Chapter 166
"နေ့လည်တုန်းကအထိ....သူဒီမှာရှိနေသေးတယ်"။
ပါပါးခဲ့အိမ်မှယခုလေးတင်ပြန်လာသောကုဆွေ့ဆွေ့မှာ ချန်ဇီချင်ကိုမတွေ့တော့သောကြောင့် စောစောမပြန်လာမိသည်ကိုပင် နောင်တရသွားမိသည်။
အပြင်မှဝယ်လာသော သစ်အယ်သီးအချိုမုန့်ကိုချကာ ဧည့်ခန်းထဲရှိဖုန်းဆီသို့ ခုန်ဆွခုန်ဆွနှင့်ပြေးသွားသည်။ ထို့နောက် ချင်အိမ်တော်၏ ဖုန်းနံပါတ်ကိုတန်းနှိပ်လိုက်သည်။ ကလေးနှစ်ယောက်မှာ နာရီဝက်ခန့်ကြာအောင် အသည်းအသန်ဖုန်းပြောနေကြသည်။
ညနေစောင်းလာသောအခါ အင်တင်တင်နှင့် နှစ်ယောက်လုံးဖုန်းချလိုက်ကြသည်။ ထို့နောက် တစ်စုံတစ်ယောက်က ချင်ဇီချန်၏အခန်းတံခါးကိုခေါက်ကာ အသံပေးလာသည်။
"သခင်လေး...သခင်ကြီးက...အောက်ထပ်ကိုဆင်းလာဖို့ပြောနေပါတယ်...ဧည့်သည်တွေကိုစကားလာပြောပါတဲ့...အခန်းထဲမှာပဲမနေပါနဲ့"။
အိမ်တော်ထိန်း၏စကားကြောင့် ချင်ဇီချန်းတစ်ယောက် အတော်လေးစိတ်အနှောင့်အယှက်ဖြစ်သွားသည်။ "ဧည့်သည်တွေနဲ့စကားပြောဖို့...အောက်ထပ်မှာဒယ်ဒီနဲ့ကိုကိုကြီးရှိနေတယ်မဟုတ်လား...ကျွန်တော်ကဘာကိစ္စနဲ့သူတို့ကိုသွားဧည့်ခံရမှာလဲ"။
ချင်မိသားစုကအင်ပါယာမြို့တော်၏အာဏာအရှိဆုံးမိသားစုများအနက်တစ်ခုဖြစ်သည်။ ချင်မိသားစုအားလုံးကိုပိုင်ဆိုင်မှုများလုပ်ငန်းများ
ရင်းနှီးမြှုပ်နှံမှုများအသီးသီးခွဲဝေပေးထားသော်လည်း အာဏာသြဇာအရှိဆုံးနှင့်ကြွယ်ဝချမ်းသာမှုအများဆုံးပိုင်ဆိုင်ထားသူမှာ ချင်ဇယ်ချန်းပင်ဖြစ်သည်။
ယနေ့ချင်စံအိမ်တော်ကြီး၏နှစ်သစ်ကူးညစာစားပွဲတွင် ချင်တစ်မျိုးနွယ်လုံးသာမကတရုတ်နိုင်ငံ၏သြဇာအာဏာအရှိဆုံးပုဂ္ဂိုလ်များ စီးပွားရေးလုပ်ငန်းရှင်ကြီးများ နယ်ပယ်အသီးသီးမှအောင်မြင်ကျော်ကြားနေသူများပါတက်ရောက်လာကြသည်။
ထိုအထဲတွင်ချင်ယုဝမ်လည်းတစ်ဦးအပါအဝင်ဖြစ်သည်။ သူ(မ)က ဥက္ကဋ္ဌကြီးချင်ဇယ်
ချန်းနှင့်တူဝရီးတော်စပ်သည်။ သို့သော် လူအနည်းအကျဉ်းလောက်သာထိုသွေးသားတော်စပ်မှုကိုသိထားကြသည်။ ပကာသနဂုဏ်အသရေကိုမမက်မောသောချင်ယုဝန်ကလူအများရှေ့တွင် ချင်အိမ်တော်နှင့်သွေးသားတော်စပ်မှုကိုထုတ်ကြွားပြီး နေရာတကာအခွင့်ထူးခံချင်နေသူမဟုတ်ပေ။
