နိုင်သေးပေ။ နေရာလွတ်သည်စိတ်ကူး၏အမှန်တကယ်ဖြစ်တည်မှုကိုကျော်လွန်နေသည့် အရာတစ်ခုဖြစ်သည်။၄င်းသည် မလိုအပ်သော ပြဿနာများကို ဖြစ်ပေါ်စေရန် လွယ်ကူသည်။


ဓာတ်ခွဲခန်းထဲတွင် လူတစ်ဦးတည်းရှိနေခြင်းထက် ငါးလေးအား အိမ်တွင်ရှာဖွေခွင့်ပေးလိုက်ခြင်းက ပိုကောင်းသည်။  


ဖုယွမ်ချွမ်းကပြောသည်။ 


"စာကြည့်ခန်းဘေးကအခန်းကို ဓာတ်ခွဲခန်းလုပ်လိုက်ကြစို့၊ ဘာမှလုပ်စရာမရှိရင် မင်းစာဖတ်နေလို့နေရတယ်လေ ..."


အခန်းချင်းက အတော်လေးနီးကပ်သဘ်။ မဟုတ်လျှင်လည်း စာကြည့်ခန်းနှင့်ရုံးခန်းမှာ တိုက်ရိုက်ဆက်သွယ်၍ရသည်ပင်။


ငါးလေး ကြိုက်သည့်အပေါ်မူတည်ပြီး ကိုယ်လုပ်ချင်တာလုပ်၍ရ၏။


ကျွင်းချင်ယွီက ထရပ်ကာ ဖုယွမ်ချွမ်း၏ပေါင်ပေါ်ထိုင်လိုက်ပြီး သူ့ပခုံးကို မှီကာ မျက်နှာတစ်ဖက်ကိုအပ်လျက် တိုးတိုးလေးပြောလိုက်သည်။ "ဒုက္ခရှာစရာမလိုပါဘူး နောက်တစ်ခေါက် ထပ်ကြည့်ပါဦး အသုံးဝင်တဲ့ အချက်အလက်တွေ ရှာတွေ့နိုင်မှာပါ"


၎င်းတို့အနက်တွင် စွန့်ပစ်ထားသော အယူအဆမှာ အစပိုင်းတွင် အမှန်တကယ်ပင် ကောင်းမွန်လှသည်။ ဘင်းတွင် အပြိုင်နေရာတစ်ခုကို အဆိုပြုထားပြီး အပြိုင်နေရာနှင့်အကြောင်းတိုက်ဆိုင်လျှင် အခြားနေရာကို ခုန်ချ၍ရသည်။ 


၎င်းမှာ အဆက်မပြတ်လည်ပတ်နေသည့် ဂြိုလ်တစ်ခုပေါ်တွင် ဒေါင်လိုက် ဆင်းသက်ကာ အချိန်အကန့်အသတ်မရှိ ပြုတ်ကျခြင်းနှင့် ညီမျှသည်။


အကယ်၍ နေရာလွတ်စနစ်အား ယူဆောင်လာနိုင်ပါက နေရာလွတ်ကို စာအုပ်ထဲရှိကမ္ဘာနှင့်မူလကမ္ဘာ ထိုအပြိုင်ကမ္ဘာနှစ်ခုကြား ချိတ်ဆက်မှုအဖြစ် မှတ်ယူနိုင်သည်။ ထို့အပြင် နေရာလွတ်အား စာအုပ်ထဲပြန်သွားရန် လမ်းကြောင်းအဖြစ်လည်း သတ်မှတ်နိုင်သည်။


ထို့အပြင် စာအုပ်စုတ်ပြဲမသွားမှီက ရှိနေခဲ့သည့်နေရာလွတ်ကသာ အကျိုးကြောင်းသင့်သည့် ခန့်မှန်းချက်ဖြသ်လေသည်။


ဖုယွမ်ချွမ်းက ဘေးဘက်ရှိ စမ်းသပ်ဒေတာကို ကောက်ယူပြီး ရှောင်ယွီကြည့်နေသည့် စာမျက်နှာကို ဖွင့်ကာ ၎င်းပေါ်ရှိ ကတ်ကို ဖယ်ရှားလိုက်သည်။


