အခန်း (၃၉)
ရဲသုံးယောက်က ရှန်းထင်ရွှမ်းကို စိုက်ကြည့်နေ၏။ အထူးသဖြင့် ကားမောင်းသည့်သူ ဖြစ်သည်။ သူက စတီယာရင်ကို တင်းကျပ်စွာ ကိုင်ထားပြီး ယူကွေ့ ကွေ့ရန် ပြင်နေလေ၏။ သရဲတစ်ကောင်သာဆိုလျှင် လီဗာကို ချက်ချင်းနင်းပြီး တောင်အောက်သို့ ဆင်းသွားပေလိမ့်မည်။
ရလဒ်အနေဖြင့် ရှန်းထင်ရွှမ်းက မျိုးစေ့များ ကြဲပြီးနောက် လှည့်လာတော့သည်။
ရဲသုံးယောက်လုံးက မှင်တက်သွားပေ၏။
သူတို့ ရှန်းထင်ရွှမ်းကို မြင်ချိန်၌ ရှန်းထင်ရွှမ်းသည် လူတစ်ယောက်ဖြစ်ပြီး မိန်းမလှလေးတစ်ဦး ဖြစ်ကြောင်း သူတို့သိသွားတော့၏။
ရှန်းထင်ရွှမ်းက ရဲကားဆီ လျှောက်သွားလိုက်၏။
“ဘာကိစ်စလဲ “
သူတို့သုံးယောက်လုံးသည် ကားထဲကနေ တစ်ယောက်ပြီးတစ်ယောက် ထွက်လာပြီး သူတို့၏ အိုင်ဒီများကို ပြလိုက်၏။ “ကျွန်တော်တို့က ရဲတွေပါ၊ ပြီးတော့ ခင်များစိုက်ထားတဲ့ သစ်သီးမှာ အဆိပ်ပါတယ်လို့ သတင်းရထားတယ် “
ရှန်းထင်ရွှမ်း၏ အမူအရာက ဖြည်းဖြည်းချင်း ပြောင်းလဲသွား၏။ သူမ၏ ခေါင်းပေါ်၌ အမေးထုတ်သည့် အမှတ်အသားတစ်ခု ပေါ်နေသည့်ပမာ ဖြစ်နေသည်။
သူစိုက်ထားတဲ့ သစ်သီးက အဆိပ်ရှိတယ်တဲ့လား။
ရှန်းထင်ရွှမ်း စကားမပြောသည်ကို မြင်သောအခါ ရဲက ဆေးရုံမှ ထုတ်ပေးထားသည့်ဆေးစစ်ချက်ကို ယူလာ၏။
“ကိစ္စက ဒီလိုပါ၊ နစ်နာသူက ခင်များရဲ့သစ်သီးကို ဝယ်ပြီးတော့ အဆက်မပြတ် အန်တယ်လို့ပြောတယ်၊ သူက စစ်ဆေးဖို့ ဆေးရုံကို သွားတော့ အစာအဆိပ်သင့်တယ်လို့ ပြောတယ် “
ရှန်းထင်ရွှမ်းသည် ထိုသစ်သီးများက ဝိညာဉ်စွမ်းအင် ပါဝင်ပြီး မည်သူ့ကိုမှ မထိခိုက်စေရုံသာမက အကျိုးအမြတ်တောင် ဖြစ်ထွန်းစေကြောင်း အကောင်းဆုံးသိ၏။ ထို့ကြောင့် သူမက ဆေးမှတ်တမ်းကို လက်ခံလိုက်ပြီး ကြည့်ကာ ပြောလိုက်တော့၏။ “မက်မွန်သီးကို မနေ့က စားပြီးတော့ လူနာက အန်တယ်၊ ပြီးတော့ ဝမ်းပျက်ဝမ်းလျောဖြစ်တယ်၊ ဒီမနက်ထိ ဝမ်းလျှောနေသေးပြီး စစ်ဆေးလိုက်တော့ အစာအဆိပ်သင့်တယ်လို့ ပြတယ် “
မက်မွန်သီးသည် မနေ့တုန်းကသာ စင်ပေါ်တွင် ရှိခဲ့တာ ဖြစ်သည်။ ယနေ့တွင် တစ်စုံတစ်ယောက်က အဆိပ်သင့်၏။ “ကျွန်မရဲ့ မက်မွန်သီးလား “
