အပိုင်း ၁၆၅
Viewers 15k

Chapter 165

နေ့ထူးနေ့မြတ်ကြီးတွင် ဆွေ့ဆွေ့က အသစ်စက်စက်ဝယ်ထားသော အနီရောင်ဂျတ်ကတ်လေးနှင့်လည်သာဖိနပ်ရှည်ကို လိုက်ဖက်ညီစွာ ဝတ်ဆင်ထားသည်။ ဆံထုံးနှစ်ခုကိုလည်း ချစ်စဖွယ်ထုံးထားသေးသည်။ သူ(မ)၏အသွင်အပြင်မှာ ကြွေရုပ်လေးတစ်ရုပ်နှင့်ပင်တူနေသည်။

အားလုံးဝတ်စားဆင်ယင်ပြီးနောက် ကုဆွေ့ဆွေ့တစ်ယောက် ကိုယ်လုံးပေါ်မှန်ရှေ့တွင်ရပ်ကာ မိမိပုံရိပ်ကိုတစ်ချက်ကြည့်လိုက်သည်။ ထို့နောက် အင်္ကျီကော်လံပြင်ပေးနေသော မိခင်ဖြစ်သူကိုမေးလိုက်သည်။ "မေမေ...သမီးလှလားဟင်"။

"လှတာပေါ့...မေမေ့အတွက်ဆွေ့ဆွေ့က...အလှဆုံးပဲ..ဘယ်သူကမှယှဉ်လို့မရဘူး"။ မိခင်ဖြစ်သူထံမှ ချီးကျူးစကားကိုကြားလိုက်ရသော
ကြောင့် ဆွေ့ဆွေ့မှာအလွန်ကျေနပ်ပီတိဖြစ်သွားသည်။

"အပြင်မှာလေအရမ်းတိုက်နေတာ...ဦးထုပ်မချွတ်နဲ့နော်...အအေးမိလိမ့်မယ်"။ 

ဖုန်းယောက်ချင်းက ဆွေ့ဆွေ့ကိုစူပါမားကတ်သို့ အရင်ဆုံးခေါ်သွားကာဝယ်စရာရှိသည်များကိုဝယ်ပြီးမှ လက်မှတ်ဝယ်ရန်ရုပ်ရှင်ရုံသို့သားအမိနှစ်ဦးသွားလိုက်ကြသည်။ 

"ပါးကိုက်နားကိုက်" ရုပ်ရှင်ကားကြီးကိုနှစ်သစ်ကူးအကြိုနေ့တွင် ပထမဆုံးအကြိမ်တစ်နိုင်ငံလုံးတွင် ရုံတင်ပြသသည်။ ဆွေ့ဆွေ့တစ်ယောက် လွန်ခဲ့သောတစ်လကျော်ကျော်လောက်တည်းက
လက်မှတ်မရမည်ကိုစိုးရိမ်သောကြောင့် ကြိုတင်ဝယ်ထားရန် မေမေ့ကိုတစ်ဂျီဂျီပူဆာဖူးသည်။

"ဖေဖေရော...ဖေဖေဘာလို့မလာသေးတာလဲဟင်"။ ပေါက်ပေါက်ဆုပ်ဘူးကြီးကိုတစ်ဖက် ဖျော်ရည်ဘူးတစ်ဖက်ကိုင်ထားသောကုဆွေ့ဆွေ့က ဘေးဘီဝဲယာကြည့်ကာဖခင်ဖြစ်သူအားလိုက်ရှာနေသည်။

ဖုန်းယောက်ချင်းလည်းနာရီကိုတစ်ချက်ကြည့်ကာပြန်ဖြေလိုက်သည်။ "စိတ်မပူပါနဲ့...ရောက်လာပါလိမ့်မယ်...ရုပ်ရှင်စဖို့မိနစ်နှစ်ဆယ်တောင်လိုသေးတယ်"။