ကျွင်းချင်ယွီက စမ်းသပ်မှုကို စိတ်ဝင်တစား ကြည့်နေခဲ့သော်လည်း နောက်အခိုက်အတန့်တွင်တော့ယွီစစ်က ဖုယွမ်ချွမ်းက အထက်ပါမှတ်တမ်းများအား အသံနိမ့်နိမ့်ဖြင့် ဖြည်းဖြည်းချင်းဖတ်ပြနေသည်ကို တွေ့လိုက်ရ၏။ 


"အချိန်ကို ဝင်ရိုးအဖြစ် မှတ်ယူရလျှင် နာရီများက အချိန်၏အမှတ်သင်္ကေတဖြစ်၏ ..."


ကျွင်းချင်ယွီက စာကြောင်းတိုင်း ဂရုတစိုက်နားထောင်နေပြီး သူကိုယ်တိုင် ဖတ်ခြင်းထက် ဤသို့နားထောင်ရသည်က ပို၍ လွယ်ကူစေသည်။


ထို့ထက် ဖုယွမ်ချွမ်း၏ အသံကလည်း ကောင်းမွန်လှသည်။


ထိုသောက်တလွဲစမ်းသပ်မှုမှတ်တမ်းနှစ်ခုမျှကို ဖတ်ပြီးနောက်ဖုယွမ်ချွမ်းက စမ်းသပ်မှုဒေတာကိုပိတ်လိုက်ပြီးပြောသည်။ 


“ဒီနေ့အတွက်တော့ဒီလောက်ပဲဖတ်လိုက်ဦး၊ နောက်နေ့တွေကျန်ပါသေးတယ်”


စမ်းသပ်မှုအချက်အလက်များတွင် သုံးထားသော စကားလုံးအသုံးနှုန်းများက နက်နဲလွန်းသည်။အနည်းငယ်ဆိုးဝါးသော အဖုအထစ်များကိုလည်းမြင်နိုင်ပြီး တစ်ရက်ကို နည်းနည်းစီနှင့် တဖြည်းဖြည်းဖတ်ပြီး စုရမည်ပင်။


"ကောင်းပါပြီ။" ကျွင်းချင်ယွီက ဖုယွမ်ချွမ်းကို ပွေ့ဖက်ကာနမ်းလိုက်ပြီး "အလုပ်ကြိုးစားခဲ့တာပဲ၊ ရေသောက်လိုက်ပါဦး”


 ဖုယွမ်ချွမ်းက ငါးလေး၏လက်ထဲမှ ဆေးဘက်ဝင်လက်ဖက်ရည်ကို သောက်ရန် ကွန်ပျူတာအား ပိတ်လိုက်ကာ လူကိုကောက်ပွေ့ကာ ထွက်လာခဲ့သည်။


ကျွင်းချင်ယွီက သူ့ကို ဖက်ထားလိုက်ပြီး "ခင်များပြီးပြီလား"


"အင်း... အရေးကြီးတာမရှိဘူး" အင်ပါယာမှာ မကြာသေးမီကပင် တိတ်ဆိတ်ငြိမ်သက်သွားခဲ့သည်။


တစ်ခုတည်းသောအချက်မှာ အဖွဲ့ချုပ်နှင့် ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်သော်လည်း ကိစ္စများအား ဖြေရှင်းရန် ဖုချင်းဟန်အား လွှဲပြောင်းပေးထားလိုက်သည်။


ငါးလေးနှင့်အတူ လွတ်လွတ်လပ်လပ် အချိန်တွေကုန်ဆုံးရသည်မှာ ကောင်းသည်။


မီးဖိုချောင်ထဲကို လမ်းလျှောက်ဝင်သွားပြီး တစ်နေ့တာလုံး ပင်ပန်းခဲ့ရသည့် ငါးလေးအတွက် စတော်ဘယ်ရီအရသာ ရေခဲမုန့်ကို ယူလိုက်၏။


ကျွင်းချင်ယွီက ဆိုဖာပေါ်တွင် ရေခဲမုန့်စားရင်း စဉ်းစားကာ ဆိုလိုက်သည်။ " အချိုပွဲဆိုင်ကို သွားကြည့် ကြမလား?"