ဥပဒေအောက်၌ လူတိုင်းကို ဖောက်ထွင်းမြင်နိုင်၏။ ထို့ကြောင့် ရဲများကလည်း ရှန်းထင်ရွှမ်း၏ဆိုင်သည် မနေ့ကမှ ဖွင့်လှစ်ကြောင်း တွေ့လိုက်ရ၏။ သို့သော် နစ်နာသူက ပြောသည်။ “သူက မက်မွန်သီးကို အရင်ရထားတာတဲ့၊ တိုက်ရိုက်ထုတ်လွှင့်မှုမှာ မဲပေါက်တာလို့ ပြောတယ် “
ကြည့်ရသည်မှာ မက်မွန်သီးတစ်သောင်းထဲမှ ဖြစ်ပုံပေါ်၏။ ထိုအဖြစ်အပျက်က သိသာလွန်းနေသည်။
“ကျွန်မစိုက်တဲ့ မက်မွန်သီးတွေကို ကြည့်ဖို့လိုလား “
ရဲက ဖြေလိုက်၏။ “လိုတယ် “
“ကျွန်မနဲ့ လိုက်ခဲ့ပါ “ ရှန်းထင်ရွှမ်းသည် ရဲများကို တောင်ပေါ်သို့ ခေါ်သွားလိုက်၏။
ရဲများက ရှန်းထင်ရွှမ်းနောက်လိုက်သွားပြီး သူတို့လမ်းလျှောက်နေစဉ် တောင်ကို ကြည့်လိုက်သည်။ တောင်ပေါ်၌ တိရစ္ဆာန်များမရှိ သူတို့က ရံဖန်ရံခါ၌ အနည်းငယ် အထီးကျန်ဆန်သည်ဟု ထင်မှတ်ရကာ ဖုန်းခေါ်ဆိုမှုတစ်ချို့ ရတတ်သည်။ သို့သော် တောင်ပေါ်၌ သီးနေသော သခွားမွှေးသီးများနှင့် သစ်သီးများကို ကြည့်ပြီး ရဲက ဤနေရာတွင် နေရသည်က အလွန်သက်သောင့်သက်သာရှိမည်ဟု ခံစားမိလိုက်သည်။
တောင်အောက်၌ သရဲနံရံကို ဝင်တိုက်မိခြင်းကိုတော့ ထည့်မတွက်ထားပေ။
မက်မွန်တောအုပ်က ခြံဝန်းထဲ၌ ရှိပေ၏။ ရဲများသည် သူတို့မရောက်ခင်ကပင် သင်းပျံ့သောမွှေးရနံ့ကို ရပြီးဖြစ်၏။ မက်မွန်ပင်ဆီရောက်သွားသောအခါ သစ်ပင်ပေါ်ရှိ မက်မွန်သီးများက ကြည်ပြီးအရောင်စိုနေကာ မက်မွန်သီးတိုင်းက ညှို့ငင်နိုင်သောရနံ့ ဖြာထွက်နေတာကို တွေ့လိုက်ရသည်။
ရှန်းထင်ရွှမ်းသည် မက်မွန်သီးသုံးလုံးကို ခူးပြီးနောက် ရဲသုံးယောက်ကို ပေးလိုက်၏။ “မြည်းကြည့်ပါ “
ရဲသုံးယောက်က ၎င်းကို မြည်းကြည့်ချင်သော်ငြား သူတို့က ယခုအချိန်၌ အလုပ်လုပ်နေတာ ဖြစ်၏။ အသက်ပိုကြီးသည့်သူက မက်မွန်သီးကို ယူသွားလိုက်သည်။
“စစ်ဆေးဖို့အတွက် ဒါကို ပြန်ယူသွားရမယ် “
ရှန်းထင်ရွှမ်းက နောက်တစ်လုံးခူးလိုက်၏။ “တစ်လုံးပြန်ယူသွားလို့ရတယ်၊ ရှင်တို့တခြားဟာကို မြည်းလို့ရတယ် “
