အပိုင်း ၁၆၇ (End)
Viewers 15k

Chapter 167 (The Last Chapter)

ဆောင်းရာသီအပန်းဖြေရာသီပြီးနောက် နှစ်သစ်တစ်ခုကိုစခဲ့ပြန်သည်။ ကျောင်းသူကျောင်းသူဘဝမှာအရောင်အသွေးစုံလင်ကာ ပျော်ရွှင်ဖွယ်ကောင်းလှသည်။ ကုဆွေ့ဆွေ့လည်း သူ(မ)၏ပတ်ဝန်းကျင်တွင်အလွယ်တကူနေသားကျလာကာ လူတိုင်းနှင့်ဆက်ဆံရေးကောင်းမွန်ပြေလည်သူတစ်ယောက်ဖြစ်သည်။

ဖုန်းယောက်ချင်းလည်း နှစ်စတွင် အတန်းစတက်သည်။ အထက်တန်းအောင်ပြီးသည်မှ ခုနစ်နှစ်ပင်ရှိပြီဖြစ်သည်။ ကျောင်းစာများနှင့်အတော်လေးအလှမ်းဝေးသွားပြီဖြစ်သော
ကြောင့် အားလုံးကိုမေ့မေ့လျော့လျော့ဖြစ်နေသည်။ ကျောင်းနှင့်နေသားကျရန် သူ(မ)ကြိုးစားယူရဦးမည်။

သို့သော် အတိတ်နေ့ရက်များတုန်းကကဲ့သို့ ကလေးငယ်ကိုတစ်ကိုယ်တည်းပြုစုစောင့်ရှောက်ရင်း စားဝတ်နေရေးအတွက်ကြိုးစားရုန်းကန်ခဲ့ရသည့်အချိန်နှင့်ယှဥ်လျှင် စာသင်ခန်းထဲတွင်ထိုင်ကာ ကျောင်းစာများနှင့်လုံးပန်းနေရသည်က ပို၍သက်တောင့်သက်သာရှိလှသည်။

တစ်နေ့တစ်နေ့ဖြတ်သန်းရင်းနှင့်တစ်လဟူသောအချိန်က ရော်ရွက်ဝါများမြေသို့ခညောင်းကြွေကျသလို ဖြုတ်ကနဲကုန်ဆုံးသွားပြန်သည်။
ဆွေ့ဆွေ့ကရိုက်ကူးရေးအသစ်တစ်ခုလက်ခံထားသောကြောင့် ရိုက်ကွင်းသို့သွားရန် ဖုန်းယောက်ချင်းပြင်ဆင်ပေးနေရသည်။ 

"ဆွေ့ဆွေ့...ရိုက်ကွင်းရောက်ရင်...မမရှမ်ယွမ်ရဲ့စကားကိုနားထောင်ရမယ်နော်...လူပြတ်တဲ့နေရာတွေကိုတစ်ယောက်တည်းမသွားရဘူး...အခုတစ်ခေါက်ရိုက်ကူးရေးကနှစ်လသုံးလလောက်ကြာမှာဆိုတော့...ဖေဖေနဲ့မေမေကတစ်ပတ်တစ်ခါလာလည်မယ်...တစ်ခုခုလိုတာရှိရင်လည်းဖုန်းဆက်လိုက်"။ 

လေယာဥ်ပေါ်မတက်မီတွင် ဖုန်းယောက်ချင်းကဆွေ့ဆွေ့ကိုမှာစရာရှိသည်များမှာနေရသည်။ ကုကျန်းနျန့်ကဘာမှဝင်မပြောသော်လည်း ဆွေ့ဆွေ့ကိုသာတစိမ့်စိမ့်ငေးကြည့်နေသည်။ သူ့သမီးနှင့်နည်းနည်းလေးမှခွဲချင်ပုံမရပေ။ 

ကိုယ်စားလှယ်ဖြစ်သူလုယွင်ကျီက ဆွေ့ဆွေ့ကိုဝန်မပိရအောင်အလုပ်များများစားစားလက်မခံချင်သော်လည်း ဤတစ်ခေါင်ဇာတ်လမ်းတွဲအသစ်တွင်ပါဝင်ရိုက်ကူးရန်ဆွေ့ဆွေ့ကိုယ်တိုင်တောင်းဆိုလာသောကြောင့် သူအံ့သြသွားရသည်။

ခဲ့ကျင်းယန်နှင့်ကုဆွေ့ဆွေ့ကအနုပညာပါရမီပါတာချင်းတူတူ တစ်ပြိုင်နက်တည်းတွင်သိပ်ကိုကွာခြားလွန်းသည်။ ခဲ့ကျင်းယန်ကအထုံပါရမီ
နှင့်အရည်အချင်းရှိသော်လည်းဇွဲလုံ့လဝီရိယမရှိသောကြောင့် လုယွင်ကျီကဘေးမှနေ၍အားစိုက်ထုတ်ကာတွန်းတင်ပေးရသည်။