မကြာသေးမီက လက်တွေ့စမ်းသပ်မှုများနှင့် အလုပ်ရှုပ်နေသဖြင့် အိမ်တွင်နေရသည်မှာ ပျင်းစရာကောင်းလှသည်။


 "ကောင်းပြီ'' ဖုယွမ်ချွမ်းသည် မူလကညစာပြင်ချင်ခဲ့သော်လည်း ထိုစကားများကိုကြား၍ သူ့လက်ထဲမှ ဟင်းလျာများကို ပြန်ချထားလိုက်သည်။


အချိုပွဲဆိုင်လမ်းတလျှောက်လုံး အစားအသောက်များဖြင့် ပြည့်နှက်နေပြီး ရှောင်ယွီ ကြိုက်သည့်အရာများဖြစ်ရာ စားလိုသည့်အချိန်တွင် စားလိုက်ရုံသာ ။


သန့်ရှင်းရေးစက်ရုပ်သည် လှည့်ပတ်သွားကာ ဧည့်ခန်းကို ထပ်ခါထပ်ခါ ပွတ်တိုက်ပြီး သန့်ရှင်းရေးလုပ်နေသည်။


လူလုပ်အသိဥာဏ်မှာ ဥာဏ်ရည်တုထက်ပိုမို ထက်မြက်ပုံရသည်။


ဖုယွမ်ချွမ်းက အပေါ်ထပ်သို့ အဝတ်အစားလဲရန် တက်သွားပြီး ကျွင်းချင်ယွီမှာ ထိုခဏတွင် အပြင်မထွက်နိုင်တော့မည်ကို ကြောက်ရွံ့သဖြင့် မလိုက်သွားတော့ပေ။


ဤတစ်ကြိမ် ရေခဲမုန့်ဗူးက အရင်တစ်ခေါက်ထက် ပိုကြီးပုံရ၏။ ရေခဲမုန့်က ဂရမ်အနည်းငယ်ပိုနေသည်။ ယခင်က သူ့အိပ်မက်ထဲရှိ ဖုယွမ်ချွမ်း ဝယ်ထားသော အချိုပွဲကို မစားခဲ့ဘူးဟူသည့်အချက်အား ပြင်ဆင်ရန် ဖြစ်နိုင်ရန်။ လက်ရှိတွင် ကျွင်းချင်ယွီက တစ်နေ့နှစ်ဗူးမျှ စားခွင့်ရနေလေသည်။ .


ရေခဲမုန့်စားပြီးနောက် အမြန်မှုန်းမြင့်စက်ရုပ်က "တီတီ တီတီ " ဟူသောအသံ၊ မှိတ်တုတ်မှိတ်တုတ် မီးနီတို့ဖြင့် ရောက်လာပြီး ဆိုဖာနှင့် ကော်ဖီစားပွဲကြားမှ ဖြတ်သွားလေသည်။ 


ကျွင်းချငိယွီက လက်ကိုမြှောက်ကာ စက်ရုပ်၏ခေါင်းထက်ရှိ လေဟာပြင်ထဲ တင်လိုက်လေသည်။


  ---


ဤအချိုပွဲဆိုင်လမ်းမှာ နာမည်ကြီးလာသည်။


ကျွင်းချင်ယွီ ဆိုင်တွင်ရှိမနေသလို အထူးအချိုပွဲများမရနိုင်ကြောင်း ရှင်းရှင်းလင်းလင်း ဖော်ပြထားသည့်တိုင် လူအနည်းငယ်ရှိနေဆဲဖြစ်၏။ 


အနည်းဆုံးတော့ သာမန်အချိုပွဲဆိုင်များထက် အသွားအလာပိုများသည်။


အချိုပွဲဆိုင်၏ တည်နေရာက မြို့လယ်နှင့် ဝေးကွာပြီး မြို့လယ်ခေါင်မှာ အသွားအလာ များခြင်းကြောင့် ဤသည်ကိုကြည့်ရုံမျှဖြင့် သူတို့ဆိုင် မည်မျှနာမည်ကြီးသည်ကို သိဖို့ရာ မခက်ပါချေ။