အသက်ပိုကြီးသည့်ရဲက ပြောလိုက်၏။ “ဒါဆို ဒါအတွက် ကျုပ်တို့ ပေးချေမယ် “ ရနံ့က အလွန်အရသာရှိပုံပေါ်၏။ သူက ကလေးများအတွက် အိမ်ကို ပြန်ဝယ်သွားချင်၏။
အမှန်တကယ်တွင် အမှုများစွာ ဖြေရှင်းခဲ့ပြီးနောက် ရဲသုံးယောက်သည် ခန့်မှန်းမိပြီး ဖြစ်၏။ ထိုမိန်းကလေးက အလွန်တည်ငြိမ်၏။ ထို့အပြင် သူတို့သည် သူမ၏မက်မွန်သီးကို တွေ့သောအခါ ကျန်သည့်သူများက မနာလိုဖြစ်ပြီး သူမကို ရေဆိုးရေညစ်များလောင်းချတာ ဖြစ်ရမည်မှန်း လူတိုင်း သိနေ၏။
ငယ်ရွယ်သည့်ရဲလေးက ထိုအရာကို ကြားသောအခါ သူက အသံတိုးတိုးဖြင့် မေးလိုက်၏။ “အောက်မှာ ဖရဲသီးရှိတယ်လို့ ထင်တယ်၊ တစ်လုံးလောက် ဝယ်ပြီး ယူသွားလို့ရမလား ”
“ရတယ် “ ရှန်းထင်ရွှမ်းက သဘောတူလိုက်၏။ ဖရဲသီးက အလွန်ကြီး၏။ ထို့ကြောင့် ကျန်သည့်သူများ သယ်သွားမှာ သေချာ၏။ ထို့အပြင် ကျန်သည့်သူများနှင့် မျှဝေစားသောက်နိုင်လိမ့်မည်။
အသက်ပိုကြီးသည့်ရဲက ချောင်းအနည်းငယ်ဟန့်ကာ ပြောလိုက်တော့သည်။ “ထွက်ဆိုချက်ပေးဖို့ မစ္စရှန်း ကျွန်တော်တို့နဲ့ လိုက်ရင် အဆင်ပြေမလား “
ရဲက ထွက်ဆိုချက်ပေးရုံမျှသာ ဖြစ်သော်ငြား သူမကို ရဲစခန်းခေါ်သွားရန်လိုမှန်း သူမသိနေ၏။ “ရတယ်လေ၊ ကျွန်မသွားလို့ရတယ်၊ ဒါနဲ့ အဲ့ဒီလူနာကို သွားကြည့်လို့ရမလား “ အနည်းဆုံးတော့ သူမကို မည်သူချောက်ချကြောင်း မြင်ရမည်။
အသက်ပိုကြီးသည့်ရဲက ပြောလိုက်၏။ “မနက်ဖြန်လောက် သွားလည်လို့ရမယ်၊ ခင်များနဲ့အတူ တစ်ယောက်ယောက်ကို လွှတ်လိုက်မယ် “
ယနေ့ အစာအဆိပ်သင့်သည့်လူနာက စိတ်အခြေအနေ မကောင်းနေပေ။ အငြင်းပွားမှုကို ရှောင်ရှားရန်အတွက် သူတို့က ရှန်းထင်ရွှမ်းကို မနက်ဖြန်မှ သွားလည်ရန် အကြံပြုလိုက်သည်။
“ကောင်းပြီလေ “
ရှန်းထင်ရွှမ်းသည် ရဲသားလေးအတွက် ဖရဲသီးတစ်လုံးချိန်ပေးပြီးနောက် ထွက်ဆိုချက်ပေးရန်အတွက် ရဲစခန်းသို့ ရဲများနှင့်အတူ လိုက်သွားတော့သည်။
ရဲကားရောက်လာချိန်၌ ရွာသားတစ်ချို့က ၎င်းကို မြင်ပြီး ရဲကားဦးတည်သွားသည့်နေရာအကြောင်း ပြောလိုက်၏။