ကုဆွေ့ဆွေ့ကထိုသို့မဟုတ်ပေ။ အထုံပါရမီနှင့်အရည်အချင်းရှိသည့်အပြင် ကိုယ်တိုင်ကလည်းဇွဲလုံ့လဝီရိယအပြည့်ရှိကာအနုပညာအလုပ်အပေါ်စိတ်အားထက်သန်၍အလွန်ကြိုးစားသည်။ ထို့ကြောင့်လုယွင်ကျီကအများကြီးသက်သာသည်။ လမ်းညွှန်ပေးရုံမှလွဲ၍ ထွေထွေထူးထူးအားစိုက်မထုတ်ရချေ။

နောက်မှာကျန်ခဲ့သူများကစိတ်ပူနေကြသော်လည်း ကုဆွေ့ဆွေ့ကမူအေးအေးဆေးဆေးပင်။ ရောက်ပြီးနှစ်ရက်အကြာတွင်ရိုက်ကွင်းနေရာပတ်ဝန်းကျင်နှင့်အသားကျသွားသည်။ ရိုက်ကူးရေးအဖွဲ့ရှိကိုကိုမမများကလည်း သူ(မ)ကိုအလွန်ဂရုစိုက်ကြသောကြောင့် ဆွေ့ဆွေ့အတွက်အခက်အခဲမရှိပေ။

ရိုက်ကူးရေးကလည်း သုံးလအတွင်းချောချောမွေ့မွေ့နှင့်အဆင်ပြေပြေပြီးဆုံးသွားခဲ့သည်။

ဤသို့နှင့်နှစ်တစ်ဝက်ကျိုးသွားခဲ့သည်။ ဆွေ့ဆွေ့လည်း မူကြိုကျောင်းသူမဟုတ်တော့ပဲမူလတန်းကျောင်းသူတစ်ဦးဖြစ်လာခဲ့သည်။ စာသင်နှစ်အစောပိုင်းက ဘာမှမထူးခြားပေ။ ခါတိုင်းပဲ့သို့ပင်ဖြစ်သည်။ ရိုက်ကူးရေးအတွက်ခွင့်သုံးလယူခဲ့ရသော်လည်း မေမေကအိမ်တွင်သူ(မ)လွတ်သွားသမျှသင်ခန်းစာများကိုပြန်သင်ပေးသောကြောင့် စာပေပိုင်းတွင်လည်း ဆွေ့ဆွေ့အတွက်အခက်အခဲမရှိပေ။

စက်တင်ဘာနှောင်းပိုင်းတွင် အင်ပါယာမြို့တော်၏ရာသီဥတုကတဖြေးဖြေးအအေးပိုလာသည်။ ဆောင်းရာသီတွင်မွေးသောဆွေ့ဆွေ့က ဆောင်းတွင်း၏အအေးဒဏ်နှင့်ဖြူဖွေးဖွေးနှင်းများ မြူခိုးများကိုခုံမင်နှစ်သက်သည်။ ထို့ကြောင့် ဆောင်းဝင်လာသည်နှင့်စိတ်အစဥ်တို့ကခါတိုင်းထက်လန်းဆန်းတက်ကြွလာရသည်။ 

မွေးနေ့မရောက်မီတစ်ရက်အလိုတွင် ကုဆွေ့ဆွေ့တစ်ယောက်ကျောင်းမှပြန်ရောက်လာသည်နှင့် အပန်းဖြေဥယျာဥ်သို့သွားလိုသည်ဟုဆိုကာ ဖုန်းယောက်ချင်းကိုတစ်လှည့် ကုကျန်းနျန့်ကိုတစ်
လှည့်ပူဆာတော့သည်။ 

သမီးကိုအလိုလိုက်လွန်းသောကုကျန်းနျန့်မှာအလုပ်အားလုံးကိုပစ်ထားခဲ့ပြီး အပန်းဖြေ
ဥယျာဥ်သို့ချက်ချင်းလိုက်ပို့ပေးသည်။ သားအဖနှစ်ယောက်ကိုစိတ်မချ၍ဖုန်းယောက်ချင်းပါလိုက်သွားရတော့သည်။

ပန်းခြံထဲရောက်ူည်နှင့်ကုဆွေ့ဆွေ့မှာဖေဖေ့လက်ဆွဲကာ တစ်ခုပြီးတစ်ခုလိုက်စီးသည်။ ချားရဟတ်ဆိုလျှင်လည်းဘယ်နှစ်ခေါက်မှန်းမသိအောင်စီးသည်။ မုန့်စားလိုက်ဆော့ကစားလိုက်ဖြင့်မမောနိုင်မပန်းနိုင်ပေ။ ဖုန်းယောက်ချင်းနှင့်ကုကျန်းနျန့်မှာလည်း ဆွေ့ဆွေ့နှင့်အတူလိုက်ကစားနေမိသည်မှာပလေးတစ်ယောက်ပြန်ဖြစ်သွားသည့်နှယ်။

ဆွေ့ဆွေ့အတွက် ဒီလောက်ဆိုလုံလောက်ပါပြီ။ မေမေဖေဖေနှင့်ဤကဲ့သို့ပျော်ပျော်ရွှင်ရွှင်နေရသည့်အချိန်များက ဘာနဲ့မှမလဲနိုင်ပေ။ မိသားစုသုံးဦးရယ်သံလွင်လွင်လေးများက လူတိုင်း၏ရင်ထဲနွေးထွေးသွားစေသည်။