အနီးနားရှိ အဆာပြေမုန့်ဆိုင်များက လူများကို ဆွဲဆောင်နိုင်သည်။နောက်ဆုံးတွင် ယင်းတို့မှာ ပင်မဂြိုလ်ပေါ်တွင် တစ်ခုတည်းသာရှိကြသည်။


သူတို့ရောက်သွားချိန်တွင် ကျွင်းချင်ယွီနှင့်ဖုယွမ်ချွမ်းတို့ နှစ်ယောက်လုံးဟာ မျက်နှာဖုံးများ ၀တ်ထားကြပြီး သူတို့၏အထောက်အထားကို ထုတ်ဖော်ရန် အစပျိုးမှုတို့အား မလုပ်ခဲ့ကြပေ။ လူတိုင်း၏ ပန်းတိုင်က အစားအသောက်အတွက်ဆိုသည်မှာ သိသာထင်ရှားပြီး သူတို့ကို ဂရုမစိုက်ပါချေ။


သို့သော်လည်း ဘေးကင်းစေရန်အတွက် ကျွင်းချင်ယွီက အစားအသောက်ကို အပြင်မှမမှာဘဲ အချိုပွဲဆိုင်နောက်ဖေးမှ ဝင်လိုက်သည်။ တစ်စုံတစ်ယောက်က အချိုပွဲကိုလာပို့လိမ့်မည်။ 


 "အရှင်?" ရှီခိုင်ရှင်းက တစ်ချက်တည်းဖြင့်ပင် ကျွင်းချင်ယွီအား သတိထားမိသွားသည်။ 


ကျွင်းချင်ယွီက သူ့အားမတွေ့ရသည်မှာ အတော်ကြာပြီဟု ခံစားလိုက်ရ၏။ "မင်းဘယ်လိုလုပ် ဒီကိုရောက်နေတာလဲ"


 "ဘာမှမဟုတ်ပါဘူး၊ အချိန်ပိုင်းအလုပ်လုပ်ဖို့ ထွက်လာတာ"


ကျွင်းချင်ယွီ :“???”


ဤအချိန်ပိုင်းအလုပ်က ကျွင်းချင်ယွီကို ခဏမျှ မှင်တက်သွားစေပြီး ဖုယွမ်ချွမ်းအား မော့ကြည့်လိုက်သည်။


အင်ပါယာအရှင်က မာရှယ်များကို ကြမ်းတမ်းစွာ ဆက်ဆံသည်လား။


သူတို့အားလုံးက မာရှယ်များဖြစ်၏။ သူတို့အားလုံးက အင်ပါယာအရှင်၏ဘေးမှ စွမ်းအားကြီးသည့် လူများဖြစ်ကြပြီး သူတို့အားလုံးက သူတို့တပ်ကို သူတို့ကိုယ်တိုင် ဦးဆောင်ကြသည်။ ဆိုတော့ ဘာကြောင့်များ သူတို့က အချိုပွဲဆိုင်မှာ အလုပ်လုပ်ကြရသည်လဲ။ 


ယင်းက မည်သည့်စကားမျိုးပင်ဖြစ်စေ သနားဖို့ကောင်းလွန်း၏။


 ဖုယွမ်ချွမ်းက မျက်မှောင်ကြုတ်ကာ ချောင်းအသာဟန့်လိုက်ပြီးပြောသည်။ 


"လစာ..."


ပြီးပါပြီ~

Extra ပါ အကုန်ပြီးသွားတာပါနော် မကျန်တော့ပါဘူး တွေ့သမျှအကုန်ပြန်ထားပေးပါတယ် ..


Story လေးပြီးဆုံးသွားပါပြီရှင် ...


Story လေးရဲ့နောက်မှာ Buy me coffee ဆိုတဲ့ chapters (အလွတ်)လေးတွေထည့်ထားပါတယ် ...

စာရေးသူရဲ့ ဘာသာပြန်ဆိုမှုကို စိတ်ကျေနပ်မှုရှိတယ်ဆိုရင် buy me coffee chapters လေးကိုဝယ်ပြီး support ပေးလို့ရပါတယ်ရှင် 💜


အားပေးဖတ်ရှုပေးကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင် ...


See U AGAIN 😘