မည်သည့်နည်းနှင့်မဆို ရှန်းထင်ရွှမ်းသည် မြို့သို့သွားပြီး ရဲစခန်းထဲမှ ထွက်လာ၏။ ရှန်းထင်ရွှမ်းက အနီးအနားဆိုင်များသို့ သွားပြီး နေ့စဉ်သုံးပစ္စည်းတစ်ချို့ ဝယ်လာ၏။
ရှန်းထင်ရွှမ်းပြန်လာသောအခါ ရှင်းယွမ်ရှန်နား၌ လူများ ဝိုင်းနေ၏။
ရွာသားတစ်ယောက်က မေးလိုက်တော့သည်။ “မင်းကို ရဲတွေ ခေါ်သွားတာလား “
ရှန်းထင်ရွှမ်းက ရွာသားများကို လှည့်ကြည့်လိုက်ပြီး သူမမျက်နှာက အနည်းငယ် ဇဝေဇဝါဖြစ်ပုံပေါ်နေ၏။ ရဲဖမ်းသွားတယ်ဆိုတာ ဘာအဓိပ္ပာယ်လဲ။
“မင်းကို ရဲတွေခေါ်သွားတယ်လို့ တစ်ယောက်ယောက်က ပြောလို့ “
ရွာထဲက ဤအတိုင်းသာဖြစ်သည်။ အသေးအမွှားကိစ္စလေးကို တစ်ခါတစ်ရံ၌ ကောလဟလများနှင့် ရောထွေးပြီး စကားက ကားသွားပြီး လူတိုင်းဆီပြန့်သွား၏။ ရှန်းထင်ရွှမ်းက ပြော၏။
“ကိစ္စတစ်ခုအတွက် ရဲစခန်းကို သွားရုံပဲ “ ပြီးတော့ သူမက သူတို့နောက် လိုက်သွားတာပါနော်။ ဟိုက ဖမ်းခေါ်သွားတာမှ မဟုတ်တာ။
သို့သော် ရှန်းထင်ရွှမ်း၏ စကားများသည် ရွာသားများ၏ ခေါင်းထဲ ရဲများရောက်လာသည် ဟူသည့်အချက်ကိုသာ သက်သေပြုသွား၏။
လူအများက တီးတိုးပြောပြန်၏။ ရှန်းထင်ရွှမ်းက ဂရုမစိုက်ဘဲ တောင်ပေါ်သို့ ပြန်သွားတော့သည်။
ရှန်းထင်ရွှမ်းထွက်သွားသည်ကို မြင်ပြီးနောက် တောင်ခြေရှိ ရွာသားများက ကျယ်လောင်စွာ ဆွေးနွေးနေကြတော့သည်။
“သူစိုက်တဲ့အပင်က တကယ်ပြဿနာရှိနေတာပဲ “
“ဟုတ်တယ်၊ ငါ အရင်က ပြောသားပဲ၊ စပျစ်သီးတွေက စက်တင်ဘာလမှ မှည့်တာ၊ ဒါပေမယ့် သူက သူတို့ကို ဒီလစိုက်ပြီး ကြီးနေပြီ၊ ဘာဆေးတွေ ကျွေးထားလဲမှ မသိတာ “
“ဟုတ်တယ်၊ ဒါက ရွာလေ၊ လူတိုင်းမှ တူညီတဲ့မြေရှိနေတာပဲ၊ သူမရဲ့ သစ်သီးတွေက ဘာကြောင့် ကွာခြားနေရတာလဲ “
“ငါ ဘာလုပ်ရမလဲ၊ သူ့ရဲ့သစ်သီးတွေ ငါ နေ့တိုင်းဝယ်နေတာ “
“ဘာကြောက်နေတာလဲ၊ ဟုန်မိန်ရဲ့မိသားစုက ကလေးလည်း သစ်သီးတွေ နေ့တိုင်းစားနေတာပဲ “
ရှောင်ဖုန်းသည် မြို့တော် Bမှ ပြန်ရောက်လာရာ ရှင်းယွမ်ရှန်တောင်ခြေ၌ ရွာသားတစ်စု စုဝေးနေတာကို တွေ့လိုက်ရသည်။ သူက သူတို့ပြောနေသည်ကို ဂရုတစိုက် နားထောင်ပြီးနောက် ရုတ်တရက် ပြုံးလိုက်၏။ “အားလုံးပဲ ကောလဟလတွေကို နားမထောင်ကြပါနဲ့ “