ယနေ့ညစာစားပွဲသို့လာရခြင်းအကြောင်းရင်းမှာ အခြားမဟုတ်။ သူ(မ)၏ဝမ်းကွဲမောင်လေးချင်ဇီချန်းက အိုင်ဒေါပေါက်စဆွေ့ဆွေ့လေးနှင့်ခင်မင်ရင်းနှီးသည်ဟုသတင်းသဲ့သဲ့ကြားထားခြင်းကြောင့်ဖြစ်သည်။ ထို့ကြောင့်ဝမ်းကွဲမောင်လေးကိုချဉ်းကပ်ပြီး ဆွေ့ဆွေ့နှင့်ရင်းနှီးရအောင်အကြံထုတ်လိုက်သည်။
သို့သော်သူ(မ)၏စိတ်ကူးနှင့်လက်တွေ့က တက်တက်စင်အောင်လွဲတော့သည်။ တစ်ခါမှစကားမပြောဖူးသောဝမ်းကွဲမောင်လေးကို ချဉ်းကပ်ပြီးစုားပြောကြည့်လိုက်ခါမှ ချင်ယုဝန်တစ်ယောက် သေချင်စိတ်ပေါက်သွားသည်။ လူရှေ့သူရှေ့တွင်လက်တောက်လောက်အရွယ်ပလေးတစ်ယောက်၏အော်ငေါက်ခြင်းခံလိုက်ရသည့်အပြင် ညစာစားပွဲမှနှင်ထုတ်ခံလိုက်ရသောကြောင့် အရှက်ဗြန်းဗြန်းကွဲတော့သည်။
ဦးလေးဖြစ်သူကသူ့သား၏အပြုအမူအတွက်သူ(မ)ကိုပြန်တောင်းပန်သော်လည်း သူ(မ)၏စိတ်ထဲတွင်ဘယ်လိုမှနားမလည်နိုင်သေး။ သူ(မ)ပြောလိုက်သည့်စကားထဲ ဘာများအမှားပါသွားလို့လဲ။
"မောင်လေးဇီချန်း...အစ်မကိုမှတ်မိလား...အစ်မနာမည်ကချင်ယုဝန်လေ...မောင်လေးတို့ညီအစ်ကိုနှစ်ယောက်ငယ်ငယ်တုန်းကဆိုရင်...အစ်မတို့အိမ်မှာလာဆော့နေကျ"။ ချင်ယုဝန်တစ်ယောက်စကားစလိုက်သည်။ ထိုအထိအဆင်ပြေနေသေးသည်။
"ဟုတ်...မှတ်မိပါတယ်"။ ချင်ဇီချန်းက ယဉ်ယဉ်ကျေးကျေးပြန်ဖြေသည်။
"ဒါနဲ့လေ...မောင်လေးက...ကုဆွေ့ဆွေ့နဲ့ခင်တယ်မလားဟင်...အစ်မကဆွေ့ဆွေ့ရဲ့ပရိသတ်ပါ...အဲ့တာဆွေ့ဆွေ့နဲ့အစ်မလည်းရင်းနှီးချင်လို့...မောင်လေးကမိတ်ဆက်ပေးလို့ရမလား"။
ထိုစကားအဆုံးချင်ဇီချန်းကသူ(မ)ကိုစူးစူးဝါးဝါးစိုက်ကြည့်လာသည်။ "သားကအစ်မကိုဆွေ့ဆွေ့နဲ့ဘာလို့မိတ်ဆက်ပေးရမှာလဲ...မမိတ်ဆက်ပေးချင်ဘူး...စိတ်အနှောင့်အယှက်ဖြစ်နေရတဲ့အထဲ...ဘာတွေလာပြောနေမှန်းလည်းမသိဘူး...သွားသွား...တစ်ခြားနေရာမှာသွားပြော"။
အမှန်မှာချင်ဇီချန်းကဆွေ့ဆွေ့ကိုအခြားသူများ
နှင့်ခင်မင်ရင်းနှီးခွင့်မပေးလို။ အခြားလူတစ်ယောက်ကိုခင်တွယ်သွားလျှင်သူ့ကိုမေ့သွားမှာအလွန်စိုးရိမ်သည်။ သို့သော်သူ့သူငယ်ချင်းဆွေ့ဆွေ့ကလူချစ်လူခင်ပေါများသည်။ သူသာတတ်နိုင်လျှင် ဆွေ့ဆွေ့ကိုအခန်းတစ်ခုထဲထည့်ပြီး တစ်သက်လုံးလှောင်ပိတ်ထားလိုက်ချင်သည်။ ရှေ့လျှောက် သူဘယ်လိုလုပ်ရပါ့။
.....