ကုကျန်းနျန့်ကလတ်တလောတွင်အလုပ်အသစ်ရထားသောကြောင့် အရင်လိုမအားတော့။ ဆွေ့ဆွေ့အနားလည်းတစ်ချိန်လုံံးမရှိပေးနေနိုင်တော့။ အန္တရာယ်မရှိသည့်အလုပ်ဖြစ်နေသ၍ ဖုန်းယောက်ချင်းလည်းဘာမှဝင်မပြောပေ။

သူ(မ)ကိုယ်တိုင်လည်း ဤနှစ်အစောပိုင်းလောက်တွင် တက္ကသိုလ်ပြန်တက်ရန်လုံးပန်းနေရသည်။ ငယ်ရွယ်ချိန်ကလက်လွှတ်ခဲ့ရသောပညာရေးလမ်းကြောင်းကိုဆက်လက်အကောင်အထည်ဖော်ရန်ကြိုးစားရတော့သည်။ ဘွဲ့ရမှအလုပ်အကိုင်ကောင်းကောင်းရနိုင်မည့်အပြင် လူပုံအလယ်တွင်မျက်နှာပန်းလှမည်ဖြစ်သည်။

ဆယ့်ငါးမိနစ်ခန့်အကြာတွင် ကုကျန်းနျန့်တစ်ယောက်လက်ထဲတွင်မုန့်ထုပ်များအပြည့်နှင့်အမောတကောရောက်ချလာသည်။ ကုဆွေ့ဆွေ့က ဖခင်ဖြစ်သူကိုတွေ့သည်နှင့်မူပိုကာကပ်ချွဲတော့သည်။

ရုပ်ရှင်စတော့မည်ဖြစ်သောကြောင့် အချိန်ဆွဲမနေတော့ပဲ သူတို့သုံးယောက်သားရုံအတွင်းသို့ဝင်သွားကြသည်။ နှစ်သစ်ကူးရက်ဖြစ်သောကြောင့် ရုံအတွင်းလူအပြည့်ဖြစ်နေသည်။

ရုပ်ရှင်ကြည့်ပြီးနောက် စားသောက်ဆိုင်တစ်ဆိုင်တွင်ဝင်ထိုင်ကြသည်။ အစားအသောက်မှာပြီးနောက် ဆွေ့ဆွေ့ကအရေးတကြီးပြောစရာရှိသည်ဟုဆိုလာသည်။ 

"ဆွေ့ဆွေ့ကမေမေနဲ့ဖေဖေအတွက်...နှစ်သစ်ကူးလက်ဆောင်လေးပြင်ထားတယ်...ဒါကမေမေ့အတွက်ဆွဲကြိုး...ဒါကဖေဖေ့အတွက်လက်ပတ်နာရီ"။ ဆွေ့ဆွေ့၏စကားအဆုံး ဖုန်းယောက်ချင်းနှင့်ကုကျန်နျန့်မှာအလွန်အံ့အား
သင့်သွားကြသည်။

သူတို့ဘာမှမပြောနိုင်ခင်ဆွေ့ဆွေ့ကထပ်ပြောလာသည်။ "လက်မခံလို့မရဘူးနော်...ဒါသမီးမုန့်ဖိုးတွေကိုစုပြီး...မေမေတို့ဖေဖေတို့အတွက်ဝယ်ပေးချင်လွန်းလို့...ကိုကိုဇီချန်းနဲ့အတူတူသွားဝယ်တာ...ဆွေ့ဆွေ့ကိုချစ်ရင်လက်ခံလိုက်ပါနော်"။ 

ဆွေ့ဆွေ့၏သိတတတ်လိမ္မာမှုကြောင့်ဖုန်းယောက်ချင်းမှာ မျက်ရည်များပင်လည်လာသည်။ ကုကျန်းနျန့်ကလည်းလက်ဆောင်ဘူးကိုဘေးချကာဆွေ့ဆွေ့ကိုပြေးဖက်သည်။ ဤသို့သောသမီးအလိမ္မာမျိုးကိုရထားသည့်သူတို့နှစ်ယောက်က လောကကြီးတွင်ကံအကောင်းဆုံးမိဘများဖြစ်နိုင်သည်။ ဆွေ့ဆွေ့ကဘုရားပေး
သည့် ဆုလာဘ်တစ်ခုပင်ဖြစ်သည်။