“ဒါပေမယ့် ရှောင်ဖုန်း၊ မင်း အဲ့ဒီမိန်းမကြောင့် စိတ်ရှုပ်ထွေးမသွားနဲ့နော် “
“ဟုတ်တယ်၊ သူက မြေခွေးနဲ့တူတယ်၊ သူဘယ်လိုပုံဆိုတာ ဘယ်လိုလုပ်သိမှာလဲ “
ရှောင်ဖုန်းက ပြော၏။ “ရှန်းထင်ရွှမ်းက ရဲစခန်းက ပြန်လာတယ်ဆိုတော့ ဘာပြဿနာမှ မရှိဘူးလို့ ညွှန်ပြနေတာပဲ၊ ဒါ့အပြင် ဘာကိစ္စပဲရှိရှိ စစ်ဆေးမှု ရလဒ်ကို ရဲတွေက လူတွေဆီ ပြမှာပဲလေ “
ရှောင်ဖုန်းသည် ကျန်သည့်သူများနှင့် မငြင်းတော့ဘဲ အိမ်သို့ ပြန်သွားလိုက်၏။ သို့သော် ရွာသားများသည် ရှောင်ဖုန်းက ရှန်းထင်ရွှမ်း လှည့်စားခြင်းကို ခံနေရသည်ဟု ယုံကြည်နေကြသည်။ လူတစ်ချိူ့က ရှန်းထင်ရွှမ်းကို တောင်ပေါ်ရှိ မြေခွေးတစ်ကောင်ဟုသာ ပြောကြသည်။
ညရှစ်နာရီကျော်သွားပြီ ဖြစ်သည်။ ရှန်းထင်ရွှမ်းက တိုက်ရိုက်ထုတ်လွှင့်ရန် မရည်ရွယ်ထားပေ။ စားသောက်ပြီးနောက် သူမက ရေချိုးကာ အိပ်ယာပေါ် လှဲလိုက်လေ၏။
သူမ ကူးပြောင်းလာချိန်မှ စပြီး ရှန်းရွှမ်နှင့် ဝမ့်ချန်က မူလပိုင်ရှင်ကို မဖြေရှင်းရသေးပေ။
ဤကိစ္စကို ထိုနှစ်ယောက်ထဲမှ တစ်ယောက်လုပ်တာပဲ ဖြစ်ရမည်။ ရှန်းထင်ရွှမ်းက မည်သူဆိုတာ မခန့်မှန်းနိုင်ပေ။
သူမ၏ ဝိညာဉ်သွေးကြောများ အပြည့်အဝ ပြန်မကောင်းခြင်းကြောင့်သာမဟုတ်လျှင် ရှန်းထင်ရွှမ်းက မြို့တော် Bသို့ တက်သွားပြီး သူတို့နှင့် အချီတစ်ရာလောက် တိုက်ခိုက်ချင်သည်။
ကံဆိုးသည်မှာ မနက်ဖြန်ကျ မည်ကဲ့သို့ ထူးထူးဆန်းဆန်း အလုပ်များ ပေးမည်မှန်း သူမမသိပေ။
ငှက်လေးတစ်ကောင်သည် ပြတင်းပေါက်အပြင်ဘက်မှ ခုန်တက်လာပြန်၏။ “အားရွှမ်း တောင်ခြေမှာ ရွာသားတွေက နင့်ကို မြေခွေးတစ်ကောင်လို့ ပြောနေတယ် “
ရှန်းထင်ရွှမ်းက တိတ်တိတ်နေပြီး နှာခေါင်းရှုံ့လိုက်လေ၏။ သူမ အလွန်ငယ်ရွယ်သေးသည့်အချိန်၌ လူအချို့က မြေခွေးမပုံပြင်ကို ပြောပြသည်။ ယင်းက ပျော်စရာကောင်းသည်ဟု တွေးမိသောကြောင့် သူမ နားထောင်နေခဲ့သည်။