ဒါရိုက်တာလုကျင်းဟွီရိုက်ကူးထားသော "လမ်းကြားလေး" ဇာတ်လမ်းတွဲကိုမထုတ်လွှင့်မီတစ်ပတ်အလိုတွင် ရိုက်ကူးရေးအဖွဲ့သားများစုဝေးကာ ဂုဏ်ပြုညစာစားပွဲကျင်းပကြသည်။
ဆွေ့ဆွေ့လည်းထိုဂုဏ်ပြုစားပွဲသို့ဖေဖေနှင့်အတူရောက်သွားသည်။ ရိုက်ကွင်းမှခင်မင်ခဲ့သောမမရှုယွမ်အာ ကိုကိုကျောက်ဟွီတို့နှင့်စကားဖောင်ဖွဲ့နေတုန်း မလှမ်းမကမ်းမှမမစုယွီချင်းကိုတွေ့လိုက်ရသည်။
စုယွီချင်းက "လမ်းကြားလေး" ဇာတ်လမ်းတွဲထဲတွင်ပါဝင်သရုပ်ဆောင်ထားသော်လည်း ဆွေ့ဆွေ့နှင့်အတူတွဲရိုက်ရသည့်ဇာတ်ဝင်ခန်းတစ်ခန်းမှမပါသောကြောင့် ရိုက်ကူးရေးလုပ်နေသည့်တစ်လျှောက်လုံးနှစ်ယောက်သားမတွေ့ဖြစ်ကြပေ။
"မမယွီချင်း...ဆွေ့ဆွေ့ကမမကိုသတိရနေတာ
မမပေးတဲ့နှစ်သစ်လက်ဆောင်ကိုဆွေ့ဆွေ့အရမ်းသဘောကျတယ်"။
"အင်း...မမလည်းဆွေ့ဆွေ့ပေးတဲ့လက်ဆောင်ကိုကြိုက်ပါတယ်...ဒီမှာလေ...ဝတ်ထားတယ်တွေ့ လား"။ မမစုယွီချင်းကသူ(မ)လက်ဆောင်ပေးထားသော လည်စည်းအနီရောင်လေးကိုလည်ပင်းတွင်အလှဆင်ထားသည်။
အချိန်ကြာလာသည်နှင့်အမျှဆွေ့ဆွေ့အပေါ်ထားရှိသည့် စုယွီချင်း၏အမုန်းတရားတို့ဆိတ်သုဥ်းသွားရသည်။ ယခုတွင်မူ သူ(မ)တို့နှစ်ယောက််က ညီအစ်မရင်းသဖွယ် တစ်ယောက်နှင့်တစ်ယောက်ခင်မင်ရင်းနှီးသွားကြသည်။ ခွင့်လွှတ်ခြင်း၏အကျိုးဆက်က အတော့်ကိုဆန်းကြယ်ပါသည်။