နေ့လည်ပိုင်းတွင် ဆွေ့ဆွေ့ကခဲ့ပျင်းယန်ဆီသို့သွားချင်သည်ဟုဆိုလာသောကြောင့်အိမ်သို့တန်းမပြန်ပဲခဲ့ကျင်းယန်၏တိုက်ခန်းတွင်သာချပေးခဲ့ရသည်။

ဖုန်းယောက်ချင်းလည်း အိမ်ပြန်ရောက်ရောက်ချင်းအောက်ထပ်တွင်ရပ်စောင့်နေကြသောချင်အိမ်တော်မှသခင်လေးနှစ်ယောက်ကိုတွေ့လိုက်ရသည်။ ချင်ဥက္ကဋ္ဌကြီးတွင်သားနှစ်ယောက်ရှိကြောင်းကြားဖူးထားသော်လည်း သားကြီးဖြစ်သူကိုတစ်ခါမှမမြင်ဖူးချေ။

သို့သော်ချင်ဇီချန်းနှင့်အနည်းငယ်ရုပ်တူသောကြောင့် တစ်ချက်ကြည့်လိုက်သည်နှင့်ညီအစ်ကိုမှန်းမျက်မှန်းတန်းမိသည်။ ညီအစ်ကိုနှစ်ယောက်လုံး၏ရုပ်ရည်ကပြောစရာမလိုအောင် ချောမောပြီးအထက်တန်းဆန်သည်။ အရွယ်ရောက်လာလျှင် ယောကျာ်းမိန်းမမရွေးဝိုင်းငေးယူရသောခန့်ခန့်ညားညားယောကျာ်းပျိုများဖြစ်လာမည်ကို ဖုန်းယောက်ချင်းမြင်ယောင်နေမိသည်။

"အန်တီ....ဆွေ့ဆွေ့ရောဘယ်မှာလဲဟင်"။ ချင်ဇီချန်းကစီးကြိုပြီးမေးလာသည်။

"အော်...ဆွေ့ဆွေ့က...သူ့ပါပါးခဲ့အိမ်ကိုသွား
တယ်ကွယ့်...ညလောက်မှပြန်ရောက်မယ်ထင်တယ်...သားတို့ကဘာကိစ္စရှိလို့လဲ"။

"ဆွေ့ဆွေ့အတွက်နှစ်ငစ်လက်တောင်လာပေးတာပါအန်တီ...သူမရှိဘူးဆိုတော့အန်တီ့ကိုပဲပေးခဲ့လိုက်တော့မယ်"။ ဆွေ့ဆွေ့မရှိကြောင်းသိလိုက်သည်နှင့်ချင်ဇီချန်းကချက်ချက်းလက်ငင်းမျက်နှာညှိုးကျသွားသည်။ 

"ဒီလိုလုပ်ပါလား...သားတို့အပေါ်ထပ်လိုက်ခဲ့ပြီးစောင့်မေလိုက်လေ...အန်တီညစာပြင်ပေးမယ်
ညစာစားပြီးမှပြန်ကြပေါ့"။ 

"ဟုတ်...အန်တီ့စေတနာအတွက်ကျေးဇူးပါ...ဒါပေမဲ့သားတို့ကအိမ်ပြန်ပြီးဆွေမျိုးတွေနဲ့မိသားစုလက်ဆုံထမင်းဝိုင်းရှိတာမလို့...ဒီကိုခဏလေးပဲဝင်ခဲ့တာပါ...အကြာကြီးနေလို့မရဘူး"။ ချင်ဇီချန်း၏အစ်ကိုဖြစ်သူကယဥ်ယဥ်ကျေးကျေးလေးပြန်ပြောလာသည်။

"အေးအေး...အန်တီဟင်းတွေထည့်ပေးလိုက်မယ်...ခဏစောင့်ဦးနော်"။

"ပြန်ရင်လည်းဂရုတစိုက်ပြန်ကြဦး"။