မြေခွေးမနှင့် ပတ်သတ်လျှင် သူတို့ထဲမှ အများစုက လူများကို ညှို့ငင်ပြီး မကောင်းတာများ လုပ်ခိုင်းကြ၏။ သို့သော်ငြား ထိုမြေခွေးမများ၌ တူညီသည့် အရာတစ်ခုရှိသည်။ ယင်းက သူတို့အားလုံး အလွန်ကြည့်ကောင်းတာပဲ ဖြစ်သည်။
“အားရွှမ်း ဘာလို့ ရယ်နေတာလဲ “ ရှဉ့်ပေါက်လေးက ဇဝေဇဝါဖြင့် မေးလိုက်တော့သည်။
ရှန်းထင်ရွှမ်းက “သူတို့တွေ ငါ့အလှတရားကို ချီးကျူးနေတာလို့ ထင်တယ် “
ရှဉ့်ပေါက်လေးက ခုန်ချလိုက်၏။ “အားရွှမ်းက တကယ်လှတာပဲ “
ရှန်းထင်ရွှမ်းသည် တစ်စုံတစ်ခုကို ရုတ်တရက် တွေးမိသွား၏။ “စနစ်၊ ငါ့တာဝန်ဘယ်လောက်ဆိုးလဲ၊ မပြီးသေးဘူးလား “
စနစ်က ပြန်ဖြေလိုက်၏။ “လူ ၂၀၀၀ကျော်ပါ “
ရှန်းထင်ရွှမ်းက အချိန်ကို တစ်ချက်ကြည့်လိုက်သည်။ တာဝန်ပြီးမြောက်ရန် အချိန်သုံးနာရီကျော် ရှိသေး၏။ ထို့ကြောင့် သူမ စိတ်မပူပေ။
ယနေ့တွင် အမြန်ပို့ဆောင်ရေးက သစ်သီးတစ်သောင်းကျော် ထုတ်ပိုးပေးခဲ့၏။ မနေ့တုန်းက မှာယူသူ များပြားခဲ့၏။ ယနေ့တွင် စူပါမောသို့ သစ်သီးအချို့လည်း ပို့ထားသေးသည်။ တာဝန်က ပြီးမြောက်ပဲ ဖြစ်သည်။
အစောတုန်းက ရှောင်ဖုန်းပြောခဲ့သည့် Weibo ပေါ်ရှိ မှတ်ချက်အကြောင်း တွေးမိပြီး ရှန်းထင်ရွှမ်းက Weibo ကို ဖွင့်ကာ တစ်မိနစ်ခန့်တွေးနေလိုက်သည်။ သူမ ခလုတ်နှိပ်လိုက်ရာ မှတ်ချက်များစွာကို တွေ့လိုက်ရသည်။ သို့သော် အများစုက သူမ သစ်သီးကို ချီးကျူးထားပြီး သူတို့ အွန်လိုင်းပေါ်၌ ဝယ်ယူမှုကို မကန့်သတ်ထားရန် ပြောထား၏။
ဆိုးဝါးသည့်အရာကမူ ရှန်းထင်ရွှမ်းက သူတို့ကို လျစ်လျူရှုလိုက်တာပဲ ဖြစ်သည်။
သူမသည် ဆယ်နာရီအထိ Weibo မှတ်ချက်များကို ကြည့်လိုက်သည်။ ရှန်းထင်ရွှမ်းက သမ်းဝေလျက် ထပ်မေးလိုက်၏။
“ဘယ်လောက်ကျန်သေးလဲ “
“လူ ၁၇၀၀ ပါ “
ဟုတ်ပြီလေ။ ကျန်တဲ့ နှစ်နာရီအတွင်း လူတွေ အသီးပိုစားဖို့ပဲ မျှော်လင့်ရတာပေါ့။
ရလဒ်ကတော့ဖြင့် ရှန်းထင်ရွှမ်းသည် စနစ်အသိပေးသံကို ကြားလိုက်ရ၏။ “ဂုဏ်ပြုပါတယ်၊ နှစ်ဆယ့်တစ်ခုမြောက် တာဝန်ကို ပြီးမြောက်သွားပါပြီ၊ ဝိညာဉ်သွေးကြော ၂၁ % ပြန်ကောင်းပါမယ် “
ရှန်းထင်ရွှမ်းက ပြောလိုက်၏။ “ဘာ “
“BUG ဖြစ်နေတုန်းပဲ “
ရှန်းထင်ရွှမ်းသည် စနစ်၏ စက်ရုပ်သံကို ကြားလိုက်ရ၏။
ချင်ယွဲ့ကျီသည် အစောတုန်းက သစ်သီးတစ်ကိုက် စားလိုက်ပြီး ယင်းက လူပေါင်း ၁၆၀၀ နှင့် ညီမျှနေမှန်း ရှန်းထင်ရွှမ်း ရုတ်တရက် သဘောပေါက်သွား၏။ ထို့ကြောင့် တစ်ကိုက်တည်းဖြင့် ရှန်းထင်ရွှမ်း၏ တာဝန်က ပြီးမြောက်သွားတော့၏။
“နေဦး၊ တွက်ချက်မှုအရဆို သူက တစ်ကိုက်စားတဲ့အချိန် လူ ၈၀၀ လောက်ပဲ ရှိသင့်တာမလား “
အခုအချိန်မှာ နောက်ထပ်လူရှစ်ရာက တပြိုင်နက်ထဲစားလိုက်တာများလား။
ယင်းက စနစ်အတွက် စိတ်ပျက်စရာအကောင်းဆုံး အချက်ဖြစ်သည်။
ချင်ယွဲ့ကျီက တူညီသည့် တာဝန်၏ နှစ်ရက်တာအတောအတွင်း ကြိမ်ဖန်များစွာ စားခဲ့လျှင် သူ၏ BUG စွမ်းရည်က မြှင့်တင်နေဦးမှာပဲဖြစ်သည်။
တစ်နည်းအားဖြင့် သာမန်လူတစ်ယောက်သည် ရှန်းထင်ရွှမ်း မနေ့တုန်းက ဝယ်လာသည့် သစ်သီးများနှင့် ယနေ့တာဝန်အတွင်း သစ်သီးများကို စားခဲ့လျှင်တောင် လူတစ်ယောက်စာအဖြစ်သာ ထည့်တွက်မည်။ သို့သော် ချင်ယွဲ့ကျီက မနေ့တုန်းက တစ်ကိုက်ကိုက်ပြီးနောက် ယင်းက လူရှစ်ရာနှင့် ညီမျှ၏။ ယနေ့တွင် ၁၆၀၀ ထိလည်း မြင့်တက်သွား၏။
ရှန်းထင်ရွှမ်းက ချက်ချင်း ပျော်ရွှင်သွားတော့သည်။ ဒီ BUG က တကယ်ကောင်းတာပဲ။ သူမက သူ့ကို မနေ့တုန်းက တစ်ကိုက်ကိုက်ခိုင်းထားတာ။ ပြီးခဲ့တဲ့ နှစ်ရက်မှာ နှစ်ကိုက်စားခဲ့တယ်။ သဘက်ခါကျ ထပ်စားလို့ရတာပဲ။ ဒါမှ လူပေါင်း ၃၂၀၀ တန်မှာ။
တာဝန်ပြီးမြောက်မှုဖြင့် ရှန်းထင်ရွှမ်းက ပျော်ရွှင်စွာ အိပ်ပျော်သွားတော့သည်။
အိတ်ချ်မြို့တွင် ရုပ်ရှင်ရိုက်ကူးရေး ပထမရက်ပြီးနောက် အိပ်ယာမဝင်ခင် တစ်စုံတစ်ခုကို တွေးမိသွားပုံပေါ်သည်။ သူက ရေခဲသေတ္တာဆီသို့ သွားလိုက်ကာ သစ်သီးများ ပြည့်နေသော စင်ကို ကြည့်ပြီး စပျစ်သီးတစ်လုံး စားလိုက်၏။ ယင်းက ချိုမြပြီး သူ့ကို အိပ်မက်လှလှ မက်စေတော့သည်။
ထိုစဉ် မြို့တော်ဘီရှိ ဖေးအိမ်တော်တွင် ဖြစ်သည်။
ဖေးလွေ့က သခွားမွှေးသီးကို တစ်ကိုက်ကိုက်လိုက်၏။ “အဖေ ဒီသစ်သီးက နည်းလွန်းတယ် “ ယခင်က မိသားစုထဲရှိ သစ်သီးများသည် တရုတ်ဆီးသီး၊ ဖရဲသီး၊ မက်မွန်သီးတို့သာ ရှိသည်။ အစက ထိုသစ်သီးများကို စားပြီး မကြာခင်၌ သူငြီးငွေ့သွားလိမ့်မည်ဟု ထင်ခဲ့သည်။ သို့သော် လဝက်ခန့် စားပြီးနောက် မငြီးငွေ့သေးပေ။ ဖေးဝမ်ရှုသည် ယနေ့၌ သစ်သီးအသစ် ခြောက်မျိုးသယ်လာလိမ့်မည်ဟု သူမထင်ထားပေ။
ပမာဏက နည်းလွန်းပြီး သခွားမွှေးသီး နှစ်လုံးသာ ရှိသည်။
ဖေးဝမ်ရှုက ဖေးလွေ့ကို တစ်ချက်ကြည့်လိုက်၏။ “မင်း ရောင့်ရဲသင့်တယ် “
ရှန်းထင်ရွှမ်းသည် သစ်သီးတစ်မျိုးစီကို ကတ်တီ တစ်ထောင်သာ ရောင်းချပြီး သူက သစ်သီးတစ်မျိုးစီကို ငါးကတ်တီ ဝယ်လာခဲ့တာပဲ ဖြစ်သည်။
ထိုသစ်သီးများကို ယူလာပြီးနောက် လုမင်ဟွေ့၏ မျက်နှာပေါ်ရှိ နာကျင်နေသော အမူအရာက ဖေးဝမ်ရှုကို သူ တစ်စုံတစ်ခု မှားယွင်းတာ လုပ်မိခဲ့သည်ဟု ခံစားရစေ၏။
ဖေးလွေ့က ပြောသည်။ “ဒါဆို တရုတ်ဘေဘယ်ရီသီးကို မနက်ဖြန်လောက် နည်းနည်း ပိုရနိုင်မလား “
သူသည် အစက ထိုကဲ့သို့ သစ်သီးမျိုးကို စားရတာ မနှစ်သက်ခဲ့ပေ။ သို့သော် ယနေ့ တရုတ်ဘယ်ရီက သူ့ကို အံ့အားသင့်စေ၏။
ချဉ်သည့်အရသာမရှိ ချိုမြမှုနှင့် အရည်ရွှမ်းမှုသာ ရှိသည်။ သူက တစ်ကိုက်ပြီးတစ်ကိုက်စားရန် မစောင့်နိုင်တော့ပေ။ နှမြောစရာမှာ တရုတ်ဘယ်ရီသီးက ငါးကတ်တီသာ ရှိ၏။
သူ၏ အဘိုးက တစ်ခါထဲနှင့် နှစ်ကတ်တီကို စားခဲ့ပြီး သူ့အဖေက သူ့အမေအတွက် နှစ်ကတ်တီ ယူထားသည်။
သူ့အလှည့်ရောက်လာချိန်၌ တရုတ်ဘေဘယ်ရီသီး တစ်ကတ်တီသာ ကျန်တော့၏။ ယင်းအတွက် သူ့အဖေနှင့် တိုက်ခိုက်ရဦးမည်။
“မနက်ဖြန်ကျ ရှင်းယွမ်ရှန်ဆီ ကိုယ်တိုင် သွားဝယ်လိုက် “ ဖေးဝမ်ရှုက ပြော၏။ ပမာဏ အနည်းအကျဉ်းသာ ရနိုင်ခြင်းကြောင့် မဟုတ်လျှင် သူသည် ကတ်တီပေါင်းများစွာ ဝယ်လာမှာပဲ ဖြစ်သည်။
ဖေးလွေ့က ခေါင်းညိတ်လိုက်၏။ မည်သည့်နည်းနှင့်မဆို ရှန်းထင်ရွှမ်းက ရှင်းယွမ်ရှန်တွင် ရှိ၏။ အစကတည်းက သူသည် ရှန်းထင်ရွှမ်းကို တွေ့ချင်နေတာဖြစ်သည်။
မနက် ငါးနာရီ၌ စနစ်က တာဝန်တစ်ခုချမှတ်ပေး၏။ နားထောင်ပြီးနောက် ရှန်းထင်ရွှမ်းသည် စနစ်ကို လည်ပင်းညှစ်ချင်သွား၏။
…